N+နွေ/မိုး စပါး၊ မြေဆီလွှာ၊ ဆုတ်ကပ်

natureJuly 31, 20111min14410

သူကြီးက ခေါင်းစဉ်ကို တိုတိုရေးပါဆိုလို့ သူကြီးကို ကြောက်တာနဲ့  nature ကို အတိုကောက် N+လို့ ရေးလိုက်ပါတယ်။  တတ်နိုင်သလောက်တိုထားပါတယ် သူကြီးရေ။ post ကို အဓိပါယ်ပေါ်အောင် ခေါင်းစဉ်ပေးရလို့ ဒိထက်တိုလို့မရတော့ပါ။  nature က သဘာဝတရား + က အကောင်းမြင်ဝါဒ ဆိုတော့ သဘာဝကို အကောင်းမြင်တဲ့ဝါဒပေါ့။

ကျနော်ဟာ ပညာရှင်တယောက်မဟုတ်ပဲ ကိုယ်ဘဝ အတွေ့အကြုံ နဲ့ ရရှိလာတဲ့ ထင်မြင်ချက်တွေကို တင်ပြခြင်းဖြစ်လို့ မှားတာရှိရင် ခွင့်လွှတ်ဖို့ ကြိုတင်တောင်းပန်အပ်ပါတယ်။

ဆန်ဟာမြန်မာနိုင်ငံရဲ့ အဓိက အစားအစာပါ။ ယခင်က စပါးကို တနှစ်တစ်သီးသာ (တစ်ကြိမ်သာ)စိုက်ပျိုးတယ်လို့ သိရပါတယ်။ယခုအခါမှာတော့ တနှစ်ကို ၂သီးစား (၂ကြိမ်) နွေစပါး မိုးစပါးဆိုပြီး တနှစ်ကို နှစ်ကြိမ် စိုက်ပျိုးလာပါတယ်။ ဒါနဲ့အတူဒီနှစ်ပိုင်းအတွင်းမှာ မြေဆီ(မြေဩဇာ) နဲ့ ပိုးသတ်ဆေးတွေကိုလည်း ဒီနှစ်ပိုင်းအတွင်းမှာ အမြောက်အများ တင်သွင်းလာတာ တွေ့ရပါတယ်။

ကျနော်တခုစဉ်းစားမိတယ် လူတွေဟာ နေ့ဘက်မှာ အလုပ်လုပ်တယ်။ ညဘက်မှာအိပ်တယ်။ ဘာဖြစ်လို့အိပ်တာလဲ။ နေ့ဘက်မှာ ကုန်ခမ်းသွားတဲ့ အားတွေပြန်ပြည့်အောင် အနားယူတာပါ။ကောင်းပြီ အနားမယူပဲ နေ့ရောညပါဆက်ပြီး အလုပ်လုပ်ခိုင်းရင်ကေား?  ကျန်မာရေးတွေချို့ယွင်းသွားပြီး ဒုက္ခ ရောက်မှာ ဧကန်ပါပဲ။

မြေကြီးဟာလည်း ယခင်က တနှစ်ကို တစ်သီး စိုက်ပျိုးတာဟာ မြေဆီလွှာတွေကို အားပြန်ဖြည့်ဖို့ အချိန်ရစေတယ်လို့ထင်ပါတယ်။ ယခုတနှစ်ကို  ၂သီး စိုက်တာဟာ မြေဆီလွှာကို ဆက်တိုက်အလုပ်လုပ်ခိုင်းပြီး အားပြန်ဖြည့်ဖို့ အချိန်မရဘူးလို့ထင်ပါတယ်။ ဒါကြောင့် မြေဆီတွေခမ်းခြောက်လာပြီး မြေဩဇာတွေကို အသုံးပြုလာကြတာများလားလို့ ထင်မိပါတယ်။ ရာသီဥတု ဖောက်ပြန်တာဟာလည်း အချက်တချက်အနေနဲ့ ပါဝင်မယ်လို့ထင်ပါတယ်။

ဘုရားဟောကတော့ ဆုတ်ကပ်ကြီးမှာ လူတွေဟာ လောဘ၊ ဒေါသ၊ မောဟတွေများလာတာနဲ့ အမျှ လူသားတွေရဲ့သက်တမ်းဟာ တဖြေးဖြေးတိုလာပြီး ကပ်ဘေး ရောဂါတွေလဲများလာမယ် မြေဆီမြေနှစ်တွေဟာလဲခမ်းခြောက်လာလိမ့်မယ်လို့ဖတ်ဖူးပါတယ်။

လူတွေရဲ့သက်တမ်းတိုလာတာကတော့ လူတိုင်းသတိထားမိမှာပါ။ ကျနော်တို့ ငယ်ငယ်က နာရေးကြော်ငြာ ဖတ်ကြည့်ရင် သေတဲ့သူတွေအနျားစုဟာ ဟာ အသက် အနဲဆုံး ၉၀-ပုံမှန် ၁၀ဝ လောက်မှာရှိပါတယ်။ အခုခေတ်မှာ ခလေးတွေဟာ ငယ်ငယ်ရွယ်နဲ့ ဆံပင်ဖြူနေကြတာကို တွေ့ရမှာပါ။ ယခုခေတ်ဆိုရင် လူတွေရဲ့သက်တမ်းဟာ ၇၅ နှစ်တန်းလောက်ပဲ ပြောနိုင်မှာပါ။နောက်တခေတ် ကျနော်တို့ ခလေးတွေခေတ်ဆိုရင် သက်တမ်း ဟာ ၅၀-၆၀  လောက်ပဲသွားတော့မယ်လို့ထင်ပါတယ်။

ကပ်ဘေးရောဂါတွေများပြားဆိုးရွားလာတာလည်း တကမ္ဘာလုံးအသိပါ။ကြက်တုတ်ကွေး ၊ ငှက်တုတ်ကွေး ၊ ဝက်တုတ်ကွေး ၊ မာလာ ၊ နာဂစ်၊ ဆူနာမီ ၊တွေကို တသက်နဲ့ တကိုယ် မကြုံစဖူး ကြုံခဲ့ရပါတယ်။  မိုးရွာ လေပြင်းတိုက်လို့ ဓါက်တိုင်တွေလဲရင် အဲဒီ ဓါက်တိုင်တွေဟာ hollow type ဓါက်တိုင်တွေဖြစ်နေတာကို တွေ့ရပါတယ်။  နာဂစ်တုန်းက မလဲပဲကျန်ရစ်ခဲ့တဲ့ဓါက်တိုင်တွေကိုကြည့်ရင် ယခင်က စံချိန်မှီ ထုတ်လုပ်ထားတဲ့ solid type ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ဓါက်တိုင်နဲ့တကွ အဆောက်အဦးတွေဟာ ဆုတ်ကပ်ကြီးမှာ ခံနိုင်ရည်ရှိဖို့ အရည်အသွေးမြှင့်ဖို့လိုပါတယ်လို့ထင်ပါတယ်။

မြေဆီလွှာတွေခမ်းခြောက်လာတာကတော့ လူတွေရဲ့ လောဘကြောင့် တသီးကနေ ၂သီး တိုးစိုက်လို့ မြေဆီလွှာတွေ အားပြန်ဖြည့်ချိန်မရပဲ မနားမနေ အလုပ်လုပ်ရလို့ များလားလို့ စဉ်းစာမိလို့ပါ။

10 comments

  • weiwei

    August 1, 2011 at 12:04 am

    မြေဆီလွှာဆိုလို့ ကမ္ဘာစတည်ချိန်တုန်းက လူသား (ဗြဟ္မာကဆင်းသက်လာသူ) တွေဟာ မြေဆီလွှာကို ဒီအတိုင်း ကော်စားလိုက်တာနဲ့ အာဟာရဖြစ်တယ်တဲ့ … နတ်သုဒ္ဓါလိုမျိုးပေါ့ … နောက်တော့ တဖြည်းဖြည်းနဲ့ အကျင့်သီလတွေ ပျက်လာကြတော့ မြေဩဇာတွေ ခမ်းခြောက်ရင်း ခမ်းခြောက်ရင်းနဲ့ အခုအခြေအနေအထိ ရောက်လာပုံပဲ … ဆုတ်ကတ်ဆိုတော့ ပိုဆိုးဖို့သာ ရှိလိမ့်မယ်လို့ ထင်တာပဲ …

    • pan pan

      August 1, 2011 at 11:51 am

      အလိုကြီးတော့ အရနည်းတာပါပဲ
      လောဘကနေ အခြေတည်လာလိုက်တာ ဒေါသတွေဖြစ် မောဟတွေဖြစ်၊ အကျင့်တွေပျက်ကုန်လို့
      ဆုတ်ယုတ်ကုန်တာနေမှာ

  • Foreign Resident

    August 1, 2011 at 4:26 am

    Dear Nature,
    I argued against your article/statement in
    “Reply to Nature “လူတွေရဲ့သက်တမ်းတိုလာ””
    —http://myanmargazette.net/58514/creative-writing—
    Just friendly talking 🙂

  • ရွှေဘိုသား

    August 1, 2011 at 11:34 am

    မှန်လိုက်တဲ. ပို.စ် တစ်သီးလုပ်ရမဲ. ဟာကို လောဘတက်ပြီး နှစ်သီးလုပ်ခိုင်းတော.
    မြေဆီလွှာ ခန်းခြောက်တာနဲ. သီးနှံတွေကမဖြစ်
    သစ်တောတွေ ခုတ်ရောင်းစားလို. ရာသီဥတု ဖောက်ပြန်
    မနှစ်နွေရာသီမှာ မိုးတွေရွာ ရွှေဘိုနယ်တစ်နယ်လုံး
    ပဲတွေ ပျက်စီး အကြွေးတွေဝိုင်း
    အတိုးတွေယူ အတိုးတွေဆက်
    ရိုင်းရိုင်းပဲပြောလိုက်ရင်
    တောင်သူတွေ အရင်လို မဟုတ်တော.ဘူး မထင်မကြီးနဲ. xxx နဲ. xxx ပဲရှိတော.တာ အစိုးရများသိမလားနော်

  • ရွှေအိမ်စည်

    August 1, 2011 at 12:13 pm

    တကယ်တော့ဒါဟာ…အယ်နီညိုဂယက် အညာဒေသသို့ကူးစက်ခြင်းပါဘဲ…

    ဇောင်းတဘက်ထဲ မတွေးဘဲနှစ်ဘက်တွေးကြည့်ရင်တော့

    စိုက်ပျိုးရေး လုပ်ငန်းဖြစ်ထွန်း အောင်မြင် မှုသည် ရေမြေ ရာသီဥတု အခြေအနေ နှင့် စိုက် ပျိုးသူတို့၏ လုံ့လ၊ ဝီရိယ အားစိုက်လုပ်ကိုင် မှုတို့ အပေါ် တည်မှီလျက် နေပါကြောင်း၊

    အောက် ပြည်အောက် ရွာ၌ လိုအပ်သည်ထက် မိုးပိုမို ရွာနေချိန်၌ မိုးခေါင် ရေရှားသည့် အညာ ဒေသတွင် မိုးခေါင်နေသဖြင့် စိုက်ပျိုးသူ တောင်သူ လယ်သမားများအတွက် အခက်အခဲများ ကြုံတွေ့ရကြောင်း ကိုဆန်းစစ်လျှင်

    ယခု ကြုံတွေ့နေရသည့် အယ်လ်နီညို (အပူ)ဂယက်ရိုက်ခတ်မှုသည်အညာဒေသပြည် သူလူထုအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးမည်မျှ အရေးကြီးသည်ဆိုသည့်အချက်ကို လက်တွေ့သင်ခန်းစာပြသလိုက်ခြင်းလည်းဖြစ် သည်ဟုဆိုနိုင်ပါသည်။

    ဒီလိုဘဲ..နားလည်မှုတွေနဲ ့ကိုယ်ဒေသကိုတိုးတက်ရးလေထဲ ပေးရင်ပိုကောင်းမည်ဖြစ်ပါကြောင်း

    အညာဒေသမှာ အကယ်လို ့…ကျနော်နေထိုင်ခဲ ့မယ်ဆိုရင်ပေါ့…
    ကျနော်ကတော့ဒိလိုအမြင်ရှိပါသည်…..ဖြစ်ပြီးသွားပြီဘဲ…..

    အမှားတွေ ထဲ့ က သင်ခန်းစာဘဲယူချင်တယ်…
    (ကျနော်လည်းတောင်သူမဟုတ်တော့ မသိတာပါမှာပါ…)

  • Grace

    August 1, 2011 at 8:28 pm

    သဘာဝကို လွန်ဆန်ပြီး လုပ်တဲ့အခါ ဂေဟစနစ်က ပျက်စီးလာတယ်လို့ ထင်ပါတယ်။ မြေဩဇာတွေ အားကိုးပြီး (သီးနှံဈေးတွေ ကောင်းလို့ စိုက်ပျိုးစရိတ်နဲ့ ကာမိပြီး အကျိုးအမြတ်တွေ များလာတာကြောင့်လည်း ပါမှာပါ။) သီးနှံပိုထွက်အောင် ကြိုးစားကြပေမယ့် ဘေးထွက်ဆိုးကျိုးတွေကို မတွက်ချက်ပဲ သုံးစွဲကြတဲ့ ဒါဏ်ရာဒါဏ်ချက်တွေပါပဲ။ ရေရှည်ကောင်းဖို့အတွက် ခေတ်မီနည်းစနစ်တွေကို လေ့လာပြီး လက်တွေ့လုပ်ဆောင်နေကြသူတွေဆီကို ရောက်အောင် ထိထိရောက်ရောက် ဖြန့်ဝေပေးဖို့ လိုပါတယ်။

  • Yan Shin

    August 1, 2011 at 9:56 pm

    ကမ္ဘာ လူဦးရေတိုးနှုန်း ဘာညာစသည်ကြောင့် စားနပ်ရိက္ခာ ဖူလုံစေဘို့ သီးထပ်စိုက်ရပါသည်။
    ဒါပေမဲ့ အစာကိုသာမြင်ပြီး ငါးမျှားချိတ်မမြင်သလိုဖြစ်နေခြင်းဖြစ်ပါသည်။

    အသိ ပညာ အတွေ့အကြုံဖြင့် ဝေဖန်ပိုင်းခြားပြီး
    စနစ်တကျလုပ်သင့်ပါသည်။
    အလည့်ကျစိုက်ပျိုးခြင်း
    စနစ်တကျသုံးစွဲခြင်း (ပိုးသတ်ဆေး မြေဆီ)
    ဓါတု ဇီဝ စသည်ဖြင့်ရှိပါသည်။
    မြေပြင်ခြင်းတွင်ပင် စနစ်တကျ ပြုလုပ်ပါက
    မြေဆီလွှာထိမ်းသိမ်းခြင်း ပြုပြင်ခြင်းပြုလုပ်နိုင်ပါသည်။
    ခေတ်မှီ Organic Farm များပင်ပြုလုပ်နိုင်နေပြီဖြစ်ပါသည်။
    ဝင်ရောက်ဆွေးနွေးခြင်းဖြစ်ပါသည်။
    ပညာရှင်များ ပိုမိုဆွေးနွေးနိုင်မည်ထင်ပါသည်။

    grace ပြောသလို
    ရေရှည်ကောင်းဖို့အတွက် ခေတ်မီနည်းစနစ်တွေကို လေ့လာပြီး လက်တွေ့လုပ်ဆောင်နေကြသူတွေဆီကို ရောက်အောင် ထိထိရောက်ရောက် ဖြန့်ဝေပေးဖို့ လိုပါတယ်။

  • naywoonni

    August 1, 2011 at 10:20 pm

    အဲသဟာက နည်းပညာ ကြောင့်လည်းပါမယ်လို့ ထင်တယ်…။ ကျွန်တော်တို့ ငယ်ငယ်က ငါးတန်းလောက်ကနေ ရှစ်တန်းအထိပေါ့..။ စပါးစိုက်မဲ့ မြေတစ်ကွက်ကို နောက်ချေး ဘယ်လောက်ထည့်ရမယ်ဆိုတာသင်ရတယ်…။ ကျောင်းက အကြိုသက်မွေးကျောင်းကိုးးး ။ ကိုယ်တိုင် ပျိုးနှုုတ်ရတယ်..။ ကျောင်းသားတွေ ကောက်စိုက်ရတယ်..။ စပါးရိတ်ပြီးသားတွေ ကောက်လှိုင်းစီးရတယ်..။ ကျောင်းမှာလက်တွေ့လုပ်ရတာနော်..။ ခုနောက်ပိုင်း ရွာတွေမှာ လိုက်ကြည့်ရင် နောက်ချေး (သဘာဝ မြေဩဇာ)ထည့်ဖို့ထက် မြေဆီလို့ခေါ်တဲ့ မြေဩဇာထည့်ဖို့ပဲ အားသန်နေကြတယ်..။ လွယ်ကူတာကိုး..။ နောက်မြေပျက်ရတဲ့ အကြောင်းရင်းကို ပြန်ကြည့်ရင် စီးပွားဖြစ်လွယ်တဲ့ သီးနှံတွေ အင်နဲ့အားနဲ့ စိုက်ပစ်ကုန်တာလည်းပါမယ်..။ ဥပမာ ဖရဲ သီးတို့ ဝါတို့ ပေါ့…။ သီးနှံက နူးညံ့တော့ ပိုးကြိုက်ပါတယ်..။ ဒီတော့ ပိုးသတ်ဆေးသုံးရပါတယ်..။ တစ်ချို့ ပိုးသတ်ဆေးရည်တွေက ပိုးတစ်မျိုးကို သတ်နိုင်ဖို့ အတွက် နောက်ပိုးတစ်မျိုး ထည့်လွှတ်လိုက်တယ်လို့ ပြောတယ် ..။ ဒီတော့ အရင်ပိုးလည်း မကုန် နောက်ပိုးက လိုက်တက်နဲ့ ပိုးသတ်ဆေး သံသရာလည်နေတယ်..။ သဘာဝမြေဩဇာမထည့်ပဲနဲ့ ဓါတု ဗေဒနည်းနဲ့ လုပ်ထားတဲ့ ဓါတ်မြေဩဇာ ချည့်သုံးနေတော့ မြေတွေက ကြပ်ကုန်တယ်…။ ပုလဲ မြေဩဇာက ပူပါတယ်..။ သူ့ကိုထည့်ပြီးရင် ရေနိုင်အောင်လောင်းရပါတယ်..။ မြေဩဇာ အစေ့တွေ သီးနှံပေါ်မှာတင်ခဲ့ရင်လောင်ပြိးသေ ပါတယ်..။ မြေကြီးထဲကို ဒါတွေ အထပ်ထပ်ထည့် ရေနိုင်အောင် မသွင်းနဲ့ ကြာလာတော့ မြေတွေက မီးဖုတ်ထားသလိုကျက် ကုန်တာမဆန်းပါဘူး…။ ဒီတော့ ပျက်တယ်ဆိုတဲ့မြေတွေကို သဘာဝမြေဩဇာ နောက်ချေး နိုင်နိုင် သုံးလေးနှစ်လောက် ပြန်ထည့်ပြီး သုံးကြည့်ရင် အတော်အတန်ကောင်းလာပါတယ်..။ လက်တွေ့လုပ်တဲ့သူတွေကို အဲဒိလိုပြောပြလို့ လုပ်ကြည့်လို့ကောင်းသွားတာလည်းရှိပါတယ်..။ မလုပ်ဘဲ နားငြီးခံသွားတဲ့သူတွေလည်းရှိတာပဲ..။ ကျွန်တော်တို့လူမျိုးက ဆရာလုပ်တယ်ထင်ရင် မကြိုက်ဘူးဗျ..။ သူတို့လည်း ဂဂဏဏ သိလားဆိုတော့ ယောင်ဝါးဝါးရယ်..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 1, 2011 at 10:34 pm

    ဘယ်သူနဲ့မှမတူအောင်မန်းရမယ်ဆိုရင်တော့
    ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ကမ္ဘာဦးအစမှာ နှစ်ယောက်တည်းဆိုဘဲ
    …………………………………………
    …………………………………………
    စာရင်းချုပ်လိုက်တော့
    ခင်ဗျားတို့ ကိလေသာမထကြနဲ့လေ
    အဲ့ဒါက ခင်ဗျားတို့ရွာသဂျီးဖြေရှင်းလိမ့်မယ်
    သူက လူပျိုကြီးအပျိုကြီးတွေကို လူဦးရေ ပြုန်းတီးမှု့နဲ့သိပ်ကြည်တာဟုတ်ဘူး
    လူတွေကိလေသာထကြတော့
    ကိလေသာကောင်လေးတွေပွားလာမယ်
    ဒီကိလေသာကောင်လေးတွေက
    စားဘို့သောက်ဘို့ကို မစိုက်မပျိုးရင်ဘယ်လိုစားကြမလည်း
    ဒီလောက်စိုက်နေတာတောင် စားနပ်ရိက္ခာတွေ ပိုစိုက်ပျိုးကြဘို့ အော်နေကြတယ်မလား
    လောလောဆယ် အာဖရိက ဦးချိုမှာ ငတ်နေကြတုန်းဆိုတော့ကာ

  • nature

    August 1, 2011 at 10:39 pm

    naywonni ပြောတာတော်တော်ကောင်းပါတယ်။ စိုက်ပျိုးရေး နားလည်တဲ့သူ တယောက်မေးကြည့်တော့ မြေဆီထည့်ရင် မြေချဉ်သွားတယ် ပြောတယ်။ နောက် နှစ် မြေဆီ မထည့်လို့ မရတော့ဘူးတဲ့။ နေဝန်းနီပြောသလိုပဲ မြေကြီးကို ပြန်အားမွေးပေးရမယ်ပြောတယ်။ သဘာဝမြေဩဇာတွေက အကော င်းဆုံးလို့ထင်တာပဲ။

Leave a Reply