မလင်းတလင်း မလက်တလက်……….နံနက်ခင်း

နံနက်ခင်းတစ်ရက်
နေရောင်က ကမ္ဘာမြေကိုလာဘို့အချိန်တန်ပေမယ့်
အပျင်းကြီးစွာ မိုးတိမ်တွေနောက်မှာပုန်းနေရာကနေ…………
ရေပြင်ပေါ်ကိုတော့ တလက်လက်ထနေတဲ့ ရွှေရည်စက်တွေကျဲပက်
တူသလိုမတူသလိုနဲ့ အဝေးကရှမ်းရိုးမက တောင်စဉ်တောင်တန်းကြားထဲမှာ တောင်ခိုးတွေက ဆိုင်းလျက်
တူသလိုလိုနဲ့ နည်းနည်းစီကွာသွားတဲမြင်ကွင်း
မန်းကန်တော်ကြီးအနောက်ဘက်နေ့ ဟို့အရှေ့ဘက်က ရှမ်းရိုးမကိုမြင်နေရတဲ့မြင်ကွင်းပေါ့
ဘယ်ဘက်ခြမ်းက မဲမဲလေးကတော့ အပန်းဖြေစားသောက်ဆိုင်တွေ
အဝေးမှာတော့ မဟာမုနိဘုရား က မူံဝါးဝါး

5 comments

  • unclegyi1974

    August 2, 2011 at 10:23 pm

    စိတ်မရှိပါဖူးဗျာ
    ပုံတွေများတော့စောင့်ရတာကြာတာတခုပါပဲ

  • maythakhin

    August 2, 2011 at 11:00 pm

    ကိုယ့်လောဘနဲ့ကိုယ် ဘဝမှာ ရုန်းကန်နေရတော့ ဒီလို အချိန်မျိုးတွေ စောင့်မကြည့်နိုင်တာ ကြာခဲ့ပြီ။ လောကရဲ့သဘာဝအလှတရားတွေကို ခံစားနိုင်တဲ့သူတွေကို အားကျမိပါတယ်။
    ဒါတွေကောင်းတယ် အေးချမ်းတယ်ဆိုတာသိပေမဲ့ လက်တွေ့အကောင်အထည်မဖော်နိုင်သေးဘူး။ လောကအလှကို မြင်နေရပေမဲ့ လှတယ်လို့တောင်သတိမထားနိုင်မိဘူး။ဘဝရဲ့လှိုင်းတွေကြားထဲမှာ ကူးခတ်နေရတဲ့ အချိန်ဆိုတော့ ဒါတွေကို သီးသန့်ကြီးမခံစားနိုင်သေးဘူး။အချိန်ရတဲ့တနေ့ တော့ ခံစားချင်ပါတယ်။ ဒီဓါတ်ပုံတွေရိုက်တဲ့အချိန်မှာ ပတ်ဝန်းကျင်က အရမ်းကိုအေးချမ်းနေမှာပဲ။ စိတ်တွေလည်းကြည်လင်နေမှာပဲလို့ တွေးမိတယ်။
    မေ့ အတွေးလေးက မပါးဘဲ ထူသွားပြီထင်တယ်နော်……….. ကျေးဇူးပါ ကိုပေါက်

  • pannu

    August 2, 2011 at 11:11 pm

    ကျနော် ခေတ္တရောက်နေတဲ့ ငကျော်တောင် ကုန်းတက်လေး နားကကြည့်ရင်လဲ ဒီလိုရှုခင်းမျိုးတွေ့ရတတ်
    ပါတယ်..
    သူ့အချိန်အခါ မျိုးရောက်နေရင် သဇင်ပန်းလေးတွေ ဝေနေလို့ ကြည့်လို့အရမ်းကောင်းတယ်..

  • pan pan

    August 3, 2011 at 10:20 am

    တိမ်ရောင်မှောင်မှောင်နဲ့ သူ့အောက်က နေထွက်စ အလင်းရောင်တောက်တောက်နဲ့ကတော့ ဆန့်ကျင်ဖက်ပါပဲ

Leave a Reply