ဘယ်ကိုရောက်ရင် ဘာကိုလုပ်မလဲ …. ဘယ်သူနဲ့တွေ့ရင် ဘာပြောမလဲ .. ဘယ်သွားမလဲ …… စသည်ဖြင့်ပေါ့လေ……… အိမ်ကမထွက်ခင်ကထဲက စိတ်ထဲမှာ ကြိုတင်ကြံစည်ထားပြီး မှထွက်ဖြစ်တာက များပါတယ်..။ ကြိုတင်ကြံစည်ထားတဲ့ အတိုင်းလဲ တစ်ရက်မှ ဖြစ်မလာဘူး..။ ဒါပေမဲ့ နေ့စဉ်မပျက်ပါပဲ..။ အိမ်ကထွက်လာတာနဲ့ ဘာလုပ်မယ်..။ ဘယ်သွားမယ်..။ ဘယ်သူနဲ့တွေ့မယ်ပေါ့…။ စိတ်ထဲမှာ တွေးထားပြီးမှထွက်ခဲ့တာချည့်ပါပဲ..။ ဒီနေ့လည်း ဆံပင်ညှပ်မယ်ပေါ့..။ အဲဒိတော့ အိပ်ထဲကို ပိုက်ဆံ တစ်ထောင်တန်တစ်ရွက်နဲ့ ငါးရာတန်ပဲထည့်လာခဲ့တယ်…။ ဆေးလိပ်ကလည်း သောက်လက်စနဲ့ အပိုတစ်လိပ်ပဲ..။ ဆေးလိပ်က ငါးဆယ်စည်းပဲဝယ်သောက်တာ …။လက်လီဝယ်မသောက်ပါဘူး…။ အင်တာနက်ဆိုင်ထိုင်ချိန် လျော့မှာစိုးလို့…။ ထားပါ..ဒါကတစ်ပိုင်း…။ (ဒါကတစ်ပိုင်းဆိုတော့ ဟိုဟာက တစ်လုံးလာလို့တော့ မမေးနဲ့နော်….။ ) အဲ…။ အိတ်ထဲ အမြဲဆောင်ထားတဲ့ မျက်မှန်ကို ထားခဲ့လိုက်တယ်…။ မျက်စိက စုံလုံးကန်းနေတာတော့ မဟုတ်သေးပါဘူး…။ တစ်ဘက်ပဲကန်းတာ…။ ကြက်ဆူကိုင်းနဲ့ ထိုးမိလိုက်တာ…။ အင်တာနက်ဆိုင်ရောက်ရင် ညစာဖတ်ရင် မျက်မှန်နဲ့မှ အဆင်ပြေတယ်..။ ကျန်တဲ့အချိန် မျက်စိက အကောင်း…။ ဒီတော့ မျက်မှန်ထားခဲ့တယ်ဆိုတော့ တစ်နည်းအားဖြင် ဆံပင်ညှပ်ပြီး ရှော်တောငေါ့ပြီး အင်တာနက်ဆိုင်ဘက် မရောက်ဖြစ်တော့ဘူးပေါ့လေ……။ အင်တာနက်ဆိုင်ကိုသာ မရောက်တာ ။ ဆံပင်ညှပ်ပြီး အပြန်ကျတော့ ဗစ်တာစိုးမိုးရဲ့ စာအုပ်ဆိုင်ကို ၀င်မိပြန်ရော…။ အရင်နေ့က ဒေါင်းလုပ်ဆွဲထားတဲ့ စာပေဟောပြောပွဲ MP3 တွေ နားထောင်ဖို့ စတစ်လေးထုတ်ပေးလိုက်တော့ သူ့ DVD Player နဲ့ နားထောင်ဖြစ်တယ်ပေါ့လေ………..။ စာပေဟောပြောပွဲက သုံးခုလောက်ဆိုတော့ ကြာဦးမှာ …။ ဆရာအီကြာကွေး ရဲ့ ရယ်စရာဗေးရှင်း မပြီးခင် အိမ်ပြန်လာပြီး ရေချိုး ရေးလက်စ လေးတွေပြန်စစ်ရင်း အိပ်ပျော်သွားလေရဲ့….။ အိပ်ယာကနိုးတာနဲ့ အင်တာနက်ဆိုင်ထွက်လာတော့ မျက်မှန်လေးပြန်ထည့်လာရသေးရဲ့…။ အဲဂလိုနဲ့ ဗစ်တာစိုးမိုးရဲ့ ဆိုင်ရောက် သူ့ဆိုင်မှာ စာအုပ်ငှားတဲ့သူတွေပါ စာပေဟောပြောပွဲ နားထောင်နေတာတွေ့ရတော့ ကိုယ့်မင်န်မိုရီစတစ်လေး ချက်ချင်းပြန်မထုတ်ပစ်ရက်ခဲ့ဘူးပေါ့..။ သူတိုနဲ့ အတူကိုယ်ပါရောပြီးပြန်နားထောင်နေပေါ့…။ ဆရာအော်ပီကျယ်ရဲ့ တို့ဗမာတွေ ပျော်ပါစေ ဆိုတဲ့ ဟောပြောပွဲပါ..။ ကနောင်မှာဟောခဲ့တာနဲ့တူရဲ့…။ အဲဒါပြီးတော့ ဆရာမောင်သာချိုရဲ့ ရယ်စရာမောစရာ ကနောင်မှာဟောတာပဲ…။ ဒါနဲ့ဆက်ပြီးနားထောင်ရင်းနဲ့ ဒေါင်းလုပ်က အစအဆုံးပါမလားဘူး..။ တစ်ဝက်တစ်ပျက်နဲ့..။ ကော်နက်ရှင်မကောင်းလို့ ကျသွားတာလို့ပြောရင်း နဲ့ လိုင်းမကောင်းတဲ့ အကြောင်းဆက်ပြောဖြစ်သွားရော………..။ အဲဒိကနေ တစ်ခြားအကြောင်းရောက်သွား စိတ်ထဲမှာ စိတ်ကူးထားသလိုမဟုတ်…။ အိမ်ကထွက်လာတုန်းက ဒါတွေမပါ..။ ဒါနဲ့ ထိုင်နေကြ လ္ဘက်ရည်ဆိုင်ရှေ့ ရောက်တော့ ဒီနေ့ လ္ဘက်ရည် မသောက်ရသေးတာ သတိရသွားပြန်ရော..။ ဒါနဲ့ လ္ဘက်ရည်ဝင်သောက်…။ TV မှာပြနေတာက ဟဲဟဲ ….နေ၀န်းနီ တစ်အားကြိုက်တဲ့ ချစ်သုဝေ ဇာတ်ကား…။ ဗမာကား ထုံးစံ အတိုင်း ခပ်ပေါပေါပေမဲ့လို့ ချစ်သု မျက်နှာလေး ကြည့်နေရရင်ပြီးရော… မဟုတ်ဘူးလား ဇာတ်လမ်းကို အောင့်အီး သီးခံပြီး ကြည့်နေလိုက်မိတော့ …… အိမ်ကအထွက် ချမှတ်ထားခဲ့တဲ့ စိတ်ကူးတွေ ကျပျောက်ကုန်ရော…။ ဒါနဲ့ပဲ… တစ်နာရီလောက် မရှိတစ်ရှိပေါ့လေ…။ ကြည့်နေရင်းနဲ့ စိတ်မပါတော့ဘူး..။ ဇာတ်လမ်းမပြီးခင် အင်တာနက်ဆိုင်ထွက်လာခဲ့တယ်..။ အင်တာနက်ဆိုင်ရောက်တော့ ထိုင်နေကျ ခုံမှာ ၀င်ထိုင်ပြီး စက်ကို ရီစတပ် ချလိုက်တော့ ဟန်နီက တက်မလာပြန်ဘူး..။ ရီစတပ် နှစ်ကြိမ်လောက်ချပြီးတော့ မရတာနဲ့ ကပ်ရက်တစ်လုံးပြောင်းထိုင်…။ ဂျီတော့ မဖွင့်တာကြာလို့ ကောက်ဖွင့်လိုက် တာနဲ့ အင်ဗိုက်အကောင့်တွေက တက်လာပြန်ရော……….။ အဲဒါတွေ အကုန်နိုးလုပ်လိုက်ပြီးတော့ ဖိုင်းယားဖောက်စ်ကို ဖွင့်လိုက်တဲ့ အချိန်မှာပဲ ဂျီတော့က ပြန်ကျသွားရှာပြီ…။ ဖြစ်နေကျပေမဲ့ အဲဒါလည်း အမှိုက်လို့ သတ်မှတ်ရမှာပဲ..။ စောစောက လမ်းမှာပါလာတဲ့ အမှိုက်တွေ အပြင် နောက်ထပ်တိုးလာတဲ့ အမှိုက်တစ်စ ပေါ့လေ…….။ အဲဒါနဲ့ ပြန်ထွက် လိုင်းအတက်ပြန်စောင့် …။ လိုင်းတက်လာတာနဲ့ ပြန်ဖွင့် … myanmargazette.net ကိုခေါ် .com ပရိုဖိုင်ပွင့်လာတာနဲ့ ရိုက်ကလစ်နဲ့ Gmail ဖွင့် ပြီးမှ ဂဇက်တက်ကိုပဲ ရိုက်ကလစ်ပေးပြီး လေးငါးမျက်နှာဖွင့် ပြီးမှ မေးလ်ကို ဖွင့်…။ စက်ထဲက သီချင်းနားထောင်..။ နားထောင်နေကျကတော့ ထူးအိမ်သင်သီချင်းက များပါတယ်..။ အဲမေးလ်တွေကြည့်ရင်းနဲ့ စိတ်ကူးကတစ်မျိုးပြောင်းသွား ..။ ဟိုဟာလေးလည်း သိချင် ဒီဟာလေးလည်းဖတ်ဦးမှနဲ့..။ မူလက သတ်မှတ်ထားတဲ့ ရည်ရွယ်ရာ ဆီကိုတော်တော်နဲ့ မရောက်နိုင်တော့ဘူး..။ ဒါနဲ့ပဲ လုံးလည်ချာလည်လိုက်သွားလိုက်တာက ထိုင်ရမဲ့ အချိန်စေ့သွားပြန်ရော…။ အင်တာနက်ဆိုင်က ပြန်ထွက်လာတော့ ည ဆယ်နာရီ ကျော်ပြီ..။ အိမ်အပြန်လမ်းမှာ ရေးလက်စ ဆက်ရေးဖို့ တွေးထားတာတွေ …။ အသစ်ဝင်လာတဲ့ အတွေးတွေနဲ့ လုံးလည်လိုက်ပြီး အိမ်ပြန်ရောက်လာ..။ မီးလာရင်တော့ ရေးဖြစ်ပါရဲ့…။ ရေးပြီးသမျှ စက်မရိုက်နိုင်သေးဘူး..။ အမှိုက်တွေ ခံလိုက်တာလေ……..။ စိတ်ထဲမှာ..။ အဲဒိလို စိတ်အမှိုက်တွေ ….. စိတ်အမှိုက်တွေ ခံရင်းနဲ့…။ စိတ်အမှိုက်တွေ ပြန်ရှင်းရင်းနဲ့…။ ရှုပ်လိုက် ရှင်းလိုက် ပြန်ပွလာလိုက် အမှိုက်တွေ လှည်းထုတ်လိုက်ရနဲ့…။ အချိန်တွေ အချိန်တွေသာ ကုန်ကုန်လာခဲ့တာပေါ့……………
ခင်ဗျားတို့တွေကော စိတ်အမှိုက်တွေ တင်ခဲ့ဘူးလား ဘယ်လိုရှင်းကျလေသလဲ………..?

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010