အဂွမ်းဇယားတွေနဲ့လွင့်သွားတဲ့ကံစမ်းမဲ့

“အဂွမ်းဇယားတွေနဲ့လွင့်သွားတဲ့ကံစမ်းမဲ”

တစ်ချို့လူတွေက ပစ္စည်းကိုမက်တာမဟုတ်ပေမယ့်ကံစမ်းမဲပေါက်ဘူးချင်တာ။
မဲပေါက်တယ်ဆိုတာ ကံကောင်းမှပေါက်တယ်လို့ယူဆထားတာကိုးဗျ။
ကျနော်သိတဲ့တစ်ယောက်ဆို ကံစမ်းမဲပေါက်ချင်လွန်းလို့ မဲပါတယ်လို့ဆိုတဲ့ပစ္စည်းမှန်သမျှ
ဝယ်စား ဝယ်သုံးလုပ်ပါတယ်။
ကောင်းကောင်း မကောင်းကောင်းမဲပါတဲ့ ဆပ်ပြာမူန့်ကိုဝယ်သုံးပါတယ်။
အနံ့ကြိုက် ကြိုက် မကြိုက်ကြိုက် ကံစမ်းမဲပါတယ်ဆို တဲ့ ကိုယ်တို်က်ဆပ်ပြာကို ပြောင်းသုံးပါတယ်။
သူ့မိန်းမက သူ့ကို ချစ်စနိုးနဲ့ “မောင်ကဲ” လု့ိခေါ်ပါတယ်။
သူကတော့ အဟုတ်တွေမှတ်လို့ ဟိုက ရွှဲ့ပြီး သူကို့ “မဲကောင်”လို့ခေါ်တာ သူမသိရှာဘူး။

စက်ဘီးပါတယ် TV ပါတယ်ပန်ကာ ပါတယ်ရွှေဆွဲကြိုး ပါတယ် မီးပူ ပါတယ်ငွေသား ပါတယ်လို့ပြောတာနဲ့
သူ့မှာဝယ်လိုက်ရတဲ့နေကြာစေ့ထုပ်စားလိုက်ရတာလဲပါးစပ်တွေတောင်ပေါက်လို့။
တစ်ခါတစ်လေများ သူမစားချင်ရင်တောင်မှ ကလေးတွေကို ဝယ်ပေးပြီး
ကလေးတွေက နေကြာစေ့စား သူက ကံစမ်းမဲယူပေါ့။
အဲလောက်တောင် ဇွဲကြီးရှာတာပါ။
သူ့မှာ ခြင်းတောင်းနဲ့တစ်လုံးအပြည့် သိမ်းထားပါတယ်။
“ကျေးဇူးတင်ပါသည်”အိပ်မက်လှလှမက်ပါစေ”တို့
“သင်ကံကောင်းလာပြီ”ဆိုတဲ့စာရွက်အပိုင်းလေးတွေကိုပေါ့။
မဲထည့်ပေးတဲ့ဆိုင်ကိုတောင် သူက ပြန်လက်ဆောင်ပေးလို့ရတယ်။
သူ့မိန်းမကတော့ မဲလက်မှတ်တစ်စောင်ဆိုရင်ဘယ်လောက်ဆိုတွက်ပြီး နှမျောနေပါတယ်။
သူကတော့ တနေ့တလံဘယ်ပြေးမလဲ သူမဲပေါက်တဲ့နေ့အရင်းကျေပြီသဘောထားပါသတဲ့။

အရက်ပုလင်းအဖုံးမှာကံစမ်းမဲပါတယ်ဆိုရင်လဲ အရက်လဲ တကယ်မကြိုက်ပါဘဲနဲ့ဝယ်သောက်။
စာလုံးလေးတွေစုပါ ဆိုတဲ့ ကံစမ်းမဲအတွက်သူ့မှာစုလိုက်ရတဲ့ စာလုံး။
နို့မူန့်ပုံးနဲ့အပြည့်။
ဒါပေမယ့် မဲကဘဲမပါတာလား သူကဘဲကံမကောင်းတာလားတော့မသိဘူး
သူ ကံစမ်းမဲ ကြီးကြီးမားမားပေါက်တယ်ဆိုတာ
ကြားကို မကြားဘူးတာတော့အမှန်ပါဘဲ။
ဒီတော့လဲ သူ့ကို ကံမကောင်းတဲ့လူတစ်ယောက်လို့ဘဲသတ်မှတ်ရမယ်ထင်ပါတယ်။
ပေါက်ဘူးတဲ့လူတွေကတော့ပေါက်တာကိုးဗျ။
ကံကောင်းသူ ကံထူးသူလို့ဘဲသတ်မှတ်ရမယ်ထင်ပါရဲ့။
ပေါက်တဲ့သူကိုပြောတာပါ။
ထားပါတော့ ဒါလေးက ကြုံတုန်းပွားကြည့်တာပါ။

ကံစမ်းမဲတွေ စလုပ်ကြတုံးကတော့ အမှန်အကန်ပါဘဲ။
ထည့်ပေးသူကလဲ အမှန်တကယ်ထည့်ပေး၊
ဝယ်သူကလဲ အမှန်တကယ်ကို အားပေးကြပါတယ်။
ဒါပေမယ့် ထည့်တဲ့ကံစမ်းမဲက အားလုံးနီးပါးပေါက်တယ် ပေးရတယ်ဆိုတော့လဲ
တစ်ချို့သောသူများက ရေရှည်မှာ နှမျောလို့လာပါတယ်။
အဲဒီအချိန်မျိုးမှာတော့ အင်မတန်မှ ရွှေဉာဏ်တော်စူးရောက်သောသူများက ဉာဏ်နီဉာဏ်နက်တွေသုံးလို့
“စားလဲစား ကုန်လဲမကုန်ပေ့စေနဲ့”ဆိုတဲ့ဇာတ်လမ်းတွေခင်းပါတော့တယ်။
ထုံးစံအတိုင်း ကလိန်ကကျစ်လုပ်ချင်သူများကတော့ ကံစမ်းမဲကို
အမှန်အကန်ကနေ အကြံအဖန်ဖြစ်အောင်လုပ်ကြပါတော့တယ်။

ကနဦးကံစမ်းမဲစထည့်စဉ်က ခုပေါက်ခုယူ ငွေသားကံစမ်းမဲကိုထည့်ပေးပါတယ်။
အဲတော့ရောင်းပေးရတဲ့ဆိုင်တွေက သူတို့မှာ ရောင်းသာပေးရတယ်ဘာခံစားခွင့်မှ မရဘူးဆိုပြီး
ပြဿနာရှာလို့ထုတ်လုပ်တဲ့သူတွေဆီကနေ အခွင့်အရေးတွေ တောင်းဆိုကြပါတယ်။
အဲတော့လည်း ရောင်းပေးတဲ့ဆိုင်ပါ ရအောင်ဆိုပြီးနည်းလမ်းတွေရှာတော့
ခဲခြစ်ကံစမ်းမဲကို ထွင်လို်က်ကြပါတယ်။
ခဲခြစ်ကံစမ်းမဲကနေ ပေါက်တဲ့ငွေတို့ ပစ္စည်းတို့ကို နီးစပ်ရာဆိုင်တွေမှာပြန်ပြီးလဲခိုင်းပါတယ်။
လဲပေးတဲ့ဆိုင်ကိုလဲ 10% တို့ 15%နူန်းတို့ကိုဝန်ဆောင်မူ့အနေနဲ့ပြန်ပေးပါတယ်။
အဲဒီတော့လဲ သူလဲ ခဲခြစ် ကိုယ်လဲခဲခြစ်ဆိုတော့ စားသုံးသူပရိသတ်ကြီးတွေအတွက်က
ခဲခြစ်ကံစမ်းမဲတွေက ရိုးသွားပြီလို့ ဆိုပြန်တော့ စာလုံးဆက်တာတွေကို စလို့ထွင်ကြပါတယ်။

ဥပမာပေးရရင်
KOPAUK ဆိုပါတော့။
ဒီအင်္ဂလိပ်စာလုံးလေးတွေကို တစ်လုံးစီခွဲလို့ ရောင်းတဲ့ ဘူးတွေခွက်တွေ အိတ်တွေထဲမှာထည့်ပေးထားလိုက်ပါတယ်။
KO ဆိုရင် ငါးသောင်းတို့ ုKOP ဆိုရင်တစ်သိန်းတို့
ပြီးရင် KOPAUK ဆိုတဲ့စာလုံးအပြည့်ရရင် ဆယ်သိန်းပေးမယ်တို့ ဆယ့်ငါးသိန်းပေးမယ်ဆိုကြေငြာလိုက်ပါတယ်။
သူတို့က K တို့ O တို့ A ဆိုတဲ့စာလုံးလေးတွေကို အရေအတွက် များများထည့်ပေးလိုက်ပါတယ်။
P ရယ် U ရယ်ဆိုတဲ့စာလုံးလေးတွေကိုတော့ လျော့ထဲ့ပါတယ်။
P လိုစာလုံးမျုးိကိုတော့ တစ်လုံးထဲ ဘဲထည့်ထားပါတယ်။
အဲဒီအခါမှာ ကလိန်ကကျစ်ပညာခန်းတွေစတော့တာပါဘဲ။
နှစ်သစ်ကူ း အထူးအစီအစဉ်တို့ မိုးရာသီကံစမ်းမဲတို့ သီတင်းကျွတ်လက်ဆောင်တို့ အမျိုးမျိုးသော
ခေါင်းစဉ်တွေတပ်လို့ ကံစမ်းမဲပွဲတော်ကြီးကို ဖွင့်လှစ်လို်က်ကြပါတယ်။
ကံစမ်းမဲ ကုန်ဆုံးရက်ကိုတော့ ထုတ်လုပ်တဲ့နေ့ကစလို့ တစ်လ ဒါမှမဟုတ် နှစ်လ
ထားလို့ ဘယ်နေ့နောက်ဆုံး ဆိုပြီး ရက်သတ်မှတ်ပေးလိုက်ပါတယ်။
U လိုစာလုံးမျိုးပါတဲ့ ပစ္စည်းသေတ္တာကို အထက်မြန်မာပြည်ဘက်ကိုသွားတဲ့ဘက်(ဥပမာ တရုပ်ပြည်နယ်စပ်ဘက်က မူဆယ်တို့ ကချင်ပြည်နယ်ဘက်က ပူတာအိုတို့ အိန္ဒိယနယ်စပ် တမူးဘက်တို့)ကိုထည့်။
နောက်တစ်လုံး P ကိုတော့ အောက်မြန်မာပြည်ဘက်က ခေါင်တဲ့နေရာ ရေး ဘိတ် ထားဝယ် ကော့သောင်းတို့ ကိုးကိုးကျွန်းတို့လို ဆန့်ကျင့်ဘက်အရပ်ကို သွားတဲ့အထဲမှာထည့်ပါတယ်။

အဲတော့ စာလုးံစုံမှ ကံစမ်းမဲပေါက်မယ်ဆိုတော့ တောင်တစ်လုံးမြောက်တစ်လုံးနဲ့ဘယ်လိုမှအချိန်မှီမပေါက်နိုင်တော့ပါဘူး။
တစ်ခါတစ်လေကျတော့လဲ P လိုတစ်လုံးထဲပါတဲ့ စာလုံးမျိုးကို တော်တော်နဲ့မထည့်ဘဲထား။
ကံစမ်းမဲပိတ်ခါနီးအချိန်မှထည့်ပေးလိုက်ပါတော့တယ်၊။
အဲတော့ ကံစမ်းမဲကာလသာကုန်သွားတယ်။
အမြင့်ဆုံးဆုကြီးပေါက်တဲ့သူကစာလုံးအစုံမရတဲ့အတွက်ထွက်မလာတော့ပါဘူး။
“ပေးကားပေး၏မရ” ဆိုတာ ဒါမျိုးကို ဆိုလိုတယ်ထင်ပါရဲ့နော်။

နောက်သူတို့ကံစမ်းမဲထည့်ထားတဲ့ပစ္စည်းတွေကလဲ ပုံမှန်ရောင်းနိုင်တဲ့ပမာဏထက်ပိုပြီးထုတ်ထားတဲ့အတွက်
တော်တော်နဲ့မကုန်နိုင်တာမှ ကံစမ်းမဲကာလပြီးဆုံးလို့အတော်ကြာတာတောင်ထည့်ထားတဲ့မဲတွေက ထွက်လာနေတုန်းပါဘဲ။
အဲဒီမှာပြဿနာစတာကတော့ သူတို့ပစ္စည်းကိုရောင်းပေးတဲ့ဆို်င်တွေမှာပါ။
ကံစမ်းမဲကာလပြီးသွားပြီဆိုတာကို မသိလိုက်တဲ့ဆိုင်က သူဆီမဲပေါက်လို့လာလဲတာတွေကို လက်ခံထားလိုက်ပါတယ်။
တစ်ခါတစ်လေ မဲလာလဲပေးမယ့်ဝန်ထမ်းက မှန်မှန်မလာ အချိန်မီမလာတာလဲရှိပါတယ်။
တကယ်လဲမဲလဲကြပြီဆိုရော
ရက်လွန်သွားလို့လဲမပေးတာတို့၊
စာလုံးကမပီသလို့ လဲမပေးတာတို့၊
စာရွက်ကအပြည့်အစုံမပါလို့ လဲမပေးတာတို့ဖြစ်လာတဲ့အခါမှာ
ထုတ်လုပ်တဲ့ ပိုင်ရှင်နဲ့ မဲလဲပေးထားတဲ့(ငွေစိုက်ပေးထားတဲ့)ဆိုင်ရှင်ကြားမှာဖြေရှင်းလို့မရတဲ့ပြဿနာက ကြီးလာပါတော့တယ်။
အဲတော့လဲဆိုင်ရှင်တွေမှ အသားလွတ်နစ်နာတော့ ကံစမ်းမဲပါတယ်ဆိုရင် ရောင်းမပေးချင်ကြတော့ပါဘူး။
ရောင်းပေးတယ်ဆိုပြန်ရင်လဲ မဲလဲပေးဘို့လာရင် ကောင်းကောင်းမွန်မွန်လဲမပေးတော့ပါဘူး။
အလွယ်တကူဘဲ ကုမ္မဏီမှာသွားလဲရမယ်ဆိုပြီး လမ်းလွှဲပေးလိုက်ပါတယ်။
ပေါက်တာက တစ်ရာ အလွန်ဆုံးမှတစ်ထောင် သွားရလာရလို့ ကုန်မှာနဲ့မကာမိတော့ ကံစမ်းမဲအပေါ်စိတ်ကုန်လို့လာကြပါတယ်။

နောက်အခုခေတ်ဈေးကွက်စီးပွားရေးစနစ်လို့အမည်တပ်တဲ့ခေတ်ကြီးမှာရောင်းသူတွေက
တစ်ယောက်ထက်တစ်ယောက်ဈေးသက်သက်သာသာနဲ့ရောင်းနိုင်ဘို့ ပေသီးတွေခေါက်ကြပါတယ်။
အရေအတွက်များများဝယ်ရင် ဈေးလျော့တယ် အဲတော့ များများဝယ်ဈေးလျှော့ရောင်းပေါ့။
ကံစမ်းမဲတွေပါတယ်။
ဈေးဝယ်ထိအရောက်မခံတော့ဘူး။
မဲတွေကို ကိုယ်တိုင်ခွာလို့ဖောက်။
ရလာတာတွေကို ပြန်တွက် ပြီး အရင်းထဲကနုတ်။
ကုမ္မဏီက သတ်မှတ်ထားတဲ့ဈေးထက်ရော့သထက်ရော့အောင်လျှော့လို့
ဈေးလျှော့ရောင်း……ဆိုတာတွေကို လုပ်ကြပါတော့တယ်။
(ဒါကြောင့်လဲ တုံမမတွေ့ခဲတဲ့ဆိုင်က ကံစမ်းမဲတွေခွာထားတာကိုတွေ့ရတာပေါ့။)

နောက်တစ်မျိုးကတော့ အထူးအစီအစဉ်ပေါ့။
သူတို့ရောင်းထားတဲ့ပစ္စည်းက ဘူးခွံတို့ ကဒ်ပြားအချပ်တို့ တံဆိပ်ပါတဲ့အိတ်တို့ဘယ်နှစ်ခုနဲ့အတူ
ကံစမ်းမဲပါဝင် ဆင်နွဲနိုင်ပါသည်ဆိုပြီး ထွင်ကြပြန်တာပေါ့။
သာမန်လူတွေကတော့ အိမ်ရှိတာလေးကို ထည့်တာပေါ့။
တကယ့်စီးပွားရေးဈေးကွက်ကို ပေါက်တဲ့သူတွေကတော့ ပစ္စည်းတွေကို လေးငါးသိန်းဘိုးဝယ်
လို့ အစုလိုက်အပုံလိုက်ထဲ့ကြတာပေါ့။
တစ်ချို့ကြတော့လဲ ပုလင်းခွံအိတ်ခွံ ဂျဒ်စက္ကူတို့ စက္ကူအဟောင်းရောင်းတဲ့ဆိုင်တွေကနေပြီး
ပိဿချိန်ထက်ပိုတဲ့ဈေးနဲ့ ဝယ်ကြပါတယ်။
(ခြင်ဆေးခွေဂျဒ်ခွံလိုဟာမျုးိတွေပေါ့)
တကယ်ဝယ်ပြီး စီးပွားရေးဆန်ဆန်လုပ်တဲ့အခါ အမှန်အကန်လုပ်တဲ့ကုမ္မဏီနဲ့တွေ့တော့ ထောပေါ့။
အင်လုပ်တဲ့ ကုမ္မဏီနဲ့တွေ့တဲ့သူကတော့ ငွေကုန်လူမောအဖြစ်ကို ကြူံရပါတော့တယ်။

စီးပွားရေးလုပ်ကြတဲ့အခါသူ့ထက်သူ သာအောင် စိတ်ဝင်စားအောင် အခွင့်အရေးတွေပေးလိုု့
ဖောက်သည်ကို ဝယ်ချင်အောင်ဆွယ်ကြပါတယ်။
အဲဒီအခါမှာ တကယ်ကို မှန်မှန်ကန်ကန်နဲ့စေတနာပါပါလုပ်တဲ့ ကုမ္မဏီက ဈေးကွက်ထဲမှာခိုင်မာလို့
ရောင်းအားတွေတက်ပြီး လန်းပါတယ်။

သူများပေါ်မှာတနပ်စားဉာဏ်များချင်တဲ့စိတ်နဲ့ ဖောက်သည်ကို လိမ်တဲ့ကုမ္မဏီတွေမတော့
အစက ဟန်မပျက်လေးရောင်းလို့ရနေရာကနေ အဲလို အကြံအဖန်လုပ်ချင်တာကိုလူမိသွားတော့
လူတွေက စေတနာပျက်ပြီး ရောင်းအားတွေပျက်လို့ ဂွမ်းကုန်ပါတယ်။

ကိုယ့်စေတနာကိုယ့်အကျိုးပေးဆိုတာလို့ဘဲ
မှန်မှန်ကန်ကန် ကံစမ်းမဲထဲ့လိုက်လို့ အလန်းဇယားတွေပွင့်ပြီးရောင်းအားတက်သွားတဲ့သူတွေရှိသလို
အကြံအဖန်တွေများတာကြောင့် ကံစမ်းမဲ့နဲ့ဖွင့်မှ အဂွမ်းဇယားတွေနဲ့လွင့်သွားသူတွေလဲတပုံတပင်။

သေချာတာတစ်ခုပြောရရင်တော့ ဘယ်သူမှ ကိုယ့်အိတ်ထဲကနေ အပိုထွက်တဲ့ကိစ္စမလုပ်တာပါဘဲ။
အထူးသဖြင့်စီးပွားရေးလုပ်နေတဲ့သူတွေပိုဆိုးပေါ့။
အဲတော့ ကံစမ်းမဲ ပါတယ်ဆိုကို စဝယ်လိုက်က တည်းက ကိုယ့်ထဲက အရင်စပါသွားပြီဆိုတာကို
သဘောပေါက်တယ်ဆိုရင်ဖြင့်……………………………………
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(1-8-2011)

9 comments

  • nature

    August 1, 2011 at 11:59 pm

    ဟာသ ကာတွန်းလေးတခု ဖတ်ဘူးတယ်။ ကံစမ်းမဲ ပေးတဲ့ကုမ္ပဏီကို လူတယောက်က ဖုံးဆက်တယ်။ ကျနော် ကျပ် ၁ဝ သိန်း ကံစမ်းမဲ ပေါက်လို့ပါတဲ့။ အဲဒီ ကုမ္ပဏီ ဘာပြန်ပြောတယ်မှတ်လဲ။
    …ကျနော်တို့ ပေါက်မဲ မထည့်ရသေးပါဘူးခင်ဗျာ….တဲ့

  • windtalker

    August 2, 2011 at 12:02 am

    တစ်ကယ် ပေးချင်စိတ်နဲ ့
    တစ်ကယ်ပေးတဲ့ ကုမ္ပဏီ တစ်ခု ကို ကြုံတွေ ့ခဲ့ဖူးပါတယ် ။
    2000 ခုနှစ် မှာ ကျွန်တော် ၁ဝ တန်း စာမေးပွဲ နောက်ဆုံးနေ ့
    3 လပိုင်းထဲ မှာပေါ့
    ဆရာ ၊ ဆရာမ များ က မလည်ခိုင်းဘူး
    ဒါနဲ ့ တက်ခဲ့တဲ့ ကျူရှင်ဝိုင်းနား က စားသောက်ဆိုင်မှာ
    သွား ထိုင်ဖြစ်ခဲ့တယ် ။
    အဲ့ဒီတုန်း တိုက်ဂါး ဘီယာ က စိန်လက်စွပ် ကံစမ်းမဲ ထည့်ပေးနေတဲ့ အချိန် ၊ ပုလင်း ပဲ ။ စည်ဘီယာ မပေါ ်သေး ဘူး ။
    အခြား ဆုမဲ ပေါင်း များစွာလဲ ပါတာပေါ့ဗျာ..။
    ၁ဝ တန်း ကျောင်းသား ကျွန်တော် က တိုက်ဂါး ဘီယာ တစ်လုံ းမှာသောက် တာပေါ့
    ပုလင်းဖောက်ပြီး ၊ ပုလင်း ဖုံးလဲ လှန်လိုက်ရော ၊ ၅၀ဝ ကျပ် တဲ့ ။ အဲ့တုန်း က တိုက်ဂါး ဘီယာ တစ်လုံး မှ ၂၀ဝ ကျပ်တောင် မရှိသေးဘူး ထင်တယ် ။ ကျွန်တော် ဟင်းတစ်ပွဲ မှာထားတယ် ။ ဟင်းပွဲ ရယ် ဘီယာ တစ်လုံး ရယ် ပေါင်းမှ ၄၀ဝ လား ရှိတာ ။ ကံစမ်းမဲ က ၅၀ဝ ကျပ် ပေါက်တယ် ။ ဒါနဲ ့ဆိုင် ကို အားနာ တာ နဲ ့ ဘီယာ နောက် တစ်လုံ းထပ်မှာပြီး ၊ ထုံးစံ အတိုင်း ပုလင်းဖုံး လှန် လိုက်တော့ ဘီယာ တစ်လုံး တဲ့ ။
    အဲဒီနေ ့က မှတ်မှတ်ရရ
    ဆယ်တန်း စာမေးပွဲ နောက်ဆုံးနေ ့
    စားသောက်ဆိုင် က ဘယ်လို ပြန်ခဲ့ မှန်း မမှတ်မိဘူ း
    ပိုက်ဆံ အိတ်ထဲ ၂၀၀ဝ ကျပ် ပါသွားတာ
    အမူးပြေလို ့ပြန်ကြည့်တော့ ၁၅၀ဝ ကျပ် ကွက်တိ ပဲ ။
    လွမ်းမိတယ် ဗျာ………….ကံစမ်းမဲ ကို အမှန်အကန် ပေးခဲ့တဲ့ ကာလ တွေ ကို
    အခု လက်ရှိ အချိန် က တော့
    ညာစမ်းမဲ ၊ နှပ်စမ်းမဲ တွေ ချည်းပါပဲ ။
    ပြောမယ့်သာ ပြောရသာ
    V-Rhoto ဆိုတဲ့ မျက်စဉ်း က ဒီ ဩဂုတ် လ အကုန် ထိ ကံစမ်းခွင့်ပေးနေလို ့
    ကံစမ်းထားသေးတယ်
    သူ ပေးမယ် ဆိုတဲ့ ဆုတွေ က လဲ
    ကိုယ်လိုချင်နေတဲ့ အိုင်ပက်2 တို ့ဟန်းဖုန်း တို ့ ဖလက်တီဗီ တို ့ ဘာညာ မို ့ပေါ့ဗျာ
    သူ လိမ်ခဲ့တာ ဆိုရင်တော့
    ပို ့စ်တစ်ခု အနေ နဲ ့တင်မယ်ဗျာ ။
    ကိုပေါက် ကို ကျေးဇူးတင်ပါတယ်
    ကံစမ်းမဲ အကြောင်း ကို ဖတ်ရလို ့

  • Mee2

    August 2, 2011 at 12:22 am

    ကံစမ်းမဲ အကြောင်းပြပြီးလိမ်စားနေကြတာတော့ရှိပါတယ်။ဒါပေမယ့်တကယ့် branded ပစ္စည်းကုပ္မဏီတွေကတော့မလုပ်လောက်ပါဘူး

  • hmee

    August 2, 2011 at 12:29 am

    ငယ်ငယ်တုန်းက ရွာမှာ ကံစမ်းမဲ ဖေါက်တာ ခေတ်စားသေးတယ်။ စက်ဘီး၊ ထီး ၊ ဒန်အိုးဒန်ခွက်တွေပါ မဲဖေါက်တာ။ ပေါက်မဲ မရှိပဲ ဒိုင်ပဲဝိုက်နေတာ ခဏခဏမို့ နောက်လူတွေက မယုံတော့တာနဲ့ ပျောက်သွားတာ။

  • etone

    August 2, 2011 at 9:05 am

    ဟားဟား လေးပေါက် ဦးသွားပြီ ။ 😛
    သမီးလည်း အဲ့ဒီ အက္ခရာတွေ ဆက်ရတဲ့ ကံစမ်းမဲအကြောင်းဖွမလို့ … ပုံလေးတွေတောင် ရိုက်ထားသေးတယ် … အလကား အင်ကြီး … ဈေးကွက်ထဲ … စာလုံး တလုံး နှစ်လုံးလောက်ချပြ ီး လုပ်စားနေတာ … ။ သူတို့ပစ္စည်းရဲ့ ပါကင် ထုတ်ပိုးမှု ပုံစံကို ကြည့်လျှင် လည်နေတဲ့ ပိုဒတ်ရှင်းထဲ စာလုံး တလုံး စီ ကြားဖောက် ပရင့်လုပ်ဖို့က စက်တွေ ပြန်ချိန်ရမှာမို့ … အက္ခရာ တလုံး နှစ်လုံးလောက်ကိုပဲ … ရိုက်ထုတ်ပေးထားပြီး ကြိုးရှည်ရှည်နဲ့ လှန်ထားတာမျိုးပါပဲ … ။ ကံစမ်းမဲပေးမှာ ဥပမာ 10 သိန်းဆိုလျှင် … သိန်း 100ဖိုးလောက် အက္ခရာ နှစ်လုံးပဲ ထုတ်ပြီး လုပ်စားပြီးမှ တခြား စာလုံးတွေ ဆက်ထုတ်ပြီး 10သိန်းပေးလိမ့်မယ်လို့ ထင်တယ်… ။ ဘာပဲ ဖြစ်ဖြစ် မပေးနိုင်လျှင် မပေးနဲ့ပေ့ါ … စားသူသုံးကို တပတ်ရိုက်ရောင်းချတာတော့ .. စိတ်တိုဒယ် 🙄

  • pan pan

    August 2, 2011 at 9:54 am

    ကံစမ်းမဲကို လူတွေစိတ်ထင်စားတာတော့ ပြောမနေပါနဲ့တော့
    တစ်လုံး၊ နှစ်လုံး၊ သုုံးလုံးတွေကို စိတ်ဝင်စားသလိုပေ့ါ
    ဟိုးအရင်က ပေါ်လိုက်သေးတယ်
    မဲကဒ်လေးတွေလေ
    Juice-Cတို့၊ Oishiတို့၊ စတီးဇွန်းတို့ ဘာညာတိုလီမိုလီတွေ မုန့်တွေရောပေ့ါ
    ကဒ်ပြားတစ်ခုမှာ အဲဒီပစ္စည်းတွေ စတာပလာနဲ့ချုပ်ထားပြီး တစ်ကနေ ၂ဝထိရှိအစဉ်လိုက်ရေးထားတယ်
    မဲလိပ်ရှိတယ်
    တခါနှိုက်ရင် ၁ဝကျပ်
    ၁ဝထက်တန်ဖိုးပိုပြီး ပေါက်တာရှိသလို၊ နည်းသွားတာလည်းရှိတာပေ့ါ
    ကြုံဖူးတဲ့လူတွေ မှတ်မိလိုက်ကြလားမသိဘူး
    လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်လောက်ကပဲ

  • king

    August 2, 2011 at 10:33 am

    ကံစမ်းမဲလည်း စိတ်မဝင်စားဘူးးးးးးးးးးးးးးးးးးးးးး (အမှန်အကန်မဟုတ်တာနဲ့တိုးမှာစိုးလို့)
    အဆစ်တောင်းဖို့လည်း မတောင်းချင်ဘူး (ကိုယ်လိုချင်တာနဲ့ သူပေးတာ မကိုက်မှာစိုးလို့)
    😛

  • နွယ်ပင်

    August 2, 2011 at 11:35 am

    ကံစမ်းမဲဆိုလို့ ဆပ်ပြာထဲကို ရွှေဆွဲပြားလေးတွေထည့်ပြီး ကံစမ်းမဲလုပ်တာ
    တစ်ခါကတော့ ပေါက်ဘူးတယ် ဒါပေမယ့် ဆွဲကြိုးနဲ့ဆွဲဖို့နေနေသာသာ လက်ထဲ
    ကိုင်ကြည့်ရင်းနဲ့ ကြိုးသွားတယ် ရွေဆွဲပြားလား ရွှေတောင်စက္ကူလားတော့ မပြောတက်တော့ဘူး 😀

  • moethidasoe

    August 2, 2011 at 11:49 am

    ကံစမ်းမဲ ဆိုတာ စမ်းရုံပဲ စမ်းလို့ရမယ်လေ
    ရမယ့် မဲလို့မှ မဆိုထားတာ ..
    ဒါကို အဟုတ်မှတ်လို့ လုပ်နေကြတာ
    ကံစမ်းမဲ အားကိုးနဲ့ သောက်လိုက်ကြတာ .. အသည်းကျွတ်ပြီး .. မီးထဲ ရောက်မှ ရပ်တော့တယ်
    သိပ် ထူးလို့ မဲပေါက်တာတောင်မှ ကျွန်တော်ဟာ ကျွန်မဟာ အရက်သမားကြီးပါ .. အရက် ဆိုင် ပိုင်ရှင်ကြီးပါ လို့ စာတမ်း မထိုးရုံတမယ် ဓါတ်ပုံကြီးတွေနဲ့ ပြည်သိအောင် ကြေညာတာလဲ ခံလိုက်ရသေးတယ်

Leave a Reply