အမေ့အိမ်ကျောင်းက မေတ္တာပတ်လမ်းကလေး။

Good IdeaJuly 31, 20112min1225

ညီလေးတို ့ရေ…

မင်းတို ့ရဲ ့ချွေးနှဲစာတွေနဲ ့ စုပေါင်းလှူဒါန်းခဲ့ကြတဲ့ အမေ့အိမ်က
ကျောင်းပတ်လမ်းကလေးဟာ ဒီနေ ့အားလုံးပြီးမြောက်ခဲ့ပါပြီး။
မင်းတို ့ရဲ ့ညီလေး ညီမလေးတွေဟာ အခုဆို ရွှံတွေ ဗွက်တွေကြားကနေ ခြောက်သွေ ့သန့်ရှင်းတဲ့ ကျောင်းကလေးမှာ ပညာသင်ကြား နိုင်ကြတော့မှာပါ။ ညီလေးတို ့ဝမ်းသာရအောင်လို ့ Before နဲ ့ After ဓါတ်ပုံများကို ယှဉ်တွဲပြီးပို ့ပေးလိုက်ပါတယ်။

အင်မတန်မွန်မြတ်သန် ့ရှင်းတဲ့ မေတ္တာ ဂရုဏာ ကိုယ်ချင်းစာစိတ် နဲ ့
့လှူဒါန်းခဲ့ကြတဲ ့မင်းတို ့ရဲ ့စေတနာကို နတ်လူသာဓု ခေါ်ကြမှာ မလွဲပါဘူး။ S’pore မှာ ရောက်နေကြပေမဲ့လည်း မြန်မာပြည် ကဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ကိုယ့်ညီလေး ညီမလေးတွေလို ခံစားနားလည်ပေးနိုင်တဲ့မင်းတို ့ရဲ ့ ့စိတ်ဓါတ်ကို လေးစားဂုဏ်ယူမိပါတယ်။ ဒီစိတ်ဓါတ်လေးဟာ ဒို ့မြန်မာတွေရဲ ့အင်မတန်းချစ်စရာကောင်းတဲ့ မျိုးချစ်စိတ်ဓါတ်ပဲပေါ့။

ဒီချစ်စရာကောင်းတဲ့ စိတ်ဓါတ်နဲ ့ ဒို ့တတွေ ဒို ့ပြည်ကို  ပြန်လည်တည်ဆောက်ကြပါစို ့။

S’pore မှ စေတနာရှင်သူငယ်ချင်းတစ်စု အားလေးစားဂုဏ်ပြုလျှက်။

ကိုငယ်( ဝ၉ ၅၁၆၂၀၆ဝ )
ကျောင်းအကျိုးတော်ဆောင်
အမေ့အိမ်ကျောင်း (လှိုင်သာယာ)

5 comments

  • ကြောင်ကြီး

    August 1, 2011 at 12:07 pm

    အမေ့အိမ်အကြောင်း ပုံမှန်အပ်ဒိတ်လုပ်ပေးနေရင် ကြာတဲ့အခါ စာဖတ်သူတွေနဲ့ရင်းနှီးလာပြီး အလှူရှင်ပေါ်လာနိုင်တယ်…။ ကြိတ်ထားဗျို့…၊ လေးစားဂုဏ်ပြုပါတယ်…

    • Good Idea

      August 4, 2011 at 11:26 pm

      ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်ဗျာ……

  • Grace

    August 1, 2011 at 8:19 pm

    လှူဒါန်းတဲ့လူတွေကိုရော အကျိုးဆောင်ပေးတဲ့လူကိုပါ အားလုံးကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်။
    တူသောအကျိုးများ ရရှိခံစားနိုင်ကြပါစေလို့………………….

  • Mee2

    August 1, 2011 at 11:06 pm

    တူညီသောအပြံ ုးပန်းများဝေဆာလျှက်ဆထက်တပိုးထမ်းဆောင်နိုင်ကြပါစေ။နတ်လူအပေါင်းသာဓုခေါ်ပါစေရှင်။နောင်လဲယခုထက်ပိုမိုလျှက် တပ်အားသရွေ ့ကူညီရန်ကတိပြ ုပါသည်။အမေ့အိမ် ကိုရောက်အောင်လာခဲ့ပါမည်

  • redbull

    August 1, 2011 at 11:32 pm

    တစ်ကယ်သွားမှာလား ညာတော့မဖြီးနဲ့နော်
    ဟုတ်ပါဘူး
    သွားမယ်ဆိုရင် လက်တို့ ပေးပါ

Leave a Reply