ကျမ ကလေးမြို့ကို သွားရမယ်ဆိုတုန်းကတော့ အရမ်းဝေးလွန်းလှတဲ့နေရာလို့ ထင်မိပါတယ်၊ တကယ်တမ်း တော့ထင်သလောက်မဝေးဘူးဆိုတာ သိရပါတယ်၊ Express ကားနဲ့သွားမယ်ဆိုရင် နေ့လည် ၂ နာရီမှာ ကလေးမြို့ကနေထွက်ရင် မနက်စောစော မန္တလေးကိုရောက်ပါတယ်၊ ဗင်ကားနဲ့သွားမယ်ဆိုရင် မနက် ၆ နာရီထွက်ပြီး ညနေ ၆ နာရီဆိုရောက်မှာပါ၊ လေယာဉ်နဲ့ဆိုရင်တော့ ၄၅ မိနစ်ပဲ စီးရမှာပါ၊ ကလေးမြို့ကနေ ချင်းပြည်နယ်က မြို့လေးတွေကိုလည်း သွားလို့ရပါတယ်၊ ကလေးမြို့ကနေ ဖလမ်း ကို ကားနဲ့သွားမယ်ဆိုရင်တော့ ၇ နာရီလောက်ကြာပါမယ်၊ တီးတိန်ကို ကားနဲ့သွားရင်တော့ ၅ နာရီလာက်စီးရပါမယ်၊ တီးတိန်မှာတော့ ရိ လို့ခေါ်တဲ့ အသဲပုံရေကန်ရှိပါတယ်၊  ကလေးမြို့ကနေ ချင်းပြည်နယ်ရဲ့ မြို့တော် ဖြစ်တဲ့ ဟားခါးကိုသွားမယ်ဆိုရင်ဖြင့် ၁၀ နာရီလောက် ကားစီးရပါမယ်၊ ကလေးမြို့ကနေ အိန္ဒိယနယ်စပ် တမူးမြို့ကိုသွားမယ်ဆိုရင်တော့ ၃ နာရီလောက် ကားစီးရပါမယ်၊ အိန္ဒယနှင့် မြန်မာနယ်စပ် နန်းဖာလုံဈေးဟာ အိန္ဒိယပစ္စည်း၊ တရုတ်ပစ္စည်းတွေ အများဆုံးလက်လီလက်ကားရောင်းတဲ့ဈေးပါ၊ ရောင်းသူ၊ ၀ယ်သူများနဲ့ စည်ကားလှတဲ့ နယ်စပ်ဈေးပါ၊ ကလေးမြို့မှာလည်း အိန္ဒိယ ပစ္စည်းတွေပေါပါတယ်၊ မြို့လေးက အေးချမ်းပြီး နေလို့ကောင်းပါတယ်၊ တောင်ပတ်လည်ဝန်းရံထားတဲ့မြို့လေးပါ၊ ကလေးမြို့မှာရှိတဲ့ ပြောင်းပြန်စီးတဲ့ မြစ်သာမြစ်ရဲ့အလှကလည်းတစ်မူထူးခြားလှပါတယ်၊၊ ရောက်စကတော့ ကျမအတွက် နေရာစိမ်းဖြစ်ပေမယ့် ဒေသခံတိုင်းရင်သားတွေရဲ့ ဖော်ရွေမူ၊ ဖြူစင်ရိုးသားပွင့်လင်းမှုတွေနဲ့ အခုတော့ ကျမနေသားကျနေပါပြီ၊ ရွာထဲက သူငယ်ချင်းတွေကိုလည်း ကလေးမြို့လေးရဲ့ ရူခင်းပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်၊

About yaungchikha

has written 16 post in this Website..