စာပေဟောပြောပွဲများမှ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်များ

mgpyichitAugust 3, 20111min1818

စာပေဟောပြောပွဲများမှ နိုင်ငံ့အရေးအတွေးများ

မြန်မာနိုင်ငံအတွင်းမှစာရေးဆရာများဟာ ၂၀၁ဝ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်

လွတ်မြောက်လာပြီးတဲ့အချိန်လောက်ကစပြီး ပြုလုပ်လာတဲ့ပြည်တွင်းပြည်ပစာပေဟောပြောပွဲတွေမှာ နိုင်ငံ

ရေး၊ အမျိုးသားရေးတွေနဲ ့ပက်သက်တဲ့အတွေးအမြင်များကို ပိုမိုရဲရင့်ပွင့်လင်းစွာ ပြောဆိုလာကြတာကို

တွေ ့ရပါတယ်။ အုပ်ခုပ်သူအာဏာပိုင်များကလည်း ပိုမိုလိုက်လျောလွတ်လပ်ခွင့် ပြုလာတာကိုတွေ ့ရပါတယ်။

အတွေးကောင်းကောင်းနဲ ့ သရော်တတ်တဲ့ ကာတွန်းဆရာအော်ပီကျယ်၊ တက်ကြွစွာဟောတတ်တဲ့ မောင်သာချို၊

မန ္တလေးက ကိုဘုန်း (ဓာတု)၊ ဆရာဦးအောင်သင်း၊ နုနုရည် (အင်းဝ) နဲ ့ စာရေးဆရာမ ဂျူး တို ့ရဲ ့ဟောပြောပွဲ

ဒီဗီဒီအခွေတွေကို ကြည့်ရှုနားထောင်လိုက်ရပြီး စာရေးဆရာမ ဂျူး ဆွေးနွေးသွားတဲ့ နိုင်ငံခြားက သုသေတီစာရေး

ဆရာတစ်ဦးရေးတဲ့ ကမာ္ဘ ့ဆင်းရဲတဲ့နိုင်ငံများမှာ တွေ ့ရတတ်တဲ့အချက် ၄ ချက် အကြောင်းကို မြန်မာနိုင်ငံမှာ

ဖြစ်နေတဲ့အခြေအနေနဲ ့နှိုင်းယှဉ်ပြီး ထပ်ဆင့်မျှဝေလိုက်ရပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေမှာတွေ ့ရတဲ့ တူညီတဲ့အချက်တွေကတော့…

(၁) နိုင်ငံဟာ သယံဇာတပေါများခြင်း

(၂) ပြည်တွင်းစစ်မက်ဖြစ်ပွားနေခြင်း
(
၃) မကောင်းတဲ့ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံများရှိခြင်း

(၄) စီမံအုပ်ချုပ်မှုညံ့ဖျင်းခြင်း

.. တို ့ဘဲဖြစ်ပါတယ်။

(၁) နိုင်ငံသယံဇာတပေါများခြင်း

နိုင်ငံသယံဇာတပေါများခြင်းဟာ ဖြစ်သင့်တာက နိုင်ငံချမ်းသာတိုးတက်ရမယ့်အစား ဆင်းရဲတဲ့နိုင်ငံများ ဖြစ်နေကြ

တာကို အံ့ဩဖွယ်တွေ ့ရှိရပါတယ်လို ့ သုသေတီစာရေးဆရာကဆိုပါတယ်။ အဲဒီသယံဇာတများကို နိုင်ငံစီမံအုပ်

ချုပ်သူလူတစ်စုရဲ ့မတော်လောဘနဲ ့ ကိုယ်ကျိုးအတွက်အလွဲသုံးစားခြင်၊ သယံဇာတကို အကျိုးရှိအောင်မသုံးစွဲနိုင်

ခြင်း၊ သယံဇာတများရဲ ့ အကျိုးစီးပွားကိုခွဲဝေရာမှာ ညီမျှမှုမရှိခြင်း၊ သယံဇာတများကြောင့် ကွဲလွဲသောသဘောထား

များဖြစ်လာကြခြင်းတို ့ကြောင့် သယံဇာများဟာ နိုင်ငံဆင်းရဲစေဖို ့ ထောင်ချောက်တစ်ခုလိုဖြစ်လာရပါတယ်။ မြန်မာ

နိုင်ငံမှာလည်း ဒီလိုအခြေအနေမျိုးတွေရှိနေပါတယ်။

(၂) ပြည်တွင်းစစ်မက်ဖြစ်ပွားနေခြင်း

ပြည်တွင်းစစ်များဖြစ်ပွားနေတာဟာ နိုင်ငံဆင်းရဲစေတဲ့အကြောင်းအရင်းပါဘဲ။ နိုင်ငံရဲ ့သယံဇာတများရဲ ့အကျိုး

စီးပွားခွဲဝေသုံးစွဲမှု မညီမျှခြင်းဟာလည်း ပြည်တွင်းစစ်ဖြစ်စေပါတယ်။ ပြည်တွင်းနိုင်ငံရေးပြေလည်မှုမရှိခြင်း၊ တိုင်း

ရင်းသားလူမျိုးစုများနဲ ့ တန်းတူညီမျှအခြေခံထားပြီး ယုံကြည်မှုနဲ ့စည်းလုံးမှုမတည်ဆောက်နိုင်ခြင်းတို ့ကြောင့်

ပြည်တွင်းစစ်မက်တွေဖြစ်ပွားစေပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်မှာ ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွား

နေပြီး ခုတော့ နိုင်ငံရေးအရညှိနှိုင်းနိုင်ဖို ့ လုပ်ဆောင်လာကြမယ်လို ့ထင်ရပါတယ်။ ပြည်တွင်းစစ်စရိတ်တွေကြောင့်

ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ လုပ်ငန်းတွေရဲ ့အသုံးစရိတ်များ လျောလာရပြီး လူ ့စွမ်းအားအရင်းအမြစ်

တွေပါ ထိခိုက်လာရလို ့ တိုင်းပြည်ကိုဆင်းရဲစေပါတယ်။

(၃) မကောင်းတဲ့ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံများရှိခြင်း

မြန်မာနိုင်ငံအဖို ့ မကောင်းတဲ့အိမ်နီးချင်းနိုင်ငံများထဲမှာ အဆိုးဆုံးကတော့ တရုတ်နိုင်ငံဖြစ်ပြီး သူ ့နောက်မှာ

ယိုးဒယားနိုင်ငံနဲ ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို ့လို ့ ပြောရမှာဖြစ်ပါတယ်။ တရုတ်ကတော့ ကမာ္ဘ ့စီးပွားရေးနဲ ့စစ်ရေးအင်

အားကြီးနိုင်ငံဖြစ်လာတော့ မြန်မာနိုင်ငံအရေးကို ကမာ္ဘ ့နိုင်ငံတွေ ဝင်ပါလာမယ်ဆိုရင် ကုလသမဂ္ဂမှာ ဗီတိုအာဏာ

နဲ ့ ပယ်ချပြီး သူ ့အကျိုးစီးပွားအတွက်တော့ အရပ်ဝတ်အသွင်ပြောင်းအစိုးရနဲ ့ရော၊ တိုင်းရင်းသားလက်နက်ကိုင်

အုပ်စုတွေနဲ ့ပါ ဆက်ဆံရေးပုံစံအမျိုးမျိုးကျင့်သုံးပြီး နယ်မြေနဲ ့သယံဇာတကို လက်ဝါးကြီးအုပ်ကာ ယခုလက်ရှိ

အစိုးရကို တိတ်တဆိတ်အနိုင်ကျင့်နေနိုင်ခြင်းဟာ တိုင်းပြည်ကိုပျက်ဆီးဆင်းရဲစေဖို ့ဖြစ်နေပါတယ်။ ယိုးဒယား

နိုင်ငံဟာလည်း မြန်မာရဲ ့နိမ့်ကျနေတဲ့အခြေအနေကိုအသုံးချအခွင့်ကောင်းယူပြီး ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့

နယ်စပ်က မြန်မာပိုင်နယ်မြေတွေကိုသိမ်းယူထားပါတယ်။

(၄) စီမံအုပ်ချုပ်မှုညံ့ဖျင်းခြင်း

မဆလ အစိုးရလက်ထက်မှာရော၊ ၈၈ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာပါ မြို ့ပြအုပ်ချုပ်ရေးနဲ ့

စက်ရုံတွေမှာပါ အစိုးရအဖွဲ ့ကစပြီး စက်ရုံနဲ ့မြို ့နယ်အုပ်ချုပ်မှုအဆင့်တွေအထိ စစ်တပ်ကအရာရှိ အရာခံအကြပ်

တွေကို ယူနီဖောင်းချွတ်ပြီး ထိပ်ပိုင်းနေရာတွေကို ဝင်ရောက်စီမံအုပ်ချုပ်စေတာကစပြီး မြန်မာနိုင်ငံရဲ ့စီမံအုပ်ချုပ်

မှုဟာ ပိုမိုညံ့ဖျင်းလာခဲ့ပါတယ်။ အရပ်သားပညာရှိပညာတတ် ကျွမ်းကျင်သူတွေဟာ သူတို ့ရဲ ့အလုပ်ခွင်တိုးတက်

ဖို ့ အခွင့်အလမ်းနဲ ့စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်လာတာကြောင့် အရပ်သားဝန်ထမ်းတွေဟာ အလုပ်ခွင်ထဲမှာ

စိတ်ဓာတ်ကျလာခြင်း၊ မကျေနပ်ခြင်းတို ့ကြောင့် အလုပ်တွေထဲမှာ စေတနာနဲ ့ ကြိုးကြိုးပမ်းပမ်းစီမံခန် ့ခွဲလုပ်ကိုင်

လိုခြင်းမရှိတော့ဘဲ ရတဲ့နေရာမှ လာဘ်စားခြင်း၊ ခိုကပ်ခြင်းတွေပြုလုပ်လာကြတာကြောင့် စီမံအုပ်ချုပ်မှုဟာ

ညံ့ဖျင်းလာရပြီး တိုင်းပြည်ဆင်းရဲလာရပါတော့တယ်။

အထက်ပါ အကြောင်းအချက် (၄)ချက်ဟာ တိုင်းပြည်ဆင်းရဲစေတဲ့အချက်တွေဖြစ်ပြီး တိုင်းပြည်တိုးတက်ကြွယ်ဝ

စေချင်တယ်ဆိုရင် ဒီအားနည်းချက်တွေကို ပြုပြင်ပြောင်းလဲနိုင်ရပါမယ်။

အခုအုပ်ချုပ်နေတဲ့အစိုးရသမ္မတသစ်က ကောင်းသောအစိုးရ၊ သန် ့ရှင်းသောအစိုးရဖြစ်ရမယ်လို ့ကြွေးကြော်

ထားပါတယ်။ နိုင်ငံတကာဆက်ဆံရေးနဲ ့ပြည်တွင်းရင်ကြားစေ့ရေးကောင်းမွန်ဖို ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်နဲ ့တွေ ့ဆုံညှိုနှိုင်းမှုတွေလုပ်ပြီး အတူတကွပူးပေါင်းဆောင်ရွက်ဖို ့ လမ်းစရှာတာတွေကို

စလုပ်နေပြီလို ့ပြောပါတယ်။ ကောင်းတဲ့ မင်္ဂလာသတင်းပါဘဲ။ အစိုးရဘက်က ဒေါ်စုကို ပါတီမှတ်ပုံပြန်တင်ဖို ့၊

လူမှုရေးလုပ်ငန်းလုပ်ငန်းလုပ်မယ်ဆိုရင်လည်း ပြည်ထဲရေးဌာနမှာ မှတ်ပုံတင်ဖို ့ဆွေးနွေးတယ်လို ့ပြောပါတယ်။

ဒေါ်စုဘက်ကလည်း နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ပြန်လွှတ်ပေးဖို ့၊ တိုင်းရင်းသားလက်နက်ကိုင်များနဲ ့

ဖြစ်ပွားနေတဲ့တိုက်ပွဲတွေရပ်ဆိုင်းပြီး နိုင်ငံရေးအရညှိုနှိုင်းနွေးဖို ့တောင်းဆိုခဲ့တယ်လို ့သိရပါတယ်။ နှစ်ဘက်စလုံး

ပြောတဲ့အချက်တွေဟာ ကောင်းမွန်တဲ့အချက်တွေပါ။ ဒေါ်စုရဲ ့ပါတီ မှတ်ပုံတင်ပြီး တရားဝင်နိုင်ငံရေးပါတီ ပြန်လုပ်

လာရင် လက်ရှိအစိုးရအဖို ့ ကုလသမဂ္ဂ၊ အမေရိကန်နဲ ့ဥရောပသမဂ္ဂအဖွဲ ့တို ့အပါအဝင် နိုင်ငံတကာနဲ ့ဆက်ဆံရေး

ပိုမိုကောင်းမွန်လမ်းပွင့်လာနိုင်ပြီး ပြည်တွင်းသို ့ရင်းနှီးမြှုပ်နှံမှုနဲ ့နည်းပညာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမို

ရရှိလာနိုင်ပါတယ်။

အစိုးရရဲ ့ပုံရိပ်ဟာလည်း နိုင်ငံတကာမှာ ပိုပြီးလင်းလက်ကောင်းမွန်လာမှာဖြစ်ပါတယ်။ NLD ပါတီအဖို ့လည်း

အစိုးရနဲ ့ရော၊ နိုင်ငံတကာနဲ ့ဆက်ဆံရာမှာပါ လုပ်ပိုင်ခွင့် ချောမွေ ့ကျယ်ပြန် ့လာမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ

အပါအဝင် နိုင်ငံတကာနဲ ့တိုးမြှင့်ဆက်ဆံနိုင်မှသာ အိမ်နီးချင်းဆိုးတရုတ်နိုင်ငံကို တဖြည်းဖြည်းချင်း ထိန်းညှိလာ

နိုင်မှာဖြစ်ပြိး တရုတ်ကို မနီးလွန်းမဝေးလွန်းဆက်ဆံလာနိုင်မှာဖြစ်ပါတယ်။ မြန်မာဟာ တရုတ်ကို သိပ်နီးနီး

ပေါင်းလွန်းရင် တရုတ်ရဲ ့လောဘကို ဆွပေးရာရောက်ပါလိမ့်မယ်။ ယခုလက်ရှိအစိုးရအဖွဲ ့မှာလည်း ဒုတိယ

သမ္မတတစ်ဦးကို ဆရာတစ်ဆူတင်ပြီး သဘောထားတင်းမာတဲ့ ၄ ဦးအုပ်စုအဖွဲ ့က တရုတ်ကို ဆရာတင်ထားနိုင်

ရင် လုံလောက်တယ်လို ့ယူဆနေကြပုံပေါက်ပါတယ်။

NLD ဘက်မှာလည်း ၉ဝ ခုနှစ်ရွေးကောက်ပွဲကိစ္စ၊ ဒီပဲယင်းတိုက်ခိုက်မှုကိစ္စ၊ ၂၀၀၈ ဖွဲ ့စည်းပုံကို လက်မခံတဲ့

သဘောထားတင်းမာတဲ့အုပ်စု ရှိနေတယ်လို ့ကြားရပါတယ်။ နှစ်ဘက်စလုံးမှာ ဒီအခြေအနေတွေကို ဖြေရှင်းဖို ့

အရေးတွေရှိနေပါတယ်။ ဒါပေမယ့်တရုတ်ကို ဆရာတင်ထားရတာမှာ နောက်ပိုင်းမှာ ဆရာအဆင့်လောက်နဲ ့တင်

မရတော့ဘဲ သခင်အဆင့်နေရာကနေပြီး မြန်မာအစိုးရနဲ ့မြန်မာပြည်သူတွေကို ဆက်ဆံလာတာဟာ အစိုးရထိပ်

ပိုင်းက ပုဂ္ဂိုလ်များ ခန် ့မှန်းနိုင်ကြမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ထိန်းညှိုနိုင်ဖို ့ မြန်မာနိုင်ငံမှ ဒုသမ္မတနဲ ့

အမေရိကန်လွှတ်တော်အမတ်ဂျွန်မက်ကိန်းတို ့ တွေ ့ဆုံဆွေးနွေးပြောဆိုကြတဲ့အကြောင်းတွေထဲက တချို ့

ဆောင်ရွက်လာနိုင်တဲ့အခြေအနေမျိုးဖြစ်လာတာကတော့ ကောင်းတဲ့ဘက်ကို ဦးတည်လာတယ်လို ့ထင်မြင်

ယူဆမိပါတယ်။

မြန်မာပြည်ကောင်းကျိုးအတွက် ဒီ့ထက်ပိုပြီး မြန်မြန်ဆန်ဆန်နဲ ့ထင်ထင်သာသာရှိဖို ့ကိုလည်း ပြည်သူအားလုံး

က မျှော်လင့်နေကြပါတယ်။
SoeLwinLwin – ThuYeGaungDohYeHnaLoneTher

8 comments

  • pan pan

    August 3, 2011 at 2:21 pm

    ၄ချက်မှာ ၃ချက်က မကောင်းဘူး
    ကောင်းတဲ့တစ်ချက်က သယံဇာတပေါတာ
    သယံဇာတပေါတော့ အပျင်းထူပြီး ရှိတာလေးထုတ်ရောင်းရင်း မွဲတာနေမှာပေ့ါ

  • lusoegyikoko

    August 3, 2011 at 2:55 pm

    မြန်မာပြည် ဘာလို့မတိုးတက်ရမှာလဲ ယိုးဒယားမှာ taxi driver က ရွာသားတွေ eng လု်ိလုံးဝမရဘူး။မြန်မာက driver တွေက ဘွဲ့ရတွေ။ဒီလောက်တိုးတက်တာက်ိုနော့်။

  • winkyawaung

    August 3, 2011 at 6:13 pm

    သမ္မတကြီးဦးသိန်းစိန် က ရှေ့မှဖွင့်၊ နောက်ကနေ လိုက်ပိတ်၊ လိုက်ဖျက်နေသူ လေးဦးကြောင့် တိုင်းပြည်နာနေပါတယ်ဗျာ..။

  • alinsett

    August 3, 2011 at 7:03 pm

    ဆရာမ ဂျူး ဟာ အခုတလော အဲဒီလို မျိုးချစ်စိတ်ဓါတ် ရှိစေ တဲ ့စကားတွေ သိပ်ပြောလာပါတယ် ။သူပြောတာတွေက ကောင်းလည်းကောင်းပါတယ် ။ သူက ဟိုတုန်းကတည်းက ဒါတွေကို ပြောချင်နေတာ ပါ ။ သူ့ရဲ ့တိမ်နဲ ့ချည်တဲ ့ကြိုး ဆိုတဲ ့စာအုပ်ထဲ မှာဆို…. ဘီဘီစီ ကို နားထောင်ဖို ့၊ သစ်တောတွေ ကို
    ခုတ်နေတာတွေ ကို ဆင်ခြင်ဖို ့နဲ ့ တခြားမျိုးချစ်စိတ် ဆိုင်ရာတွေ တော်တော်လေး ထည် ့ရေးသွားတယ် ။ ရေး ခွင့်လေး ရှိနေတာ ကို တော့ ကျေးဇူးတင်ပါတယ်။ အခု တင်ပြတဲ ့ ဂျူးရဲ ့ စကားတွေကို နားထောင်ချင်လိုက်တာ……။

  • unclegyi1974

    August 3, 2011 at 10:22 pm

    ဟုတ်ပါတယ်ဂျူးရဲ့ဟောပြောခွေတင်လို့ရရင်တင်ပေးကြပါအုန်း

  • Mee2

    August 4, 2011 at 12:07 am

    တရုတ်ကို ဆရာတင်ထားရတာမှာ နောက်ပိုင်းမှာ ဆရာအဆင့်လောက်နဲ ့တင်
    မရတော့ဘဲ သခင်အဆင့်နေရာကနေပြီး မြန်မာအစိုးရနဲ ့မြန်မာပြည်သူတွေကို ဆက်ဆံလာတာဟာ အစိုးရထိပ်
    ပိုင်းက ပုဂ္ဂိုလ်များ ခန် ့မှန်းနိုင်ကြမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ထိန်းညှိုနိုင်ဖို ့ မြန်မာနိုင်ငံမှ ဒုသမ္မတနဲ ့
    အမေရိကန်လွှတ်တော်အမတ်ဂျွန်မက်ကိန်းတို ့ တွေ ့ဆုံဆွေးနွေးပြောဆိုကြတဲ့အကြောင်းတွေထဲက တချို ့
    ဆောင်ရွက်လာနိုင်တဲ့အခြေအနေမျိုးဖြစ်လာတာကတော့ ကောင်းတဲ့ဘက်ကို ဦးတည်လာတယ်လို ့ထင်မြင်
    ယူဆမိပါတယ်။

  • yaungchikha

    August 4, 2011 at 9:27 am

    ကျမတို့နိုင်ငံတိုးတက်ဖို့အတွက် အခြေခံကနေ အထက်ထိပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်ဆောင် ဖို့လိုအပ်နေတာပါ။ အခုလို ဆရာမဂျူးပြောထားတဲ့ အကြောင်းအရာလေးတွေကို ရေးပြလို့ mgpyichit ကိုကျေးဇူးတင်ပါတယ်၊ နောက်လည်း တင်ပေးပါဦးနော်………

  • O2

    August 4, 2011 at 2:32 pm

    စာရေး ဆရာတွေ အများကြီးရဲ့ ဟောပြောပွဲ အသံဖိုင်တွေပါ။
    ဒီလင့်ထဲမှာ ကိုယ်ကြိုက်တာ နားထောင်လို့ ရပါတယ်။
    http://www.meepyatite.info/2011/06/blog-post.html

Leave a Reply