သင်ကော ဘယ်လိုလူမျိုးဖြစ်သလဲ

manawphyulayAugust 2, 20111min20425

*** လူတစ်ယောက်ကို ကံကောင်းစေတဲ့စိတ်ဆိုတာ စိတ်ကို ကောင်းအောင် ကြိုးစားချင်တဲ့စိတ်ပါပဲ။

*** မိမိအရည်အချင်းကို အသုံးမပြုဘဲ ထားချင်သောစိတ်သည် အပြင်ရန်သူထက် ပို၍ ကြောက်မက်ဖွယ်ကောင်း၏။

*** သင်လိုချင်သော်လည်း အလွယ်တကူမရနိုင်သည်မှာ ပျော်ရွှင်ခြင်းဖြစ်၏။ သင်မလိုချင်သော်လည်း အလွယ်တကူရနိုင်သောအရာမှာ ဝမ်းနည်းခြင်းပင် ဖြစ်သည်။

*** အနာဂတ်ကာလ၏ လျောက်ရမယ့်လမ်းကို အကောင်းဆုံးထုဆစ်ပေးနိုင်သူမှာ အတိတ်ဘဝ၌ ကျန်ခဲ့သော မှားယွင်းမှုများပင် ဖြစ်သည်။ :e

***ပျားရည်လို ချိုမြိန်သော အချစ်၊ ပန်းတစ်ပွင့်လို လှပသောဘဝ ထိုနှစ်ခုကို ဆုံစည်းဖို့ နှလုံးသားကို လမ်းခင်းပေးပါ။

****ကံကောင်းချင်သူများကတော့ သူတို့ ရွေးချယ်ထားသောအလုပ်ကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းအောင် လုပ်ကြတယ်။ ကံမကောင်းသူများကတော့ အလုပ်တစ်ခုမှတစ်ခုသို့ အလွယ်တကူ ပြောင်းလဲလေ့ရှိကြသည်။

စာဖတ်သူကော ဘယ်ထဲမှာ ပါဝင်နေသလဲဟင်….

ဒါလေးတွေ ဖတ်ဖြစ်ခဲ့မယ်ဆိုရင်တော့ တစ်ခုခုတော့ ပြောပြပေးခဲ့ပါနော်……

 

 

ရေးသားသူ – မနောဖြူလေး

25 comments

  • asarpokelay

    August 2, 2011 at 4:43 pm

    အဲဒီ့မှာတခုမှားနေတယ်လို့တော့ထင်တယ်နော် မမ
    လူဆိုတာ ကိုယ့်တိုးတတ်ရာ တိုးတတ်ကြောင်းရှာဖို့ လမ်းသစ်ဆိုတာဖောက်ရတာပဲလေ
    နေရာတခုမှာတည်မြဲနေရင်တော့ဘယ်တိုးတတ်မှာလဲ
    နေရာတခုမှာဒါပဲရဒါပဲလုပ် တော့ ဘယ်ကောင်းမှာလဲ ငတုံးတွေဖြစ်ကုန်တော့မှာပေါ့ မမရ…

  • pan pan

    August 2, 2011 at 5:03 pm

    တခါတလေတော့ ကိုယ့်ကိုကိုယ်နားလည်အောင်လုပ်ရတာ အခက်ဆုံးပဲ
    ကိုယ်ဘာကိုလိုချင်တာလဲ ဘာလိုအပ်တာလဲ ဆိုလောက်တော့ သိသင့်တာပဲလေ

  • ogre

    August 2, 2011 at 6:25 pm

    ဘယ်လိုလူဖြစ်မလဲဆိုတာထက်
    ဘယ်လိုလူဖြစ်ခြင်လဲ ဆိုရင်ပိုကောင်းမယ်
    ကျွန်တော်တို့နေ့စဉ် လှုပ်ရှာရုန်းကန်နေတဲ့ အလုပ်တွေတိုင်းမှာ
    ကိုယ်ဘယ်လိုလူဖြစ်ရမယ်ဆိုတဲ့ အတွေးပုံရိပ်တွေနဲ့
    လုပ်ကိုင်နေကြတယ်လို့ထင်တယ်…
    ကိုဖြစ်ချင်တဲ့ လူမျိုးဖြစ်ဖို့ ဘယ်အရာကိုမဆို ထိုးဖေါက်လုပ်ဆောင်ရမှာပဲ။။

  • 007James

    August 2, 2011 at 9:05 pm

    မြန်မာစကားပုံရှိတယ်လေ။ တရွာမပြောင်းသူကောင်းမဖြစ်။ သေချင်တဲ့ကျားတောပြောင်း တဲ့။လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်တယ်လို့ထင်တယ်။

  • maythakhin

    August 2, 2011 at 10:49 pm

    “ ကံကောင်းချင်သူများကတော့ သူတို့ ရွေးချယ်ထားသောအလုပ်ကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းအောင် လုပ်ကြတယ်။ ”
    အမှန်ကတော့ ကံကောင်းချင်လို့ အလုပ်ကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းအောင် လုပ်ကြတာတော့မဟုတ်ဘူးလို့ထင်တယ်။ အလုပ်ကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းအောင် လုပ်ကြ တာကတော့ လက်ရှိရောက်နေတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်နေကြတာလို့ ပဲ မေကတော့ သတ်မှတ်တယ်။ မေလည်း ဒီအတိုင်းပဲ လက်ရှိရောက်နေတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားလုုပ်တယ်။

    • redbull

      August 2, 2011 at 11:01 pm

      မေ ရေ .. ကံကောင်းအောင် ရွေးချယ်ဖို့တော့လိုမယ်နော်…ရွေးချယ်တာမှားရင်တော့ တဆင့်ဆင့် ဆိုတာ
      စဉ်းစားဖို့ ဝေးနေလိမ့်မယ်…
      အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဆိုရင်တော့…

  • pannu

    August 2, 2011 at 11:07 pm

    ကျော်တော့ လှေသူကြီးပါကွယ်
    ညားတော့ လှေထိုးသား မဖြစ်ဖို့ လိုပါမယ်
    သူဘယ်သူလဲ ငါသိပီ…
    အလှည့်လာတော့မည်..။

  • maythakhin

    August 2, 2011 at 11:09 pm

    ဒါဟာ manawphyulay တင်ထားတဲ့ပိုစ့်နော် ။ နင်တို့သူများတင်ထားတဲ့ ပိုစ့်မှာ ငါလွတ်လပ်စွာရေးထားတာကို မနှောက်ယှက်နဲ့။ ပိုစ့် ပိုင်ရှင်ကို အားနာသင့်ပါတယ်။ အပျက်သဘောနဲ့ မစဉ်းစားကြနဲ့။

    • redbull

      August 3, 2011 at 12:10 am

      ရွေးချယ်မိတဲ့ လမ်းအပေါ်မှာ မူတည်ပါတယ်
      ကံကောင်းမှု ရယ် ကံမကောင်းမှုရယ် ဆိုတာက ကိုယ့်လုပ်ရပ် အမှားအမှန်အပေါ်မှာ အဓိကကျတယ်
      အဲ … လမ်းမှားရောက်နေပီထင်ရင် နောက်ပြန်လှည့်တာ အကောင်းဆုံးပါ..
      ………ပျက်အစဉ် ပြင်ခဏ ပါ..။

    • pannu

      August 3, 2011 at 12:47 am

      လွတ်လပ်ခြင်း ဆိုသည်မှာ လွတ်လပ်စွာသီးသန့်နေကြသော သူများကိုဆိုလိုပါတယ်
      ကံဆိုးမှုများစွာ နဲ့ မလွတ်မလပ်နေခဲ့ကြသူများ အတွက် မှာမူ သုံးစွဲရန်မသင့်တင့်ပါ
      ဘယ်သူမပြု မိမိမှု ပါ .၊
      ကံကောင်းခြင်းများ လူသားတိုင်းအပေါ်ကျရောက်နိုင်ကြပါစေ..၊

  • Mee2

    August 2, 2011 at 11:11 pm

    ကျွန်မတို ့သိကြတဲ့ အတိုင်းပါဘဲလေ။ဟိုအလုပ်လေးကောင်းနိုးနိုးဒီအလုပ်ကလေး ကောင်းမလားနဲ ့ဟိုရွှေ ့ဒီရွှေ ့လုပ်လာလိုက်တာ. ဘာအလုပ်မှမပြီးတော့ပါဘူး။ဘယ်အလုပ်ဘဲလုပ်လုပ်ပါ. အကောင်းအဆိုးအကျို ုးအပြစ်သေချာစဉ်းစားပြီးမှလုပ်သင့် ကူညီသင့်ပါတယ်။မျက်လုံးစုံမှိတ်ပြီး. ငှက်မသိ ဆက်ရက်ဂျိ ုးထင် ကြောင်သူတော်ကြွက်သူခို း၊သူခိုးလမ်းပြမလုပ်မိဖို ့တိုက်တွန်းလိုပါတယ်

  • pannu

    August 2, 2011 at 11:15 pm

    မှန်လိုက်လေ မမီးမီးရေ..မှန်ကန်ပေစွ..
    စေတနာကောင်းမှ ကံကောင်းမယ်လို့ကြားဖူးပါတယ်..

  • ဆူး

    August 2, 2011 at 11:24 pm

    ယခုပင် ငါသေသွားသော်.. ငါတွင် ပိုင်ဆိုင်မှု များများ မရှိသည့် အတွက် ဘယ်သူမှ ဒုတ်ဓါးဆွဲ လုမည် မဟုတ်။
    ထို့ကြောင့် ငါ အပေါ် မှီတည်ပြီး မည်သူ တစ်ဦး တယောက်မှ လောဘ စိတ် ဖြစ်မည် မထင်။
    သို့အတွက်ကြောင့် ငါသေသွားပြီး နောက်ပိုင်း ငါနဲ့ ပတ်သတ်သူများ ငါ့ အတွက်နှင့် အကုသိုလ် မဖြစ်တဲ့ အတွက် ငါ့ တွင် ပိုင်ဆိုင်မှု များများ မရှိခြင်းသည် ထိုလူများ အတွက် ကံကောင်းဖြစ် မည်တည်ပါ၏

  • windtalker

    August 3, 2011 at 12:21 am

    ကြိုးစားတော့ ကြိုးစားနေတာပဲ
    ဖြစ်လာမလား မဖြစ်ဘူးလားတော့
    မသိ
    သို ့ပေသည့် ကြိုးစားရမှာပဲ

  • pannu

    August 3, 2011 at 12:32 am

    ပန်းနု လဲ ဒီလိုပါပဲ မသေခင် အတောအတွင်း ကြိုးစားနေရတာပါပဲ

  • lusoegyikoko

    August 3, 2011 at 8:40 am

    အလုပ်ပြောင်းတာတော့ လွယ်လွယ်နဲ့တော့ အပြစ်ပြောလို့မရဘူး။အဲဒီအလုပ်က တစ်သက်လုံးလုပ်ရင်ဘယ်အထိဖြစ်နိုင်လဲ ရာထူး၊ ငွေကြေး။သင့်ရဲ့ပျော်ရွှင်မှူ ။ဘဝကိုငွေအတွက်ရောင်းစားမှာလား။အများကြီးပါ။လက်ကြောမတင်းလို့ပြောင်းတာနဲ့ ဘဝအတွက်ဘယ်လိုမှအကျိူးမရှိလို့ပြောင်းတာ။မတူပါဘူး။

    • စုံ စုံ

      August 3, 2011 at 10:21 am

      သိပ်မှန်တာပေါ့ lusoegyikoko ရယ်
      အလုပ်တခုထဲမှာလုပ်နေတာချင်းတူတာတောင်
      သူ့အတွက်တိုးတက်မှုရှိပေမယ့်
      ကိုယ့်အတွက်ဘာမှမတိုးတက်နိုင်ဘူးဆိုရင်
      ဒီအလုပ်ထဲမှာဒီအတိုင်းအချိန်ကုန်နေမယ့်အစား
      တခြားတိုးတက်ရာနေရာကိုရှာသင့်တယ်
      ဒါမှလဲအလုပ်လုပ်ရတာအဓိပ္ပါယ်ရှိသလို
      အချိန်တွေကုန်တာလဲအကျိုးမယုတ်တော့ဘူးပေါ့

  • forever

    August 3, 2011 at 10:07 am

    သင်မလိုချင်သော်လဲ
    အလွယ်တကူ ရနိင် ရောက်နေနိင်တာ ဖုန်တွေအမှိုက်တွေပါ
    အခန်းထဲမှာတနေ.တနေ. ရှင်းရလှဲရလွန်းလို.
    မောင်ခိုင်မြဲ တံပျက်စည်းလဲ လက်လျော.နေရပြီ

  • usnczn

    August 3, 2011 at 11:11 am

    လက်ရှိရောက်နေတဲ့ နေရာမှာ ခြေမြဲအောင်ရပ်ပါ။
    ပြီးမှ လက်လှမ်းမှီရာ လက်မြဲအောင် ကိုင်ဆွဲပါ။
    လက်မြဲလျှင် ခြေတလှမ်းခြင်းရွှေ့ပါ။
    နောက်တကြိမ် ရောက်တဲ့ အရပ်မှာ ခြေမြဲအောင်ရပ်ပါ။
    အမြင့်ရောက်နေချိန်..ပါတ်ဝန်းကျင် မငြိမ်မသက်ဖြစ်နေချိန်..
    လေပြင်းထန်နေချိန်..ထိုအချိန်တို့တွင် ရောက်ရှိနေသောနေရာတွင်
    ရပ်တည်နိုင်အောင် ကြိုးစားပါ။
    ဤနည်းကား လက်ရှိ စီးပွားရေးလုပ်ငန်းရှင်များ ကျင့်သုံးနေသောနည်းဖြစ်ပါသည်။
    ဤနည်းလမ်း၏မူလဇစ်မြစ်ကား..
    မျောက်သစ်ပင်တက်နည်း..ဖြစ်ပေသည်…..ဟားဟား…….

  • aungnng87

    August 3, 2011 at 12:40 pm

    ကံမကောင်းသူများကတော့ အလုပ်တခုမှတခုသို.အလွယ်တကူပြောင်းလေ့ ရှိကြသည်တဲ့။ ကိုယ့်အတွက်ကတော့ ကံမကောင်းဘဲနဲ. အလုပ်တခုမှတခုကို အလွယ်ပြောင်းလို.မရဘူးဖြစ်နေတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 3, 2011 at 1:18 pm

    ယောက်ျား လိုခြင်ပါသော်လည်း
    ပဲများနေခြင်းဖြင့် အချိန်ဖြုံးတီးနေသော
    အပျိုကြီးများသည်
    လူပျိုကြီးများကို ဝန်ချတောင်းပန်သင့်သည်
    ပုံ…….
    ………လူပျိုကြီး
    …………………မိုက်ကယ်ဂျော်နီအောင်ပု

    • manawphyulay

      August 3, 2011 at 1:54 pm

      မိန်းကလေးများ အပျိုကြီး ဖြစ်ရခြင်းသည် လောကတွင် ယောက်ျားကောင်းတွေ ရှားပါးသောကြောင့် ဖြစ်ပြီး ယောက်ျားလေးတွေ လူပျိုကြီး ဖြစ်ရခြင်းသည် လောကတွင် ရှိသမျှ မိန်းကလေးတွေ ပြန်မကြိုက်သောကြောင့် ဖြစ်ပါသည်။ (ဟီး ဦးမိုက်ကယ်ကြီး မှတ်ကရော) … 😛

  • MOEPWINTPHYU

    August 3, 2011 at 1:49 pm

    လူချင်ကွဲပါတယ် ဒါလုပ်လိုကောင်းတဲလူရှိသလို ဒါလုပ်လိုက်လို မကောင်းဖြစ်သွားတဲလူလဲရှိတာပဲလေ

  • alinsett

    August 3, 2011 at 7:11 pm

    ကိုယ်ကတော့ အသက်14 နှစ်မှာ ပီမိုးနင်းရဲ ့ စာအုပ်တွေ ထဲ က စိတ်ပညာ ဆိုင်ရာ နဲ ့တိုးတက်ရေးဆိုင်ရာ စာအုပ်တွေ အုပ်20 လောက်ထိ ဖတ်ခဲ ့တယ် ။ အဲဒီ မှာ…အသက် 16 လောက်ရောက်တော့ ကိုယ် ဘာလဲ..ဆိုတာ ကိုယ် ့ဘာသာ သိသွားတယ် ။ ကိုယ် ့ကို ကိုယ် ပြန် မြင်သွားတာပေါ့ ။
    ဒါပေမယ် ့ ကိုယ် က ဘာ ….ဆိုတာကို တခြားသူတွေကို ပြန်မပြောချင်တော့ ဘူး။ ကိုယ် ဘာ လဲ….ဆိုတာကို ကိုယ် ့လုပ်တဲ ့လုပ်ရပ်တွေ က ဖော်ပြနေတယ်လေ။
    သေချာတာကတော့….. အမှားတစ်ခုကို ထပ်ခါထပ်ခါ မမှားချင်တဲ ့သူ….။ အမှားနည်းအောင်..လုပ် ကိုင်နေထိုင်နေသူ……လို ့ သတ်မှတ်ရင် ..ရမှာပါ။

  • thit min

    August 4, 2011 at 1:13 am

    One good thing is a writing “dairy” daily.But , here, you have to write down all things of the whole day.
    When you find that it is very difficult to write all things, you will get many thoughts about “right or wrong”. Ok?
    Can you create your own “court” by yourself?

Leave a Reply