အရာရာကို ငွေနဲ.ဝယ်လို.မရပါဘူး

ေရႊဘိုသားAugust 1, 20119min43223

    ရွာသားတို. အတွက် အနည်းနဲ.အများတော. ဗဟုသုတ ရမယ်ထင်လို. ကူးယူပြီး တင်ပေးလိုက်တာပါ

သိပြီးသား ရွာသားတွေရှိရင်လည်း တောင်းပန်ပါတယ်

တစ်ချို.ကျန်သေးတယ် လိုင်းက ပုံတင်လို.မရတော.လို. ရသလောက်ပဲ တင်ပေးလိုက်တာပါ           

အားလုံးကို ကျေးဇူးတင်ပါတယ်

 

 I am going  to say about the……….
Money

         It can buy a house

 

              But not a home


 

It can buy a clock

             But not time

          It can buy you a position

          But not respect

 

       

 

         It can buy you a bed

            But not sleep

          It can buy you a book


                                                But not knowledge


         It can buy you medicine     

 

            But not health

       It can buy you blood

         But not life

 

 

 So you see money isn’t everything

     And it often causes pain and

    suffering

 

I tell you this because I am your 

friend

     And as your friend I want to

                                                   Take away your pain and suffering!!
                                      
                  So

                                                                Send me all your money
                                            

                                                                             And I will suffer for you!

      After all, what are friends for,
      
        right??



 



        

 

 

 

 

     





<a title=”Click
to join nidokidos” href=”http://www.getnidokidos.com/” target=”_blank”>

23 comments

  • zawthulay

    August 1, 2011 at 3:32 pm

    အရာရာကိုငွေနဲ့ဝယ်လို့မရဘူးဆိုတာ.. ၈၉ ရာခိုင်နှုန်းမှန်ပါတယ် ပိုက်ဆံရှိတိုင်းလည်း အသက်ရှည်တာမဟုတ်ပါဘူး.. ဆိုတာ လူတိုင်းသိသင့်ပါတယ်

  • Foreign Resident

    August 1, 2011 at 3:57 pm

    အရာရာကို ငွေနဲ.ဝယ်လို.မရပါဘူး….. Agree
    you cannot buy everything (100%) by money,
    But, you can buy at least (90%) by money.
    Never underestimate the money. 😉

  • kai

    August 1, 2011 at 4:03 pm

    ပိုက်ဆံ..ငွေရဲ့အဓိပါယ်ကို သေသေချာချာသဘောမပေါက်ဖြစ်နေတာလို့မြင်တယ်…။ ဒါမှမဟုတ်.. သဘောမပေါက်အောင် ရေးထားလိုက်တာလို့မြင်တယ်..။
    ငွေဆိုတာ… ကြားခံနယ်တခုပါ..။
    လူကလုပ်ထားတာပါပဲ..။

  • pan pan

    August 1, 2011 at 4:10 pm

    ငွေနဲ့ဝယ်လို့ရတယ်ဆိုတာက ရောင်းလို့ရတဲ့ပစ္စည်းပဲဝယ်လို့ရမှာပေ့ါ
    နာရီကို ဝယ်လို့ရမယ်
    အချိန်ကို ဝယ်လို့မရဘူး
    နာရီရောင်းသူရှိတယ်၊ နာရီကို ရောင်းချလို့ရတယ်
    အချိန်က လူသားအားလုံးပိုင်ဆိုင်တဲ့ လောကကြီးကပေးထားတဲ့အရာ
    ကိုုယ့်အသက်ရှင်သလောက် ကိုယ့်မှာအချိန်ရှိတယ်
    ဒါကို သူများဆီက ဝယ်လို့မရသလို သူများကိုလည်း ရောင်းလို့မရဘူး
    များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာတွေပဲ ရောင်းလို့ဝယ်လို့ရမယ်
    ကိုယ်လိုချင်တဲ့အရာလေး(ရောင်း၊ ဝယ်)ရလို့ ကျေနပ်ပျော်ရွှင်တာတော့ တဆင့်ပေါ့

  • manawphyulay

    August 1, 2011 at 4:23 pm

    အချိန်တွေ ဝယ်လိုရရင် ဝယ်ချင်နေတာပါ…. ခုလူတစ်ယောက်မှာ ရရှိနေတဲ့အချိန်ထက် ပိုလိုချင်နေမိတယ်။

    • Foreign Resident

      August 1, 2011 at 5:36 pm

      Dear Ma Naw,
      You cannot buy back your previous time ( young age ) by money,
      But, you can extend your future time by money.
      It depends on how much you can pay.
      ( eg, with money, you can get healthier food, stronger car, more comfortable lifestyle, better healthcare, etc )

  • mandalarthu

    August 1, 2011 at 4:34 pm

    Everything can’t be bought with money,yes,i agree.
    Money is the most important thing for all human beings,
    but it is not essential.

  • MOEPWINTPHYU

    August 1, 2011 at 5:18 pm

    အင်းသိသွားပြီ

  • Mee2

    August 1, 2011 at 6:11 pm

    တချိ ု့ကငွေကို အာဏာနဲ ့ရှာကြတယ်။တချိ ု့က တော့ရိုးသားစွာ ရှာဖွေကြတယ်။ဘယ်လိုနည်းမျိ ုးနဲ ့ဘဲ ကြံဖန်ကြပါစေ. မိမိစိတ်ထဲမှာ မှတ်ယူသင့်တာက လိပ်ပြာသန် ့တဲ့ငွေဖြစ်ဖို ့ဦးတည်ချက်ထားကြဖို ့ပါ

  • windtalker

    August 1, 2011 at 6:34 pm

    အင်း ဖတ်လို ့ကောင်းလိုက်တာဗျာ
    ပုံလေး တွေ နဲ ့ဆိုတော့ ပိုလန်းတာပေါ့
    ကျေးဇူးပါပဲ ရွှေရွှေ ရေ

  • alinsett

    August 1, 2011 at 7:45 pm

    ရွှေဘိုသား က ဒါမျိုလေး ပြောလိုက်တော့..လည်း.. အင်း….သိပြီးသားပေမယ် ့မေ ့နေတာ သတိရသွားပြီ။
    ကျေးဇူးပါပဲ။

  • naywoonni

    August 1, 2011 at 9:41 pm

    ငွေမရှိရင်လည်း ဘာမှ ဝယ်လို့ မရပါဘူး ..။ အခြေခံ လိုအပ်ချက် ဖြစ်တဲ့ စားစရာ ထမင်း… သောက်စရာရေ ကအစ ငွေမရှိရင် မျက်နှာငယ်ရပါတယ်..။ ထမင်းငတ်ဖူးတဲ့သူ ရေ ငတိဖူးတဲ့သူလောက် မငတ်ဖူးတဲ့သူက ပိုမသိနိုင်ဘူးဆိုရင် ရိုင်းသွားမလား မသိဘူး…။ ဒီတော့ သူ့အတိုင်းအတာနဲ့သူ တော့ ငွေဟာ ရှိသင့်တယ်..။ ဒါကြောင့် ရှာနေကြရတာပဲလေ..။ ကိုယ့်လက်ထဲမှာ ရှိတဲ့ငွေက သန့်ရှင်းဖို့တော့ လိုတာပေါ့…။ ငွေဟာ အရာအားလုံးကို မဖြစ်နိုင်ဘူးဆိုပေမဲ့ အသက်ရှင်ဖို့ အတွက် လူစဉ်မီမီ ရပ်တည်နိုင်ဖို့ အတွက်တော့ အနိမ့်ဆုံး အတိုင်းအတာ တစ်ခု အထိ လိုအပ်တာအမှန်ပဲ..။ အချိန်တန်ရင် ကိုယ့်ကို လာလှူမဲ့သူ မရှိသေးဘူး..။ ဒီတော့ ငွေကြေးဟာ အတိုင်းအတာတစ်ခုအထိ အရေးပါနေတာပဲ..။ ကိုယ့်လိုအပ်ချက်တွေကို လဲလှယ်ဖို့…။

  • nature

    August 2, 2011 at 12:14 am

    အရာရာကို ငွေနဲ့ဝယ်လို့မရဘူး ဆိုပေမဲ့ ငွေရှိရင်ကိစ္စ တော်တော်များများ အဆင်ပြေနိုင်ပါတယ်။
    စကားပုံတခုတောင်ရှိသေးတယ်..ငွေများတရားနိုင်…တဲ့

  • maungmoenyo

    August 2, 2011 at 7:32 am

    မှန်ပါရဲ့ ငွေများတရားနိုင်၊ ငွေရှိရင်ဘာမဆိုဖြစ်တယ်ဆိုတာ…။ ဒါပေမဲ့ အတိုင်းအတာတခုအထိသာလို့ဆိုပါရစေ။ ငွေရှိတိုင်းမဖြစ်တဲ့ ကိစ္စတွေ မြန်မာနိုင်ငံမှာအများကြီးရှိပါတယ်။
    ပေးကားပေး၏ မရ ဆိုတဲ့ လဘ်ထိုးရင်းငွေဆုံးတဲ့ ကိစ္စတွေ (မရှိမဲ့ ရှိမဲ့နဲ့ ကုန်ရတာနော)၊ သုံးမကုန်အောင်ရထားတဲ့ ငွေကြေးစည်းစိမ်တွေ၊ ရာထူးကပြုတ်ပြီး ဒုက္ခရောက်ကြတဲ့ ဗိုလ်ချုပ်ဟောင်းကြီးတွေ၊ ဒါတွေဟာ သင်ခန်းစာပါ။

  • chitpyae

    August 2, 2011 at 9:24 am

    ငွေ ဆိုတာလည်း မရှိရင်လည်း မကောင်း ….. အရမ်း အများကြီး ရှိနေပြန်လည်း မကောင်းနဲ့ ။
    အချိန်ပိုနေတာရယ် … .ငွေ ပိုနေတာရယ်က လူငယ်တွေ လွဲမှားတဲ့ ကိစ္စ တွေ လုပ်မိနိုင်တယ် ။
    သိပ်မစဉ်းစားတတ်သေးတဲ့ လူတွေ အဖို့တော့ ပျက်စီး လွယ်နိုင်တယ် ထင်တယ် နော် ….

  • leonus007

    August 2, 2011 at 10:08 am

    ဘာတွေပဲ ပြောနေ ပြောနေ လူတစ်ရာ မှာ ကိုးဆယ့်ကိုးယောက်က ဒီငွေကို ရမယ်ဆို ရင် ရသလောက်ယူ ကြဖို ့ဆန္ဒ ရှိကြတာပဲ။ ကိုယ့် ကိုယ်ကို မကွက်ဝှက်ကြေးစဉ်းစား ကြည့်ပေါ့။
    ရွာတစ်ရွာမှာ ကြုံဖူးတယ်၊ အမျိုးသမီးတစ်ယောက် ခွဲစိပ်ကု မယ်ဆိုရင် ပျောက်နိုင်တဲ့ သားအိမ် မှာဖြစ်တဲ့ ရောဂါ တစ်မျိုးကို ရန်ကုန် တက် ကုသဖို ့ ပိုက်ဆံ မရှိလို ့ တစ်မိသားစုလုံး သေမဲ့ အချိန်ပဲ ထိုင်စောင့်ရင်း ဘေးကနေပြုစုပေးနေကြတယ်။ သူ ့မှာ နို ့တိုက် အရွယ်ကလေးတစ်ယောက်ရှိတာကို ရွာထဲက နို ့စို ့ကလေး ရှိတဲ့ မိခင် တစ်ချို ့က အလှည့် ကျ နို ့တိုက်ပေးရတယ်။ ငွေရဲ ့လိုအပ် ချက်ကို သိချင် ရင် မြို ့ပေါ်မှာဆိုရင် ဆေးရုံမှာသွားကြည့်။ အမှန်တော့ ပိုက်ဆံနဲ ့ကျန်းမာခြင်း ကို ဝယ်လို ့ရတယ်ဗျ။
    အိမ်ကို ဝယ်နိုင်ပေမဲ့ မိသားစု ဘဝ ကို မဝယ်နိုင်ဘူး ဆိုတာလဲ မမှန်ဘူး။ နေစရာ အိမ် ရှိပေမဲ့ ဝင်ငွေကောင်းကောင်း မရှိလို ့ ပြိုကွဲ ရတဲ့ မိသားစုတွေ အများကြီးပဲ။ အခြေခံ လူတန်းစား ရပ်ကွက်မှာ လိုက်ကြည့်ရင်သိသာတယ်။
    လူတွေအားလုံးက တစ်ခုခု လုပ်နေကြတာက အဓိကငွေရှာဖို ့ပဲ။ မြို ့တက်ပြီးငွေရှာ၊ နိုင်ငံခြားထွက်ပြီးငွေရှာ၊ ဝင်ငွေပိုကောင်းတဲ့ နိုင်ငံ မှာသွားနေကြ၊ နောက်ဆုံး အကြွေးယူပြီးငွေရှာ၊ လောင်းကစား နဲ ့ငွေရှာ၊ အာဏာနဲ ့ငွေရှာ၊၊ လူတွေအားလုံးကတော့ ငွေရှာနေကြတာ ပဲ။ လောဘ ကြောင့်လို ့ပြော ရင်လဲ အကုန်တော့ မဖြစ်နိုင်ပါဘူး။ လူတိုင်းက တော့ လူတန်းစေ့၊ သူ ့အဆင့်အတန်း လေးနဲ ့သူ နေချင်ကြတာပေါ့။ ဒါကြောင့် ပိုက်ဆံရှိဖို ့ဆိုတာ ဘဝမှာ အဓိက အခန်းကဏ္ဍ မှာပါ ပါတယ်။

  • ကြောင်ကြီး

    August 2, 2011 at 10:52 am

    You can buy the သဂျီး but not ဂေဇက်ရွာ..

  • etone

    August 2, 2011 at 1:39 pm

    အရာရာကို ငွေနဲ့ ဝယ်လို့ မရပေမဲ့ … အရာတော်တော်များများကိုတော့ ငွေနဲ့ ဝယ်လို့ ရပါကြောင်း မကြာသေးမီအချိန်ကမှ ငြင်းဆန်ရန်ချို့ ယွင်းချက်မရှိ လက်ခံလိုက်ရပါတယ် ။ 🙁

  • susunosuki

    August 2, 2011 at 2:34 pm

    ငွေကို လူတွေသုံးတာကြာလေတော့ အဖန်တီးခံလို့ မမြင်တော့ပဲနဲ့ ဖန်တီးသူလို့မြင်လာကြတယ်။ ငွေဆိုတာ လူကဖန်တီးတာ ကုန်ပစ္စည်းခြင်းဖလှယ်တဲ့ စနစ်ရဲ့ တိုးတတ်လာတဲ့စနစ်တစ်ခုပဲ။ လူတစ်ဦးခြင်းစီရဲ့ ဝီရိယ၊ လုံ့လ၊ ဇွဲနဲ့ ညဏ်ကသာ အရာရာကို မောင်းနှင်တာ။ ကံလည်း အရေးကြီးပါတယ်မပြောနဲ့ဦး။ ကံဆိုတာကလည်း အတိတ်ရဲ့ အားထုတ်မှုပါပဲ။

  • ဆူး

    August 3, 2011 at 12:28 am

    ရွှေဘိုသား ပိုက်ဆံတွေ အများကြီး ရလာရင် ဘာလုပ်မလဲ.. အခုပြထားတာက ၁ဒေါ်လှတွေ.. ၈၀ဝ လောက်ပဲ တန်တာ..နည်းတယ် အသုံးမတည့်ဘူး။ ၁၀ဝ ၁၀၀ဝ ၁၀၀၀ဝ ၁၀၀၀၀ဝ ၁၀၀၀၀၀၀၀၀၀ဝ ဆိုရင်တော့ ဟဲဟဲ.. ရွှေဘိုသား စိတ်ပြောင်းသွားမလားလို့ တွေးမိတယ်။

  • ရွှေဘိုသား

    August 3, 2011 at 10:00 am

    မမ ဆူး လာပေးကြည့်လိုက်လေ ပြောင်းလဲသလား သိချင်ရင်
    100000 လောက်လေးနဲ. လာစမ်းကြည့်လို့ကတော. ပြန်တောင် အမ်းလိုက်မယ်နော်
    ဟဲဟဲ အနည်းဆုံး တစ်သက်စာလောက်မှ ရမှာ

    • ဆူး

      August 4, 2011 at 12:08 pm

      ဒေါ်လှ ၁သိန်း (အမြှောက်) ၉၀ဝ သို့မဟုတ် ၈၀ဝ = ဘယ်လောက် ဖြစ်မလဲ..
      ပြန်အမ်းမယ် ဆိုရင် ဆူး ကို အရင် ဒေါ်လှ ၁သိန်း အရင် ပြန်အမ်း ရွှေဘိုသား.. ဘယ်လိုလဲ..
      အလုံးလိုက် အခဲလိုက် မအမ်းနိုင်ဘူး ဆိုရင် ရသလောက် ဖြေးဖြေးချင်း လာလာ အမ်း နော်.. အမ မောင်လေး လာအမ်းမဲ့ ဒေါ်လှ ၁သိန်း စောင့်နေမယ်။ ပြီးရင် ရွာထဲမှာ အလှူကြီး ပေးပေးမယ်။

Leave a Reply