ထီလက်မှတ်များတွင် စေတီပုံနှင့် ပိုက်ဆံများမကြေညာရန် ကန့်သတ်

BayoteMay 8, 20101min973

အောင်ဘာလေ ထီဈေးကွက် အတွင်း ရောင်းချလျက် ရှိသော ထီ လက်မှတ် များတွင် စေတီတော်ပုံ နှင့် ပိုက်ဆံများ ကြော်ငြာခြင်း မပြုဘဲ အခြား ပုံများသာ ကြော်ငြာခွင့် ပြုရန် တားမြစ် ကန့်သတ် လိုက်ကြောင်း အောင်ဘာလေထီ ရောင်းချ သူများက ပြောသည်။ ပြီးခဲ့သည့် လပိုင်းက စပြီး ထီဆိုင်တွေ အကုန်လုံးကို ဘုရားပုံနဲ့ ပိုက်ဆံပုံတွေ ကြော်ငြာခြင်း မပြုဖို့ ခေါ်ပြောတယ်။ သူတို့ ပြောတာ ကတော့ ဘုရားပုံ ဆိုတာ ဘာသာရေးနဲ့ ဆိုင်လို့ ရောင်းချခွင့် မပေးတာလို့ ပြောတယ်။ ပိုက်ဆံ ပုံတွေ ကျတော့ နိုင်ငံတော် ထုတ်တဲ့ မူပိုင်ဖြစ်လို့ ကြော်ငြာဖို့ ကန့်သတ် တာပါလို့ ပြောပါတယ်ဟု ရွှေမြန်မာမင်္ဂလာ ရွှေမောင်းပိုင်ရှင် ဦးကျော်ထွန်းက ပြောသည်။ ထီလက်မှတ် တွေကို လွန်ခဲ့တဲ့ လပိုင်းက စပြီး ပိုက်ဆံပုံတွေ ကပ်ပြီး ကြော်ငြာခြင်း မပြုဖို့ သတိ ပေးတယ်။

ကျွန်တော်တို့က အဲဒီတော့ ပိုက်ဆံပုံ မကပ်ဘဲ တစ်ခြားပုံတွေပဲ ကပ်ပြီး ရောင်းချ ရပါတယ်ဟု အောင်ဆုထူးပိုင် ထီဆိုင်မှ ထီကိုယ်စားလှယ် တစ်ဦးက ပြောသည်။ ထီလက်မှတ်များတွင် စေတီတော်ပုံ နှင့် ပိုက်ဆံပုံများ ကပ်၍ ကြော်ငြာခြင်း မပြုသည့် နောက်ပိုင်း ထီဆိုင် အများစုမှာ အခြားလူ ကြိုက်များသော ပုံများဖြစ်သည် ရွှေတုံးပုံများ၊ မင်းသား၊ မင်းသမီးပုံ များကို ကပ်၍ ပြောင်းလဲရောင်းချမှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။ အခုချိန် ခေတ်စားနေ တာကတော့ ရွှေတုံးပုံ၊ ရှုခင်းပုံတွေပါပဲ။ မင်းသား မင်းသမီးပုံတွေ ကတော့ အခုချိန်မှာ မကြိုက်တော့ဘူး။ ထီဆိုင်တွေဘက် ကတော့ ထီထိုးတဲ့ သူနှစ်သက်မယ့် ပုံတွေကိုပဲ ဦးစားပေးပြီး တင်ဖြစ်နေတာပါပဲဟု ဦးကျော်ထွန်းကပြောသည်။

ထီဈေးကွက်အတွင်း သင်္ကြန် ကာလ ပြီးစီးသည့် အချိန်မှ စ၍ ထီထိုးသူ နည်းပါးသွာ းသောကြောင့် ထီ အရောင်းအဝယ် အနည်းငယ် အေးစက် သွားပြီး ထီဆိုင် ကြီးများမှ ထီ တစ်စောင်လျှင် ၂၀ဝ ကျပ် နှုန်းဖြင် ဈေးကွက် အတွင်း ဖြန်ချိရာ ထီကိုယ်စား လှယ်များက ၂၅ဝ ကျပ် နှုန်းဖြင် ဈေးကွက် အတွင်း ရောင်းချလျက် ရှိသည်။ ဆယ်စောင်တွဲ ထီ ဈေးနှုန်းမှာ ၁၉၀ဝ ကျပ်နှုန်းဖြင့် ဈေးကွက် အတွင်း ဖြန့်ချိလျက် ရှိပြီး မင်္ဂလာစုံတွဲ ထီ အမျိုး အစားကို ၃၉၀ဝ ကျပ် နှုန်းဖြင် ဈေးကွက် အတွင်း ဖြန့်ချိ ရောင်းချလျက် ရှိကြောင်း True News Journal တွင် ဖော်ပြထားသည်။

3 comments

  • jackyangon

    May 8, 2010 at 3:33 am

    ရုပ်မြင်သံကြားကကြော်ငြာတွေမှာတော့ ဘုရားစေတီပုံတွေသုံးပြီး ကြော်ငြာလို့ရပြီး ထီဆိုင်တွေကျမှ ဘာလို့ကြော်ငြာလို့မရတာလဲ။

  • winne

    July 11, 2010 at 4:08 am

    ထီ ထိုးရင်တောင် ၅၀၀ဝတန် ပုံ ၁၀၀ဝ တန်ပုံ ဒေါ်လာ ပုံတွေ သဘောကျလို့ ရွေးဝယ်မိတယ်။ အဲဒါကတော့ နဲနဲ ပိုပေးရတယ်။ ဘာပဲပြောပြော မြန်မာလူမျိုးဆိုတော့လေ.. အတိတ်နမိတ်သဘောမျိုးတွေးမိ ရွေးဝယ်တာ။ ထီဆိုင်တွေက မင်းသမီး ပုံတွေကတော့ လန်ထွက်နေတာ စိတ်ပျက်မိတယ် ထီနဲ့ မိန်းမတွေ မပေါ်တပေါ် မဆိုင်ဘူးလို့ ခံစားရတယ် အဲဒါကြောင့် ဒါမျိုးတွေ စိတ်ကိုမဝင်စားဘူး

  • winkyawaung

    October 18, 2010 at 2:44 pm

    ထီလောကဆိုတာကလဲ သူတို့ ဆိုင်ရာ ပိုင်ရာ လူကြီးတွေက အုပ်စိမ်းခွဲတမ်းတွေကို ကိုင်ပြီး ဈေးကစားနေကြတာပါဗျာ..။ ထီထိုးသူတွေကတော့ ခံနေကြရတာပါဘဲ။ အစိုးရကထုတ်ပြီး အစိုးရထုတ်ဈေး နဲ့ ပြည်သူလူထုကို ဘယ်သောအခါမှ မရောင်းနိုင်ခဲ့ပါဘူး..။ဈေးချရောင်းကြတာကလဲ မကုန်နိုင်ခါမှ ရောင်းကြတာပါ..။

Leave a Reply