တစ်ပါတ်စာ..အမောပြေဟာသ။။

၁) ဒါ ရှင့်ရဲ့ပထမဆုံးအကြိမ်နော်…”
(၂) မိန်းမ ညီမျှခြင်း စောင်—
(၃) မဖြစ်နိုင်သော မေးခွန်းများကို မမေးပါနှင့် …
(၄) သာတဲ့အချက်—
(၅) ကုပေးရတာပေါ့
(၆) သေချာပြောပါ
(၇) ငါစားတာ
(၈) ဘယ်လိုပုံလ
(၉) ကျွမ်းကျင်ရာ
(၁၀) ဈေးလျှော ့ပါ

****************************************************************************************

(၁)ဒါ ရှင့်ရဲ့ပထမဆုံးအကြိမ်နော်…”

တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပကြ ပါတယ်။
သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆမဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီးပါတယ်။
ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာကအဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေး ရဲ့
လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။

အယ်ဒီတာ~ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ဒီလိုအိမ်ထောင်ရေးမျိုးကို
ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?
ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon(ဟန်းနီးမွန်း) နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်…

“ကျွန်တော်တို့တွေ Honeymoon (ဟန်းနီးမွန်း) အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ
မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေ မယ့်
ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း
ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။
ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို
“ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်…” လို့ ပြောပါတယ်။
ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။
ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက တည်တည်ငြိမ်ငြိမ်ပဲ
“ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်…” လို့ပြောပြီး ဆက်သွားကြပြန်ပါတယ်။
တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို
ပိုက်ဆံအိတ်ထဲက ထုတ်ပြီးမြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။
ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့
“မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။သနားစရာကောင်းတဲ့ တိရိစာ္ဆန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!”လိုအော်လိုက်မိတယ်။အဲဒီအခါကျွန်တော့်မိန်းမကကျွန်တော့်ကိုအေးစက်စက် ပြန်ကြည့်ပြီး
နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ ………
“ဒါရှင့်ရဲ့ပထမဆုံးအကြိမ်နော်…” တဲ့။ အဲဒီအချိန်ကစပြီး
ကျွန်တော်တို့တွေ ဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ…”

***************************************************************************************
(၂) မိန်းမ ညီမျှခြင်း စောင်—

မိန်းမဆိုတာ ဘာနဲ့တူသလဲဗျ အနီးစပ်ဆုံး…

စောင်နဲ့ တူတာပေါ့၊
ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် အေးလာပြန်ရော။
****************************************************************************************

(၃) မဖြစ်နိုင်သော မေးခွန်းများကို မမေးပါနှင့် …

ကမ္ဘာကျော် apple ကွန်ပြူတာ ကုမ္ပဏီကြီးက ကွန်ပြူတာ အမျိုးအစားသစ်
တစ်မျိုးကို အောင်မြင်စွာ ထုတ်လုပ်လိုက်နိုင်သည်၊ အဆိုပါ ကွန်ပြူတာတွင်
အနာဂတ်ကို မှန်ကန်စွာ ပြောပြနိုင်သော ပရိုဂရမ် ထည့်သွင်းထားပြီး
အနာဂတ်တွင် ဘာဖြစ်မည်ကို တိတိကျကျ အဖြေထုတ်ပေးသည်။ ထို့ကြောင့်
ထိုကွန်ပြူတာကို လူထုရှေ့တွင် ချပြပြီး အရောင်းမြှင့်တင်ရေး အတွက်
လူထုထဲမှ စိတ်ကြိုက်မေးခွန်းများကို မေးခွင့်ပြုလိုက်သည်။

အင်္ဂလန် နိုင်ငံ လီဗာပူး အသင်းမှ ဂျာရတ် ဝင်ထိုင်ပြီး ကီးဘုတ်မှ
မေးခွန်းရိုက်ထည့်လိုက်သည်။

“လီဗာပူး အသင်း ဘယ်အချိန်တွင် ကမ္ဘာ့ကလပ် ချန်ပီယံဆုကို ရနိုင်မည်နည်း”

ပရိုဂရမ် ဝီး … ကနဲ run သည်။ အဖြေ ချက်ချင်းပေါ်လာသဖြင့် ပရိဿတ်
သဘောကျသွားသည်။ အဖြေမှာ – “နောက် ၁ဝ နှစ်အကြာ … ” ဟုရေးထားသည်။ ဂျာရတ်
ခေါင်းငိုက်စိုက်ဖြင့် ထွက်သွားသည်။ နောင် ၁ဝနှစ်တွင်
သူဘောလုံးဆက်ကစားနိုင်တော့မည် မဟုတ် …။

ကိုရီးယား ဘောလုံးသမား ပတ်ဂျီဆန် ဝင်ထိုင်ပြီး မေးခွန်းရိုက်ထည့်သည်။

“တောင်ကိုရီးယား အသင်း ဘယ်အချိန်တွင် ကမ္ဘာ့ဖလား ရနိုင်မည်နည်း”

ပရိုဂရမ် ဝီး … ကနဲ run ပြန်သည်။ အနည်းငယ် အချိန်ကြာပြီး အဖြေပေါ်လာသည်။

“နောင် နှစ် ၁၀ဝ အကြာ …” ပတ်ဂျီဆန် ခေါင်းငိုက်စိုက် ကျသွားသည်။ နောင်
နှစ် ၁၀ဝတွင် သူလူ့လောကကြီးတွင် ရှိတော့မည်မဟုတ် …။

လူအုပ်ထဲမှ ၃နှစ်သားအရွယ် မြန်မာ ကလေးငယ် တစ်ဦးထွက်လာသည်။
စာမတတ်သေးသဖြင့် ကီးဘုတ်ကို တာဝန်ခံမှ ဝင်ရိုက်ပေးရသည်။ ကလေးငယ် ၏
မေးခွန်းမှာ

“သားတို့ မြန်မာ ဘောလုံးအသင်း အရှေ့တောင်အာရှ အဆင့်တွင် ချန်ပီယံ ဘယ်တော့
ဖြစ်နိုင်မည်နည်း”

ပရိုဂရမ် run ပြန်သည်။ အချိန်အတော်ကြာသည်။ ပရိသတ်လည်း စိတ်ဝင်စားစွာ
စောင့်ကြည့်နေသည်။ ကွန်ပြူတာမှ မီးခိုးများ အူထွက်လာသည်။ ပရိသတ် ဘေးကို
ရှဲသွားသည်။ ထို့နောက် ဝုန်း ဆိုသောအသံကြီးနှင့်အတူ ကွန်ပြူတာ
ပေါက်ကွဲသွားသည် … တာဝန်ခံ အပြေးအလွှား ကွန်ပြူတာအသစ်တစ်လုံး
လာရောက်လဲလှယ်ပေးသည်။ သို့သော် ရှေ့တွင် စာတမ်းတစ်ခုတော့ ချပေးသွားသည်

“အနာဂတ်ကို မှန်ကန်စွာ ဟောပြောနိုင်သော ကွန်ပြူတာကို မည်သူမဆို
စမ်းသပ်မေးမြန်းခွင့်ပြုသည်။ သို့သော် မဖြစ်နိုင်သော မေးခွန်းများကို
မမေးပါနှင့် …
**********************************************************************************
(၄) သာတဲ့အချက်—

မိန်းမဆိုတာ ဓားပြထက်ပိုပြီး ကြောက်စရာ ကောင်းတယ်ဆိုတာ အဟုတ်လားဗျ၊
သိပ်မှန်တာပေါ့ဗျာ၊ ဓားပြကမှ ငွေပေးမလား၊ ဘဝပေးမလားလို့ ကြိုက်ရာတခုခု ရွေးခိုင်းသေးတယ်။
မိန်းမက နှစ်ခုစလုံး ယူတာဗျ။
****************************************************************************************
(၅) ကုပေးရတာပေါ့

““ကျမက တိရစ္ဆာန် ဆေးကု ဆရာဝန်ပါ။ လူတွေကို ကျမ မကု ပါဘူး ရှင့်”””
။။ကျွန်တော် ဒေါက်တာ ကိုကောင်းကောင်းသိပါတယ်။ ဒါကြောင့်လဲ ဒေါက်တာ့ဆီကို လာတာပါ။
““မဖြစ်နိုင်ပါဘူးရှင်။ ဘာလို့လဲ ဆိုတော့ ရှင်က လူ လို စကားပြောတယ်၊
ကျမ လိုတွေးတယ်။ ဒါကြောင့် ရှင်လည်း လူပဲ လို့ ကျမ ထင်ပါတယ်””
။။။ကျွန်တော် ကိုယ့် ကိုကိုယ် လူဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါပေမယ့်
ကျွန်တော် ရှင်းပြတာကို ဒေါက်တာ နားထောင်ပါဦး။

““ကောင်းပြီလေ။ ပြောပါဦး။””
။။ကျွန်တော် ဟာ ခွေးတစ်ကောင်လိုပဲ အလုပ် အကြောင်းစဉ်းစားရင်းနဲ့ အိပ် ပါတယ်။
မနက် ရောက်ရင် မြင်းတစ်ကောင်လို ပဲ ထရပါတယ်။
အလုပ် ကို တော့ သမင် တစ်ကောင်လို ပြေးသွား ရပါတယ်။
အလုပ် ထဲမှာ တော့ တစ်နေကုန် မြည်း တစ်ကောင်လို လုပ် ရပါတယ်။
ပြီးတော့ ဆယ့်တစ်လ လုံးလုံး နားရက် မရှိပဲ နွားတစ်ကောင်လို ရုန်းရပါတယ်။
သူဋ္ဌေး ရှေ့မှာတော့ အမြဲတမ်း အမြှီးလေးကုပ်ထားရပါတယ်။
အားချိန်လေးများ နည်းနည်း ရရင်တော့ မျောက် တစ်ကောင်လို ပဲ သားတွေ သမီးတွေနဲ့ ကစားရပါသေးတယ်။
မိန်းမ ရှေ့ရောက်ရင်တော့ ယုန်တစ်ကောင်လိုပေါ့ဗျာ။

““““လာလာ ရှင့်ကို ကျမ ကလွဲ ရင် ဘယ်သူမှ ကုပေးလို့ ရမှာ မဟုတ်ဖူး။”””
************************************************************************************
(၆) သေချာပြောပါ

မော်တော်တစ်စီးပေါ်တွင်ဖြစ်သည်။ အဒေါ်ကြီးတစ်ယောက်သည်
အိတ်ဇောပိုက်ကြီး အနီးတွင် တောင်းကြီးပိုက်ပြီး ထိုင်နေသည်။
မော်တော်ထွက်သောအခါ မော်တော် မောင်းသူက သတိပေးသည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဟဲ့“
မကြာမှီထိုသူက ထပ်သတိပေးပြန်သည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဆို“
ထိုအချိန်တွင်မော်တော်က လှိုင်းအပုတ်တွင် လှုပ်သွားရာ ထိုအဒေါ်ကြီးမှာ
အိတ်ဇောဖြင့်ထိမိလေရာ ထအော်လေသည်။
“အမလေး ပူလိုက်တာ“

ထိုအခါမော်တော်မောင်းသူက
“အဒေါ်ကြီးကို ပြောသားပဲ အဲဒါအိတ်ဇောပါလို့“
ထိုအခါ အဒေါ်ကြီးက ဤသို့ပြန်ပြောလေသတည်း။
“သေနာလေး ပူ ပူတယ်ပြောတာမဟုတ်ဘူး အိတ်ဇောလေးဘာလေးနဲ့“

*****************************************************************************************
(၇)ငါစားတာ

တနေ့ ဗီယက်နမ်သားကြီး တစ်ယောက် မက္ကဆီကို နိုင်ငံ နွားရိုင်းသတ်ပွဲတခုသို့ ဝင်ရောက်ကြည့်ရှူပြီး
ဗိုက်ဆာလာသဖြင့် ဘေးနားရှိစားသောက်ဆိုင်တွင် သွားရောက်စားသောက်တော့သည်။
စားသောက်ဆိုင်သို့ရောက်ရောက်ချင်း စားပွဲထိုး မရောက်သေးခင် ဘေးစားပွဲဝိုင်းရှိ
လူတစ်ယောက်စားနေသော အစားအစာကို အလွန်သဘောကျသွားသဖြင့် စားပွဲထိုး မစ္စတာ ကို ခေါ်ပြီး ……..
`ဟေ့ … ဟိုဘေးဝိုင်းက စားနေတာဘာလဲကွ တော်တော်ကောင်းမယ့်ပုံပဲ´
`အော် …. ဟုတ်ကဲ့ဆရာ အဲ့ဒါ နွားရိုင်းသတ်ပွဲက သေသွားတဲ့ နွားရဲ့ (fighting ball) ပါခင်ဗျ၊
ကျွန်တော်တို့ ဆိုင်ရဲ့ အကောင်းဆုံးအစားအစာပါ´
`အဲ့ဒါဆိုရင်င့ါကို အဲ့ဒါတပွဲပေးကွာ´
`ဆောရီးပါဆရာ နွားရိုင်းသတ်ပွဲက တနေ့မှာ တပွဲပဲကျင်းပတာဆိုတော့ နွားက တကောင်ပဲသေပါတယ်
အဲ့ဒီတော့ ဒီနေ့အတွက် မကျန်တော့ပါဘူး ခင်ဗျ ဆရာစားချင်တယ် ဆိုရင်တော့ တုံကင်လေး ယူသွားပေးပါ
ဆရာ့ရဲ့ရှေ့မှာလည်း စားဖို့ ကြိုမှာထားတဲ့သူတွေရှိလို့ နောက်တပတ် ကြာမှပြန်လာပေးပါခင်ဗျ´
`အေး…. အဲ့ဒါဆိုလည်းပြီးကောငါ နောက်တပတ်မှလာခဲ့မယ်´ ဟုဆိုကာ တုံကင်လေးကို ကိုင်လျှက် ထွက်ခွာသွားပါတော့သည်။
ချိန်းဆိုထားသောရက်ရောက်သောအခါ တုံကင်လေးကို ကိုင်လျှက်ပျော်ရွှင်စွာဖြင့်စားသောက်ဆိုင်အတွင်းသို့ ဝင်ပြီး
စားပွဲထိုး  ကိုလှမ်းခေါ်လိုက်ပါတော့သည် ….
ဟေ့.. စားပွဲထိုး ဒီနေ့ငါ့အလှည့်ရောက်ပြီ ငါစားချင်တာရပြီလားကွ´
ဟုတ်ကဲ့ဆရာ ရပါပြီခင်ဗျ´ ဟုဆိုကာ အငွေ့များတထောင်းထောင်းထနေသော ပန်းကန်ကို ရှေ့တွင်ချပေးလျှက်
ထွက်သွားသည်။  ပန်းကန်ကိုသေချာကြည့်သောအခါ စပျစ်သီးသာသာမျှသာရှိသော အလုံးနှစ်လုံးကို တွေ့သဖြင့်
စိတ်ထဲဘဝင်သိပ်မကျလှသော်လည်း
ဗိုက်ဆာနေပြီဖြစ်သဖြင့် ပိုက်ဆံရှင်းမှစားပွဲထိုးကို မေးတော့မည်ဟုဆုံးဖြတ်ကာ အမြန်စားလိုက်ပါတော့သည်။
စားပြီးနောက် ပိုက်ဆံရှင်းရန် စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။
ဟေ့ … စားပွဲထိုးပိုက်ဆံရှင်းမယ်ဟေ့´
`ဟုတ် ကဲ့ လာပြီခင်ဗျ´
`ဘယ်လောက်ကျလဲကွ´
`ဒေါ်လာ ၁၀ဝ ကျပါတယ်ခင်ဗျ´
`ဒါနဲ့နေပါအုံးကွ ငါမေးစရာရှိလို့ ဟိုနေ့က ဘေးနားကလူစားတုန်းက အလုံးနှစ်လုံးက တော်တော်ကြီးပါတယ်
ဒီနေ့ကျမှ ဘာဖြစ်လို့ စပျစ်သီးသာသာပဲရှိတာလဲကွ´
`အော်… ဒါလာ းဒီလိုရှိပါတယ်ဆရာ အဲ့ဒိနေ့ကနွားရိုင်းသတ်ပွဲမှာ နွားကသေပြီး လူကနိုင်ပါတယ်
အဲ့ဒါကြောင့် နွား (fighting ball) ကကြီးလို့ အဲ့ဒိလူက အကြီးကြီးစားရတာပါ ဒီနေ့ဆရာ့ကလှည့်ကျတော့ ကံဆိုးစွာနဲ့ပဲ
လူကသေသွားပါတယ် အဲ့ဒါကြောင့်သေးတာပါခင်ဗျ´
`ဟေ ဒါဆိုငါစားတာက ……

********************************************************************************************
(၈) ဘယ်လိုပုံလဲ

နှလုံးအထူးကု ဆရာဝန်ကြီးရဲ့ ဈာပန အခမ်း အနားဟာ ဧည့်ပရိတ်သတ်များနဲ့ အထူး စည်ကား နေပါတယ်..
နှလုံးသား ပုံဖော်ထားတဲ့ ပန်းအလှဆင် ပန်းဝိုင်း ကြီးမှ ဆရာဝန်ကြီးရဲ့ ရုပ်ကလာပ်ကို ဖြတ်သန်း သယ်ဆောင်ပြီး
ခမ်းခမ်းနားနား ဂုဏ်ပြု နှုတ်ဆက်ကာ ပို့ဆောင်လျက် ရှိနေခိုက် ပရိသတ်အတွင်းမှ
တီးတိုးရယ်သံ ထွက်ပေါ် လာပါတယ်.. ရယ်သူရဲ့ ဘေးမှ လူက ရယ်နေသူကို…
“ခင်ဗျား ဘာလို့ ရယ်တာလဲ”
ရယ်နေသူက…..
“နှလုံးအထူးကု ဆရာဝန်ကြီးရဲ့ ဈာပနကို ကြည့်ပြီး ကျနော့ဈာပန အကြောင်း တွေးမိလို့ပါ”
မေးနေသူက…
“ခင်ဗျားက ဘာမို့လို့ လဲ”
ရယ်နေသူ ပြန်ဖြေလိုက်တာကတော့…
” ကျနော်က သားဖွားနဲ့ မီးယပ် အထူးကုပါ..”

******************************************************************************************
(၉) ကျွမ်းကျင်ရာ
လူနာ တစ်ဦး ဟာ အလွန်တရာ ချမ်းအေးတဲ့ ဒဏ်ကို ခံစားနေရတဲ့ အတွက် ဆရာဝန်ဆီ သွားပြပါတယ်..
ဆရာဝန်က သောက်ဆေး များကို ပေးလိုက်သော်လည်း မသက်သာပေ.. နောက်တစ်နေ့ ဆက်ပြတော့
နောက်ထပ်သောက်ဆေး အချို့ ပေးသော်လည်း ထူးခြားမှု မရှိလာပေ.. တတိယ နေ့ ဆရာဝန်ဆီ ပြန်လာတော့ ..ဆရာဝန်က
“ခင်ဗျား အိမ်ပြန်ရောက် ရောက်ခြင်း ရေနွေးနဲ့ ရေချိုးလိုက်ပါ.. ပြီးပြီးချင်း အိမ်ပြတင်း ပေါက်တွေကို ဖွင့်လိုက်ပါ..
နောက်တော့ အဲဒီ ပြတင်းပေါက် နားမှာ ရပ်နေပါ..”

“အဲဒီ လိုနေရင် ကျွန်တော် အအေးမိပြီး နမိုးနီးယား ဖြစ်သွား မှာပေါ့..” လူနာက ပြန်ပြော လိုက်တော့..
ဆရာဝန် ပြန်ဖြေ လိုက်တာကတော့ ..
“ကျွန်တော် နမိုးနီးယား ကိုတော့ ကောင်းကောင်း ကုတတ်ပါတယ်..”

********************************************************************************************
(၁၀) ဈေးလျှော ့ပါ

ဖိနပ်ဆိုင်တွင် ကိုချူချာ ဖိနပ်စီးကြည့်နေသည် ၊
အရောင်းသမ ကို မေးသည်။

“ဈေးဘယ်လောက်လဲ ”

“၄ဝ ပါ”

“၃ဝ ပဲထားပါဗျာ ၊ နှစ်ဖက် စလုံးယူသွားမယ်”

*********************************************************************************************

5 comments

  • zawthulay

    August 1, 2011 at 1:39 pm

    အကုန်လုံးနီးပါးရယ်ရပါတယ်.. နောက်ထပ်လည်းတင်ပေးပါဦး

  • moethidasoe

    August 1, 2011 at 2:29 pm

    နှစ်ဖက်ဆို ၆ဝ ပေါ့ နော်

  • moonpoem

    August 1, 2011 at 3:18 pm

    မြန်မာ့ဘောလုံးကတော့ ပြောစရာဖြစ်နေပြိ

  • ရွှေဘိုသား

    August 1, 2011 at 3:46 pm

    မြန်မာ ဘောလုံးက အဲလိုကြီးလား
    ရယ်လိုက်ရတာ သေးတောင်ထွက်တယ်

  • pan pan

    August 1, 2011 at 4:01 pm

    ဒီတပါတ် ဖတ်ပြီးသားများတယ်
    မဖတ်ရသေးတာတွေလည်း တော်တော်ရယ်ရပါတယ်
    ဒေါက်တာပြောသလို နှစ်ဖက်၆ဝဆိုတော့ အစွန်းထွက်၁ဝလျှော့လိုက်မယ်
    ၅ဝပဲပေး

Leave a Reply