တစ်ခါစား ဉာဏ် လုပ်စားနေကြသူများ

manawphyulayAugust 2, 20112min16019

မနောတို့အိမ်မှာ အပင်စိုက်တာ ဝါသနာပါသလို အပင်တွေဝယ်တာလည်း အတော်ကို လုပ်ကြတဲ့မိသားစုဆိုလည်း မမှားပါဘူး။ အိမ်မှာက တွေ့တဲ့နေရာမှာ ကိုယ်လိုချင်တဲ့အပင်တွေ့တာနဲ့ဝယ်ဖြစ်ကြပါတယ်။ ပထမအပတ်ကတော့ နှင်းဆီပင်တွေဝယ်တယ်ပေါ့လေ။ ဟော ဒီအပတ်လည်းဝယ်ခဲ့တဲ့ အပင်တွေကတော့ ရယ်ရမလို ငိုရမလိုဖြစ်ခဲ့ရတယ်။ အိမ်ရောက်မှလည်း သိတော့ ဘယ်လိုမှသွားလည်းမပြောတော့ဘူးပေါ့လေ။ ဘာလို့တစ်ခါစားအတွက်ပဲ သူတို့လုပ်စားနေကြသလဲဆိုတာ မစဉ်းစားတတ်တော့ဘူး။ အပင်ရောင်းတော့ အမြစ်ပါမှ တချို့အပင်တွေက ရှင်သန်တာရှိတယ်။ တချို့ကျတော့လည်း ကိုင်းပဲ စိုက်တာနဲ့ရှင်တာရှိတယ်။ ခုဟာက တမင်ကို ပင်ပန်းခံပြီးလုပ်ထားတာကိုအိမ်ရောက်မှသိရတယ်။

အပင်ပေါက်မဟုတ်ပဲ ကိုင်းကို ချိုးပြီး အမြစ်တွေပုံစံနဲ့တူတယ် အရာတွေနဲ့ အမြစ်တွေကို ဖွာထားပြီး ကြိုးနဲ့ပြန်ချည်ပြီး ရောင်းတာကို ဝယ်ခဲ့မိပါရောလေ… ဈေးနှုန်းလေးကတော့ သက်သာပါတယ်။ တစ်ထောင်ဖိုး သုံးပင်ဆိုတော့ အမယ် ဒီတစ်ခါ ဈေးသက်သာလှချည်လားပေါ့ ဝမ်းသာအားရနဲ့ဝယ်လာခဲ့မိတာ အိမ်ရောက်မှာ အိုးထဲပြောင်းစိုက်မယ်လုပ်မှ ရယ်ရမလို ငိုရမလို ဖြစ်နေမိပါတော့တယ်။

19 comments

  • pan pan

    August 2, 2011 at 1:12 pm

    ကိုယ်တိုင်လည်း ကြုံဖူးပါတယ်
    သနပ်ခါးပန်းပင်ဝယ်တာလေ
    အဲလိုပဲ အမြစ်လေးတွေကို အပ်ချည်ကြိုးနဲ့ အသေးစိတ်ချည်ပြီး ညာရောင်းတာ
    အပေါ်က ရွှံ့နဲ့ မံထားတယ်

  • redbull

    August 2, 2011 at 1:32 pm

    လိမ်စရာ မရှိရင် ကိုယ့်ဟာကို ဆွဲလိမ် မဲ့ လူစားမျိုးတွေ
    စားဝတ်နေရေးအတွက် ဆိုပေမဲ့ ဒီပုံစံမျိုးနဲ့ကတော့ လက်သင့်ခံဖို့မလွယ်ပါဘူး

  • etone

    August 2, 2011 at 1:49 pm

    အော.. လူတွေ လူတွေ … ကောင်းရောင်းကောင်းဝယ် လုပ်မစားချင်ကြပါလားနော်… ။
    ဒီလို ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး ကလိမ်ကကျစ်လုပ်ဖို့ ကျတော့ တတ်တယ် … ။ ရိုးရိုးကျင့် မြင့်မြင့်ကြံပြီး ထမင်းတလုတ် စိတ်အေးလက်အေးစားရတဲ့ဘဝကိုတော့ တန်ဖိုးမထားချင်ကြဘူး … တယ်ခက်တာပဲ 🙁

    • pan pan

      August 2, 2011 at 2:04 pm

      ငါးဖယ်ခြစ်ဆိုပြီး ညာရောင်းတာလည်း ကြုံဖူးတယ်
      ရှေ့မှာ ငါးဖယ်ရိုးတွေပုံထားပြီး နောက်ကလင်ပန်းထဲကဟာတွေကို ငါးဖယ်ဖြစ်အစစ်ဆိုပြီး ညာရောင်းတာ
      ဈေးလည်းတော်တော်သက်သာတယ်ဆိုပြီး ဝယ်လိုက်တာ
      ခံလိုက်ရတယ်
      လိမ်တဲ့လူရဲ့အပြစ်ချည်းပဲလည်းမဟုတ်ဘူး
      အလိမ်ခံရတဲ့လူကလည်း လောဘကြီးတာကိုး
      လောဘမကြီးတဲ့လူကို လိမ်ဖို့မလွယ်ဘူး
      ဈေးပေါပေါနဲ့ ရတယ်ဆိုပြီး လောဘကြီးပြီးဝယ်လိုက်တာ အညာခံထိတာပဲ

      • etone

        August 2, 2011 at 4:56 pm

        ပြောမဲ့သာပြောတာ ငါးဖယ်ခြစ်က အနံ ့ပိုပြင်းတယ်နော် .. စားလို့ ထုတ်ထုတ် ထုတ်ထုတ်နဲ့ ကောင်းတာပဲ ရှိတယ် … ကိုယ်ကတော့ ငါးခြစ်ကို ပိုကြိုက်တယ ်… အတိတ်နမိတ်နဲ့ အဟဲ … 😀
        ငါးဖယ်ဆိုလျှင် ငါ့ကိုဖယ်နေလိမ့်မယ် .. ။
        ငါးခြစ်ဆိုတော့… ငါ့ကို ချစ်မှာပေါ …
        ( ပေါတယ် နော် ဟီးဟီး 😛 )

  • pannu

    August 2, 2011 at 2:24 pm

    ကျနော် တော့ အပင် စိုက်ဝါသနာမပါလို့ မထိသေးဘူး..
    .. 🙂 🙂 🙂

  • စုံ စုံ

    August 2, 2011 at 2:48 pm

    မှတ်သားလောက်ပါတယ်နော်
    ရွှေဉာဏ်တော်စူးရောက်စွာနဲ့လုပ်ထားတာကိုး

  • yaungchikha

    August 2, 2011 at 3:52 pm

    လုပ်တဲ့လူတွေကလည်းနော် ကြံကြံဖန်ဖန်ကို လုပ်ထားတယ် …….. မနောလိုပဲ တို့အမေလည်းကြုံဖူးတယ်

  • alinsett

    August 2, 2011 at 3:55 pm

    အင်း …မြန်မာနိုင်ငံမှာ အတုလုပ်သူ တော်တော် ပေါတာပဲ။ တော်တော်လည်း လုပ်န်ိင်ပါပေတယ် ။
    အစစ်နဲ ့တူလောက်အောင်ကို လုပ်နိုင်နေမှတော့ အစစ်ပဲ လုပ်ကြပါတော့လား လို ့ပြောချင်လိုက်တာ။
    သတင်းပေးတာကို သိပ်ကျေးဇုူးတင်ပါတယ်…မနောဖြူလေး..ေ၇။

  • နွယ်ပင်

    August 2, 2011 at 4:07 pm

    အတုလုပ်တဲ့ သူတွေကတော့ ကြံဖန်ဖန်နဲ့တွေးပြီး တူအောင်လဲ လုပ်တက်ကြပါတယ်
    ဒီလိုအတွေးနဲ့ စဉ်းစားပုံကို အကျိုးရှိမယ့် နေရာမှာ ဘာလို့ အသုံးမချကြပါလိ်မ့် 🙁

  • asarpokelay

    August 2, 2011 at 4:23 pm

    ဟုတ်တယ် မမရေ သမီးလဲ ကြုံဘူးတယ် စံပယ်ပင်ဝယ်တာလေ အပွင့်ကို သွားကြားထိုးတံ နဲ့ ထိုးထားတာ ဆိုးပါ့ သစ်ခွဆိုလဲ အဲလိုပဲ ခံရပေါင်းများလို့ မြေပဒေသာကျွန်းမှာပဲဝယ်တော့တယ်….

  • usnczn

    August 2, 2011 at 4:26 pm

    အစစ်မှန်းသေချာအောင် နှုတ်ကြည့်ဘို့ကလဲ
    အပင်သေမှာစိုးရသေးတယ်..
    ကြံကြံဖန်ဖန်လိမ်တဲ့သူတွေ
    ကမ ္ဘာ့အလိမ်ပြိုင်ပွဲ ရှိလို့ကတော့ ပို့ပြီးပြိုင်ခိုင်းဘို့ကောင်းတယ်….း)။

  • phantom

    August 2, 2011 at 4:29 pm

    ကျွန်တော့်ညီမတော့ တစ်ခါအလိမ်ခံရတာ သူတို့ သူုငယ်ချင်းတွေ ခရီးစုသွားကြတယ် ပုဂံရောက်တော့ သနပ်ခါးတွေတအားကောင်းတယ် အပွေးတွေ အခေါက်တွေကလည်း ထူမှထူဆိုပြီး ဝယ်ချလာတာ သေချာလည်းမကြည့်ဘူး အိမ်ရောက်တော့မှ နင့်သနပ်ခါးက ထူလှချည်လား ဟုတ်လို့လားဆိုပြီး သေချာကြည့်တော့မှ ဘယ်ဟုတ်မလဲ အပွေးအကြေတွေကို ကော်နဲ့ကပ်ထားတာ တကယ့်ကို အပင်ပန်းခံပြီး ဘုရားမှာ ငရဲရှာတဲ့သူတွေပဲ သနပ်ခါးကဈေးကလဲကြီးသေး ပြန်ပြောရအောင်ကလဲ သူတို့ကအလည်တွေ ပြန်မလာလောက်တဲ့ ဧည့်သည်နဲ့ နားမလည်တဲ့ လူတွေကို လိမ်ရောင်းကြတာ

  • ဆူး

    August 2, 2011 at 11:58 pm

    ပုံမှာ ပြထားတဲ့ ထင်းရှူးပဒေသာ အပင်က အကိုင်းစစ်စစ်ပါ။
    ဘယ်လိုမှ မရှင်သန်နိုင်ပါဘူး မြေကြီးထဲ စို်က်ထားရင် တော်တော် နဲ့တော့ မညိုးသေးဘူး ချက်ချင် မသိဘူး။

  • kai

    August 3, 2011 at 3:18 am

    တိုးရစ်တယောက်ယောက်…ခံလို်က်ရပြီး.. ဟိုက..သူ့နိုင်ငံက… မီဒီယာကိုပို့လိုက်ရင်.. မြန်မာတပြည်လုံး.. သံသယတွေရပြီး… ခံလိုက်ရရော…။
    တိုရစ်ဇင်က… နစ်နာငွေ.. သိန်းသန်းချီသွားနိုင်တယ်..။

    ဆိုတေ့ာ..
    အဲဒီဈေးသည်ကို..ငရဲတို့.. သူ့ကံနဲ့သူ..သူခံရမှာတို့..မလုပ်ကြပဲ..ဆိုင်ရာအာဏာပိုင်တွေက.. ထောင်ထဲထည့်ဖို့ကြိုးစားသင့်ပါကြောင်း..
    (Good Citizen တွေကလည်း.. အနည်းဆုံးတော့ ..အခုလို ..အဖြစ်ကိုစာရေးတင်နိုင်ကြောင်း…နဲ့ နောက်ဆို ..နေရာတိတိကျကျရေးစေလိုကြောင်း…) 🙂

  • ကြောင်ကြီး

    August 3, 2011 at 7:51 am

    လူအတု
    ရွာအတု
    သဂျီးအတု
    ပစ္စည်းအတု
    စိတ်ဓာတ်အတု
    အဘိဓမ္မာဆရာပုလည်းအတု
    အတုကမာ္ဘကြီးထဲမှာ
    ေဩာ်..သေသော်မှကောင်းတည့်။ 😥

  • good

    August 3, 2011 at 11:49 am

    ကိုကြောင်ကြီး က သေသော်မှ ကောင်းတည့် တဲ့၊
    မီးမြိုက် ပြီး အရက် နှင့် မြည်း ချင်သူ များ စာရင်း ပေးကြပါ။
    အရိုးပါ ကျွတ်ကျွတ်ဝါးမည့် သူ အား ဦးစားပေးမည်။

  • manawphyulay

    August 3, 2011 at 11:54 am

    ဦးကြောင်ကြီးအတုက သေချင်တာဖြစ်နေဦးမယ်နော် သတိလည်းထားဦး…. 😛

  • moethidasoe

    August 4, 2011 at 11:25 am

    ဒါမျိုးတွေက နည်းအမျိုးမျိုးနဲ့ လုပ်ထားတာ .. အပင်ပု ကိစ္စက ပို စိတ်ဝင်စားကြလို့ ပိုလုပ်ကြတယ် ..
    အထူးအဆန်း ကြိုက်တဲ့လူတိုင်း အလိမ်ခံရတာချည်းပဲလေ ..

Leave a Reply