ပြီးခဲ့တဲ့လ၂၃ရက်နေ့က တရုတ်နိုင်ငံဝမ်ကျိုးမြို ့ပြင်မှာ မြန်နှုန်းမြင့်ကျည်ဆန်ရထားတိုက်တဲ့သတင်းတော့ သိကြမယ်ထင်ပါတယ်။မိုးကြိုးပြစ်ခံရလို ့ ေ့ရှကသွားတဲ့ရထားက ရပ်နေတဲ့အချိန် နောက်ကရထားကဝင်တိုက်မိတဲ့အတွက် ရထားတွဲ ၂တွဲ တံတားပေါ်က ပြုတ်ကျခဲ့တယ်။ပထမပိုင်းတော့ မိုးကြိုးပြစ်တာကိုပဲ တရားခံလုပ်နေတဲ့ တရုတ်အစိုးရ နောက်ပိုင်းမှာတော့ ေ့ရှရထားရပ်နေတာတောင် မီးအနီမပြပဲ အစိမ်းသာပြနေတဲ့ system ချို့ယွင်းနေတာကို သိခဲ့တယ်။ပြီးတော့ ရထားတတွဲမှာတောင် လူပေါင်း၃၅ယောက်မကတာကို သေဆုံးသူကို ၃၅ယောက်ပဲရှိတယ်လို့ကြေငြာခဲ့တယ်။အဲဒီ၃၅ယောက်ဆိုတဲ့အရေအတွက်ကို တရုတ်အစိုးရက ၁၉၉၃ကနေ အခုထိဖြစ်ခဲ့တဲ့ မတော်မဆမှုတွေမှာသုံးခဲ့တဲ့ လူအရေအတွက်ပါ။ 死者35人ဆိုပြီးရှာရင် အထောက်အထားတွေ့ပါလိမ့်မယ်။အဆိုးရွားဆုံးလုပ်ရပ်ကတော့ တံတားပေါ်က အောက်ပြုတ်ကျတဲ့အတွဲကို အထဲကလူတွေကို ရှာဖွေကယ်ဆယ်တာမလုပ်ဘဲနဲ့ မြေကြီးထဲမြုပ်ပစ်လိုက်တာပါ။တန်းလန်းဖြစ်နေတဲ့အတွဲကိုတော့ ကရိန်းနဲ့ မပြီး ကားပေါ်တင်တာတွေ့လိုက်ရတယ်။တကယ်ဆို မသေဘဲဒဏ်ရာရနေတဲ့လူတွေလဲ ရှိနိုင်တာပဲလေ။တော်တော်လဲ ရက်စက်နိုင်တယ်။သေတဲ့လူတွေလဲ အလောင်းတောင်ပြန်မရဘူး။ဒါပေမယ့် သူတို့ အစိုးရကလဲ ပြည်သူတွေကို ထိန်းတတ်ပါတယ်။ပထမတော့ တရုတ်တွေလဲ ဆန္ဒပြကြတာပေါ့.။အဲဒါတရုတ်ငွေသောင်း၅ဝကို လျော်ကြေးပေးမယ်ကြေငြာတယ်။နောက်ပိုင်းတော့ ၉၆သောင်းပေးမယ်လို့ ပြင်လိုက်တယ်။ပထမပိုင်း တက်တက်ကြွကြွ ဆန္ဒပြနေတဲ့လူတွေလဲ နောက်ပိုင်းမှာ မပါလာတော့ဘူး။နိုင်ငံတကာကတော့ ကယ်ဆယ်မှုဘာမှမလုပ်ဘဲ ရထားတွဲ မြေကြီးထဲမြုပ်တဲ့ လုပ်ရပ်ကို အပြစ်တင်နေကြလေရဲ ့။ဒါပေမယ့် ကိုတရုတ်တို့ကတော့ ……

မှတ်ချက် ၊၊ သတင်းအချက်အလက်ကို ဂျပန်တီဗီသတင်းများမှ ကောက်နုတ်ပါတယ်။

About yuki

has written 4 post in this Website..