ဘယ်သူ.. ပိုချစ်ခဲ ့သလဲ…? မင်း…ဖြေ….

alinsettAugust 2, 20111min1576

အဲဒီလိုနဲ ့ပဲ.. ငါတို ့ဝေးကြရတော့မယ်..ကွယ်..။
စက္ကူ ပန်းလို ရနံ ့ မရှိမှတော့… ငါ့ဘဝက လှပတယ်လို ့ မဆိုနိုင်ပါဘူးဟာ..။

နင့်ကိုငါ..ချစ်ခဲ ့တယ်။ ဆက်လည်းချစ်သွားဦ်းမယ်။ နင်လည်း..ငါ့ကို ချစ်နေတာပဲ..ဆိုတာ..ငါသိနေတယ်။
ငါက ယောကျင်္ားလေးမို ့ ချစ်တာကိုချစ်တယ် ..လို ့ပြောရဲ ခဲ ့ပေမယ့်
နင်ကတော့…… အစဉ်အလာတွေ..နဲ ့ ထုံးစံ ..ဆိုတာတွေကို ကြောက်…ပြီး….။
ထားပါတော့..ဟာ..။
နင် ငါ့ကိုချစ်နေတယ် ဆိုတာကို ဖော်ပြနေတဲ ့ စကားအဓိပ္ဂာယ်တွေ။။။………..အမူအယာကလေးတွေ
. ပြီးတော့..နင် ရေး… ပို ့နေကျ.. မေးလ်တွေ.။ကဗျာတိုလေးတွေ…….ငါ…နားလည်နိုင်ပါတယ်..ဟာ။

ပတ်ဝန်းကျင်ကိုကြောက်လို ့ ဝေးခဲ ့ရတဲ ့ ချစ်သူတွေ….
ဘယ်လောက်များနေပြီလဲ…။
ကန် ့သတ်ချက်နဲ ့ ထုံးတမ်းစဉ်လာတွေကို မလွန်ဆန်ရဲတဲ ့
မိန်းကလေးတွေရဲ ့ အချစ်ကြောင့် လူငယ်တွေ..ဘယ်လောက်များ..အသည်းကွဲ
ခဲ ့ဖူးပြီလဲ…..။

အသည်းကွဲတယ်..ဆိုတာ… လူပြောသူပြောများနေလို ့…
ရယ်စရာ တစ်ခုများ ဖြစ်နေပြီလား..။ ဒါပေမယ့် ရင်ထဲမှာ ထိရှသွား့တဲ ့..
သွေးမဲ့ ဒဏ်ရာ..ပါ။
ဘာနဲ ့မှ မတူအောင်….နာကျင်ရပါတယ်ဟာ..။ြပြီးတော့…ဘယ်တော့မှ လည်း ကျက်မသွားတော့တဲ ့ ဒဏ်ရာလေ..။

နင်ကတော့ အသည်းကွဲနေတဲ ့ ယောကျင်္ားတစ်ယောက်ရဲ ့ ခံစားချက်ကို ဘယ်နားလည်နိုင်ပါ့မလဲ..။

ခရေပင်ရိပ်အောက်က အရက်ဆိုင်အိုကလေး
ထဲမှာ…စိုင်းထီးဆိုင်ရဲ ့…သီချင်းတစ်ပုဒ်ကို ညည်းဆိုရင်း….၊ နာကျင်ရလွန်းလို ့
စူးခနဲ..အောင့်တက်လာတဲ ့…. ဘယ်ဘက်ရင်အုံ ကို လက်နဲ ့ဖိ…..တောက်တစ်ချက်ပြီး
တစ်ချက်.. ခပ်ပြင်းပြင်းခေါက်ရင်း…. ၊
အချစ်ဆိုတာ….လက်သည်းချွန်တွေနဲ ့ ဖဲ ့ယူ ချေ မွှ တတ်တဲ ့ သရဲ တစ်ကောင်လိုပဲ….. ဘာ..ညာ ဆိုပြီး….ကဗျာတွေ စပ်ရင်း…….။
အချိန်တိုင်းမှာ နင့်ကို ပဲ လွမ်းဆွတ်နေမိပြီ..ချစ်သူ..။

ကွယ်………..၊။ အလွမ်းဆိုတာ…. အဝေးကို ထပြန် သွားတတ်တဲ ့ ငှက်ကလေးတစ်ကောင် သာ ဖြစ်လိုက်ပါတော့ကွယ် ။

လွမ်း ပိုင်ခွင့် မရှိဘူး..ဆိုရင်တောင်…. (လွမ်းရင်းနဲ ့ သေသွား
မယ် ဆိုရင်တောင်..) မလွမ်း ချင်ယောင်ဆောင်ပြီး….. ငါ…. ငါ……
ဆက်လွမ်းနေဦးမယ် ချစ်သူလေးရယ်….။ ငါလေ…ငါ ..ငါ နင့်က်ု……………။

ငါ့ လို..အရှုံးသမားအတွက်တော့….အလွမ်းဆိုတာ….
သိမ်းထားချင်စရာလည်း..ကောင်းပါတယ်။

ဒီကမ္ဘာလေကမှာ နင် ့ကို နက်နက်ရှိုင်းရှိုင်း…..ချစ်ခဲ ့တဲ ့.
(ဆက်လည်း ချစ်သွားမယ် ့..) လူငယ်တစ်ယောက် အကြောင်းကို နင် တစ်စက္ကန် ့
လောက်ပဲဖြစ်ဖြစ် နင်သတိရပါ။ ဒါဆို ငါ…. သေပျော်ခွင့်လေး….ရပါပြီဟာ…..။ နင့်ကို ချစ်ရင်း…လွမ်းရင်းး…. ထပ်ချစ်ရင်း…ထပ်လွမ်းရင်း..နဲ ့ပဲ..
ငါသေတဲ ့ထိ….. နင့်အတွက် ဖြစ်တည်နေမယ်..။ ယုံပါ။

သေချာတာလေးတစ်ခုကတော့…. “”” အချစ်မှာ
သတ္တိရှိဖို ့ လိုတယ်…..””” လို ့ ……..
ဟောဒီ တစ်လောက လုံး သိအောင်……
ငါ..အော်ဟစ်မြည်တမ်းနေဦးမယ်…ဆိုတာပါပဲ။

( ပန်းကလေးတစ်ပွင့်..သို ့….)

လေးစားစွာဖြင် ့

အလင်းဆက်

2.8.2011

6 comments

  • နွယ်ပင်

    August 2, 2011 at 4:36 pm

    အလွမ်းဆိုတာ ခံစားဖူးတဲ့ သူတိုင်းအတွက်တော့ မလိုချင်ဆုံးဆုလာဒ်ကြီးပါပဲ
    တစ်ခါတစ်လေမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုဦးစားပေးလိုက်ရတဲ့အခါ …..
    မလိုချင်တဲ့ အရာတွေကို လက်ခံလိုက်ရတာ သဘာဝတစ်ခုလိုပါပဲ ……………

    • pan pan

      August 2, 2011 at 5:02 pm

      ဘဝဆိုတာ တိုတိုလေးပါနော်
      ဘာကိုမှ မလွမ်းချင်ပါဘူး
      ပူလောင်လွန်းလို့
      အစွန်းနှစ်ဖက်လွတ်ချင်တယ်

  • windtalker

    August 2, 2011 at 10:26 pm

    တစ်ကယ်ဆိုရင်
    အချစ်ပဲ လိုတယ်
    ဘာကြောင့် သတိ္တမရှိသလဲ ကွယ် ( ချမ်းချမ်း )

  • forever

    August 3, 2011 at 12:45 pm

    ၂ရက်လောက်ထမင်းမစားရေမသောက်
    အလေးအပေါ.မသွားဘဲ နေကြည်.လိုက်
    အလွမ်းက နောက်ရောက်သွားမယ်
    (ကဗျာဆရာကိုချစ်လို.စတာနော်)

  • naynatthar

    August 7, 2011 at 9:01 pm

    အသည်းကွဲတာများလွန်းလို ့ ကွဲစရာအသည်းတောင်သိပ်မကျန်တော့ဘူး

  • mandalarthu

    August 7, 2011 at 9:55 pm

    Good article and writing!
    I wish you will become a great poet or a philosopher on someday.
    Thanks for sharing.

Leave a Reply