ဝန်းထမ်းလစာနဲ့ အကြွေ

panpanAugust 1, 20111min19525

ဇူလိုင်လကုန်ကစပြီး အစိုးရဝန်ထမ်းတွေကို လစာထုတ်ပေးတာ အကြွေတွေထည့်ပေးနေပါတယ်

ပြောထားခဲ့တဲ့အတိုင်း ၃၅၀၀ဝကျပ်ဖိုးပါ

၂၀ဝတန်အရွက်တစ်ရာ၊ ၁၀ဝတန်အရွက်တစ်ရာ၊ ၅ဝတန်အရွက်တစ်ရာ၊ စုစုပေါင်း ၃၅၀၀ဝဖိုးပါ

ပိုက်ဆံတွေက အသစ်စက်စက်တွေ၊ ဘဏ်အုပ်၊ နံပါတ်စဉ်တိုင်းရတာပါ

ဒါပေမယ့် ဝန်ထမ်းတိုင်းတော့ ငွေအကြွေရတာမဟုတ်ဘူး

ဘဏ်မှာ ချက်လက်မှတ်နဲ့ထုတ်မယ့်ဝန်ထမ်းတွေမရဘူးတဲ့

ဒီကိစ္စဘဏ်နဲ့မဆိုင်ဘူးလို့ပြောတယ်

အဲဒါငွေသားတိုက်ရိုက်လစာထုတ်ရတဲ့ဝန်ထမ်းတွေကို ၃၅၀၀ဝဖိုးထည့်ပေး(လဲပေး)တာပါ

အရင်က လုပ်ငန်းရှင်သူဌေးတွေကပဲ ဘဏ်မှာငွေအကြွေတွေလဲကြပါတယ်

ပြီးတော့ အကျိုးမဲ့ထုတ်မသုံးကြပါဘူး (သိမ်းထားကြပါတယ်)

ဒီတော့ ပြည်သူတွေလက်ထဲကို ငွေအကြွေတွေက မရောက်တော့ဘဲ အစုတ်အပြဲတောင် အနိုင်နိုင်ဖြစ်ခဲ့ရတာပါ

ဒါ့ကြောင့် ဝန်ထမ်းတွေကို လစာပေးတဲ့အခါ ငွေအကြွေထည့်ပေးတာပါ

ဝန်းထမ်းတွေအနေနဲ့ ဒီငွေကို မသုံးမဖြစ် သုံးကြမှာဖြစ်လို့  ပြည်သူလူထုကြားထဲကို သေချာပေါက်ပြန့်နှံ့သွားမှာဖြစ်ပါတယ်

ဘဏ်မှာ ချက်လက်မှတ်နဲ့ လစာငွေထုတ်မယ့် ဝန်ထမ်းတွေအတွက် မရပေမယ့် (အကောင်းဘက်ကကြည့်မြင်ပြီး) ခုလောက်လုပ်ပေးတာတော့ မဆိုးဘူးပြောရမယ်

ဒီတစ်လပြီး နောက်လတွေလည်း ခုလိုဆက်လုပ်ပေးနိုင်မယ်ဆိုရင် အကြွေပြဿနာ အတော်လေးထိထိရောက်ရောက် ဖြေရှင်းနိုင်မှာပါ

ပြီးတော့ အကြွေ၈ဝကို ၁၀ဝနှုန်းနဲ့ စီးပွားဖြစ် ငွေအကြွေလဲလှယ်သူများလည်း ပပျောက်သွားနိုင်သလို ဘဏ်ဝန်ထမ်းများ လာဘ်စားမှုများလည်း နည်းသွားမှာပါလို့ ထင်မြင်မိပါတယ်

(ချက်လက်မှတ်နဲ့ လစာထုတ်မယ့် ဝန်ထမ်းတွေကို ဘဏ်က အကြွေထုတ်ပေးမလုပ်ပေးတာက ဘာအခက်အခဲကြောင့်များဖြစ်နိုင်မလဲ၊ ကျွန်မလည်း ဉာဏ်မှီသလောက် စဉ်းစားကြည့်ပါတယ်၊ ရွာသူရွာသားအပေါင်းလည်း စဉ်းစားပေးကြပါ)

25 comments

  • winkyawaung

    August 1, 2011 at 11:10 am

    ဇူလိုင်လကုန်မှာ ကျွန်တော်တို့တော့ ထုတ်မရလိုက်ပါဘူးဗျာ..။

    • pan pan

      August 1, 2011 at 11:19 am

      ဟုတ်လား၊ တချို့ဝန်ထမ်းတွေတော့ ရလိုက်တယ်
      အသစ်တွေ၊ ဘဏ်အုပ်တွေပဲ
      ချက်လက်မှတ်နဲ့ထုတ်မယ့်လူတွေပဲ မရတာတဲ့

  • ရွှေဘိုသား

    August 1, 2011 at 11:25 am

    အကြွှေတွေ ပြည်သူတွေ လက်ထဲ ရောက်တာပေါ.ဗျာ

    ဝန်ထမ်းတွေကလည်း တစ်ချို.ကယူချင်
    တစ်ချို.က မယူချင်ကြဘူးလို. ကြားနေရတယ်နော်

    • pan pan

      August 1, 2011 at 11:43 am

      မယူချင်တဲ့လူတွေက ယူချင်တဲ့လူတွေကို ငွေလဲပေးလိုက်တာပေ့ါ
      အိမ်မှာတောင် အကြွေရထားတဲ့ဝန်ထမ်းဆီက ၃၅၀၀ဝဖိုးလဲထားတယ်
      အသိချင်းဆိုတော့ အပိုမပေးရပါဘူး
      တိုက်ရိုက်၃၅၀၀ဝပဲ

      • နွယ်ပင်

        August 1, 2011 at 4:02 pm

        နွယ်ပင်လဲ ယောက္ခမကြီးဆီက လဲထားလိုက်တယ် အပိုတော့ မပေးရပါဘူး
        အမျိုးအရင်းကြီးပဲဟာ ………. 😀

  • windtalker

    August 1, 2011 at 11:25 am

    ဝန်ထမ်း တိုင်း မရဘူး ဆိုတဲ့ ကိစ္စ မှာ
    အစိုးရ က ဒီလို ထုတ်ပေးဖို ့အမိန် ့စာ ထွက်ရှိပြီး ပြီ ဆိုပေသော်ငြား
    ငွေကိုင် ဌာန က ဝန်ထမ်း များ က ၊ တမင်သက်သက်
    ကြားပေါက် ရှာနေကြလို ့ဖြစ်နိုင်တယ် လို ့
    မြင်မိပါတယ်

  • koyinmaung

    August 1, 2011 at 11:58 am

    ကောင်းမွန်တဲ့သတင်းပါဘဲ…..လစဉ်တုတ်ပေးနိုင်ဘို့အရေးကြီးတာပါ

  • ကြောင်ကြီး

    August 1, 2011 at 12:04 pm

    (ချက်လက်မှတ်နဲ့ လစာထုတ်မယ့် ဝန်ထမ်းတွေကို ဘဏ်က အကြွေထုတ်ပေးမလုပ်ပေးတာက ဘာအခက်အခဲကြောင့်များဖြစ်နိုင်မလဲ၊ ကျွန်မလည်း ဉာဏ်မှီသလောက် စဉ်းစားကြည့်ပါတယ်၊ ရွာသူရွာသားအပေါင်းလည်း စဉ်းစားပေးကြပါ)
    စီမံအုပ်ချုပ်ရေး administrative အခက်အခဲပေါ့ကွယ်။ နဂိုထဲက ချက်နဲ့ထုတ်ပါတယ်ဆိုမှ ကက်ရှ်တဝက် ချက်တဝက်ပေးရရင် မနိုင်မနင်းဖြစ်၊ ရှုပ်ထွေးမှုတွေ ဖြစ်ကုန်နိုင်တာပေါ့။ ငွေနဲ့ပတ်သက်တဲ့အလုပ်ဆိုတော့ ပိုကြောက်မှာပေါ့လေ…။ အမှားအယွင်းတခုဖြစ်ရင် ပန်ပန်လျော်ပေးမလား…။

    • pan pan

      August 1, 2011 at 2:36 pm

      ဘဏ်မှာ လစာသွားထုတ်တဲ့အချိန် ဥပမာ-တစ်သိန်းလစာရသူကို ၃၅၀၀ဝအကြွေပေးပြီး ကျန်တာ အတန်ကြီးပေးတာမျိုးဆို အဆင်ပြေမလားလို့ပါ၊ သေချာစဉ်းစားကြည့်တော့လည်း မလွယ်ဘူးနော်၊ ရတဲ့လစာကို အကုန်ထုတ်ချင်တဲ့လူရှိချင်မှရှိမယ်၊ ဒါပေမယ့် ငွေဘယ်လောက်ပဲချန်ထားချန်ထား အတိုးမရဘူးဆိုပဲ

  • usnczn

    August 1, 2011 at 12:23 pm

    လစဉ်ထုတ်ပေးဘို့တော့မလွယ်ဘူးထင်တယ်နော်..
    အခုတောင်မကောင်းတတ်လို့ မဖြစ်မနေ လုပ်ပေးထားတာမဟုတ်လား?
    စဉ်းစားကြည့်လေ… စက္ကူတရွက်ချင်း အတူတူ ၁၀ဝ လုပ်မလား?
    ၅၀၀၀ဝ လုပ်မလား?
    နဂိုထဲက စေတနာ မရှိတဲ့အထဲ… ဘယ်အနစ်နာခံပါ့မလဲ….။
    လုပ်ပေးတယ် ဆိုတဲ့ နာမယ်လေး ရယုံလောက်ပေါ့။

  • weiwei

    August 1, 2011 at 12:55 pm

    ၃ လ တစ်ကြိမ် ထုတ်ပေးမယ်လို့ ကြားတာပဲ …
    ချက်လက်မှတ်နဲ့ထုတ်တဲ့သူတွေကို မိမိတို့ဌာနအတွင်းက ငွေစာရင်းဌာနတွေမှာ ငွေအကြွေနဲ့ ပြန်လဲပေးပါတယ် …

  • pan pan

    August 1, 2011 at 1:12 pm

    အကြွေပေါပြီပေါပြီနဲ့ ဒီကနေ့ဆေးသွားဝယ်တာ ၈၀ဝကျတာ ၁၀၀ဝတန်ပေးလိုက်တယ်
    ၂၀ဝတန်တော့ ရှိတန်ကောင်းပါရဲ့၊ အမ်းမှာပါလေလို့ ထင်နေတာ
    ခုတော့ ၁၀ဝတန်တစ်ရွက်နဲ့ ကော်ဖီမစ်တစ်ထုပ်အမ်းတယ်
    ကော်ဖီမစ်မယူဘူးဆိုတော့ ဟန်ဆာပလပ် ပလာစတာယူမလားတဲ့
    စိတ်တိုသွားတယ်၊ ဒါနဲ့ တခြားဘာအမ်းစရာများရှိလဲလို့မေးလိုက်တော့ အကိုက်အခဲပျောက်ဆေး ပါရာစီတမောရှိတယ်တဲ့၊ အဲဒါယူမလားတဲ့
    ဒါနဲ့ပဲ တော်ပါပြီ ကော်ဖီမစ်ပဲယူပါတော့မယ်ဆိုပြီး ကော်ဖီထုပ်ပဲယူခဲ့လိုက်တယ်
    သူတို့အမ်းလိုက်တဲ့၁၀ဝတန်က အသစ်ပြန့်ပြန့်ကြီးနော်
    ဧကန္တ ဘဏ်အုပ်ကထင်တယ် 😛
    တကယ်က အကြွေရှိရက်နဲ့ သက်သက်လုပ်ကြံတာ
    ကော်ဖီမစ်ထုပ်တွေ ဗုံးလိုက်ထည့်ထားတာတွေ့လိုက်တယ် :angry

    • P zer

      August 1, 2011 at 10:42 pm

      အဲဒါပဲ ပန်ပန်ရေ…. ပွတော့ ပွတယ်ဖြစ်တယ်…ဒီနေ့တောင် ၁၀ဝ အမ်းရမှာ Snow Tower အမ်းလိုက်တယ်… ကိုယ်လဲ အသုံးမလိုဘဲ ဒါမျိုးအမ်းတာတွေ ယူနေရတာ ..တစ်လတစ်လ ပေါင်းလိုက်ရင် မနည်းဘူး.. ကိုယ့်ချွေးနည်းစာလေးတွေ အလဟသ ပြုန်းတီးကုန်တယ်…:(

  • ဘာမှမရတာထက်စာရင် ရတာလောက်ကိုဘဲ ကျေနပ်စွာလက်ခံလိုက်မယ်ဆိုရင်
    နည်းနည်းတော့ စိတ်ချမ်းသာသွားမယ်ထင်ပါရဲ့

  • Anzartone

    August 1, 2011 at 1:49 pm

    ယနေ့ခေတ် မြန်မာပြည်မှာ ငွေအကြွေ ရှားပါးတာဟာ ပြဿနာ တစ်ပါးပါပဲ။ အခုလို ဝန်ထမ်းတွေကို ငွေအကြွေ ထုတ်ပေးတယ်ဆိုတော့ မဆိုးဘူးပေါ့ဗျာ။

  • etone

    August 1, 2011 at 3:57 pm

    ွှအကြွေက လိုတော့လိုပါတယ် …နည်းနည်းပဲလိုချင်တာ .. လခရတဲ့လူတွေ အကုန်လုံးသာ တစ်ရာတန်နဲ့လဲပေးမယ်ဆိုလျှင် ကျွတ်ကျွတ်အိတ်နဲ့ လစာထုတ်ရလိမ့်မယ် … ။ 😛 😛

    • nature

      August 2, 2011 at 12:18 am

      များများရတော့ပိုမကောင်းဘူးလား။ 🙂

  • Grace

    August 1, 2011 at 4:46 pm

    မှန်ကန်ထိရောက်တဲ့ နည်းဗျူဟာမို့ ကြိုဆိုလိုက်ပါတယ်။

  • ogre

    August 1, 2011 at 8:02 pm

    ဘယ်လောက်ကြာအောင်လုပ်ပေးမှာလဲ
    ဘယ်အတိုင်းအတာထိအကျိုးရှိအောင်လုပ်မှာလဲ
    ရေတက်ငါးဇင်ရိုင်းလား
    ခဏ ဝမ်းသာအောင်လား…
    သေချာလုပ်ကြရင်တော့ အကောင်းဆုံးပဲ
    ဒီခေတ်မှာက…ကောက်ရိုးမီး..ပေါ်ပင်တွေများတယ်..။။

  • Yan Shin

    August 1, 2011 at 9:01 pm

    မင်္ဂလာ သတင်းပါ ကောင်းမှု့ကို ရှေ့ဆောင်တဲ့အတွက် မင်္ဂလာရှိပါတယ်။
    သိပ်လဲ မပြောရဲဘူးဗျို့
    ကျွန်တော်တင်တဲ့ ကျလဲကျပ ထဲက ပန်းဆိုးတန်းကူးတို့ဆိပ်ခက ခု August 1st ကစလို့ တစ်ယောက်ကို တစ်ဆယ်မဟုတ်တော့ဘူး။
    တစ်ယောကို ငါးဆယ်ကျပ်ဖြစ်သွားပြီ။ တရားဝင် ဘုတ်ထောင်ထားတယ်။
    ပြန်မအမ်းတာနဲ့ စာရင် တရားဝင်ယူတော့ နဲနဲခံစားရသက်သာတာပေါ့ဗျာ။
    ဒါပေမဲ့ စကြီန်လမ်းက ဝန်ထမ်းလို လူတွေကတော့ လက်မှတ်မပေးပဲ မအမ်းပဲ ယူနေတုန်းပါပဲ။

  • pan pan

    August 2, 2011 at 9:21 am

    ကောက်ရိုးမီးပေါ်ပင်ကတော့ အထာကျနေပါပြီ
    ဘတ်စ်ကားတွေကိုပဲကြည့်
    ဘီအမ်တွေ၊ ဟိုင်းလတ်၊ ဘိုက်ပူချက်ကြီး၊ ဒိုင်နာကားတွေ စီးနေရရင်းနဲ့ အဲယားကွန်းဘတ်စ်ဆိုတာ ပေါ်လာရော
    တစ်ယောက်၂ဝနဲ့၊ ဆိုဖာခုံအကောင်းစား အသစ်တွေ၊ တံခါးပေါက်ကလည်း လိုက်ကာတွေတောင်တပ်ထားလို့၊ လူကလည်း ချောင်လိုက်တာ ထိုင်စရာနေရာပေါလို့
    အဲသည်ကမှ အဲယားကွန်းက ဘယ်ရောက်လို့ရောက်မှန်းမသိ၊ ပုံမှန်လိုင်းကားအဆင့်ဖြစ်ရော (ကားခဈေးတက်တာပဲ အဖတ်တင်သွားတယ်)
    နောက်တခါ ခုပေါ်ပင်ဖြစ်နေတဲ့ အဲယားကွန်းကား၊ ၂၀ဝတန်အထူးကားတွေ၊ အဲယားကွန်းမဖွင့်ရင် တိုင်ကြားနိုင်သည်..ဘာညာ၊ လက်မှတ်မပေးရင် ဘာညာ၊ လူပိုမတင်ရ၊ မှတ်တိုင်မှာအကြာကြီးမရပ်ရ၊ ဘာညာ…..။
    အထူးကား ၂၀ဝကျပ်၊ အတူတူပဲ
    အစခဏပဲ
    နောက်တော့ ဒုံရင်း
    ပုံမှန်ကားခ ၂၀ဝဖြစ်သွားတာပဲ အဖတ်တင်တယ် 🙁

  • Mee2

    August 2, 2011 at 11:03 am

    ကျွန်မတို ့လက်ထဲမှာရှိတဲ့ ၂၀ဝ တန် ၁၀ဝတန်တွေကအစုတ်အပြဲတွေပါ။တချိ ု့ဆိုတိပ်တွေနဲ ့ကပ်၊ကော်နဲ ့ကပ်အမျိ ုးမျိ ုးပေါ့။၂၀ဝတန်မှာထောင့်ကပြဲနေလို ့နှစ်ဆယ်တန် နဲ့ရောကပ်ထားရတာတွေကြံ ုနေကြပါ။ကပ်ရာ ခွာရာ မပါရင်တောင် အတုလို ့ထင်ခံနေသေးတယ်နော် ။စိတ်ကုန်လာပီ

  • ဆူး

    August 3, 2011 at 12:45 am

    အကြွေတွေ တကယ် ထုတ်ပေးနေတော့ အဟောင်း တွေ လျော့ပါးသွားမယ် ထင်ပါတယ်။
    ဒီရက်ပိုင်းမှ ဘဏ်က ထုတ်လာတဲ့ ၅၀ဝ တန် အစုပ်ကို နောက် ဘဏ်တခုက မယူလို့ လဲပေးခဲ့ရတာလည်း ရှိသေးတယ်။ သိပ်တော့ မကျေနပ်ဘူး။

    • pan pan

      August 3, 2011 at 9:04 am

      အဟောင်းတွေတော့ လျော့ပါးသွားပါတယ်
      အသစ်(ခပ်လတ်လတ်)လေးတွေလည်း သိပ်တော့ မပေါသေးဘူး
      ဆိုင်တွေမှာ ကော်ဖီမစ်၊ တစ်ရှုးတွေ အမ်းနေတုန်း
      ကြည့်ရတာ အရင်လက်ကျန်တွေကုန်အောင် ထုတ်အမ်းနေတာလားမသိဘူး

  • စုံ စုံ

    August 3, 2011 at 10:42 am

    မနေ့ကဘဲစိန်ဂေဟာမှာဈေးဝယ်လာတာကော်ဖီမစ်အမ်းတုန်း
    အဲ့ဒိရှော့ပင်းစင်တာတွေလဲသူတို့မှာဘယ်လောက်အကြွေရှိရှိ
    ဘယ်တော့မှပြည့်အောင်မအမ်းဘူး
    ကော်ဖီမစ်၊တစ်ရှုးတခုခုထည့်ပေးလိုက်ရမှ
    မလိုချင်လို့(သူတို့အံဆွဲထဲမှာအကြွေရှိမှန်းလဲသိလို့)အကြွေအတင်း
    တောင်းတာလဲမပေးကြဘူး
    ကြာတော့တင်းလာပြီ
    ပြောရင်လဲပြောတဲ့သူအပေါက်ဆိုးတယ်ဖြစ်မယ်

Leave a Reply