ဟာသများ ( fwd message တစ်ခုက ရတာပါ)

etoneMay 8, 20101min711

“ယုံလိုက်စမ်းပါ”

ဘတ်စ်ကားပေါ်မှာ အမျိုးသမီးတစ်ယောက်နဲ့ သူ့အမျိုးသားတို့ စကားပြောနေကြတာပေါ..
အမျိုးသမီး “ကျွန်မတို့ရှေ့မှာ ထိုင်နေတဲ့ ကောင်မလေးကို ရှင်စိုက်ကြည့်နေတဲ့ပုံ
ကျွန်မမကြိုက်ဘူးနော်.. . . . ”
အမျိုးသား “ဘယ်သူ့ကိုပြောတာလည်း . . မီနီစကတ် အစိမ်းရောင်လေးနဲ့ အညိုရောင်
အင်္ကျီလေးနဲ့ အနက်ရောင် ခြေအိတ်လေးတွေနဲ့ သားရေ ကုတ်အင်္ကျီလေးနဲ့
အဲဒီကောင်မလေးလား . . . . ”
အမျိုးသမီး “ဟုတ်တယ် သူပဲ . . . ”
အမျိုးသား “ဟာကွာ ငါသတိတောင်မထားလိုက်မိပါဘူး. . . . ”

“ကျေးဇူးတောင်တင်ရမှာ”

အမျိုးသမီးတစ်ယောက် သူ့ရဲ့ငယ်သူငယ်ချင်းတစ်ယောက်နဲ့ မမျှော်လင့်ဘဲ တွေ့မိကြပြီး
အိမ်ထောင်ရေး အခြေအနေ မေးမြန်းပြောဆိုကြတဲ့ အခါ….
အမျိုးသမီး “ကိုယ့်အိမ်ထောင်ရေးလား . . . မနိတ်ပါဘူးကွာ . . ကိုယ့်ယောက်ျားက
စားလိုက်ရင် ဝက်တစ်ကောင်လိုပါပဲ. . ရေလည်းမချိုးဘူး .. . . သူ့
ညစ်ပတ်နံစော်နေတဲ့ အဝတ်အစားတွေကို လည်း တစ်အိမ်လုံး နေရာ အနှံ့
လျှောက်ပစ်ထားသေးတယ်. . . . သူ့လုပ်ပုံတွေကို အော်ဂလီဆန်ပြီး စိတ်ညစ်တာနဲ့
ထမင်းတောင် . . . .
သိပ်မစားနိုင်ပါဘူးကွာ. . . . ”
ငယ်သူငယ်ချင်း ” ဒါဖြင့် မင်းယောက်ျားကို ဘာလို့ကွာမပစ်သေးတာလဲ. . . ”
အမျိုးသမီး ” ကွာပစ်မှာပါ. . . ခုတော့ ကိုယ့်ဘော်ဒီဝိတ် နောက်ထပ် ၁၂ပေါင်
ထပ်ကျသွားစေချင်သေးလို့ကွ. . . “

One comment

  • maypearl

    August 2, 2010 at 8:56 am

    ဟုတ်တယ်။ဒါပေမယ့် တစ်ချို့လူတွေကျတော့ စိတ်ဆင်းရဲလေ ပိုပြီးဝလာတတ်တယ်နော်။

Leave a Reply