ဇူလိုင်လကုန်ကစပြီး အစိုးရ၀န်ထမ်းတွေကို လစာထုတ်ပေးတာ အကြွေတွေထည့်ပေးနေပါတယ်

ပြောထားခဲ့တဲ့အတိုင်း ၃၅၀၀၀ကျပ်ဖိုးပါ

၂၀၀တန်အရွက်တစ်ရာ၊ ၁၀၀တန်အရွက်တစ်ရာ၊ ၅၀တန်အရွက်တစ်ရာ၊ စုစုပေါင်း ၃၅၀၀၀ဖိုးပါ

ပိုက်ဆံတွေက အသစ်စက်စက်တွေ၊ ဘဏ်အုပ်၊ နံပါတ်စဉ်တိုင်းရတာပါ

ဒါပေမယ့် ၀န်ထမ်းတိုင်းတော့ ငွေအကြွေရတာမဟုတ်ဘူး

ဘဏ်မှာ ချက်လက်မှတ်နဲ့ထုတ်မယ့်ဝန်ထမ်းတွေမရဘူးတဲ့

ဒီကိစ္စဘဏ်နဲ့မဆိုင်ဘူးလို့ပြောတယ်

အဲဒါငွေသားတိုက်ရိုက်လစာထုတ်ရတဲ့ဝန်ထမ်းတွေကို ၃၅၀၀၀ဖိုးထည့်ပေး(လဲပေး)တာပါ

အရင်က လုပ်ငန်းရှင်သူဌေးတွေကပဲ ဘဏ်မှာငွေအကြွေတွေလဲကြပါတယ်

ပြီးတော့ အကျိုးမဲ့ထုတ်မသုံးကြပါဘူး (သိမ်းထားကြပါတယ်)

ဒီတော့ ပြည်သူတွေလက်ထဲကို ငွေအကြွေတွေက မရောက်တော့ဘဲ အစုတ်အပြဲတောင် အနိုင်နိုင်ဖြစ်ခဲ့ရတာပါ

ဒါ့ကြောင့် ၀န်ထမ်းတွေကို လစာပေးတဲ့အခါ ငွေအကြွေထည့်ပေးတာပါ

ဝန်းထမ်းတွေအနေနဲ့ ဒီငွေကို မသုံးမဖြစ် သုံးကြမှာဖြစ်လို့  ပြည်သူလူထုကြားထဲကို သေချာပေါက်ပြန့်နှံ့သွားမှာဖြစ်ပါတယ်

ဘဏ်မှာ ချက်လက်မှတ်နဲ့ လစာငွေထုတ်မယ့် ၀န်ထမ်းတွေအတွက် မရပေမယ့် (အကောင်းဘက်ကကြည့်မြင်ပြီး) ခုလောက်လုပ်ပေးတာတော့ မဆိုးဘူးပြောရမယ်

ဒီတစ်လပြီး နောက်လတွေလည်း ခုလိုဆက်လုပ်ပေးနိုင်မယ်ဆိုရင် အကြွေပြဿနာ အတော်လေးထိထိရောက်ရောက် ဖြေရှင်းနိုင်မှာပါ

ပြီးတော့ အကြွေ၈၀ကို ၁၀၀နှုန်းနဲ့ စီးပွားဖြစ် ငွေအကြွေလဲလှယ်သူများလည်း ပပျောက်သွားနိုင်သလို ဘဏ်ဝန်ထမ်းများ လာဘ်စားမှုများလည်း နည်းသွားမှာပါလို့ ထင်မြင်မိပါတယ်

(ချက်လက်မှတ်နဲ့ လစာထုတ်မယ့် ၀န်ထမ်းတွေကို ဘဏ်က အကြွေထုတ်ပေးမလုပ်ပေးတာက ဘာအခက်အခဲကြောင့်များဖြစ်နိုင်မလဲ၊ ကျွန်မလည်း ဥာဏ်မှီသလောက် စဉ်းစားကြည့်ပါတယ်၊ ရွာသူရွာသားအပေါင်းလည်း စဉ်းစားပေးကြပါ)

About panpan

chit has written 61 post in this Website..