မြန်မာအမျိုးသမီးဆိုတာ အဘယ်နည်း ?

manawphyulayMay 8, 20101min19512

အင်း… ကျွန်မ ခုပြောမဲ့ အကြောင်းအရာကတော့ မြန်မာမိန်းကလေးများ မြန်မာပီသပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းစေချင်တဲ့ စေတနာတစ်ခု  ကျွန်မရဲ့ စိတ်မှာ ကိန်းအောင်းနေမိပါတယ်။ ကျွန်မကတော့ ဗုဒ္ဓဘာသာပီပီ ကံ၊ကံ၏အကျိုးတရားကြောင့် မိန်းမဖြစ်လာရပေမဲ့ မြန်မာမိန်းမလေးဘဝ ဖြစ်လာရတာကို ဝမ်းမနည်းပါဘူး။
ဂုဏ်တောင်ယူမိပါသေးတယ်။ ဒီလိုပဲ ကိုယ့်မြန်မာအမျိုးသမီးတွေရဲ့ဘဝကို အားကျပြီး စိတ်ဝင်စားတဲ့ အနောက်နိုင်ငံအများစုလည်း ရှိပါတယ်။ ကမ္ဘာမှာမြန်မာဟေ့လို့ ပြောလို့ရအောင် မြန်မာ့ယဉ်ကျေးမှုဟာတိုင်းတပါးတွေနဲ့ မတူအောင် သိမ်မွေ့နုးညံ့လှပါတယ်။ မြန်မာအမျိုးသမီးတွေနဲ့ သိမ်မွေ့လှတဲ့အပြုအမူ၊ ဝတ်စားဆင်ယင်ပုံတွေဟာ ခုမှမဟုတ်ပါဘူး။
ဟိုးရှေးခေတ်ထဲကရှိခဲ့ပါတယ်။ကျွန်မကိုခင်တဲ့သူတွေက မေးကြပါတယ်။ မြန်မာပြည်ကိုချစ်တယ်နော်တဲ့။ နို့ ဘာလို့ မေးလိုက်တော့ မဟုတ်ပါဘူးတဲ့။ နိုင်ငံခြားကို အထင်မကြီးလို့တဲ့။ကဲ စဉ်းစားသာကြည့်တော့။ ကိုယ်မြေကိုယ်ရေလောက် ဘယ်အရာမှမကောင်းပါဘူး။
ခုနောက်ပိုင်းမိန်းကလေးပဲဖြစ်ဖြစ်၊ယောက်ျားလေးပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်သွားလုပ်၊ ကျောင်းသွားတတ်ကြတာတွေ ဒုနဲ့ဒေးပါပဲ။ ခဏသွားတာဆိုကောင်းပေမဲ့ အပြီးဆိုရင်တော့ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိတယ်။ ကိုယ်နေတဲ့ဝန်းကျင်မှာတောင် မိန်းကလေးအများစုဟာ သရုပ်ပျက်အနောက်တိုင်းယဉ်ကျေးမှုတွေကို လွှမ်းမိုးခံနေကြရပြီလေ။
တစ်ခါတလေလည်း ယိုသူမရှက် မြင်သူရှက်ဆိုသလို တွေ့တွေ့လာတာ ရင်ထဲမကောင်းဘူး။ နိုင်ငံခြားသား/သူတွေက မြန်မာဝတ်စုံတွေကို မြတ်နိုးစွာဝတ်ဆင်ကြတဲ့အချိန်မှာ မြန်မာကလူတွေက ဗရုတ်သုခအနောက်တိုင်းဟန်တွေနဲ့ကိုယ့်ကိုယ်ကိုအထင်ကြီးနေကြတာဆိုရင် အတော်များများတွေ့နေရတယ်။
မြန်မာဆန်ဆန်ဝတ်တဲ့သူတွေကိုတောင် နှာခေါင်းရှုံ့ချင်ကြသေးရဲ့။ ပြန်စဉ်းစားကြည့်စမ်းပါ။ မြန်မာတွေရဲ့ဝတ်စားဆင်ယင်ပုံ၊ ရိုးရာဓလေ့ နောက်မြန်မာမှုမြန်မာ့ဟန်နဲ့လုပ်တဲ့ ရိုးရာပွဲတော်တွေ ဘယ်လောက်ကျက်သရေရှိသလဲ။ ခုဆို မြန်မာအမျိုးသမီးတော်တော်များများ ပိုက်ဆံရရင်ပြီးပြီးရော လုပ်ချင်ရာလုပ်နေတာတွေဟာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သိုးသွားသလို ခံစားမိပါတယ်။ ခုနောက်ပိုင်း တွေ့ရတာတွေက ခေတ်ရှေ့ပဲ ပြေးနေတာလား။ ခေတ်ဆန်နေတာလား။ ကိုယ်ကပဲ ခေတ်တုံးနေတာလားဆိုတာ မသိတော့ပါဘူး။
ကျွန်မကတော့ လူသာဆင်းရဲရင်ဆင်းရဲမယ်။ စိတ်ဓါတ်တော့ဘယ်တော့မှ မဆင်းရဲစေရဘူး။ လောကမှာလူသာသေပြီး နာမည်မသေဖို့အရေးကြီးဆုံးပဲ။ လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရား၊ သိက္ခာ၊ အကျင့်သီလ ဒါတွေဟာ ဘာနဲ့မှလဲလို့မရပါဘူး။ ကျွန်မတို့နိုင်ငံဟာ သူများနိုင်ငံနဲ့ယှဉ်ရင် အလွန်သေးငယ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်လွှားမှာ မြန်မာဟေ့လို့ကြွေးကြော်ချင်ပါတယ်။
လူတိုင်းလူတိုင်းဟာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာကို ထိန်းသိမ်းကြမယ်ဆိုရင် ကျွန်မဝမ်းသာမိမှာပါ။ မြန်မာဝတ်စုံဟာ မြင်သူတကာရဲ့ရင်မှာ အေးမြခြင်း၊ ကြည်နူးခြင်း၊ လှိုက်လှဲနွေးထွေးမှုကို  ပေးစွမ်းနေတယ်လို့ ကျွန်မမြင်မိတယ်။ မနေ့ကတောင် နိုင်ငံခြားသူတစ်ဦးက မြန်မာလိုဝတ်ပြီး သူ့ကလေးတွေကို မြန်မာရိုးရာအဝတ်အစား ဝတ်ပေးထားတာ ကျွန်မမြင်မိတော့ ဝမ်းသာကြည်နူးမှုကို ရင်ထဲဖြစ်ပေါ်လာမိပါတယ်။
ကိုယ့်လူမျိုးမဟုတ်တဲ့သူ ဝတ်တာတောင် ဒီလိုဖြစ်နေရင် ငါ့လူမျိုးတွေသာ ဒီလိုဝတ်ဆင်နေကြတာကို အမြဲမြင်တွေ့ရမယ်ဆိုရင် ပိုတောင်ကောင်းမယ်လို့လည်း တွေးမိပါတယ်။ လောကမှာ ကိုယ်တစ်ယောက်တည်း အသက်ရှည်နေတာမှ မဟုတ်တာ မိဘ ဘိုးဘွားမောင်ဘွားတွေနဲ့ ကြီးပြင်းနေကြရတဲ့ ဝန်းကျင်မှာ ဒီလောက် သရုပ်ပျက်တွေ မရှိသင့်ဘူးလို့လည်း တွေးမိပါတယ်။ ကျွန်မစိတ်ထဲ ရှိတာတွေချရေးရမယ်ဆိုရင် ရေးလို့တောင်မကုန်ပါဘူး။  မြန်မာအမျိုးသမီးများ ယဉ်ကျေးသိမ်မွေ့ပြီး မြန်မာမှုမြန်မာဟန်နဲ့ ကျက်သရေရှိတဲ့ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်မ ဆုတောင်းနေမိပါတော့တယ်။…..

12 comments

  • narziparty2009

    August 7, 2010 at 1:55 pm

    အခုရေးထားတာတွေကိုထောက်ခံပါတယ်ဗျာ များများသာရေးပေးပါအနည်းနဲ. အများတော.ပြင်ဆင်ကြမှာသေချာပါတယ်။ ကျွန်တော်ကိုယ်တွေ.လေးပြောပြမယ်နော်ထည်. လည်းရေးလို.ရတာပေါ. အွန်လိုင်းကကောင်မလေးပါ ဝတ်ထားတာရိုင်းလို.အဲလိုမဝတ်ပါနဲ.မြန်မာဆိုမြန်မာလိုဝတ်ပါလို.ကွန်မန်.ပေးထားလိုက်တယ်နောက်ကျတော. သူပြန်ပြောတာသူများကိုလိုက်ဝေဖန်နေတာမရှက်ဘူးလားတဲ. ကျွန်တော်တော်တော်ဝမ်းလည်းနည်းတယ်ရီလည်းရီချင်တယ်သိလား
    အခုလိုရေးပြီးတင်ပေးတာကိုကျေးဇူးတင်ပါတယ်

  • fatty

    August 7, 2010 at 3:38 pm

    ဒီစာလေးဟာ ရည်ရွယ်ချက် စေတနာ တင်ပြပုံ သိတ်ကောင်းပါတယ်။

  • cherrykoko

    March 5, 2011 at 10:55 am

    ဖြူလေးကိုကျေးဇူးတင်ပါတယ်..
    ကျနော်လည်းပြောပါရစေ… ကျနော်တို့လူမျိုးတွေပာာ အင်မတန်အတုခိုးတတ်ပါတယ်..ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်ဓလေ့ထုံးစံကိုယ်ပို်င်ယဉ်ကျေးမှုတွေရှိရဲ့သားနဲ့ ကိုယ်ပိုင်အတွေးအခေါ်ကို အသုံးမချတတ်ကြပါဘူး….သူများလုပ်သလိုလိုက်လုပ် သူများစားသလိုလိုက်စားတာဘာကြောင့်မှန်းမသ်ိပါ…ကျနော်တို့လူမျိုးပာာတိုင်းတပါးကိုလည်းသိပ်အထင်ကြီးတတ်ကြပါတယ်..
    ကိုရီးယားကားတွေကြည့်ရင်သတိထားမိတာရှိပါတယ်..သူတို့ပာာ သူတို့တိုင်းပြည်မှာဘယ်လိုနေတယ်ထိုင်တယ်ဆိုတာ မရောက်ဖူးလို့မသိပေမဲ့ သူတို့ဇာတ်ကားတွေမှာတော့ ကမာ္ဘက သူတို့ကိုမြင်စေချင်တဲ့အတို်င်းသူတို့ ရိုက်ပြတတ်ကြပါတယ်..သူတို့ ဘာတွေစားတယ်..ဘယ်လိုနေတယ်..စိတ်ထားဘယ်လိုရှိတယ်..ဘယ်လိုဝတ်ကြတယ် လိမ်းချယ်ပြင်ဆင် ကြတယ်ဆိုတာကအစ အားလုံးကို သတိထားပြီးရိုက်ပြနေကြတာပါ..သူတို့တိုင်းပြည်အတွက် Marketing သဘောပါပဲ..တိုင်းပြည်နဲ့ တိုင်းပြည်ရဲ့ထွက်ကုန်တွေကို ဒီလိုကြော်ငြာတာပါ..သူတ်ို့ကျနော်တို့တိုင်းပြည်ဈေးကွက်ကိုလွယ် လွယ် လေးထိုးဖေါက်သွားပါတယ်..ကျနော်တို့တိုင်းပြည်မှာ သူတို့ လို ကမာ္ဘကိုတင်ပြနိုင်တာတွေအများကြီးရှိပါတယ်.. ပြည်သူပြည်သားအားလုံးတာဝန်ရှိတာက မိမိတိုင်းပြည် မိမိယဉ်ကျေးမှုကို အထင်မသေးဖို့ လေးစားတန်ဖိုးထားတတ်ကြဖို့ပါပဲ…ကျနော်ပြည်ပကို သွားနေခဲ့ဖူးပါတယ်..နေရထိုင်ရတာ အခက်အခဲမရှိပြည့်စုံပေမဲ့ သူတို့တိုင်းပြည်တိုးတက်သလို.လှပသလို..စည်းကမ်းရှိကြသလို..လူအချင်းချင်းတန်ဖိုးထား ဆက်ဆံ တတ် ကြသလို ကိုယ့်တိုင်းပြည်ကို ဖြစ်ထွန်းစေချင်တဲ့ဆန္ဒပဲဖြစ်နေပါတယ်.. ကိုယ့်တိုင်းပြည်ကိုယ်ပြန်ရောက်တော့မှ ဒါငါ့ကိုယ်ပိုင်တိုင်းပြည်ပါလားဆိုပြီး ကိုယ့်အိမ်ကိုပြန်ရောက်သလိုနွေးထွေးတဲ့ခံစားမှုဖြစ်ခဲ့ရတာပါ…
    တိုင်းပြည် အဆင့်မှီလာဖို့ ဘယ်သူ့ကိုမှ အပစ်တင်နေလို့ မဖြစ်တော့ပါဘူး..နို်င်ငံသားတိုင်းမှာတာဝန်ရှိပြီး ကိုယ့်တာဝန်ကိုတနိုင်ယူကြဖို့ပဲလိုပါတယ်.. ကျနော်တို့ရဲ့လာမဲ့မျိုးဆက်တွေ မိဝေးဖဝေးပြည်ပမှာ ပညာသွားမသင်ရအောင်..တိုင်းတပါးမှာပင်ပင်ပန်းပန်းအလုပ်တွေသွားမလုပ်ရတော့အောင်..မိသားစုတွေတကွဲတပြားမနေကြရတော့အောင် ကျနော်တို့တို်င်းပြည်ရဲ့အနာဂါတ်ကိုကျနော်တို့ အတတ်နိုင်ဆုံးဖန်တီး တည်ဆောက် သွားချင်ပါတယ်…မိန်းခလေးရောယောင်္ကျားလေးတွေမှာပါ တာဝန်ရှိပါတယ်….

  • manawphyulay

    March 5, 2011 at 12:18 pm

    ဟုတ်ပါတယ်။ နောက်တစ်ချက်ရှိတာက ကိုရီးယားကားတွေကိုပဲ ပြမယ့်အစား မြန်မာမှာ မြန်မာကောင်းကောင်းတွေကို များများပြသပြီး ကမ္ဘာကို ဖြန့်နိုင်ရင်တော့ ပိုကောင်းမယ်နော် သိလား။ ဘာလို့လဲဆိုတော့ ကိုရီးယားက မင်းသားမင်းသမီးတွေ မြန်မာပြည်လာတော့ မြန်မာကားတွေလေ့လာဖို့ သူတို့ဆီမှာ မရှိဘူးလို့ ပြောသံကြောင့် အတော်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ့်နိုင်ငံမှာ သူများအရိပ်တွေ လွှမ်းမိုးနေပြီး နိုင်ငံတကာမှာ မြန်မာကားမရောက်ဖူးဆိုတော့ အတော်ကို တိုးတက်မှု ရှိနေတာကို တွေ့ရတော့ မြန်မာ့ယဉ်ကျေးမှု မြန်မာရိုးရာဓလေ့ ဒါတွေကို မြန်မာပြည်တွင်းမှာတောင် အတော်မီးမောင်းထိုးပြရဦးမယ်ထင်ပါတယ်။

  • cherrykoko

    March 5, 2011 at 3:25 pm

    မှန်ပါတယ်..တရုတ်ကား After Shock ကိုကြည့်ကြည့်ပါ ငလျင်လှုပ်တာကိုရိုက်ပြတာက Effect တွေကိုထားပါတော့… သရုပ်ဆောင်တွေသရုပ်ဆောင်တာ သိပ်ကိုသဘာဝကျလွန်းတာပါ..မင်းသားမင်းသမီးဆိုပြီးပာန်ရေးပြမနေပဲ..သရုပ်ဆောင်ပီပီသသနဲ့ တကယ့်ကိုသဘာဝကျကျ လုပ်ပြသွားတာပါ…နည်းပညာကိုအပစ်ပုံချဖို့ထက် ကိုယ်လုပ်နိုင်တာကို ပီပီပြင်ပြင် စေတနာပါပါ လုပ်ပြရင်ကောင်းမှာပါ..ဒါမှလည်းပရိသတ်ကိုဆွဲဆောင်နိုင်ပြီး အောင်မြင်မှာပါ..နိုင်ငံတကာကိုထိုးဖေါက်နိုင်မှာပါ….မြန်မာကားတွေပာာ သရုပ်ဆောင်တာတွေသာမက ဆက်တင်ပိုင်းကပါ မြန်မာမဆန်ချင်ပါဘူး …အတုခိုးတာတွေသိပ်များပါတယ်..မင်းသားမင်းသမီး မနက်စာစားပြရင်လည်း တကယ်အပြင်ကပြည်သူတွေစားသလိုကိုစားမပြနို်င်ပါဘူး ..ဘိုစာတွေပဲစားပြပါတယ်..ကော်ဖီ နဲ့ မုန့် နဲ့စသဖြင့်ပေါ့အပြင်မှာအဲလိုစားတဲ့သူတွေရှိပါတယ်.ဒါပေမဲ့.မြန်မာရုပ်ရှင်ဖြစ်လို့.မြန်မာ့လူနေမှုပုံစံအမှန်ကိုထင်ပာပ်ဖို့လိုပါတယ်…….

  • တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား

    March 5, 2011 at 3:43 pm

    မှန်ပါတယ်ဒါခင်ဗျားတို့ပြောနေတဲ့ဒီမိုကရေစီစိုတဲ့အနောက်တိုင်းကိုအထင်ကြီးသူတွေရဲ့အပစ်ပါ

  • sugarray4

    March 6, 2011 at 3:10 am

    အရမ်းကို ဖြစ်သင့်တဲ့ အကြောင်းအရာတွေပါ။

  • Nyan Phyo Myint

    March 6, 2011 at 11:57 am

    Rဇာနည်ရဲ့ သနပ်ခါးချစ်သူ သီချင်းလေးကို နားဆင်ကြည့်ပါ။ အဲလို သီချင်းလေးတွေများများပေါ်လာရင်၊ ပေါက်ရင် ကောင်းမှာပဲ။

  • Tint Lwin

    December 13, 2014 at 11:22 am

    ကျွန်တော်ကတော အဂတိ ကင်းစွာနဲ့ ဆွေးနွေးရရင်
    မှန်သည် မှားသည်နဲ့မဆွေးနွေလိုပါ
    လောကီအမှန်တရားက မတည်မြဲလို့ပါ
    ဥပမာအရပြောရရင်
    အမှန်တရားအတွက် အသက်ကိုစွန့်တိုက်ပွဲဝင်ကြသောမြင်းစီးသမား ၂ယောက်
    ရှိလေသည်
    တစ်ယောက်က တောင်အရပ်မှလာ၍ အခြားတယောက်က မြောက်အရပ်မှလာကြသည်
    ရပ်နားရန်အတွက် လမ်းဘေးဆိုင်ရှေ့တွင် ရပ်ကြလေသည်
    ထိုဆိုင်ရှေ့တွင် မြင်းရုပ်တရုတ် ရှိဧ် ထိုမြင်းရုတ်ကို
    တောင်ဘက်ခြမ်းတွင် ရွှေရောင်သုတ်၍
    မြောက်ဘက်ခြမ်းတွင် ငွေရောင်သုတ်ထား သည်
    တောင်ဘက်ခြမ်းမှမြင်းစီးသမားက တယ်လှတဲ့ ရွှေ ရောင်
    မြင်းရုပ်ကြီးပါလားဟုဆိုလိုက်လေသည်
    မြောက်ဘက်ခြမ်းကမြင်းစီးသမားက
    ငွေရောင်မြင်းရုပ်ကိုမြင်လျှက် ရွှေရောင်မြင်းရုပ်ဟုမပြောနှင့်
    ငါကားအမှန်တရားအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်
    ကြောင်းပြောလေသည်
    ထိအခါ တောင်အရပ်မှမြင်းစီးသမားကလည်း
    ငါကလည်းအမှန်တရားအတွက် အသက်ပင် စတေးနိုင်ကြောင်း
    ရွှေမြင်းရုပ်ကို ငွေမြင်းရုပ်ဟု မပြောနိုင်ကြောင်းဆိုကာ
    တိုက်ပွဲဝင်၍သေကြလေသည်။
    အဘယ်သူမှန်၍ အဘယ်သူမှားသနည်း
    စာရှုသူအား တယောက်သောသူကိုသာအမှန်ပေးရမည်ဆိုရင်
    မည်သူကိုပေးမည်နည်း
    အဖော် အချွတ် မိန်းကလေးများကလည်း နာမည်ကြီးလို၍ ပိုက်ဆံရလို၍
    sponser ရလို၍ လူသိများလို၍ ပုရိသအကြိုက်
    မိမိရဲ ့ အရင်းအမြစ်များ resourcesကို အားသာချက်အဖြစ်
    အသုံးပြုကာ တခြား ရုပ်ချောသော ချစ်စရာကောင်းသော အသံကောင်းသော
    အရင်းအမြစ် resource ပိုင်ရှင်းများနှင့် တန်းတူယှဉ်ပြုင်လိုကြသည်
    ထိုသိုမလုပ်လျှင် ရည်းစားcase နာမည်ကြီးမှု Sponser ပုရိသကြိုက်မှု
    ဆုံးရှုံးရပေမည်
    အမြဲတမ်း ရုပ်ချောသောကောင်မလေးများသာ နေရာယူနေပေလိမ့်မည်
    ပုရိသတွေကလည်း ပုထုစဉ်တွေ ဆိုတော့ တဏှာလောဘဘယ်ကင်းနိုင်မယ်
    ကြည်ရုံတင်မက စိတ်ထဲပါရင်ပါသလို sponser ထွက်လာတာ
    ဒီ case ကိုလည်း ကောင်းတယ် မကောင်းဘူး လိုသွားမပြောရဲဘူး
    သူတို့ ကကောင်းလို့လုပ်တာလို့ပြောမှာပဲ
    အဲဒီတော့
    buddish နည်းနဲရှင်းကြည့်ရင်

    # ကောင်းမှုကုသိုလ်
    – မိမိကိုဖြစ်စေ သုတပါးကိုဖြစ်စေမထိခိုက်သောအလုပ်သည်
    အပြစ်မရှိသောကြောင်ကုသိုလ်

    # မကောင်းမှု အကုသိုလ်
    – မိမိကိုဖြစ်စေ သုတပါးကိုဖြစ်စေ ထိခိုက်သောအလုပ်သည်
    အပြစ်ရှိသောကြောင့် အကုသိုလ်

    ဒါဆိုရင် သဘောပေါက်လောက်ပါပြီ
    အဖေါ်အချွတ်ဝတ်တာ မိမိကိုဖြစ်စေ သုတပါးကိုဖြစ်စေ ထိခိုက်လားမထိခိုက်
    လား ထိခိုက်ရင်လည်း ဘယ်လိုထိခိုက်သလဲ
    စဉ်းစားဖို့
    လမ်းကြောင်းပေးရုံတင်ပါ
    ကျေးဇူး စာရှုသူ

    • kai

      December 13, 2014 at 12:23 pm

      အဟမ်း..
      Miss ပြိုင်ပွဲတွေကို.. မြန်မာတွေဘယ်လိုမြင်ကြသလည်း… သိချင်သား..
      အနောက်နိုင်ငံသားတွေဘယ်လိုမြင်သလည်း.. သိချင်လား.. ?? :k:

  • အင်းးး
    ကျနော် ရွာထဲ မရောက်ခင်ကတည်းက တင်ထားတဲ့ပိုစ့်လေးပဲ
    အခုမှ တူးဖော်ပေးသူကြောင့် ဖတ်မိတယ်။

  • chate chate

    December 13, 2014 at 1:48 pm

    မှန်ကန်စွာတွေးခေါ်နိုင်ခြင်းရှိမှ ပြေလည်မယ့် ပြသနာမျိုးပါ။ ဒီမှန်ကန်စွာတွေးခေါ်နိုင်ဖို့ဆိုတာလည်း အရင်းစစ်လိုက်တော့ ပညာရေးအားကောင်းဖို့လိုမယ် ထင်ပါတယ်။ မြန်မာလူမျိုးဖြစ်လို့ မြန်မာဝတ်စုံကိုချစ်မြတ်နိုးတယ်ဆိုပေမယ့်လည်း လျှပ်ပေါ်လော်လီမှုမဟုတ်တဲ့ လိုက်လျောညီထွေရှိမှုကလည်း အရေးကြီးပါတယ်။ ဘုရားကျောင်းကန်ကို Jean ဖင်ကျပ်နဲ့ သွားဖို့ မသင့်တော်သလို သွက်သွက်လက်လက် လှုပ်ရှားသွားလာဖို့လိုတဲ့ အလုပ်ခွင်တွေမှာလည်း မြန်မာလုံချည်ဝတ်ဆင်ခြင်းက အလုပ်ကိုနှောင့်နှေးစေပါတယ်။ မြန်မာ့ချည်ထည်တွေဟာ နွေရာသီမှာဝတ်ရတာ သက်တောင့်သက်သာ ရှိပေမယ့် မိုးရာသီမှာ ချည်ထည်ဝမ်းဆက်ဝတ်ပြီး မိုးရေစိုလို့ တကိုယ်လုံးကပ်ပြီး အမြင်မတော်ဖြစ်နေတဲ့ မိန်းကလေးကိုလည်း တွေ့ဘူးပါတယ်။ အလှူ မဂလာဆောင်ပွဲထိုင်မှာတော့ မြန်မာ့ချိတ်က အင်မတန်ကို ကျက်သရေရှိပါတယ်။

Leave a Reply