သူငယ်ချင်းကောင်း

manawphyulayMay 8, 20101min931

သူငယ်ချင်းရေ…
ကြုံဆုံလာကြ ဒီဘဝ
ရေစက်ဆုံစဉ် တစ်ခဏ
နင်နဲ့ငါဟာ ချိန်ခါရက်ညောင်း
နှစ် လ ဟောင်းက အကြောင်းမလျော်
ကွဲကြသော်မှ မတော်တဆ
ကံပစ်ချ၍ နင်က နိုင်ငံခြားရောက်
ငါက ငါ့မြို့လေးတွင်ရှိခဲ့ရင်လဲ
တစ်ချိန် တစ်ကွေ့
ဘဝတစ်ကွေ့မှာ
ကံကြမ္မာ အလှည့်အပြောင်းကြောင့်
မတူညီတဲ့ မျဉ်းပြိုင်နှစ်ကြောင်း
လျှောက်ခဲ့ရင်လဲ
ငါနဲ့ ကြုံစဉ် မကြည်မျက်နှာ
ဒေါမာန်နဲ့ကြည့် အထက်စီးဖြင့်
မကြည့်လေဟု
ငါ မျှော်မှန်းသည် သူငယ်ချင်း…

One comment

  • Alinsett @ Maung Thura

    May 7, 2015 at 1:25 pm

    သူငယ်ချင်း စစ်စစ်တွေက….
    အဲ့သလို ဖြစ်ပါဆိုရင်တောင် မဖြစ်ဘူးထင်ရဲ့…

Leave a Reply