နံနက် လှပ မြင်ရ ကြည်လင်……………….

8လပိုင်းရဲ့ပထမရက် မိုးလင်းစနံနက်
လမ်းလျှောက်အထွက်

နေကတော့မထွက်သေးဘူး ဒါပေမယ့် အလင်းစက်တွေကတော့ မြေကမ္ဘာပေါ်စတင်လို့ရောက်လာပါပြီ။
ခါတိုင်းမှတော့ ဒီအချိန်ဆိုမူံမဲမဲ။
ဒီနေ့တော့ အလင်းသိပ်မရောက်သေးပေမယ့် အပြာထဲမှာ ပန်းနုစွက်လှပတဲ့စုတ်ချက်ကိုတွေ့လိုက်ရတော့။

အနောက်ဘက်ခြမ်းကို အရင်မြင်လို့မှတ်တမ်းတင်အပြီး အရှေ့ဘက်ကောင်းကင်ကိုကြည့်လိုက်တဲ့အခါ
မူန်ရီမိူင်းနေတဲ့ကောင်းကင်ထဲမှာ ပုဇွန်ဆီသွေးထနေတဲ့ ဆေးအခြယ်ခံထားရတဲ့ ကောင်းကင်ကို မြင်လိုက်ရပါတယ်။
ခဲရောင်ကောင်းကင်ကြားမှာအပြာနု
သူ့အောက်မှာ အမည်ပေးဘို့ခက်တဲ့အရောင်စုံပက်ကြဲ
အောက်ဖက်က အလင်းမရတဲ့သစ်ပင်ကတော့မှောင်မဲမဲ။
ဒါနဲ့ဘဲရှေ့ဆက်လျှောက်လိုက်တော့…………..
ရေပြင်ကျယ်ရင်ခွင်ထဲကို အရောင်စုံနေတဲ့ ကောင်းကင်ကြီးက တိုးဝင်နေပုံက အံ့ဩစရာကောင်းလောက်အောင်လှပ…………..
အဝေးကိုလှမ်းကြည့်တော့ ထန်းပင် ရေပြင် ရောင်စုံကောင်းကင် မြင်ရခဲ့တဲ့မြင်ကွင်းမို့ မှင်သက်မိလို့ငေးမော………….
ထန်းပင်တွေဖက်ကို ဆက်လျှောက်ရင်း တောင်ဘက် လမ်းမပေါ်အရောက် ရေပြင်ကိုငုံ့အကြည့် မြင်လိုက်လို့အပေါ်ပြန်အမော့
တော်တော်နဲ့ကို အကြည့်ကိုလက်စမသပ်နိုင်အောင်ငေးမောမိနေပါတယ်။
ဒီရူ့ခင်းလေးကို မြင်မိတော့
အင်မတန်မှကို ပြီးပြည့်စုံတဲ့အလှတရား မွေးဖွားလာတယ်လို့ ထင်မိပါတယ်။

လှပတဲ့အလင်းစက်တွေက ခဏလေးအတွင်းမှာပျောက်မလိုဖြစ်နေတုန်းပန်းပင်လေးကြားကနေ ရိုက်ထားတဲ့ပုံလေးပါ။
အရောင်မစုံပေမယ့်လဲ လှပတဲ့မြင်ကွင်းလေးပေါ့နော်။
ဟိုတစ်နေ့က လှတာကို မလှတာနဲ့ တွဲတင်မိတာကို အလျှော်ပေးတဲ့အနေနဲ့
အလန်းလေးတွေဘဲ ရွေးချယ်လို့ တင်ပေးလိုက်ပါတယ်။

20 comments

  • good

    August 1, 2011 at 1:20 pm

    အောက်ဆုံး ၃ ပုံ ကို လည်း flash မပါ ဘဲ ရိုက်တာလား၊ ပါရင် ဘယ်လို ထူးခြား သွားမလဲ မသိဘူး နော်။
    flash ထည့် မယ် ဆို ရင် အနီးကပ် ပန်းပွင့် နဲ့ အပင် တွေ ကပို ထင် ရှား ပြီး အဝေး မြင်ကွင်း နဲ့ match ဖြစ်မှာ မဟုတ်တော့ဘူးနော်။

  • တစ်ခါက အနီးကပ်ပုံကိုထင်ချင်လို့ဖလက်ထည့်ရိုက်လိုက်မိတယ်။
    နေရာကွက်ကွက်လေး တအားလင်းသွားတယ်ဗျာ။
    အခုပုံကတော့ အပြင်မှာအလင်းရောက်စဆိုတော့
    ညရိုက်တဲ့ပုံစံနဲ့ရိုက်ထားပါတယ်။
    နို့မို့ဆိုရင် တအားမှောင်နေပါတယ်။

  • etone

    August 1, 2011 at 1:37 pm

    လေးပေါက် ရိုက်ထားတာ မိုက်တယ် … အခုတလော မိုးကောင်ကင်က တိမ်တွေ အရောင် ကြည့်ရတာ အရမ်းလှနေတယ် … ။ 🙂

  • ကိုယ့်အတွင်းစိတ်က ကြည်လင်နေရင်လောက ကြီးက အလိုလိုလှပနေတယ်လို့
    ကိုယ့်စိတ်နဲ့ကိုယ်နိုင်းပြီး တွေးမိပါတယ်။

  • char too lan

    August 1, 2011 at 1:52 pm

    ကောင်းကင်အရောင်တွေမိုက်တယ် လေးပေါက် .. ဘယ်နေရာလဲ ??
    အိမ်ကလေးနဲ့ပုံက ရန်ကုန် ကန်ဘောင်ပေါ်ကနေကြည့်ရင် မြင်ရတဲ့မြင်ကွင်းလေးနဲ့
    ခပ်ဆင်ဆင်တူတယ်ဗျ !!

  • pan pan

    August 1, 2011 at 2:08 pm

    ကောင်းကင်ကအရောင်အတိုင်း ရေပြင်မှာအရောင်ဟပ်နေတာ အရမ်းကြိုက်တယ်
    ပန်းချီကားတွေမှာလည်း အဲလိုဟာမျိုးပါလာရင် သေချာကြည့်တယ်
    ရေပြင်က လှိုင်းနုနုလေးတွေပြေးနေတဲ့အပေါ် အရောင်ကျနေတာ သဘောကျလို့
    လေးပေါက်ရိုက်ထားတဲ့ပုံတွေမှာ ကောင်းကင်အရောင်ကို အရမ်းကြိုက်နေတယ်
    မီးခိုးရောင်မှောင်မှောင်လေးရယ်၊ ကြည်ပြာရောင်ရယ်၊ လိမ္မော်ရောင်လင်းလင်းလေးရယ် အားလုံးပေါင်းစပ်မြင်ရတယ်
    လိမ္မော်ရောင်အလင်းလေးက ကောင်းကင်အောက်ခံအပြာပေါ်မှာဆိုတော့ ဗေဒါရောင်မရောက်တရောက်အရောင်လေးပါမြင်လိုက်ရတယ်
    အဲဒါတွေရဲ့အပေါ်ကမှ မီးခိုးရောင်တိမ်ဆုပ်လေးတွေနဲ့ဆိုတော့ တော်တော်ကိုလှတယ် (ပြောမပြတတ်အောင်ပဲ)
    အဲဒီအရောင်လေးတွေအကုန် ရေပြင်မှာလာပေါ်နေတာ အကြိုက်ဆုံးပဲ 🙂
    (ဓါတ်ပုံပညာတော့မသိပါဘူး၊ Flashဘာညာနားမလည်ပါဘူး၊ စိတ်ထဲခံစားရသလိုမန်းလိုက်တာပါ၊ မှားတာရှိရင် ခွင့်လွှတ်နော် လေးပေါက်)

  • ရွှေဘိုသား

    August 1, 2011 at 3:01 pm

    လေးပေါက်ရှိလို.သာ လောကကြီးရဲ့ အလှအပ တွေကိုခံစားရတာဗျ
    နော.မို.ဆို သတိထောင် မထားမိဘူး

  • moonpoem

    August 1, 2011 at 3:12 pm

    ဩဂုတ်လတစ်ရက်နေ ့ကိုကြိုဆိုနေတဲ ့မနက်ခင်းလေးက လှပလိုက်တာ။

  • suicide blind

    August 1, 2011 at 3:35 pm

    ပုံတွေက လှတယ်…သေချာစောင့်ရိုက်ထားတာလား….

  • Grace

    August 1, 2011 at 4:45 pm

    ဟိုတစ်နေ့က လှတာကို မလှတာနဲ့ တွဲတင်မိတာကို အလျှော်ပေးလို့ ကျေအေးလိုက်မယ်။ မဟုတ်ရင် မလှတာများ တင်နေရသေးလားလို့ ရန်ထောင်မလို့ စာစီနေတာ။ 🙂

  • စုံ စုံ

    August 2, 2011 at 10:15 am

    အပေါ်ဆုံး၂ပုံးအရမ်းကြိုက်

  • maythakhin

    August 2, 2011 at 11:18 pm

    ပုံလေးတွေအကုန်လှပါတယ်။ ဒီတခါပုံကတော့ အမှိုက်တွေမပါတော့ဘူးနော်။

  • redbull

    August 2, 2011 at 11:35 pm

    အမှိုက်ဆိုတာမျိုးက ရှင်းပစ်လိုက်တာကောင်းပါတယ်..
    အမှိုက် ဆိုုကတဲက ကောင်းကိုမကောင်းတော့တာ…
    အမှိုက် မပါတော့ စိတ်ရှင်းသွားတာပေါ့..

  • pannu

    August 3, 2011 at 12:20 am

    မွေးရပ်မြေရဲ့ ရှုခင်းလေး မြင်ရတော့ လွမ်းမိပါတယ်
    (HTZM) အမှိုက်ကိုလဲ ရှင်းရအုံးမယ်
    စည်းမဲ့ကမ်းမဲ့ ပစ်တာကိုး……။

  • Mee2

    August 3, 2011 at 10:53 am

    ကြားဖူးသမျှအမှိုက်တွေမှာ (၁)လောဘအမှိုက်(၂)တဏှာအမှိုက် (၃)ဒေါသအမှိုက် အစရှိသဖြင့်ပေါ့ အမျိ ုးမျိ ုးကြားဖူးပါတယ်။ဘယ်လို အမျိ ုးအစားပါလိမ့် HTZM ဆိုတာ။မောင်ပန်းဦးလား၊ ပန်းနုလားမသိရသောအို အဆွေတော်

  • usnczn

    August 3, 2011 at 11:25 am

    ပုံတွေလည်း အရမ်းကောင်းပါတယ်။
    ပုံတွေနဲ့အတူ ရေးထားတဲ့ စာကလည်း ကောင်းပြီး
    ဆွဲဆောင်မှုရှိနေတယ်။
    photo essay ကောင်းတပုဒ် ဖတ်ရှုခံစားရလို့
    ကျေးဇူးတင်ပါတယ်။

  • usnczn

    August 3, 2011 at 11:27 am

    ကိုပေါက် နဲ့ အတူ မနက်စောစော
    လမ်းလျှောက် ထွက်ရသလိုဘဲ။

  • intro

    August 3, 2011 at 12:22 pm

    အိပ်ယာထ နောက်ကျတတ်တဲ့ ကျွန်တော်တို့အဖို့ ဒီမြင်ကွင်းလေးက သစ်ဆန်းသလို ခံစားရပါတယ်…

Leave a Reply