N+8/11 လက်ကွက်ရှာမယ်

natureAugust 2, 20111min1104

ကွန်ပြူတာကို သုံးကြတဲ့အခါ အင်္ဂလိပ်လက်ကွက် ကိုတော့ လူတော်တော်များများ လွယ်လွယ်ရိုက်တတ်ကြပါတယ်။ တချို့ကတော့ လက်ကွက်နဲ့ မရိုက်ပဲ တလုံးချင်းရှာရိုက်တဲ့ သူတွေလည်း ရှိပါတယ်။ ကျနော်လည်း ယခင်က တလုံးချင်းရှာရိုက်ခဲ့ရပါတယ်။ အခုတော့ post တင်ရင်းလက်ကွက်တွေကို ကျင့်လာတာ နဲနဲပါးပါးတော့ ရလာပါပြီ။

မြန်မာလက်ကွက်တွေဟာ font တခုနဲ့တခု စာလုံးနေရာ အထားအသို မတူလို့ အင်္ဂလိပ်လက်ကွက်ထက် ပိုခက်တယ်လို့ထင်ပါတယ်။ မြန်မာလက်ကွက်ရဲ့ အထားအသို ကို စာရိုက်ရင်လွယ်အောင် ကျနော့်ရဲ့ အတွေ့အကြုံကလေးကိုတင်ပြလိုပါတယ်။ မြန်မာလက်ကွက်မှမဟုတ်ပါဘူး ။ ဘယ်လက်ကွက် မဆို အခြေခံကျတဲ့စာလုံး တော်တော်များများကို သိနိုင်ပါတယ်။ character map ကနေရှာရိုက်ရင်လည်းရပါတယ်။

သုံးရမဲ့ software ကတော့ page maker,word , excel တို့ဖြစ်ပါတယ်။

pageamker နဲ့ လုပ်မယ်ဆိုရင် new page မှာ-

ပထမလိုင်းမှာ( Q ) ရိုက်ပြီး စပေ့ဘား ၃ချက်လောက်ရိုက်ပြီး ( W ) ရိုက်ပါ။တောက်လျှောက်  ( } ) အထိရိုက်ပါ။ အောက်ပါအတိုင်းရိုက်ပါ။

Q   W   E   R   T   Y   U   I   O   P   [   ]

ပြီးရင် နောက်တလိုင်းကို copy ကူးပါ။အောက်ကပုံစံအတိုင်းဖြစ်လာပါမယ်။

Q   W   E   R   T   Y   U   I   O   P   [   ]

Q   W   E   R   T   Y   U   I   O   P   [   ]

ဒီပုံစံအတိုင်း အောက် ၂လိုင်းကိုလည်းရိုက်ပါ။အားလုံး၆လိုင်းရပါတယ်။ 1  2  3  4  စတဲ့အပေါ်ဆုံးလိုင်းအတွက် တော့ ထည့်မရေးတော့ပါဘူး။ သဘောတူတူပါပဲ။

Line 1        q   w   e   r   t   y    u  i  o  p  [  ]

Line 2        q   w   e   r   t    y   u  i  o  p  [  ]

 

Line 3        a  s  d  f  g  h  j  k  l  ;  ‘

Line 4      a  s  d  f  g  h  j  k  l  ;  ‘

 

Line 5           z  x  c  v  b  n  m  ,  .  /

Line 6          z  x  c  v  b  n  m  ,  .  /

ပြီးရင် line 2,4,6 ကို select လုပ်ပြီး ကိုသိချင်တဲ့ font ကိုပြောင်းပါ။Line 1 နဲ့ 2 က အပေါ်စာလုံးနဲ့ အောက်စာလုံးနဲ့  တည့်အောင် space bar နဲ့ ညှိပါ။

Line 1     q      w      e    r     t     y    u     i     o   p     [         ]

Line2      ဆ   တ    န     မ    အ    ပ    က  င    သ   စ    ဟ      `

 

ပြီးရင် print   ထုတ်ပြီး စာရိုက်တဲ့အခါမှာကြည့်ပါ။ဒါကိုကြည့်ပြီး အဆင်ပြေရင် OK ပါ။

အဆင်မပြေဘူးဆိုရင် နောက်တဆင့်ထပ်လုပ်ပါ။

အဲဒီလက်ကွက်ကို ကြည့်ပြီး က ခ ဂ ဃ င………အ  အထိကို အစဉ်အတိုင်း အစအဆုံးရိုက်ပါ။  ျ  ြ        တွေကို ကိုလိုချင်သလို တတန်းရိုက်ပါ။

ပြီးရင် အောက် တတန်းကို copy ကူးပါ။

ပြီးရင် အောက်တတန်းကို  select လုပ်ပြီး ကိုလိုချင်တဲ့ Font ပြောင်းပါ။

အထက်အောက်ညှိပါ။

print ထုတ်ပြီး စာ ရိုက်တဲ့ အခါ ၂ရွက် ပေါင်းကြည့်ပါ။

စရိုက်ရိုက်ခြင်း အလောတကြီး အမြန် မရိုက်ပဲ ၊မသိသေးတဲ့ စာလုံးအသစ်တလုံးရိုက်မယ်ဆိုရင် တလုံးရိုက်ပြီးတိုင်း မှတ်မိအောင် ၅ခါလောက်မှတ်ပြီးမှ နောက်စာလုံး အသစ်ထပ်ရိုက်ပါ။ တဖြေးဖြေးနဲ့ ကျွမ်းကျင်လာပါလိမ့်မယ်။

 

 

4 comments

  • ogre

    August 2, 2011 at 11:34 pm

    ဘာမှလုပ်မနေနဲ့
    wordpad မှာဇော်ဂျီနဲ့ ရိုက်ပြီတင်လိုက်
    ကွက်တိ အဝေးကြီးမလိုဘူး
    အရှည်ကြီးစဉ်းစားမနေနဲ့

  • Grace

    August 3, 2011 at 5:33 pm

    မြန်မာလက်ကွက် မသိတဲ့လူတွေ အတွက်တော့ တစ်မျိုးတစ်ဖုံ အသုံးဝင်ပါတယ်။

  • ဆူး

    August 5, 2011 at 12:17 am

    အခုတလော စာရိုက်ပေးနေတာ ပဆင့်တွေ တော်တော် အခက်အခဲ ရှိနေတာ.. အခုတော့ အဆင်ပြေမဲ့ နည်းလမ်း တွေ့ထားတယ်။ အဲဒီ နည်းနဲ့ ခပ်ဆင်ဆင်ပါပဲ.. ပင့်တွေ ရဲ့ ကုတ်နံပတ် ကီးတွေ စာရွက်မှာ ချရေးပြီးတော့ ရိုက်ခါနီးတိုင်း ကူးရိုက်တာတော်တော် ခရီးပေါက်နေတယ်။ အဲဒါတွေ နဲ့ အခု တလော ရွာထဲ သိပ်မဝင် ဖြစ်တော့ဘူး။

Leave a Reply