လိုင်းကားပေါ်မှာ………..

Shwe Myine TharAugust 2, 20111min1268

ကျွန်တော်ဒီနေ့အိမ်မှာ စာအုပ်အဟောင်းတွေရှင်းရင်းနဲ့
လွန်ခဲ့တဲ့သုံးလေးနှစ်ကခရီးသွားရင်းနားထောင်ခဲ့ရတဲ့
သီချင်းလေးတစ်ပုဒ်ကိုမှတ်ထားတာလေးဖတ်လိုက်ရတယ်၊
အခုခေတ်ကောင်မလေးတွေဝတ်ပုံစားပုံနဲ့ဆိုကွက်တိပဲဗျ။
တေးရေးဆရာကိုတော့စိတ်ထဲကချီးကျူးမိတယ်။
ကျွန်တော်မြို့ထဲသွားတုန်း သီချင်းစာသားလေးရွတ်ပြပြီး ဝယ်သေးတယ်ဗျာ၊
အဆိုတော်နဲ့သီချင်းနာမည်မသိတော့ရှာရတာမလွယ်ဘူး၊
ကျွန်တော်ပြန်လာတော့လိုင်းကားပေါ်ကကောင်မလေးတချို့ဆိုသီချင်းလေးထဲကအတိုင်းပဲဗျာ။
သီချင်းလေးက…..
…လိုင်းကားပေါ်မှာနေ့တိုင်းတွေ့တဲ့ဟိုကောင်မလေးတွေ….
…ဘွားဘွားမြင်ရင်နားရင်းအုပ်မှာသေချာပါရဲ့နော်….
…ကားစီးတိုင်းမှာမိန်းကလေးတိုင်းကို ငုံ့မကြည်ဖို့မှာအကျင်္ ီလည်ဟိုက်နဲ့…
…လုံချည်ဝတ်လည်းတပေါ်ပေါ် တော်တော်အရှက်နည်းတယ်နော် ….
…ဗိုက်ကြီးသည်လိုအကျင်္ ီဖားဖား ဗိုက်သားကဖွေးဖွေး….
…ဘာလာဇီယာသေးသေးလေးနဲ့ ဗိုက်တော့အေးမှာပဲ….
…ဆံပင်ကလည်းမဖီးဘူးထင်တယ် ခေါင်းကစုတ်ဖွားနဲ့…
…ဟိုး….ဟိုး…..ဘွားဘွားရယ်ခဏတော့လိုက်ကြည့်ကွယ်…………..
အဲဒီလောက်ပဲမှတ်ထားတာ၊
အခုကောင်မလေးတွေဝတ်စားပုံကခေတ်နဲ့အညီတိုးတက်လာတာလား၊ တိုတက်သွားတာလားမသိတော့ပါဘူး။
သီချင်းလေးထဲကအတိုင်းအဘွားကိုခေါ်ပြီးနားရင်းအုပ်ခိုင်းရမှာနော်။
……ဟုတ်တယ်ဟုတ်……

8 comments

  • zawmyothu

    August 2, 2011 at 3:00 pm

    ွှအဘွား မလာပဲ အဘိုး လာရင်တော. ခက်မယ်ဗျ ဟီးးးးးးး
    ကျေးဇူးပါ။

  • Shwe Myine Thar

    August 2, 2011 at 3:02 pm

    အမှတ်တရလေး အမှတ်တမဲ့တွေ့လို့တင်လိုက်တာပါ။

  • စုံ စုံ

    August 2, 2011 at 3:10 pm

    အမှတ်တမဲ့မှအမှတ်တရပေါ့ 🙂

  • king

    August 2, 2011 at 3:23 pm

    အဘိုးမအားလို့
    ကျွန်တော်ပဲ လာပြီး ဆုံးမလိုက်တော့မယ်
    သူတို့လေးတွေကို သေချာလက်ထပ်သင်ကြားပေးပြီး …
    စောင်မကြည့်ရှုလိုက်ပါ့မယ် …… 😛

  • Mee2

    August 2, 2011 at 10:53 pm

    အင်းပေါ့နော် နရင်းအုပ်မယ်သာဆိုနေတယ်။သူတို ့ယောကျာ်းတွေများ ပိုးဆိုးပက်စက်ကဲနေရွဲနေကြတာတော့ ထည့်မပြောတော့ဘူးလား။လွတ်လပ်ပေါ့ပါးစွာ ဝတ်တာနော်။ငမ်းမဝ လို ့ကြောင်တောင်တောင်မပြောပါနဲ ့ ဟွန် ့

  • forever

    August 3, 2011 at 1:11 pm

    လူ.အခွင်.အရေး ကွ
    ဝတ်တဲ.လူက လဲသူအခွင်.အရေး
    အဆင်ပြေသလို ဝတ်ရတယ်
    ကြည်.တဲ.လူကလဲ သူ.အခွင်.အရေး
    အဆင်ပြေသလို ကြည်.လိုက်
    (သွားတော.မထိလိုက်နဲ.နော် )

  • pan pan

    August 3, 2011 at 2:02 pm

    ဝတ်သူရှိလို့ ကြည့်တာပဲ
    ရောင်းသူရှိလို့ ဝတ်တာပဲ
    ဝယ်သူရှိလို့ ရောင်းတာပဲ
    ကြည့်သူရှိလို့ ဝယ်တာပဲ
    အီး….မူးတွားဘီ 🙁

  • winkyawaung

    August 3, 2011 at 5:05 pm

    ဦးလေးကြီးတွေလည်း ခိုက်တာပဲနော်..။ ပြတော့လည်း ကြည့်ရတာပေါ့ကွယ်..။

Leave a Reply