မိတ်ကပ်ခင်စန်းဝင်း+ပြည်စိုးအောင်

moonpoemAugust 2, 20111min16111

လွန်ခဲ့တဲ့ဇူလိုင်လက ရုံးပိတ်ရက်၃ရက်ရလို ့အိမ်ပြန်တော့ ဘာရယ်မဟုတ် သိပ်မကြာခင်မှာ
ကျင်းပတော့မယ့် ရတနာ့ဂူပွဲလုပ်ရာ နတ်နန်းဘက်ကို သွားကြည့်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက အမရပူရမှာနေပေမယ့် နတ်ပွဲလုပ်ရင် အမူးအရူး၊ခါးပိုက်နှိုက်တွေပေါတာက တစ်ကြောင်း၊
အိမ်ကလည်း နတ်ကိုးကွယ်တာ မဟုတ်လေတော့ တစ်ခါမှ မရောက်ဖြစ်ပါဘူး။
ဒါပေမယ့် ခရီးသွားလားရေးကုမ္ပဏီမှာ အလုပ်လုပ်တော့ နိုင်ငံခြားသားတွေက နတ်ပွဲတွေဘာတွေ သိချင်တာတွေ ရှိရင်
ကျွန်မမှာ အမရပူရသူဖြစ်ပြီး ဘာမှပြန်မပြောနိုင်လေတော့ အခုတစ်ခေါက်တော့ သေသေချာချာ
နတ်နန်းတွေ၊ နတ်ပွဲကျင်းပတာတွေကို သေသေချာချာ နတ်နန်းထိန်းတွေကိုမေး ၊ ဓာတ်ပုံရိုက်ပြီး
ယူလာခဲ့တယ်။ ထားပါတော့ ကျွန်မအဓိက ပြောချင်တာက အဲဒီမှာ နတ်နန်းမှာ အလှူရှင်ဆိုပြီး
ကမ္ဗည်းထိုးထားတွေကိုပါ ဖတ်လိုက်တဲ့အချိန်ပါပဲ။ နတ်နန်းအတွင်းတံခါး အလှူရှင်က
မိတ်ကပ်ခင်စန်းဝင်း+ပြည်စိုးအောင်၊ အပြင်သံပန်းတံခါးအလှူရှင်က မိတ်ကပ်ပွင့်+ကိုကိုအောင်တဲ့လေ။ အဲဒါနဲ ့ဆက်ဖတ်တော့ မိတ်ကပ်ဖန်တီးရှင်+?တွေက လှူတာပိုများလို ့စိတ်ဝင်စားပြီး နတ်နန်းထိန်းကိုမေးကြည့်ပါတယ်။
ရတနာ့ဂူ ပွဲ လူအစည်ဆုံးနေ ့က ချိုးရေတော်သုံးတဲ့နေ ့နဲ ့မိတ်ကပ်ခင်စန်းဝင်း တက်ပွဲပေးတဲ့နေ ့ပဲတဲ့။
မနှစ်ကလည်း တက်ပွဲပေးပြီး ငွေသိန်းနှစ်ဆယ် ပိုက်ဆံကြဲသွားတယ်တဲ့။ နှစ်တိုင်းကျဲမှန်းသိတော့
သူတက်ပွဲ က အစည်ဆုံးပဲတဲ့။ တက်ပွဲပေးတယ်ဆိုတာ ကိုယ့်ရည်မှန်းချက်တွေ အောင်မြင်လို ့နတ်ကို အဆိုတွေ စားဖွယ်သောက်ဖွယ်တွေနဲ ့နတ်ကတော်ငှားပြီး ကကြဆိုကြတာကို ပြောတာပါ။

တက်ပွဲပေးရင် ဈေးအကြီးဆုံး အချိန်က ည၉နာရီဖြစ်ပါတယ်။ နေ့လည်ဘက်တက်ပွဲပေးတဲ့ အခြောက်က ငွေသိ်ပ်မရှိတဲ့ သူ ပါ။ အရင်တုန်းကတော့ နတ်ကတော်ဆိုတာ မိန်းမတွေ လုပ်တာများတယ်လို ့ ကျွန်မကြားဘူးပါတယ်။ နတ်နဲ ့လက်ထပ်ပွဲတို ့၊ နတ်နဲ ့ယူပြီးရင် ယောက်ျားယူလို ့မရတာတို ့၊ မုဆိုးမတွေ နတ်ကတော်လုပ်တာတို ့ပေါ့။ ဒီခေတ်မှာတော့ နတ်ကတော်ကမိန်းမထက်အခြောက်တွေပိုများလာပါတယ်။ နတ်နဲ ့လက်ထပ်ရင် လက်ထပ်ခံရတဲ့နတ်တော့ စိတ်ဆင်းရဲရှာမှာပဲလို ့တွေးမိပါတယ်။ အငွေ ့ပဲရှူရတယ်ဆိုပေမယ့်
ရှူရတဲ့ အငွေ ့ကအခြောက်ငွေ ့ဆိုတော့ သူ ့ခမျာ သနားစရာ။
(အားနေလို ့ဘာရယ်မဟုတ် တွေးမိတာလေးတွေ ရေးတာပါ။)

11 comments

  • king

    August 2, 2011 at 3:53 pm

    အဲဒီမှာလေ ကမ္ဗည်းထိုးတော့ ဘာလို့ ယောကျင်္ားက အရှေ့ကမနေဘဲ မိန်းမအဖြစ်ခံယူထားသူ အခြောက်တွေကို ရှေ့ကဘာလို့ ရေးတာလဲမသိ

    • pan pan

      August 2, 2011 at 4:59 pm

      သူတို့က အိမ်ထောင်ဦးစီးတာဝန်ယူလို့လားမသိ
      နို့မဟုတ်ရင် နာမည်ပိုကြီးလို့နေမှာပေ့ါ

  • moonpoem

    August 2, 2011 at 3:54 pm

    ဪလုပ်ကျွေးတဲ့ အိမ်ထောင်ဦးစီးဆိုတာ ရှေ ့ကနေရမယ်လေ ဟုတ်ဘူးလား။

  • usnczn

    August 2, 2011 at 4:17 pm

    ဪ…နတ်တွေလဲ အစစ်ရှားလာလို့လား?
    အခြင်လောက်ပေါ့…. အခြောက်လင် ဖြစ်ရရှာတယ်….
    သနားစရာ ..သွတ်သွတ်…သွပ်…

    • king

      August 2, 2011 at 4:35 pm

      ဒါဆိုရင် ကျိန်းသေပြီ တရုတ်က ပြောင်းလာတဲ့ နတ်ဖြစ်ရမယ် … 😛

  • manawphyulay

    August 2, 2011 at 5:05 pm

    အရင်တုန်းထဲက နတ်ကတော်က အခြောက်တွေလုပ်တာ ဟုတ်ဝူးလား… ခုက နတ်တွေလုပ်ရတာ သိပ်အဆင်မပြေတော့ဘူးကြားတယ်….

  • kai

    August 3, 2011 at 5:09 am

    ကဗျည်းစာကို..ဓါတ်ပုံလေးပါရိုက်တင်ပေးလိုက်ရင်.. ကောင်းမယ်..။

    … မိတ်ကပ်ပြင်တဲ့..ဂေးတွေက.. မိန်းမတွေထိကိုင်ရာမှာ.. အဆင်ပြေ..စိတ်ချရအောင်… ဂေးအဖြစ်ပြတာတို့..
    နတ်ကတော်ဆိုရာမှာလည်း.. မိန်းမအလုပ်ပြတာတို့..မဖြစ်နိုင်ဘူးလား..။ 🙂

    • PEACEMAKER

      August 3, 2011 at 7:22 am

      တစ်ခြားအခြောက်တော့မသိဘူး။ မကြီးစန်း(ခင်စန်းဝင်း)ကတော့ သာမန်အခြောက်ဆိုတာထက်ကို ပိုတယ်။ လိင်တောင် ပြောင်းထားတယ်လို့တောင် ပြောနေကြတယ်။ ပြီးတော့ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်ဆိုတဲ့ အခြောက်မျိုး။ သစ်စာရှိတယ်။ ပြည်စိုးအောင်တစ်ယောက်ထဲကိုပဲ။

      • ကြောင်ကြီး

        August 3, 2011 at 7:29 am

        သဟာဆို ကြောင်ကြီးက ပိမိတ်ကာကို ဖိချင်တယ်ကွယ်… 😳

        • PEACEMAKER

          August 3, 2011 at 8:16 am

          နားမလည်ဘူး အစ်ကိုကြောင်ကြီးရေ။

  • thureinmaung

    August 3, 2011 at 10:27 am

    မိတ်ကပ်ခင်စန်းကပြည်စိုးအောင်နဲ့ပါတ်သက်လို့ပြောတာကိုကြားဖူးတယ်
    အယင်ကတော့အားကိုးရမလားဆိုပြီးမောင်လေးပေါ့နော်–တဲ့
    အခုတော့လည်း ညီမလေးဖြစ်သွားပါပြီ—တဲ့
    ဟဲဟဲဟဲ…..

Leave a Reply