ဒီခေတ်မှာ စိတ်ညစ်ရင် နိုက်ကလပ်တက်သတဲ့ နောင်တစ်ခေတ်ဆိုရင်ကော

moonpoemAugust 1, 20111min17821

ရှေးခေတ် အဖိုးအဖွားတွေလက်ထက်က အဖြူအမည်းကားတွေကိုကြည့်မယ်ဆိုရင်ဧည့်သည်တွေ
အိမ်လာလည် တဲ့ အခါ ရေနွေးကြမ်း ၊ လက်ဖက်၊ ထန်းလျက်နဲ ့ဧည့်ခံကြပါတယ်။
မင်းသားတွေ စိတ်ညစ်ရင် အသည်းကွဲရင် လက်ဝှေ ့ထိုးမယ်၊ အရက်သောက်ကြတယ်ပေါ့။

အဖေတို ့အမေတို ့လက်ထက်က ရောင်စုံစပေါ်ကာစ ဇာတ်ကားတွေကိုကြည့်မယ်ဆိုရင် ဧည့်သည် အိမ်လာလည်ရင် ကော်ဖီ၊အအေးနဲ ့မုန် ့ဧည့်ခံတယ်။ စိတ်ညစ်တဲ့အခါ အရက်သောက်ကြတာတော့ မပြောင်းလဲသေးပါဘူး။

အခု ကျွန်မတို ့ခေတ် မင်းသားသူငယ်ချင်းတွေနဲ့တွေ ့ရင် ကော်ဖီ လက်ဖက်ရည်သောက်တာထက်
ဘီယာသောက်တာ အရက်သောက်ရင်း အမြည်းစားရင်း စကားပြောဧည့်ခံတာပိုများတယ်။
စိတ်ညစ်ရင် နိုက်ကလပ်တက်မယ်၊ ကောင်မလေးတွေ နဲ ့တွဲကမယ်ပေါ့။

ကျွန်မတို ့ခေတ်ပြီးရင်လာမယ့်နောက်ခေတ်မှာကော ……..?
(ကိုယ်ပိုင်ထင်မြင်ယူဆချက်များဖြစ်ပါသဖြင့် လွတ်လပ်စွာ သဘောကွဲလွဲနိုင်ကြပါသည်)

21 comments

  • ရွှေဘိုသား

    August 1, 2011 at 2:54 pm

    ရန်ကုန်ရောက်တာ 4 နှစ်ပြည်.တော.မယ် တစ်ခါမှ မတက်ဖူးသေးဘူး
    အတွေ.ကြုံလေးတော. ယူချင်စမ်းပါဘိ
    ရွာထဲက Old Services များရှိရင် သွားခါနီး လက်တို.ပါအုံးဗျ

    • king

      August 1, 2011 at 3:06 pm

      ကိုရွှေဘိုသားရေ
      လက်တို့တဲ့လူရှိရင်လည်း
      မျက်စပစ်ပြလိုက်ပါ ကျွန်တော်လည်း အတွေ့အကြုံယူပြီး ပို့စ်ရေးတင်မလို့ …. 😛 😀 🙂

  • MOEPWINTPHYU

    August 1, 2011 at 2:58 pm

    နောက်တစ်ခေတ်သိချင်လားပြောပြဘူ စောင့်ကြည်ပေါ့ မကြာမှီလာမည်မျှော်

  • kai

    August 1, 2011 at 3:01 pm

    ဟောလိဝုဒ်ကရုပ်ရှင်တွေကြည့်ရင် ခန့်မှန်းနိုင်မယ်ထင်တယ်..။
    ယူအက်စ်အိမ်တော်တော်များများကတော့ … ဧည့်သည်ကိုအိမ်မခေါ်ပါဘူး..။
    ဧည့်သည်လာရင် ဆိုင်တဆိုင်ဆိုင်ကိုခေါ်သွားပြီးဧည့်ခံတာများတယ်ထင်မိတယ်…။

    သမီးရည်စားတို့.. သူငယ်ချင်းတို့…(လိင်တူမဟုတ်) သီးသန့်အိမ်ခေါ်..ကိုယ်နေတဲ့အခန်းခေါ်တာတော့ရှိပါတယ်..။
    ဒါဆိုရင်လည်း… လူသားသဘာဝအတို်င်း.. စိတ်ဆန္ဒဖြေဖျော်ကြဖို့ပါပဲ..။

    …လူတော်တော်များများ.. စိတ်ညစ်ရင်အရက်မသောက်ပါဘူး…။
    စိတ်ပျော်မှသာ သောက်တာပါ…။ အချိုးချရင်.. ပျော်လို့သောက်တဲ့သူက ..အပုံကြီးပိုများမယ်..။
    စိတ်ညစ်ရင် အရက်သောက်တယ်ဆိုတာ… မြန်မာတွေမှာများတယ်ထင်တယ်..။

    • Foreign Resident

      August 1, 2011 at 3:48 pm

      ယူအက်စ်အိမ်တော်တော်များများကတော့ … ဧည့်သည်ကိုအိမ်မခေါ်ပါဘူး..။
      Because, our houses are messy or untidy. 🙂
      ( both husband & wife need to work hard &
      cannot afford to hire domestic helper or housemaid ) 😉

  • suicide blind

    August 1, 2011 at 3:24 pm

    နောင်တစ်ခေတ် ဆိုရင်တော့….ဘယ်လိုတွေးရမှန်းတောင်မသိတော့ပါဘူး..
    ခုခေတ်က night club တက်တာမဆန်းတော့ဘူးလို ့ပြောကန်ုကြပြီဗျ

  • နွယ်ပင်

    August 1, 2011 at 3:38 pm

    နောက်တစ်ခုရှိသေးတယ် သင်တန်းဆင်းပွဲတွေ ကျောင်းကပါတီတွေကိုလဲ
    ဒေးလ်ကလပ်မှာ လုပ်ပြီး ပျော်ကြတာလေ …

    • pan pan

      August 1, 2011 at 3:53 pm

      ဒေးကလပ်တော့ ကြားဖူးတယ်
      ကန်တော့ကြီးထဲရှိတယ်လို့ ပြောကြတယ်
      ကျောင်းသူကျောင်းသားအများစု သွားကြတယ်ဆိုပဲ

      • etone

        August 1, 2011 at 4:48 pm

        အဲ့ဒီဒေးကလပ်ထဲ တခါရောက်ဖူးတယ် …15နှစ် 16နှစ် ကလေးတွေချည်း ခုန်နေတာနဲ့ .. .နားမကွဲခင်ပြန်ထွက်လာရတယ် ။ … မဟုတ်လျှင် နားပဲလေးတော့မလား … နားပဲ ကွဲတော့မလား ရင်တမမနဲ့ … ။

  • zawthulay

    August 1, 2011 at 3:54 pm

    နောင်တစ်ခေတ်ဆိုရင်.. အပျင်းပြေ အိမ်မှာ ကောင်မလေးတွေခေါ်ပြီး ကဲကြပြီ (ဟိဟီး)

  • usnczn

    August 1, 2011 at 4:41 pm

    ရုပ်ရှင်ထဲမှာ ဧည့်သည်လာရင် ရှေးက ရေနွေးကြမ်း လဘက်..ထညက်နဲ့
    နောက်တခေတ် ကြတော့ လဘက်ရည် ကော်ဖီ ကိတ်မုန့် စတာတွေနဲ့ ဧည့်ခံတယ်..
    ခုခေတ်တော့ ဘီယာဆိုင်မှာ ဘီယာသောက်ရင်း ဧည့်ခံ ကြတယ်..
    ဆိုတော့ကာ. . ဘီယာသောက်ကြတာဟာ လက်ခံနိုင်တဲ့ ယဉ်ကျေးမှု ဖြစ်သွားပြီလားဟင်?
    တို့တွေ ခေတ်နောက်မှာ အတော် ဝေးဝေး ကျန်ခဲ့သလားလို့…

  • Grace

    August 1, 2011 at 4:52 pm

    ဟိုတစ်လောက ညစာစားပွဲတစ်ခုသွားတော့ အသိလင်မယား နဲ့ တူတူထိုင်တယ်။ စားကြသောက်ကြတဲ့အခါကျတော့ သိကြတဲ့အတိုင်း ယောကျင်္ားလေးတွေအချင်းချင်း အရက်ငှဲ့ပေးကြတယ်။ အသိယောကျင်္ားလေးကတော့ အရက်ဖြတ်ထားတယ်ဆိုပြီး အတင်းငြင်းပြီး မသောက်ဘူး။ ဒါပေမယ့် ပုလင်းကို ယူလိုက်တော့ အံ့ဩသွားမိတယ်။ နောက်မှ ဘေးကသူ့မိန်းမကို ငှဲ့ပေးတာ ဖြစ်နေတယ်။ အံ့ရော အံ့ရော။ အဲဒါကော ဘယ်ခေတ်ရောက်သွားတာလဲ မသိဘူး။ 🙁

  • windtalker

    August 1, 2011 at 6:37 pm

    ကလပ် တက်ဖို ့ကတော ့
    နားပူဒဏ် မခံ နိုင်လို ့တစ်ခါ မှ မတက်ဖူးပါ
    တက်ဖူး သူတွေ ရဲ ့ ပြန်ပြောစကားများ အရ တော့
    မြန်မာနိုင်ငံ မှာ နိုက်ကလပ် တက်တဲ့ အမျိုးသမီး ၁၀ဝ မှာ
    ၈ဝ က ဘာညာ ပါ တဲ့……

  • 007James

    August 1, 2011 at 8:15 pm

    ရွှေဘိုသား နဲ့ king ရေ ရန်ကုန်လာရင် night club တက်ဖို့ခေါ်မယ်။ကျွန်တော်လဲမရောက်ဖြစ်ဘူး။မဖွင့်ရင်။

  • စိတ်ညစ်ရင် အရက်သောက်တယ်ဆိုတာ… မြန်မာတွေမှာများတယ်ထင်တယ်..။
    မဟုတ်ဘူးဗျ။
    မြန်မာလို့ပြောရင်မှားမယ်။
    မဖွံ့ဖြိုးဘဲ ဆင်းရဲမွဲတေသော ပြည်သူပြည်သား များသောနိုင်ငံလို့ဆိုမှတိကျမယ်။

  • maythakhin

    August 1, 2011 at 11:16 pm

    သီချင်းလေးရှိခဲ့ဘူးတယ်လေ “ စိတ်ညစ်လို့အရက်ကိုသောက်မယ်။ အရက်သောက်တော့ စိတ်ညစ်ရမယ်။ အကြောင်းရှာတော့ ခေါင်းမှာချာချာလည် ” NIGHT CLUB မရှိတဲ့ နေရာမှာ စိတ်ညစ်ရင်အများစု က ktv သွားမယ်။ မာဆပ်သွားမယ် ဒီလိုပဲ လုပ်ကြတာ။ နောက်တော့ ဘာမှလည်းမဟုတ်ဘူး။ တမင်တကာ ပိုက်ဆံသွားဖြုန်းကြတာ။

  • redbull

    August 1, 2011 at 11:23 pm

    ဟုတ်ရဲ့လား မေရယ်
    ထူးလေးရယ်

  • redbull

    August 1, 2011 at 11:25 pm

    ပျိုလေး မမထူးရယ်
    ကျော်တောင်မှာနေတယ်
    စိတ်ညစ်လို့ သောက်မိပါတယ်

  • noob

    August 2, 2011 at 3:31 am

    ကိလပ် က ပြန်လာတဲ့နေ့ဆို မျက်လုံးတွေ တအားကိုက်တာ ဘယ်သူကြောင့်မှမဟုတ်ဘူး ကောင်းမယေတွေ ကြောင့် သူတိုတွေ ပေ့ါ သီချင်းအသံကစပယ်ရှယ်ထုပြီးဆို စပယ်ရှယ် ခါပြီးပဲ ပြုတ်ကျလာမှာကို တွေးတွေးပြီ စိုးရိမ် နေရတာ ကြောင့် မျက်စိအောက်က အပျောက်မခံ ပါဘူး ဝတ်ထားတာကလဲ (သိတယ်မှလား) မျက်လုံး တခြားနေရာ လွှဲလိုမရအောင်လုပ်ထားပြီးသား
    သူတိုနဲ ့တွဲတော့ မကရဲပါဘူး ဒီကအကောင် ရင်ခုန်သံ က သီချင်းအသံကို ဖုန်းလွှမ်းသွားမှာဆိုးတယ်

  • mzm

    August 2, 2011 at 10:17 am

    နောက်တစ်ခေတ်ဆိုရင်ဇြင့် ကောင်မလေးတွေနဲ့လမ်းမပေါ်မှာကဲရမဲ့ခေတ်လေ……….

  • intro

    August 2, 2011 at 11:36 am

    ငါတို့ရဲ့ လေးပေါက်ကတော့ မန္တလေးလာရင် ဘီယာဆိုင်မှာ ဧည့်ခံမယ်တဲ့ဗျ…. 🙂
    လေးပေါက်ရေ… လာဖြစ်ရင် တကယ် တိုက်ရမယ်နော်…

Leave a Reply