ကျမသိပါရစေ

ကျမသိပါရစေ

မြန်မာနိုင်ငံ၊ ရန်ကုန်မြိ ု ့တော်ရှိ တစ်ခုသောစာသင်ကျောင်း တစ်ကျောင်းတွင် ယနေ ့စာမေးပွဲတစ်ရပ် ပြု လုပ်မည်ဖြစ်သည်။

ကျောင်း တစ်ကျောင်းတွင် စာမေးပွဲ ကျင်းပသည်မှာ အထူးအဆန်းမဟုတ်သော်လည်း ယနေ ့ပြုလုပ်မည့် စာမေးပွဲနှင့် ပက်သက်၍ မူ ကျောင်းသည်သိသာထူးခြား၍ နေသည်။

ထိုကျောင်းမှကလေးများတဖွဲဖွဲ ဝင်လာနေစဉ် ဆရာများမှာ ဟိုနားစုစ၊ု သည်နားစုစုဖြင့် တိုးတိုးကြိတ်ကြိတ်ပြောဆိုလျက်ရှိကြသည်။ ရံဖန်ရံခါ ကျောင်းအဝင်လမ်းဆီသို ့လည်းလှမ်းကြည့်ကြ၏ ။

“ကျောင်းအုပ်ကြီးက ဒီကိစ္စကို လက်ခံဖို ့မကောင်းဘူးဗျာ” ဟု ဆရာတစ်ယောက်ကဆိုသည်။

“ဒါကတော့ ဝန်ကြီးကိုယ်တိုင်ရဲ ့ခွင့်ပြုချက်လေဗျာ။ ဘယ်တတ်နိုုင်မလဲ ” ဟု နောက်ဆရာတစ်ယောက်က သက်ပြင်းချသည် ။

ထိုစဉ် အလုပ်ဝင်သည်မှာ မကြာသေးသော ဆရာငယ်လေးတစ်ယောက် ရောက်လာကာ ဟိုဟိုသည်သည် ြကြည့်ပြီးမေးလိုက်၏ ။

“ဘာတွေဖြစ်နေကြတာလဲဗျ….ဟင်”………….

“ဪ…ဆရာလေးမသိဘဲကိုး ။ဒီနေ ့ကျောင်းက လုပ်တဲ့စာမေးပွဲမှာ ဟိုစိတ်ရောဂါဆေးရုံက
ကျပ်မပြည့်တဲ့ ကလေးတွေက ပထမတန်းအနေနဲ ့ဝင်ဖြေမှာတဲ့ဗျ”

“ဟင်…သူတို ့ကစာသင်ရလို ့လား…သူတို ့ကိုဘယ်သူစာသင်ပေးလို ့လဲ”

“ဟိုအမျိုးသမီးလေ ၊ ဒေါ်ရွှေအိမ်စည် ပေါ့”……

“ကြံကြီးစီရာဗျာ ၊ သူပါ ရှူးနေလားမသိဘူး”……

“သူရှူးတာ မရှူးးတာထက် အဲဒီအရှူးလေးတွေ ၊အနုံ အ, အ လေးတွေနဲ ့ကျုုပ်တို ့ကျောင်းက ကလေးတွေ အတူရောပြီးဖြေရမှာဗျ၊ ၊ လူစဉ်မှီတဲ့ကလေးတွေ နဲ ့ လူကောင်းပကတိလေးတွေ ပြိုင်ရသလိုဖြစ်နေပြီ ။ကျက်သရေမရှိလိုက်တာဗျာ….”….

“ကျုုပ် ကြားဘူးတာတော့ သူ ့စာသင်နည်းက အဆန်းဆိုပဲ ၊ ကလေးစိတ်သဘာဝကိုအသုံးချတယ်ဆိုလား ၊ သူကျောင်းမှာတော့ နာမည်တော့ ထွက်စပြုနေတယ်နော့ ”……ဟုတစ်ယောက်ကဆိုသည်။…..

“အလာကားပါဗျာ ပေါက်တတ်ကရတွေ………
သူကများ ပထမတန်း အနေနဲ ့များပြိုင်ကြည့်ဖို ့ ဝန်ကြီးအထိ တောင်းဆိုရတယ်လို ့ဗျာ….”

ထိုအခိုက် ဆရာတစ်ယောက်က “ဟော.ဟော..ဟိုမှာ….လာနေကြပြီ ဗျို.” ဟု ခပ်ကျယ်ကျယ် ပြောလိုက်သည် ။

အသက်သုံးဆယ်ခန် ့ အမျိုးသမီးတစ်ဦး နှင့် ကလေးငယ်တစ်အုပ်သည် ကျောင်းအတွင်းသို

့ရိုရိုကျိုးကျိုး မဟုတ်ပဲ ဆူဆူညံညံ ခုန်ပေါက် ဝင်လာသည် ကိုကြည့်ကာ ဆရာအိုကြီးတစ်ယောာက်

က …..

“ဟင်း…စည်းမဲ့ကမ်းမဲ့ အနုံ အ, အလေးတွေ” ဟု ရှုံမဲ ့ပြီး ရေရွတ်လိုက်သည်။

ထိုကလေးများ၏ ဆရာမဆိုသူ အမျိုးသမီးက သူ ့ ကလေးတွေ ကို နေရာချပေးပြီးမကြာခင် စာမေးပွဲ

စချိန် ရောက်လေသည် ၊၊ နှေးကွေးတုံဆိုင်းခြင်းမရှိပါ ဘဲ လျှင်မြန်သွက်လက်စွာ ဖတ်ရှု ့ရေးချျွတ် ဖြေဆိုနေ

သော လူစဉ်မမှီ ဟု ဆိုကြသည့် ကလေးများကို မြင်ရသောအခါ ဆရာအပေါင်းတို ့မျက်လုံးပြူး

သွားကြပေသည်။ ထိုပြူးသောမျက်လုံးများကို ပို၍းပြူးကျယ်စေသည် မှာကား ထိုကလေးများ၏ ရမှတ်နှင့်

သူတို ့ကျောင်းမှ ပုံမှန်ကလေးများ၏ ရမှတ် တို ့တူညီနေ နေကြခြင်း ပေတည်း။

စောစောက ကျောင်းဆရာ တစ်အုပ်သည် ကလေးများ၏ဆရာမ ကို ဝိုင်းပတ်ခြံရံလျှက်

“အံဩစရာကောင်းလိုက်တာ ၊ဒေါ်ရွှေအိမ်စည်ရယ်….ခင်ဗျား ဒီအရွယ် ကလေးတွေကိုစာတွေ တအားသင်ဘီု ့စောလွန်းသေးတယ်။ သူတို ့ကို ဘယ်လို လုပ် လိုက်တာ လဲဟင်” လို ့ဝိုင်းမေးကြတယ်..။

ဒီအခါ ဒေါ်ရွှေအိမ်စည် က ထိုသို ့မေးသော ဆရာကို အေးချမ်းစွာ ပြန်ကြည့်လိုက်သည် ။ထိုနောက် တစ်လုံးချင်းပြောလိုက်သည်။

“ကျမ ဘာမှ ထူးထူးခြားခြား မလုပ်ပါဘူး ။ ကလေးသဘာဝကို နားလည်အောင်ကြိုးစားပြီး သူတို ့သဘာဝနဲ ့ ကိုက်ညီတဲ့ ပညာရေးကို ရှာဖွေတာပါပဲ….”။

“ကျမလည်း ဆရာတို ့ကို တစ်ခုမေးချင်ပါတယ်။ ကျမရဲ ့ ကံမကောင်း အကြောင်းမလှရှာတဲ့ ကလေးတွေနဲ ့ တန်းတူရည်တူ

ဖြစ်သွားလောက်အောင် အဲဒီ အကောင်းပကတိ ပုံမှန်ကလေးတွေကို ဆရာတို ့ဘယ်လိုလုပ် လိုက်ကြတာလဲ.… ကျမလည်း သိပါရစေ…”

စာကိုး။ ။မောင်သစ်ဆင်း (ကလေးတို ့မနက်ဖြန်)

**နောင် လာမည် ့အနာဂါတ် ပညာရေးစနစ် သည် ပြောင်းလဲ သွားလျှင် တွေ ့နိုင်မည်ထင်ပါသည်။

**ယခုအခါ အမှန် တကယ် ပြိုင် ရန် ဘယ် ဝန်ကြီးမှ ခွင့် ပြုချက် ပေးမည် မဟုတ်ပါ။

**လူကောင်း ကလေး နဲ. ပုံမှန် မဟုတ်တဲ. ကလေးကို နှိုင်းယှဉ်လို.တော့မရပါဘူး ။ဒါပေမယ့် ကလေးဘဝ က အသိကိုတော့နှိုင်းယှဉ်လို ့ရပါတယ်။


…စိတ်…စိတ်..စိတ်ရွက်ကို..အစွမ်းကုန်ဖွင့်ရင်းနဲ ့..လှော်ကြမယ်…
လာလေ…..လိုက်မလား?
လာလေ..အတူသွားစို ့…..အနာဂါတ် ပညာရေးပန်းတိုင်ဆီ…….
..

ချစ်ခင်လေးစားသော
ရွှေအိမ်စည်

12 comments

  • kai

    August 5, 2011 at 4:52 am

    ဖွံ ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ. . ဉာဏ်ရည်မမှီတဲ့ကလေးတွေအတွက်.. သီးသန့်ကျောင်းရှိတယ်..။
    ဆရာလည်း သီးသန့်ပဲ..။

    ဘာပဲဖြစ်ဖြစ်…
    ဉာဏ်ရည်မမှီတဲ့ကလေးတွေကို မြှင့်တင်ပေးနေသူတိုင်းကို.. လေးစားပါတယ်ခင်ဗျား…။ 🙂

  • MaMa

    August 5, 2011 at 7:16 am

    ဉာဏ်ရည်မီတဲ့ကလေးနဲ့ ဉာဏ်ရည်မမီတဲ့ကလေးတွေက အသက်တူတူပဲလား မသိဘူး။ အသက်တူဉာဏ်ရည်တူရင် ဘာဖြစ်လို့ အဲဒီကလေးတွေကို ဉာဏ်ရည်မမီဘူးလို့ သတ်မှတ်တာလဲ မသိဘူး။

  • nature

    August 5, 2011 at 7:57 am

    ကျနော့်အမြင်ကတော့ ဉာဏ်ရည် မမီသူတွေကို အတူတွဲသင်ဖို့ မသင့်ပါဘူး။ ခလေးသဘာဝ စနောက်ရင်းနဲ့ ခလေးတွေရဲ့စိတ်ဓါက်ကို ထိခိုက်သွားစေနိုင်ပါတယ်။ တကယ်ပြိုင်ကြည့်လို့ တန်းတူ ဆိုတဲ့အဖြေရရင်တော့ သင်တဲ့နည်းစံနစ်ကို တရားဝင်ပြဌာန်းရင် အကျိုးရှိမယ်ထင်တယ်။

  • thit min

    August 5, 2011 at 8:30 am

    Yes, we need specific school for them. Main feature is financial supporting, of course. It is possible to get some assistance from NGOs or oversea communities. In our country, I don’t know really whether it is can do or not like that kind of realtion.

  • aungnng87

    August 5, 2011 at 9:29 am

    ဉာဏ်ရည်မမှီတဲ့ကလေးဆိုတာဉာဏ်ရည်မမှီလို.ဘဲလေ။ အဲဒီဉာဏ်ရည်မမှီတဲ့ကလေးတွေကဉာဏ်ရည်မှီတဲ့
    ကလေးတွေနဲ.ယှဉ်ဖြေနိုင်တယ်ဆိုရင် ဒါဉာဏ်ရည်မမှီတာဘယ်ဟုတ်မဘဲ။ သင်ပေးနိုင်တဲ့ဆရာမလည်းတော်လို.ပေါ့လေ။

  • pan pan

    August 5, 2011 at 10:01 am

    ဉာဏ်ရည်မမှီတာ အာရုံကြောချို့ယွင်းလို့လားမသိဘူး
    တချို့ဉာဏ်မမှီတဲ့လူတွေထဲမှာ အကြောလိုက်နေသလို လမ်းသွားရင် စောင်းငန်းစောင်းငန်းလူတွေ တွေ့ဖူးတယ်
    စကားပြောရင်လည်း အသံအကွဲဘူး
    သူတို့မွေးတဲ့မိဘက မွေးပြီးနောက်ပိုင်း စီးပွားတက်သတဲ့
    သိုက်ကလာတဲ့လူတွေမို့လို့တဲ့
    ဘာဆိုင်တယ်တော့မသိ

  • ogre

    August 5, 2011 at 10:09 am

    သင်ကြားမှုနည်းစနစ်က
    စိတ်ဝင်စားစရာပါ ဘယ်လိုများ သင်ကြားလိုက်တာပါလဲ
    စိတ်ရောဂါကုဆရာဝန်တွေလိုပဲလား..

  • pan si

    August 5, 2011 at 10:43 am

    ကလေးတွေကို.ဉာဏ်ရည်နိမ့်တယ်ဆိုပီးခွဲခြားပီးမဆက်ဆံသင့်ပါဘူး..သူတို့စိတ်တွေကိုဒဏ်ရာမပေးသင့်ပါဘူး..(ကလေးတွေကိုသင်ကြားပေးတဲ့နည်းစနစ်ကတော်2လေးကောင်းတယ်ထင်ပါတယ်. လေးစာပါတယ်)

  • AKKO

    August 5, 2011 at 11:36 am

    ဉာဏ်ရည်မမှီတဲ့ကလေးတွေကို ပြုစုပျိုးထောင်ပေးရတာ တကယ့်ကို မလွယ်တဲ့ အလုပ်ပါပဲ … ။ စိတ်ရှည်တဲ့ လူမျိုးမှပဲ ဖြစ်မှာပါ .. ။
    အလွန်ကောင်းတဲ့ အလုပ်မို့လို့ … မရွှေအိမ်စည်ကို ဂုဏ်ယူလေးစားမိပါတယ် ။ ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေလို့လည်း ဆုတောင်းပါတယ် .. ။

  • windtalker

    August 5, 2011 at 1:11 pm

    ရသတွေ အများကြီး ပေးတဲ့
    ပို ့စ် တစ်ခုပါပဲ ။
    ကျွန်တော့် အမြင် ပေါ့နော်
    သားသမီး မရှိသူ များ က တော့
    ဒီလို စာသင်ခြင်းမျိုးကို လက်ခံ နိုင်ကြမှာ ဖြစ်ပြီး
    သားသမီး ရှိသူ များ ကတော့
    လက်ခံ ကြမှာ မဟုတ်ဘူး လို ့
    မြင်မိတာပေါ့နော် ။
    အပေါ ်က နေးချား ပြောသလိုပါပဲ
    ကလေးဘာသာဘာဝ ဆော့ကစားကြရင်း
    ရန်ဖြစ်တာ မျိုးရှိခဲ့ရင်……ဆိုတဲ့ အတွေးနဲ ့တင် လို ့မြင်မိပါတယ်နော်

  • alinsett

    August 5, 2011 at 6:30 pm

    သိပ်ကောင်းတဲ ့စာမူလေးပါ ။ တွေးစရာလေးတွေ အများကြီး ပဲ ရလိုက်တယ် ။ ရေး ပြီး တင်ပေးလို့ ့ကျေးဇူးပါပဲ။

  • ရွှေဘိုသား

    August 5, 2011 at 8:32 pm

    ခွဲခြားဆက်ဆံတာက တော်တော်ကို ကလေးအတွက်လမ်းမှားရောက်ဖို. များပါတယ်
    ကျနော်ကိုယ်တိုင် အဲလိုခံစားဖူးလို.ပါ

Leave a Reply