ဟိုးအရင်က ပညာအရည်အချင်းတွေ၊ ကျွမ်းကျင်မှုတွေ ရှိရင် အလုပ်ကောင်းတွေ ရကြပါတယ်.. ဒါပေမယ့်အခုအခါမှာတော့ အရင်ကလိုမဟုတ်တော့ပါဘူး.. အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်း လိုချင်တယ်ဆိုရင်တော့ အဆက်အသွယ်ကောင်းရှိဖို့လိုအပ်ပါတယ်.. အဆက်သွယ်ကောင်းဆိုတာက ရုံးအရာရှိတွေ အရေးပါတဲ့သူတွေကို နဲ့ဆက်သွယ်မှုတွေကိုပြောတာပါ နောက်တစ်ခုက ပိုက်ဆံပုံပြီး အလုပ်ကောင်းကိုရှာတာပါ ဥပမာ ရာထူးကြီးကြီးလိုအပ်တယ်ဆိုရင် ပိုက်ဆံပုံပေးလိုက်တာနဲ့ အလိုလျောက်ရသွားတာပါပဲ တက်ကျွမ်းဖို့မလိုတော့ပါဘူး အလုပ်ရောက်မှသာ အလုပ်ကသင်ပေးသွားခြင်းဖြစ်ကြပါတယ် ဒါကြောင့်မို့လည်း အရမ်းကျွမ်းကျင်တဲ့သူတွေက မြန်မာနိုင်ငံမှာ မရှိကြပဲ နိုင်ငံခြားမှာသာ သွားလုပ်ကြပါတော့တယ် ဒီမှာက ပညာတတ်ကျွမ်းသော်လည်း အလုပ်မရကြပါဘူး .. ရည်ညွှန်းချင်တာကတော့ ၀န်ထမ်းတွေ အလုပ်လုပ်မယ်ဆိုရင်တော့ အဆက်အသွယ်ကောင်းကို သာရှာကြပါ.. အကယ်လို့အဆက်အသွယ်ကောင်းမတွေ့ အလုပ်ကောင်းမရဆိုရင်တော့ နိုင်ငံခြား မှာသာ ၃ နှစ်တန်သည် အလုပ်လုပ်ပြီးမှ ဒီမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ကြပါလို့ ကျွန်တော့်အမြင်ကိုပြောပြ လိုပါတယ်… လိုအပ်တာများရှိရင် ဝေဖန်အကြံပေးနိုင်ပါတယ်

About zawthulay

has written 5 post in this Website..