မိဘစကားနားထောင်သူ

zawthulayAugust 1, 20111min17110

တစ်ခါတုန်းက ဖိုးနုံဆိုတဲ့ကောင်လေးတစ်ယောက်ရှိသတဲ့.. သူကအရမ်းနုံလွန်း၊ အလွန်းသတဲ့ကွယ်..

တစ်နေ့မှာ သူ့ရဲ့အဖေနဲ့အမေရန်ဖြစ်ကြပီး စိတ်ဆိုးနေကြသတဲ့ကွယ်.. အဲဒါကို ဖိုးနုံက အလိုက်မသိပဲ သူ့အမေမီးဖိုချောင်ထဲမှာ အလုပ်ရှုတ်နေတုန်း သူက ကူညီပေးမယ်ဆိုပြီး ပန်းကန်ဆေးပေးသတဲ့ ပြီးတဲ့အခါ ပန်းကန်ကို သူ့အမေရှေ့ကိုင်သွားပြီး  `အမေပန်းကန်ဘယ်မှာထားရမလဲ ` လို့မေးလိုက်တော့ သူ့အမေက စိတ်ဆိုးဆိုးနဲ့ `ပန်းကန်တောင်ဘယ်နေရာထားရမှန်းမသိတဲ့ဟာလေး ငါ့ခေါင်းပေါ်တင်သာထားလိုက်တော့လို့ `ရွဲ့ ပြောလိုက်တာကို သူက သူ့အမေပြောစကားကိုသေချာ နားထောင်ပြီး သူ့အမေခေါင်းပေါ်တင်ထားလိုက်တာ သူ့အမေခေါင်းကွဲပါလေရော  …….. ဒါလေးကတော့ ရယ်စရာနှောတဲ့ ပညာပေးလေးပါ.. ဘယ်လိုပညာပေးလဲဆိုတော့ အရာရာကို နုံနုံ၊ အအ မလုပ်ဖို့ သတိပေးလိုပါတယ်..

10 comments

  • manawphyulay

    August 1, 2011 at 5:24 pm

    အမေပဲ ခေါင်းကွဲတာလား… ပုဂံကော ကွဲဖူးလား…. ပုဂံက ကြွေပုဂံလား… ဘာပုဂံလဲဟင်….

  • MOEPWINTPHYU

    August 1, 2011 at 5:29 pm

    ပုဂံတင်ရုံနဲကွဲတဲခေါင်းကိုမြင်ချင်လိုက်တာ

  • windtalker

    August 1, 2011 at 6:21 pm

    ဇော်သူလေး ရေးတင်လိုက်မှပဲ
    ကျုပ်တို ့တတွေ
    ပညာတွေ အများကြီး ရရှိသွားတယ်ဗျာ
    နောက်ကို နုံနုံအအ မလုပ်တော့ပါဘူး လို ့ပဲ
    သိရှိမိသွားတယ် ဗျာ ။
    အေးဗျာ
    ခေါင်းကွဲ တယ် ဆိုတာကိုလဲ
    မြင်ဖူးချင်မိသွားတယ်ဗျာ
    သေချာ လေး မှတ်တမ်းတင် ပြီး
    ကိုခိုင့် ဆီ ကို လှမ်းပို ့ပေးသင့်တယ်
    ဗီဒီယိုဖိုင်အတွက် မှတ်တမ်းခ ရမှာပဲ

  • zawthulay

    August 2, 2011 at 10:05 am

    ဆော်ရီးဗျာ.. ပန်းကန်ပစ်ချလိုက်တာကို ကျွန်တော်ကတင်တယ်ရေးလိုက်မိတာ ဆော်တီးဆော်တီး

  • pan pan

    August 2, 2011 at 10:16 am

    နုံတဲ့လူကို ရွဲ့မပြောနဲ့နော်
    ထပ်ပြောမယ်….နုံတဲ့လူကို ရွဲ့မပြောနဲ့နော်

  • mzm

    August 2, 2011 at 10:20 am

    တော်တော်လိမ္မာတဲ့ချာတိတ်လေးပဲ……အမေခေါင်းကွဲတာအသာထား မိဘစကားနားထောင်တာကသာ
    အရေးကြီးတာ

  • ရွှေဘိုသား

    August 2, 2011 at 10:36 am

    အဲလိုလုပ်ပါ အစ်ကို ဇော်လေးရယ်

    စကားမစပ် မမမိုးပွင်.ဖြူ ပို.စ်တင်လေဗျာ နယ်သားအချင်းချင်း အားပေးချင်လို.ပါ

  • zawthulay

    August 2, 2011 at 11:32 am

    windtalker9 ဆိုတဲ့အကိုနဲ့ကျန်တဲ့သူတွေကိုပြောပြလိုပါတယ် ကျွန်တော်ကအခုမှစာစရေးတာဆိုတော့ အမှားတွေပါရင်ခွင့်လွှတ်နော် အမိန့်ပေးတာမဟုတ်ပါဘူး..

  • Mee2

    August 2, 2011 at 1:21 pm

    အင်း. ကောင်းပါတယ်ရှင်။မိဘ စကားနားထောင်လို ့မှားတယ်ဆိုတာလဲ ခပ်ရှားရှားရယ်ပါ။ဟိ ဟိ ယောကျာ်းရွေးမယ့်နေရာမှာ တော့ဟုတ်ဖူး

  • asarpokelay

    August 3, 2011 at 2:44 pm

    ဟုတ်တယ်နော် မိဘစကားနားထောင်တာတော့ကောင်းပါတယ်ဒါပေမဲ့လေ တခါတခါမိဘတွေကလဲခက်သားနော် သူတို့ဖြစ်ချင်တာပဲသိတယ်……….
    ခုပဲကြည့်လေ ဖေဖေနဲ့စိတ်ဆိုးတာနဲ့ပဲသားပေါ်လွဲချတယ် သားကလဲနုံပါ့….

Leave a Reply