စိတ်လှုပ်ရှားစရာလေးတွေ အိမ်မှာ ဖြစ်သေးတယ်။မက်ဂီ အတွက် အလှမွေး ခွေးလေးတစ်ကောင် ရလာတာပဲ။

ကာနယ်ကြီးက သံကြိုးလေးနဲ့ဆွဲလာတာ။ခွေးလေးက သေးသေးလေး။အမွှေးရှည်ရှည် ပွပွလေးဗျ။နှာခေါင်းသေးသေးလေး

က အမြဲ စိုစွတ်နေတယ်။အမြီးကတော့ ခပ်ရှည်ရှည်ပဲ။အဲဒီခွေးလေးက အရုပ်ကလေးနဲ့ပိုတူနေတာ။အမယ်.သူက

ဟောင်တယ်ဗျ။ဟောင်တယ်ဆိုတာထက် အော်တာလို့ပြောရင် ရမယ်။မက်ဂီ ပြောတာတော့ အဲဒီခွေးလေးက

အပ်ဆို (Apso) ခွေးမျိုးဆိုပဲ။ခွေးလေး ကို မက်ဂီ က ရိုဗာလို့ နာမည်ပေးထားတယ်။

 

******************************

 

   နောက်ထပ် စိတ်လှုပ်ရှားစရာ တစ်ခု ထပ်ဖြစ်သေးတယ်။အဲဒါက ထမင်းချက်အသစ်တစ်ယောက် အိမ်ကို

ရောက်လာတာပဲဗျ။အဲဒီလူနာမည်က ဂျိုင်း တဲ့။ရာမူး တစ်ဝက်လောက်တောင် နားမလည်တဲ့သူပါဗျာ။ပြင်သစ်စာလား..

အသံတောင် မထွက်တတ်ဘူး။ဒါက အေးဆေး။ပြဿနာမရှိဘူး။သူအလုပ်ရတယ်။ ဘာလို့လဲ..ဟုတ်လား..။သူက

အသက်ကလည်း နည်းနည်းကြီးပြီ။ မိန်းမလည်း ရှိတယ်။ကလေး နှစ်ယောက်လည်းရှိတယ်။မိန်းကလေးတွေ။ပြီးတော့

နေတာကလည်း ဒီနားက ရွာတစ်ရွာမှာ..။ဆိုတော့..ကာနယ်ကြီးတို့ မိသားစုလည်း သူတို့တွက်ကိန်းနဲ ့သူတို့ အဲဒီ ဂျိုင်း

ဆိုတဲ့ လူကြီးကို ထမင်းချက် ခန့်လိုက်တာပဲ။(အင်း..အင်း..နောက်တက်တဲ့ မောင်ပုလဲက ဒိုင်းဝန်ထက် ဘယ်လိုကဲ မလဲ

ဆိုတာ..ပြောမယ်.. ပြောမယ်)ကျွန်တော်ကတော့ နည်းနည်း အာရုံနောက်သွားတယ်။ အိပ်ခန်းကို တစ်ယောက်တည်း

မနေရတော့ဘဲ သူများနဲ့ ခွဲသုံးရတော့မှာကိုး။ ရာမူး မရှိတော့ ကျွန်တော်တစ်ယောက်တည်း အေးဆေးပဲ။တစ်ချို့ညတွေ

ဆို အပေါ်အိပ်ယာမှာ အိပ်နေရင်း က အောက်အိပ်ယာကို ပြောင်းအိပ်။အဲဒီလိုမျိုး။ခုတော့..။

 အဲဒီ ဂျိုင်း ဆိုတဲ့ လူကို မြင်မြင်ချင်း သဘောကို မကျမိတာ။မျက်လုံးတွေက အငြိမ်မနေဘူး။ပြီးရင် အခန်းထဲမှာ

ဆေးလိပ်ခိုးသောက်သေးတယ်။ ဒီအိမ်မှာ လုံးဝဆေးလိပ်သောက်ခွင့် မရှိဘူးဗျ။အမယ်..ဘဲကြီးက ကျွန်တော့်ကို အစေခံ

တစ်ယောက်ဆိုပြီး ခပ်နှိမ်နှိမ်ဆက်ဆံသေးတာ။ တစ်ရက်တော့ သူက-

“မင်း ဘဝရဲ ့ရည်မှန်းချက်က ဘာတုန်းကွ”

မေးတဲ့လေသံကိုက ဆရာလိုလို သမာ္ဘလိုလိုနဲ့။

ကျွန်တော်လည်း ပါးစပ်ထဲတွေ့ရာ လျှောက်ပြောလိုက်တယ်။

“ဖာရာရီပြိုင်ကား အနီရောင်လေး တစ်စီး ပိုင်ဖို့ဗျာ…ဒါနဲ့ ခင်ဗျားကရော..”

ဘဲကြီးက ချက်ချင်း မဖြေသေးဘဲ စီးကရက်ကို မီးညှိတယ်။ပြီးတော့ မီးခိုးကို အကွင်းအကွင်းလေးတွေ ဖြစ်အောင်

မှုတ်ထုတ်လိုက်ပြီး-

“ငါက ကားပြင်တဲ့ အလုပ်ရုံလေးတစ်ခု ဖွင့်ချင်တယ်ကွာ..အဲဒီမှာ ဓာတ်ဆီလေး ဘာလေးရောင်းပေါ့ကွာ..ဒါပေမဲ့ အရင်းအနှီးက

နည်းနည်းများတယ်..တစ်သိန်းခွဲလောက် ကုန်မှာတဲ့ကွ..အဲဒါ ငါ့ဘော်ဒါတစ်ယောက်က ပြောတာ..အေမာ ဆိုတဲ့လူပေါ့..ငါ့အနေ

နဲ့ အဲဒီလောက် ငွေရှာနိုင်ရင် ကျန်တာ သူ အကုန်စီစဉ်ပေးမယ်တဲ့ကွာ..ဒီ အိမ်ကလူတွေ ပိုက်ဆံ ဘယ်လောက်ချမ်းသာတယ်

လို့ မင်းထင်လဲ..ပြောစမ်းပါဦး..”

ကျွန်တော် ပါးစပ်ပိတ်နေလိုက်တယ်။လာ လာချည်သေး..။ရောက်တာမှ တစ်ပါတ်မပြည့်သေးဘူး။ဦး ဂျိုင်း တစ်ယောက် ခိုးဖို့

ဝှက်ဖို့ ကြံနေပါပကော။ကောင်းတယ်။ကြံပလေ့စေ။ အိမ်က ဦးဖိုးသိကြီး အကြောင်း သူမှမသိသေးတာ။နောက်တော့ သိပါ

လိမ့်မယ်။မကြာဘူး။

 

******************************

 

ကာနယ်ကြီးက မနက်ဆို အိမ်နဲ ့သိပ်မဝေးတဲ့ လောဒီ ပန်းခြံကို ရိုဗာနဲ့အတူ လမ်းလျှောက်ထွက်တတ်တယ်။နောက်တော့

ဒေလီ အုပ်ချုပ်ရေးအဖွဲ့က ခွေးမွေး၊ခွေးကျောင်းတဲ့သူတွေ ခွေးစွန့်တဲ့ အညစ်အကြေးတွေကို ကိုယ်တိုင် သိမ်းဆည်းရှင်းလင်းရင်

ရှင်း ၊မရှင်းရင် ဒဏ်ငွေများများဆောင်ရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တော့ ကျွန်တော်လည်း အလုပ်အသစ် တစ်ခုရတော့တာပါပဲ။

မနက်ဆို ကာနယ်ကြီးနဲ့ ရိုဗာနောက်ကို ဂေါ်ပြားတစ်လက်နဲ့လိုက်ရတာဗျာ။ထရတာ အစောကြီး..မနက်ငါးနာရီခွဲလောက်။

စိတ်ညစ်ဖို့ကောင်းလိုက်တာများ။အဲဒီ သောက်ခွေးလေးကလည်း နှစ်မိနစ်တစ်ခါလောက်ချေးပါ သေးပေါက် ကလုပ်သေးတာ။

ကာနယ်ကြီးကလည်း “ဟေ့ သောမတ်စ် ရေ ဟိုမှာ ရိုဗာရယ်..” ဆိုရင် ကျွန်တော့်မှာ အဲဒီသောက်ကောင်လေးနောက်ကနေလိုက်ပြီး

ဂေါ်ပြာလေးနဲ့ ပြေးပြေး ကျုံးနေရတော့တာပဲ။လောဒီ ပန်းခြံက အေးအေးချမ်းချမ်း စိမ်းစိမ်းစိုစိုနဲ့ မနက်ဖက် လမ်းလျှောက်လို့

တော့ အင်မတန်ကောင်းတာပဲ။သက်တမ်းကတော့ တော်တော်ကြာနေပြီတဲ့။ ၁၅ရာစု ၁၆ရာစုလောက်က တည်ဆောက်ခဲ့တာဆိုပဲ။

ပန်းခြံအလယ်မှာမိုဟာမက်ရှား နဲ့ ဆီကန်ဒါ လောဒိ တို့ရဲ့ ဂူဗိမာန်ကြီးတွေ ရှိတယ်။ဗလီတစ်ခုလည်း ရှိသေးသဗျ။ အလယ်ခေါင်

တည့်တည့်လောက်မှာ ရှိတဲ့ ဧရာမ အမိုးခုံး ဗိမာန်ကြီးကတော့ ဂူသင်္ချိုင်း မဟုတ်ဘူးဗျ။ အမိုးခုံး သုံးခုပါတဲ့ ဗလီကြီးနဲ့ ဆက်နေတဲ့

မုခ်ဦး ဆန်ဆန်ပဲ။မနက်ဆို ပန်းခြံထဲမှာ ဂျော့ဂင်း ပြေးနေတဲ့သူတွေ၊ ယောဂ ကျင့်နေတဲ့ ဖက်တီးဘွားတော်ကြီးတွေ၊အေရိုးဗစ်

လုပ်နေတဲ့ ဝါးခြမ်းပြားမမတွေ နဲ့ ပြည့်လို့ပဲဗျ။နောက် ကျွန်တော် သတိထားမိလာတာတစ်ခုက ကာနယ်ကြီး ရံဖန်ရံခါ

ပန်းခြံထဲမှာ ပျောက်ပျောက်သွားတဲ့ ကိစ္စပဲ။ကျွန်တော် ရိုဗာ နဲ့ အလုပ်များနေပြီဆို သူလစ်သွားပြီ။ တော်တော်ကြာမှ ပြန်

ပေါ်လာတတ်တာ။(မနက်အစောကြီးဗျာ..ဘိုးတော် အတွဲလိုက်ချောင်းမယ်တော့ မထင်ပါဘူး)ဘယ်လိုဖြစ်ဖြစ်လေ။သိတယ်မို့လား..

ကျွန်တော်ကလည်းအင်မတန်စပ်စုချင်တဲ့ကောင်ဆိုတော့။ တစ်မနက်တော့ ရိုဗာကို ကြိုးချည်ထားခဲ့ပြီး ဘိုးတော်နောက်

လိုက်ချောင်းတော့တာပဲ။

သူ က ပန်းခြံအလယ်က အမိုးခုံး ဗိမာန်ကြီးကို ကျော်ပြီး ရှေ့ကို နည်းနည်းဆက်သွားနေတယ်။သူ ခဏရပ်သွားတော့

ကျွန်တော်လည်း ချုံပုတ်တစ်ခုထဲကနေ ချောင်းကြည့်မိတယ်။အမယ်..ပါတီပွဲကိုလာတဲ့ ကာကွယ်ရေးဝန်ကြီး ဌာနက

လူကြီးကို နှုတ်ဆက်နေတာပါလား။ဂျီဗန် ကူးမားလေ။

“ဒီမှာ မစ္စတာ ကူးမား ..မနေ့ညက ခင်ဗျား အိမ်ကနေ သကြားလုံးဆိုင်ကို သွားတာ..ကျုပ်နောက်ကလိုက်ချောင်းသေးတယ်ဗျ..

ခင်ဗျား သိလား..သတိရော ထားမိလားဗျ..”

ဂျီဗန်ကူးမား တစ်ယောက် ချွေးတွေ မတရားပြန်ပြီး နည်းနည်းမှ ဂနာမငြိမ်ဘူး။ကာနယ်ကြီး အဲဒီလိုပြောလိုက်တော့ သူ တော်တော်

စိုးရိမ်သွားပြီး နောင်တရတဲ့ လေသံနဲ့-

“အိုး..အာ..ကျွန်တော် ..တကယ် ဆောရီးပါဗျာ..နောက်တစ်ခါ အဲ့လိုမဖြစ်အောင် ပို ဂရုစိုက်ပါ့မယ်..ဗိုလ်မှူးကြီး..

ကျွန်တော်သိပါတယ်ဗျာ…ကျွန်တော်တို့နှစ်ယောက်ကို တွဲပြီး တခြားလူတွေ မမြင်သင့်ဘူးဆိုတာ..”

“ဟုတ်ပါ့ဗျာ..ဒါက ပြောစရာတောင် မလိုဘူး..ဒီမယ် ခင်ဗျား ဒီလိုပဲ ပေါ့တီးပေါ့ဆ လုပ်နေဦးမယ်ဆိုရင်တော့ ကျုပ်တို့

မျက်နှာချင်းဆိုင် တွေ့တာကို ရပ်ပြစ်ကောင်း ရပ်ပြစ်ရလိမ့်မယ်ဗျ….နောက်ပြီးတော့ ဒီ..ရိုးရှင်းတဲ့ စည်းမျဉ်းလေးကို

အမြဲ သတိရဗျ.. CYTLYT  ဆိုတာလေ”

CYTLYT..

          “ဟုတ်ပါ့.. Confuse your tail..Lose your tail တဲ့..။အဲဒီ စည်းမျဉ်းလေးက တကယ်ကိုရိုးရှင်းတာ။ဟုတ်လား..။ခြေရာလည်း ဖျောက်

ရေလည်းနှောက်ပေး ဆိုတာလေ။ကိုယ်သွားချင်တဲ့နေရာ ဘယ်တော့မှ တိုက်ရိုက်တန်းမသွားနဲ့။ကွေ့ပတ်သွား..ကားတွေပြောင်းစီး..

ဆိုင်တစ်ဆိုင်ဆိုင်ထဲ ဝင်နေ..တခြားအပေါက်ကနေ ပြန်ထွက်…ခင်ဗျား နောက်ကြောင်းရှုပ်အောင် တတ်နိုင်သမျှ လုပ်။အဲဒီလိုမျိုး လုပ်

ရင် ခင်ဗျားနောက် လွယ်လွယ်ကူကူ နောက်ယောင်ခံလိုက်ဖို့ဆိုတာ သိပ်မဖြစ်နိုင်တော့ဘူးပေါ့။တော်တော်တန်တန် ဇွဲကောင်းတဲ့သူ

တောင် ခင်ဗျားကို လက်လျှော့သွားလိမ့်မယ်..”

“ဟုတ်ကဲ့ ..ကောင်းပါပြီ ဗိုလ်မှူးကြီး..ကျွန်တော် အမြဲမှတ်ထားပါ့မယ်။ ဪ..ဒါနဲ့ ဗိုလ်မှူးကြီး ကျွန်တော့်ဆီက စောင့်မျှော်နေတဲ့

ဟာ မကြာခင် ကျွန်တော်ပေးနိုင်တော့မယ်ထင်တာပဲ ခင်ဗျ…အဲဒီတော့ ဟို..တောင်ဘက်တိုးချဲ့ဆောင်နားမှာရှိတဲ့ ဘယ်လ်ဆန်

နောက်ဘက် ကားပါတ်ကင် ကို ၁၄ရက်နေ့ သောကြာနေ့ ကျရင် လာခဲ့ပါ..အဲဒီနားက လူအတော်လေးရှင်းတယ် ခင်ဗျ..ည ရှစ်နာ

ရီ နော်..အိုခေ နော်”

“အိုခေ”

သူတို့တွေ့တဲ့ ကိစ္စပြီးပြီဆိုတော့ ကျွန်တော်လည်း ကာနယ်ကြီးအရင် ရိုဗာ့ဆီရောက်အောင် အမြန်ပြန်လစ်ရတာပေါ့။

 

******************************

ကျွန်တော် မျက်စိကိုဖွင့် နားကိုလည်း အစွမ်းကုန်စွင့်ထားတယ်။ကနေ့က ၁၄ရက် သောကြာနေ့ကိုးဗျ။မနက်စောစော

သူ့မိန်းမကို ကာနယ်ကြီး ပြောနေသံ ကျွန်တော်ကြားလိုက်တယ်။

“မိန်းမရေ..ကုန်သွယ်ရေး သံမှူးအသစ် မက်ဂေးလ် ကလေ ..ဒီနေ့ညနေ အလုပ်ပြီးတဲ့အချိန်လောက် မြို့ထဲ ဟိုဟိုသည်သည်

သူ့ကို ကိုယ်က လိုက်ပြပေးဖို့ ပြောထားတယ်ကွာ…အဲဒီတော့ ကိုယ်နည်းနည်းနောက်ကျလိမ့်မယ်…စိတ်မပူနဲ့နော်..ညစာလည်း

ကိုယ့်ကို စောင့်မနေနဲ့ စားနှင့်လိုက်တော့ နော်…”

“အယ်..ကောင်းပါလေ့ရှင် …ကျွန်မကိုလည်း သံအမတ်ကြီးကတော်က ပါတီပွဲလာဖို့ဖိတ်ထားတာ ဆိုတော့ ကျွန်မလည်း အပြင်

သွားရလိမ့်မယ်..”

ကာနယ်ကြီးက သူ့မိန်းမကို ဘာကြောင့်လိမ်လိုက်တာလဲ ဟုတ်လား..လွယ်ပါတယ်ဗျာ..တစ်နဲ့တစ်ပေါင်းနှစ်ဖြစ် ဆိုသလိုမျိုးပေါ့..

၁၄ရက် သောကြာနေ့လေ။ဂျီဗန် ကူးမားနဲ့ သူချိန်းထားတာကို မပြောချင်လို့လိမ်လိုက်တာပဲ။ကျွန်တော်ထင်တဲ့အတိုင်းပဲလေ။

မစ္စစ် တေလာ အတွက်တော့ စိတ်မကောင်းဘူး။ တကယ်။

 

******************************

About မောင်ဘလိုင်

has written 140 post in this Website..