ကျမရောက်ရှိနေသော မြို့ကလေး………….

yaungchikhaAugust 3, 20112min21527
ရေဆန်ကျွန်း

ကျမ ကလေးမြို့ကို သွားရမယ်ဆိုတုန်းကတော့ အရမ်းဝေးလွန်းလှတဲ့နေရာလို့ ထင်မိပါတယ်၊ တကယ်တမ်း တော့ထင်သလောက်မဝေးဘူးဆိုတာ သိရပါတယ်၊ Express ကားနဲ့သွားမယ်ဆိုရင် နေ့လည် ၂ နာရီမှာ ကလေးမြို့ကနေထွက်ရင် မနက်စောစော မန္တလေးကိုရောက်ပါတယ်၊ ဗင်ကားနဲ့သွားမယ်ဆိုရင် မနက် ၆ နာရီထွက်ပြီး ညနေ ၆ နာရီဆိုရောက်မှာပါ၊ လေယာဉ်နဲ့ဆိုရင်တော့ ၄၅ မိနစ်ပဲ စီးရမှာပါ၊ ကလေးမြို့ကနေ ချင်းပြည်နယ်က မြို့လေးတွေကိုလည်း သွားလို့ရပါတယ်၊ ကလေးမြို့ကနေ ဖလမ်း ကို ကားနဲ့သွားမယ်ဆိုရင်တော့ ရ နာရီလောက်ကြာပါမယ်၊ တီးတိန်ကို ကားနဲ့သွားရင်တော့ ၅ နာရီလာက်စီးရပါမယ်၊ တီးတိန်မှာတော့ ရိ လို့ခေါ်တဲ့ အသဲပုံရေကန်ရှိပါတယ်၊  ကလေးမြို့ကနေ ချင်းပြည်နယ်ရဲ့ မြို့တော် ဖြစ်တဲ့ ဟားခါးကိုသွားမယ်ဆိုရင်ဖြင့် ၁ဝ နာရီလောက် ကားစီးရပါမယ်၊ ကလေးမြို့ကနေ အိန္ဒိယနယ်စပ် တမူးမြို့ကိုသွားမယ်ဆိုရင်တော့ ၃ နာရီလောက် ကားစီးရပါမယ်၊ အိန္ဒယနှင့် မြန်မာနယ်စပ် နန်းဖာလုံဈေးဟာ အိန္ဒိယပစ္စည်း၊ တရုတ်ပစ္စည်းတွေ အများဆုံးလက်လီလက်ကားရောင်းတဲ့ဈေးပါ၊ ရောင်းသူ၊ ဝယ်သူများနဲ့ စည်ကားလှတဲ့ နယ်စပ်ဈေးပါ၊ ကလေးမြို့မှာလည်း အိန္ဒိယ ပစ္စည်းတွေပေါပါတယ်၊ မြို့လေးက အေးချမ်းပြီး နေလို့ကောင်းပါတယ်၊ တောင်ပတ်လည်ဝန်းရံထားတဲ့မြို့လေးပါ၊ ကလေးမြို့မှာရှိတဲ့ ပြောင်းပြန်စီးတဲ့ မြစ်သာမြစ်ရဲ့အလှကလည်းတစ်မူထူးခြားလှပါတယ်၊၊ ရောက်စကတော့ ကျမအတွက် နေရာစိမ်းဖြစ်ပေမယ့် ဒေသခံတိုင်းရင်သားတွေရဲ့ ဖော်ရွေမူ၊ ဖြူစင်ရိုးသားပွင့်လင်းမှုတွေနဲ့ အခုတော့ ကျမနေသားကျနေပါပြီ၊ ရွာထဲက သူငယ်ချင်းတွေကိုလည်း ကလေးမြို့လေးရဲ့ ရူခင်းပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်၊

27 comments

  • pan pan

    August 3, 2011 at 11:59 am

    နယ်စပ်ကပစ္စည်းတွေ သွားဝယ်ပြီး ပြန်ရောင်းချင်တယ်
    တရုတ်ဘက်ပဲဖြစ်ဖြစ်
    ယိုးဒဟားဘက်ပဲဖြစ်ဖြစ်

  • kai

    August 3, 2011 at 12:13 pm

    အေးအေးချမ်းချမ်းနဲ့.. သာယာပုံပဲ..။
    တခါတလေ..မြို့ပြတွေကို ..ငြီးငွေ့ပြီး..အဲလိုမြို့လေးမှာ..နေချင်စိတ်ပေါက်မိတယ်..။

    ရိဒ်ရေကန်ဖက်ရောက်ရင်… ပုံတွေတင်ပေးပါဦး..။

  • manawphyulay

    August 3, 2011 at 12:26 pm

    ကလေးမြို့လေးကို ရောက်ဖူးချင်လိုက်တာ…. မန်းလေးတောင် တစ်ခါပဲရောက်ဖူးသေးတယ်။

  • nozomi

    August 3, 2011 at 12:33 pm

    ကလေးနဲ့ ကလေးဝ က ဘယ်လိုဆက်စပ်လဲ မသိ

  • yaungchikha

    August 3, 2011 at 1:02 pm

    ရိဒ် ရေကန်ဘက်ရောက်ရင်လည်း ပုံတွေတင်ပေးပါမယ်နော်၊ မနောလည်း ရောက်ဖူးချင်တယ်ဆိုရင် လာလည်ပါလို့ဖိတ်ခေါ်ပါတယ်….ပန်ပန်လည်း နယ်စပ်ပစ္စည်းတွေ ဝယ်ပြီးပြန်ရောင်းချင်ရင် လာခဲ့နော်….. ကလေးဝကိုကျော်ပြီးမှ ကလေးမြို့ကိုရောက်တာပါ၊ တစ်မြို့စီပါ၊ ပြင်ဦးလွင်နဲ့ မန္တလေးလိုပေါ့နော်………..

  • weiwei

    August 3, 2011 at 1:09 pm

    တော်တော်သာယာတဲ့ပုံပဲနော် … ကြည့်ရတာ အေးချမ်းတယ် …

  • MOEPWINTPHYU

    August 3, 2011 at 1:39 pm

    နေချင်စရာပဲ ကြည်ရတာ မရောက်ဖူးတဲနေရာတွေရောက်ဖူးချင်လိုက်တာ

  • char too lan

    August 3, 2011 at 2:30 pm

    မြို ့အဝင်ဆိုင်းဘုတ်တွေ ့တော့ ….
    အရင်အလုပ်ကလူတွေပြောတာသတိရမိတယ်
    ရုံးက အလှပြင်ပစ္စည်းတွေဖြန့်တဲ့ Co., ဆိုတော့
    အသက်ကြီးကြီးတွေကလဲ ၂ဝကျော် စတိုင်တွေဝတ်စားပီးတော့
    လန်ထွက်နေကြတာပေါ့ ဖယ်ရီမောင်းသမားတွေက
    သူတို့ကို မြိ်ု့ဝင်ဆိုင်းဘုတ် လို့ခေါ်ကြတယ်
    ဘာလို့အဲ့လိုခေါ်တာလဲ မေးကြည့်တော့……………
    “နောက်ကကြည့်တော့ ကြိုဆိုပါ၏
    ရှေ့ကကြည့်လိုက်ရင်တော့ နှုတ်ခွန်းဆက်သပါ၏” တဲ့ 😀 😛
    စူပါကွေကာ သာပိတ်မနေရင် ဘေးတစ်ဖက်တစ်ချက်က အပင်ကြီးတွေနဲ့ လမ်းမကြီး တော်တော်မိုက်မယ်

  • villiager

    August 3, 2011 at 3:10 pm

    ကလေးမြို့သားထင်တယ်။ ပုံလေးကိုကြည့်ပြီး သွားနေချင်စိတ်တောင် ပေါက်သွားပြီ။ အဲဒီမှာ ဘာလုပ်စားကြသလဲ။

  • Ma Sweet

    August 3, 2011 at 4:27 pm

    ရာသီဥတုကလဲ မန္တလေးထက် နေလို့ ကောင်းတယ် သိလား 🙂

  • စုံ စုံ

    August 3, 2011 at 4:33 pm

    အေးအေးချမ်းချမ်းနဲ့နေလို့ကောင်းမယ့်ပုံဘဲ
    ရောက်ဖူးချင်တယ် တခါလောက်တော့

  • maihngel

    August 3, 2011 at 5:20 pm

    ဟုတ်ကဲ့ အေးချမ်းပါတယ်……ကလေးမြို့ကို လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါတယ်….ခုလိုမျိုး ကျမတို့ရဲ့ ကလေးမြို့လေးကို တင်ပေးတဲ့ မyaungchikha ကိုလည်း ကျေးဇူးတင်ပါတယ်…..
    arigatoo 🙂

    • thit min

      August 4, 2011 at 12:55 am

      Hello maihngel..,
      I wanna know about the situation of “Kalay”. Beacause, I wanna go and stay there indeed.
      Onegai shimasu.

  • Grace

    August 3, 2011 at 5:25 pm

    ရွာထဲမှာ ဓာတ်ပုံဆရာတစ်ယောက် တိုးလာပြီ။ သာယာလှပတဲ့ ရှု့ခင်းလေးနဲ့ ကလေးမြို့လေးကို တင်ပေးလို့ ကျေးဇူးတင် ဝမ်းမြောက်စွာ ကြိုဆိုပါတယ် yaungchikha ရေ။

  • ဂျူးရဲ့တိမ်နဲ့ချည်တဲ့ကြုးိကို ဖတ်ပြီးကတည်းက စိတ်ကူးနဲ့ရောက်ချင်တဲ့မြို့။
    လွင်မိုးခရီးသွားလိုက်တော့ အငှားဝင်ခံစားလိုက်မိသေးတယ်။
    အခုပုံလေးတွေမြင်ရတော့ ရောက်ချင်စိတ်ကို ပိုတောင်ဆွပေးသလို
    2011 ဒီဇင်ဘာမှာတော့ ရောက်မယ်ထင်ပါရဲ့……………………

  • Yan Shin

    August 3, 2011 at 9:47 pm

    စိတ်ကူးထဲမှာ မကြာခဏရောက်နေခဲ့တဲ့ မြို့ကလေးပါပဲ
    နွေးထွေးစွာ ကြိုဆိုနေမဲ့ မိခင်ကို တမ်းတရင်းနဲ့ပေါ့
    ကျေးဇူးတင်ပါတယ် ရောင်ခြည်ခ
    ရောက်လာရင် ဝင်လာခဲ့ပါ့မယ်။
    အလွမ်းတွေကို ရင်မှာပိုက်လို့ပေါ့။

  • unclegyi1974

    August 3, 2011 at 10:16 pm

    တောင်ပေါ်မြို့လေးတွေကနေလို့လည်းကောင်းလှလည်းလှကြပါတယ်
    ကလေးမြို့ကိုမရောက်ဖူးသေးပါ
    ရေစက်ပါရင်တော့ရောက်ဖြစ်မယ်ထင်ပါတယ်

  • P zer

    August 3, 2011 at 10:57 pm

    ချင်းပြည်ဆို ကန်ပက်လက် ၊ မင်းတပ် နဲ. နတ်မတောင် ရောက်ဖူးတယ်…
    ဒါပေမဲ့ ကလေးမြို့က ပို တိုးတက်သလိုပဲ… ပုံထဲမှာ ကြည့်ရတာ လမ်းတွေလဲ ပိုကျယ်ပြီး အိမ်တွေလဲ ကောင်းတယ်… နတ်မတောင်ပေါ်မှာ တွေ့တဲ့ တစ်ချို. “ချင်းကြီး ” တွေဆို ဗမာစကားတောင် နားမလည်ကြဘူး… နောက်တစ်ခါ ခရီးထွက်ရင် ကလေးကို လာခဲ့မယ်နော်… 🙂

  • Ma Sweet

    August 4, 2011 at 9:17 am

    Hello thit min … kore wa Kalay machi no koto desu. yonde mite kudasai ne.

    Kalay has four wards, the most famous being Tarhan ward. About half the population are Chin people, mostly coming from northern Chin region. Many are from Tiddim, a large town in Northern Chin Hills. Almost all Chin people in Kalay are Christians. The living standard in Kalay is also high.

    You can reach Kalay through Mandalay by bus or from Yangon or Mandalay by air. Air Bagan currently operates two flights a week. The ticket currently cost 68,000 kyats.

    Regular bus services run from Kalay to Hakha, Falam, Tiddim and Tunzan everyday (except Sunday). These buses leave Kalay from bus station in Tarhan, whild small buses to Tamu leaves everyday from the bus station in downtown Kalay.

    Taungzalat Hotel is situated in front of the Airport. Chin Taung Tan Guest House near Tarhan Bus station is cheap but quite clean and convenient for those who have to take bus to Falam and Hakha early in the morning. The price is 1500 kyats a person only.

  • yaungchikha

    August 4, 2011 at 9:41 am

    ရွာထဲက သူငယ်ချင်းအားလုံး ကလေးကိုရောက်ခဲ့ရင် လာလည်ဖို့ဖိတ်ခေါ်ပါတယ်နော်……………

  • AKKO

    August 4, 2011 at 11:35 am

    ကလေးမြို့လေးက အေးချမ်းမဲ့ပုံပဲ ။
    ဒါနဲ့ ကားနဲ့သွားလျှင် ကားခဘယ်လောက်ကုန်မလဲ ။ လေယဉ်နဲ့သွားလျှင်ရော လေယဉ်ခဘယ်လောက်ကုန်မှာလဲ …။ နေစရာထိုင်စရာ ဟိုတယ်လိုမျိုးတွေရောရှိလား … ။ လည်ပတ်စရာတွေရောပေါလား ။ ကားဂိတ်က ဘယ်နားမှာလဲ ။ လေယဉ်ကရော နေ့တိုင်း အသွားပြန် ရှိရဲ့လား သိလျှင်ပြောပေးပါဦး ။ တစ်ခါတစ်လေ စိတ်တွေ မွမ်းကြပ်နေတဲ့အချိန် အေးချမ်းတဲ့နေရာလေးကိုသွားလည်ချင်တယ် ။
    ပြီးခဲ့တဲ့နှစ်ကတော့ မအူပင်ကိုရောက်ခဲ့ဖူးတယ် ။ … အတော်လေး အေးချမ်းပေမဲ့ … လူတွေတော့များတယ် ။ တမြို့လုံးကို ခြေလျှင်လမ်းလျှောက်မယ်ဆိုလျှင်တောင် အချိန် တစ်နာရီလောက် ပေးလျှင် တပတ်ပတ်လို့ရတယ် … ။ သူများပြောလို့ သွားလည်ကြည့်တာ .. ။ အ ချိန်တိုတွင်း အသွားပြန်လည်း လုပ်လို့ရတာမို့အဆင်ပြေတယ် ။

  • moethidasoe

    August 4, 2011 at 11:48 am

    တို့ ရောက်ခဲ့ဖူးတုန်းက တခုတည်းသော တောင်ဇလပ် ဟိုတယ် မတွေ့ပါလား
    နောက်ပြီး လူငယ် လူလတ် လူကြီးတွေ တက်တဲ့ ကလေးတက္ကသိုလ် အမှတ်တရပုံလေးများ ဘာလို့ မထည့်တာလဲ ..
    လမ်းကြား ဈေးလေးလဲ မပါသေးဘူး

  • yaungchikha

    August 4, 2011 at 1:08 pm

    ဟုတ်ကဲ့ AKKO ကလေးမြို့က အေးချမ်းပါတယ်၊ လေဆိပ်ရှေ့မှာ တောင်ဇလပ်ဟော်တယ်ရှိပါတယ်၊ လေယာဉ်နဲ့သွားမယ်ဆိုရင် မြန်မာ့လေကြောင်းကတော့ ကလေးကနေ မန္တလေးကို 35000 ပေးရပါတယ်၊ အဲပုဂံ လေကြောင်းလိုင်းနဲ့ကတော့ ၆၀၀၀ဝ ပေးရပါတယ်၊ ရန်ကုန်ထိဆိုရင်တော့ ၁၂၀၀၀ဝ ပါ။ လေယာဉ်ခရီးစဉ်က နေ့တိုင်းမရှိပါဘူးရှင်၊ တနင်္လာ၊ သောကြာ၊ ဗုဒ္ဓဟူးနေ့တွေမှာတော့ ရာသီဥတုကောင်းရင် ပုံမှန်ထွက်ပါတယ်ရှင်၊ Express ကားခကတော့ ကလေးကနေ မန္တလေးထိ ၁၅၀၀ဝ ပါ၊ ရာကြီးလမ်းဖွင့်ရင်တော့ ၁၃၀၀ဝ လောက်ပဲပေးရပါတယ်၊ အခုကတော့ မိုးတွင်းဖြစ်လို့ ရာကြီးလမ်းပိတ်ထားလို့ ဂန့်ဂေါလမ်းက ပါတ်လာရပါတယ်၊ ဗင်ကားခ က ကလေးကနေ မန်းတလေးကို ၃၅၀၀ဝ ပါ၊ လည်စရာတွေကတော့ မြို့တွင်းမှာတော့ အများကြီးမရှိပါဘူးရှင်၊ မြို့နားဝန်ကျင်တွေမှာတော့ လည်စရာတွေရှိပါတယ်၊

  • ဆူး

    December 21, 2011 at 2:53 pm

    ခရီးသွားချင်လိုက်တာ.. ဟွန့်..

  • weiwei

    December 21, 2011 at 5:25 pm

    သွားချင်လိုက်တာနော် … ဒီဇင်ဘာဆို ခရီးသွားရောဂါထလာရော …
    ချင်းပြည်က ဝတ်စုံလေးတွေ မှာချင်ရင် ဘယ်လိုမှာရမှာလဲ …
    ပြည်တွင်းဖြစ်ချည်ထည်လေးတွေကို ဝမ်းဆက်ချုပ်ဝတ်ရတာ ကြိုက်တယ် …

  • တညင်သား

    December 21, 2011 at 10:01 pm

    ကျမရောက်ရှိနေသော မြို့ကလေး….ဆိုတော့ ကြည့်ပြီးသားအောင့်မေ့တာပေါ့…:(
    ကျမရောက်ရှိနေတဲ့ ကလေးမြို့…ဆိုရင် အရင်ကတဲကကြည့်ပါတယ်….:(
    တိုင်းရင်းသူလားမသိဘူး……….ဝေ့ နင်တို့ ချင်းလူမျိုးတွေကို ဘယ်လိုခေါ်လဲဝေ့….:P 😛

  • yaungchikha

    December 23, 2011 at 7:57 pm

    ဆူးရေ…. အခုဒီဇင်ဘာဆိုရင် ခရစ်စမတ်ပွဲတော်တွေ ဘုရားကျောင်းတွေမှာ ကျင်းပကြတယ်၊ ပျော်စရာကောင်းတယ်၊ လာလည်လေ ……… 🙂
    မမဝေရေ …….. ဝတ်စုံလေးတွေ မှာချင်ရင် ရပါတယ်၊ ဒီမှာက အမျိုးမျိုးရှိတယ်၊ အိန္ဒိယ အိုက်ဇောဘက်က ဝင်တဲ့အဆင်လေးတွေလည်း လှတယ်၊ ချင်းရိုးရာ ရက်ကန်ထည်လေးတွေလည် အစုံရှိတယ်၊ ဒီဇိုင်းပဲ ရွေးရမှာ ဈေးနှုန်းကတော့ အမျိုးမျိုးရှိတယ် မမဝေလိုချင်ရင် ပြောလေ ကျနော်ပို့ပေးပါ့မယ်၊ ဆက်သွယ်ရန်လိပ်စာလေး ကျနော့်မေးလ်ထဲကို ပို့ပေးလေ၊ yaugchikha@gmail.com ပါ…….. 🙂
    တညင်းသားရေ ……….. ကျမက တိုင်းရင်းသူမဟုတ်ပါဘူး၊ ချင်းလူမျိုးတွေကို ဘယ်လိုခေါ်လည်းဆိုတော့ ဘယ်လိုပြောရမှန်းမသိဘူး………………:P

Leave a Reply