ဒေဝါလီခံရဖွယ် သတင်းကြောင့် လားရှိုး မြန်မာ့စီးပွားရေးဘဏ်တွင် အလုအယက်ငွေထုတ်

BayoteMay 8, 20101min1105

ရွေးကောက်ပွဲနောက်ပိုင်းဖျက်သိမ်းရဖွယ်ရှိမည့် ကောဠာဟဠသတင်းကြောင့် ယခုရက်ပိုင်းအတွင်းလားရှိုးမြို့ နအဖပိုင် မြန်မာ့စီးပွါးရေးဘဏ်တွင် မြို့သူမြို့သားများ အလုအယက်ငွေထုတ်ယူနေကြကြောင်း စုံစမ်းသိရှိရသည်။

“မေလ ၁ ရက်နေ့ကတည်းက ဘဏ်မှာ ငွေစုထားတဲ့သူတွေ ရာဂဏန်းလောက်ရှိမယ် ငွေတွေထုတ် ယူဖို့ဘဏ်ရှေ့မှာ တန်းစီပြီး နေကြတယ်။ နေ့တိုင်းအယောက် နှစ်ရာကျော်သုံးရာလောက်ရှိမယ်” – ဟု လားရှိုးမြို့ ခံ တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောပါသည်။

Source : http://www.mongloi.org/burmese/2008-08-01-03-22-02/96-2008-08-03-06-49-23/837-2010-05-07-12-41-25

5 comments

  • jackyangon

    May 8, 2010 at 3:21 am

    ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေအပြောအရတော့ ဘဏ်ဖျက်သိမ်းမယ်ဆိုလည်း ငွေပြန်ထုတ်လို့မရမှာ စိုးရိမ်ဖွယ်မရှိဘူးလို့ သိရပါတယ်။

  • Shwemannmay

    May 18, 2010 at 4:21 am

    အေးဆေးပါ။ အဲလောက်ပူစရာမရှိဘူး ။ 😀
    အဲလောက်ပူစရာ ပိုက်ဆံစုထားတာကို မရှိတာပြောတာပါ

  • cruz

    October 18, 2010 at 12:00 am

    အစိုးရဘဏ်နော်…..နအဖမတိုင်ခင်ကတည်းကရှိတာဆိုတော့ ဒီလိုဖြစ်ခဲ့ရင်တောင်
    ထုတ်လို့မရဘူးဆိုတာမရှိလောက်ပါဘူး….နိုင်ငံပိုင်ဘဏ်ပဲ
    မင်းပြောင်းမင်းလွဲဖြစ်ရင်တောင် ထပ်တက်တဲ့ အစိုးရက တာဝန်ယူရတာထုံးစံပဲကို
    မဖြစ်နိုင်ပါခင်ဗျာ

  • fatty

    October 18, 2010 at 5:35 am

    အစိုးရ ဘဏ်ဆိုပေမဲ့လဲ ၁၀ဝ လောက်အပ်ထားပြီး ထုတ်တော့တနေံ့တသိန်းဘဲထုတ်ပေးတာမျိုးဖြစ်ခဲ့ဘူးပါတယ်

  • winkyawaung

    October 18, 2010 at 2:35 pm

    ဘယ်ပြောလို့ရပါ့မလဲ?။ သူတို့နိုင်ရင်လဲ လုပ်ချင်ရာလုပ်ကြမှာ..။

Leave a Reply