အဆန်းလေးတွေ ပြချင်လွန်းလို့ ….. Shuuuuuuu တိုးတိုး ကူးလာတာ

etoneAugust 2, 20113min17519

 

 

 

ဘယ်ဆိုက်ထဲကလည်းတော့ မသိဘူး …group mail ဝင်လာလို့ ကြည့်လိုက်တာ … ဆန်းသစ်ပြီး ချစ်စရာကောင်းတဲ့ ကားမှတ်တိုင်လေးတွေ တွေ့တော့တာပါပဲ … ဒါနဲ့ … မေးလ်ထဲမှာ မမြင်ရသေးတဲ့ ရွာသူ၊ ရွာသားတွေလည်း မြင်ရအောင် တင်ပေးလိုက်ပါတယ် … ။ ကော်နက်ရှင်လေးကလည်း နည်းနည် ဖလန်းဖလန်းထနေတာနဲ့ …. ပုံတွေ အများကြီးတင်ဖို့ အခြေနေပေးတာကြောင့် …. ကူးပေးလိုက်တယ် … ။ တို့ရွာထဲက ကားမှတ်တိုင်မှာလည်း … အဲ့ဒါမျိုးဒီဇိုင်းလှလှပပလေးတွေ ထားလျှင် သိပ်ကောင်းမှာပဲ … ။:P

ဒီမှာရှိတဲ့ ကားမှတ်တိုင်တွေမှာ တချို့   ကုမ္ပဏီတွေကစပွန်ဆာပေးပြီး တပ်ထားတဲ့ ကော်ခုံတွေတောင် ချိုးပဲ့ ခွာယူနေတာ … သူများနိုင်ငံကလို လှတပတလေး ဖြစ်ဖို့မပြောနဲ့ … အင်္ဂါစုံစိ မြင်ရလျှင်တောင် ကံကောင်း 😛 😛 😛

19 comments

  • redbull

    August 2, 2011 at 1:48 pm

    မမ etone ကတော့ ရှာဖွေစုဆောင်း သဋ္ဌေးလောင်း ပါပဲ
    ဖရဲသီးပုံ ကားမှတ်တိုင်လေးထဲက အအေးပုလင်း လေးက သောက်လက်စလား ဟင် 😀

  • pan pan

    August 2, 2011 at 1:57 pm

    ဒီမှာသာ အဲလိုဆို ဘတ်စ်ကားစီးသူတွေတော့ ထိုင်ရမှာမဟုတ်ဘူး
    လူနေဖို့၊ ဈေးရောင်းဖို့ဖြစ်သွားမယ် 🙁

  • Mee2

    August 2, 2011 at 1:57 pm

    စတော်ဘယ်ရီအိမ်လေး ကိုကြိ ုက်တယ်နော်။ရန်ကုန်မှာဆို အိမ်သုံးဆိုပြီး မရွှေ ့သွားကြမယ်ထင်တယ်နော်။လမ်းဘေးက မှတ်တိုင်က ကျွန်မတို ့ဆီက အိမ်ထက်ကောင်းနေတာကိုက ဟွန် ့

  • zawthulay

    August 2, 2011 at 2:24 pm

    ပုံလေးတွေကအဆန်းလေးတွေပဲနော်.. မမြင်ဘူးဖူး အခုမှပဲမြင်ဖူးတယ်.. ကျေးဇူးပါဘဲ အဆန်းလေးတွေတင်ပေးလို့. .. အဲလိုပုံတွေ မြန်မာပြည်မှာ လုပ်ဖို့လည်းစိတ်ကူးရှိကြမယ်မထင်ပါဘူး ဘာလို့ဆိုတော့ လူတွေရဲ့စည်းကမ်းကိုကြောက်လို့ထင်တယ်နော်

  • pannu

    August 2, 2011 at 2:34 pm

    ကျနော် တော့ ဖရဲသီး မှတ်တိုင်လေး ကြိုက်တယ်

  • photwenty

    August 2, 2011 at 2:42 pm

    ဟွန်း သူတို.ကူးတော. ကောင်းတယ်:(

    • etone

      August 2, 2011 at 3:11 pm

      ရော်…… ဖိနပ်ဆိုက်ကြီး ဂိတ်ဆုံးပဲစီးတာ … 😛 😛 ခြေရာတိုင်းချင်ပါပကောလား .. ။ ဌဲဌဲ ဌဲဌဲ 🙄
      သူများလို Ctrl+c နဲ့ Ctrl+vချည်း သုံးပြီး ကူးထားတာမဟုတ်ဘူး … ။ ပုံဆယ်ပုံကျော် ကို တပုံချင်းစီ ဆိုက်ပေါ်တင်ပြီး … အင်းဆက်လုပ်ထားရတာ … ။ ဝါသနာပါလျှင် အဲ့လို ပို့စ်လေးတွေ တင်ပေးလေ။ …အဲ… copy/paste ဆိုလျှင်တော့ … ပွိုင့်မရဘူးလို့ ပြေတာ ကြားဖူးဒယ် … 😛 😛 😛

    • နွယ်ပင်

      August 2, 2011 at 3:23 pm

      ကူးတော့ ကူးတယ်လေ အပေါ်မှာ Copy/Paste လဲ လုပ်ထားတယ်လေ …

  • yaungchikha

    August 2, 2011 at 3:04 pm

    ချစ်စရာလေးတွေနော် အခုလို အဆန်းလေးတွေတင်ပေးလို့ မ etone ကိုကျေးဇူးတင်ပါတယ်

  • alinsett

    August 2, 2011 at 3:40 pm

    ကိုယ်ကတော့ ဖရဲသီးကြိုက်တဲ ့သူဆိုတော့ ဖရဲ သီးမှတ်တိုင်ကို သဘောကျတယ် ။တစ်ခုပဲ…..အဲဒီ ဖရဲသီးက စားလို ့မရတော့…………….. ဝင်ထိုင်မိရင် ဖရဲသီးစားချင်စိတ်တွေ ပေါက်လာ…ဖရဲသီးက စာလို ့မရ..နဲ ့ ကိုယ်တော့ စိတ်ညစ်မိမယ်။

  • manawphyulay

    August 2, 2011 at 5:10 pm

    ရန်ကုန်ဈေးသည်များအတွက် လုပ်ပေးဖို့ တင်ပြနေတာလား ညီမလေး….. အဲလိုသာဆို ကားဂိတ်မဟုတ်ပဲ ဈေးရောင်းတဲ့သူကတောင် အိမ်လုပ်နေမယ့်ပုံပဲနော်…

  • ဆူး

    August 2, 2011 at 10:32 pm

    အဲဒီ မှတ်တိုင်လေးတွေ ထားပေးထားရင် လူတွေ တက်နေမလားပဲ..

  • unclegyi1974

    August 2, 2011 at 11:13 pm

    စိတ်ကုူကောင်းလေးတွေပါ
    မြန်မာနဲ့တော့နဲနဲအလှမ်းဝေးသေးသလားလို့
    ဒါပေသိမဝေးချင်ရင်လည်းခဏပဲလေ

  • blackprince72

    August 2, 2011 at 11:53 pm

    ထား ချင်တယ် ။ဒါပေမယ့် ကြောက်တယ် တို့မြန်မာကို း×

  • intro

    August 3, 2011 at 10:07 am

    ရန်ကုန်မှာသာ ဆောက်ပေးရင် သိတ်မကြာခင် ကွမ်းတံတွေးရောင် ပေါက်လာလိမ့်မယ်…

  • kit kit

    August 3, 2011 at 10:18 am

    ဖရဲသီးမှတ်တိုင်နဲ့ စတော်ဘယ်ရီသီးမှတ်တိုင်ကို သဘောကျတယ်။ ချစ်စရာလေးတွေ။ ကျေးဇူးပါပဲ မမetone ရေ..

  • usnczn

    August 3, 2011 at 10:27 am

    မဖြစ်ဘူးမထင်နဲ့…
    ဖြစ်တာမဖြစ်တာအပထား..
    ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစား…
    ထူးထူးဆန်းဆန်းဆို လုပ်ရင်ဖြစ်မယ်လို့
    ထင်တိုင်းကြဲ တဲ့ ကောင်တွေဆီ ဒီ ဒီဇိုင်းရောက်သွားရင်..
    ပေါက်ကရလျှောက်လုပ်ကြအုံးမှာ..ဟဲဟဲ။

  • asarpokelay

    August 3, 2011 at 11:17 am

    ညီမလေးက Auto CAD တွေလုပ်နေတာဆိုတော့ Design ဆန်းဆန်းလေးတွေဆိုသိပ်သဘောကျတယ်
    ခုလိုကြည့်ရတာ ကောင်းပါတယ် ma ma e tone ရေ…..

  • MOEPWINTPHYU

    August 3, 2011 at 2:07 pm

    လှလိုကူသွားပြီ

Leave a Reply