ဖေဖေပြောတဲ ့စိတ်ကြေးမုံ

ရွှေအိမ်စည်August 15, 20111min15010

ကျွန်တော်ဆဌမတန်းဖြေပြီး နွေရာသီကျောင်းပိတ်ရက်မှာ ဖေဖေကကျွန်တော့ ့ကို ရေကူးသင်တန်းတက်ခိုင်းပါတယ်။
သင်တန်းမှာ ယောက်ကျားလေးမိန်းခလေး တူတူရေကူးသင်ရတယ်လေ..။
ရေကူးဖောင်းဘီက သိပ်ကပ်လွန်းလို ့အတူသင်နေတဲ ့မိန်းခလေးတွေ အပေါ် မသင့်တော်လို ေဖေဖေကို ကျွန်နော်က အပေါ်ကတစ်ထပ် ဝယ်လိုကြောင်းပြောပြပြီး ဖေဖေရုံးပိတ်ရက်တစ်နေ ့ဖေဖေနဲ ့ကျွန်နော်မြို ့ထဲ ထွက်လာခဲ ့ပါတယ်..။


ဖေဖေကိုကျွန်နော် နားမလည်ချင်တော့ဘူး…၊ကားစပယ်ယာလို လူဗလန်လေး တစ်ယောက်က
ကားပေါ်မှာ ဟိုကပ် ဒီတိုး ဒီလိုနေပါ အော်ဟောက်ပြီးပြောနေတာ ဖေဖေကလုံးဝ ဒေါ်သထွက်ခြင်းအလျှင်းမရှိဘဲ၊ စပယ်ယာခိုင်းသမျှ လိုက်လုပ်နေလို ့ပေါ့၊ ကျွန်ေနော်ရဲဖေဖေက စိတ်ဆိုး ဒေါ်သထွက်တတ်တဲသူ တစ်ယောက်တော့ မဟုတ်ပါဘူး။ အေးအေးဆေးဆေး စာဖတ်ပြီးနေတတ်တယ် ။ ဒါပေမယ့်လေဖေဖေက ဗန်တိုဗန်ရှည် မြန့်မာ့သိုင်းပညာရှင်တစ်ယောက်ပါ။ စပယ်ယာလိုလူ ့ဗလန်လေး တစ်ယောက်ကိုများ ဘာကြောက်စရာရှိလည်း…။

နောက်ပြီးတော့ဘောင်းဘီဆိုင်ရှေ ့မှာလည်း ဆိုင်ရှေ့မှာ ခဏရပ်ပြီး ဘာဝယ်ရင် ကောင်းမလဲလို့ ဖေဖေနဲ ့ကျွန်ေနော် ကြည့်နေတာ ကျွန်တော်လည်း ကိုယ့်ကြိုက်တဲ ့အမျိုးစားေရွေးနေတာကိုး….။ ဒါပေမဲ့ ဘောင်းဘီ ရောင်းသော အဒေါ်ကြီးရဲ့ မျက်နှာထားကို ကျွန်တော် မကြိုက်ပါဘူး.။ ကိုယ်ဆီကို ဈေးလာဝယ်သူကို သူကြည့်နေသော အကြည့်က ဘာခိုးမလို့လဲ ဆိုသော အကြည့်မျိုး….။

ကျွန်တော်လည်း နောက်ဆုံး သိပ်မရွေးတော့ပဲ တစ်ထည်ဝယ်လိုက်ပါတယ်၊ ဖေဖေက ကျသင့်ငွေ
ကို သူ ့လက်ထဲ ရိုသေတဲ ့ပုံနဲ ့ထဲ ့ပေးပါတယ်၊၊ ဒါကို အဲ ့ဒိအဒေါ်ကြီးက ပြန်အမ်းငွေ ကို ဖေဖေ လက်ထဲတောင်မှ ပြန်မထည့်ပဲ ကောင်တာေပေါ်ကို ချပေးတယ်.။

ဒါကို ကျွန်တော့် ဖေဖေက ဘာမှ မဖြစ်သလို ကောက်ယူလိုက်ပြီး “ ကျေးဇူးပါပဲ ..။ ” လို့ ပြောပြီး ထွက်လာတယ်.။

လမ်းမှာ ကျနော်က ခုန ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဖေဖေကို…ပြောချင်လာပါတယ်။

“ဖေဖေ ကားပေါ်ကစပယ်ယာကလည်းရိုင်းတယ်နော်…၊”

“အင်း…အများနဲ ့ဆက်ဆံရတော့ သူလည်း ဒီလိုပုံဖြစ်သွားတယ်နဲ ့တူပါရဲ ့”

“ ဘောင်းဘီဆိုင် အဒေါ်ကြီူးက ဘယ်လိုကြီးလဲ မသိဘူးနော်..ဖေဖေ။ ”

“ ဟုတ်တယ် သား… ဒီလိုပဲ ပေါင်းသင်းဆက်ဆံရတာတော့ ခက်မယ့်ပုံပါ ၊ဒါပေမယ့် သူဆိုင်က ဈေးမှန်တယ်လေ.။ ”

“ ဒါကိုများဖေဖေက ကျေးဇူးတင်ပါတယ်တွေ ၊ ဘာတွေ လုပ်နေသေးတယ်.။”

“ ဒီလိုတော့ မဟုတ်သေးဘူးလေ သားရဲ ့.။ သူ့ဖာသာ ဘယ်လိုပုံစံ ဖြစ်ဖြစ်ပေါ့.။
ကိုယ်ကတော့ ကိုယ့်ပုံစံဆိုတာ ရှိနေရမှာပဲလေ.။ သူက ကိုယ့်ကို ဒီလို ဆက်ဆံလို့
ကိုယ်ကလည်း သုူ့လို ဆက်ဆံမယ် ဆိုရင် ကိုယ့်မှာ ကိုယ့်ပုံစံဆိုတာ ဘယ်ရှိတော့မလဲ
သားရဲ ့။ ”

” သားမှာလည်း သားပုံစံ ၊ သားစတိုင်ရှိတယ်လေ၊.

ကဲ..သားကော အတူရေကူးနေတဲ ့မိန်းခလေးတွေ အမြင်မသင့်တော်မှာစိုးလို ့ထပ်ဝတ်ဖို ့သား အခုဝယ်တယ် မဟုတ်ဘူးလား…

ဖေဖေ က သားအခုလို စိတ်လေးရှိတာသိရတော့ ဖေဖေက စိတ်ချပြီး၊ ပီတိလည်းဖြစ်တယ်သား
..
ဒါဟာ ဖေဖေသားရဲ့ လူမှုဆက်ဆံရေးလို့ ပြောလို့ရသလို သားရဲ့ စိတ်ဓါတ်လို့လည်း ပြောလို့ ရတယ်…
ဟုတ်တယ်မလား..သား…”

“လူတွေမှာ လှုမှုပေါင်းသင်းဆက်ဆံတဲ့ ပုံစံ နှစ်မျိုး ရှိတယ်သား.။

**မှန် နှင့်တူသော လှုမှုဆက်ဆံရေး
**ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး

မှန် နှင့်တူသော လှုမှုဆက်ဆံရေး

ဒီဆက်ဆံရေးကတော့ လူတိုင်းလောက်မှာ နီးနီး တွေ့နိုင်ကြပါတယ်.။ ကိုယ့်ကို
ဘယ်လို လာဆက်ဆံရင် ကိုယ်ကလည်း ဘယ်လို ပြန်ဆက်ဆံလိုက်မယ် ဆိုတာတွေ ကတော့
ပိုများပါတယ်..။ သူတို့ ပြောတတ်ကြတယ်လေ…ငါတို့ကတော့ မှန်လို ကျင့်တယ်
ဆိုပြီးတော့.။ သူများက ကိုယ့်ကို စိတ်ဆိုးအောင်လုပ်ရင် လိုက်ပြီး
စိတ်ဆိုးတတ်တယ်..။ သူများက ကိုယ့်အကြိုက် မြှောက်ပြောရင် ကျေနပ်ပြီး
ပြုံးနေတတ်ကြတယ်.။

ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး

ဒီလို လူတွေကတော့ တကယ်ရှားပါတယ်.။
တစ်ဖက်သားက ကိုယ့်ကို ဘယ်လို ရင်ဆိုင် ဆက်ဆံနေပါစေ..။ ကိုယ်ကတော့
ကိုယ့်လှုမှုဆက်ဆံရေး ကိုယ်ပိုင် ပုံစံနဲ့ပဲ ဆက်ဆံတတ်ကြပါတယ်.။ သူများက
ရိုင်းလို့ ကိုယ်က လိုက်ရိုင်းနေမယ် ဆိုတာမျိုး သူတို့မှာ မရှိကြပါဘူး.။
ကိုယ်ကတော့ ကိုယ့်ရဲ့ တည်ငြိမ်သော လှုမှုဆက်ဆံရေးနဲ့သာ ဆက်ဆံတတ်ကြပါတယ်.။
ကျောက်ရုပ်တွေလိုပေါ့ သား ။ ဘယ်သူဘာပြောပြော သူတို့ မျက်နှာ ပျက်ခြင်း ၊
ဆက်ဆံရေး ပြောင်းလဲ သွားခြင်း မရှိပါဘူး..။

တကယ်တော့ လူတွေ အားလုံးက မှန်လိုပဲ ကျင့်တတ်ကြပါတယ်.။ သူပြုံးရင်
ကိုယ်ပြုံးမယ် ..။ သူမဲ့ရင် ကိုယ်လည်း မဲ့မယ်.။ သူဆဲရင် ကိုယ်ဆဲမယ် ဆိုတာ
မျိုးတွေပေါ့.။ ဒါကတော့ လွယ်ပါတယ်.။ ကျောက်ရုပ်လိုမျိုး ဘယ်သူက ဘာပြောပြော
ဘယ်လို ဆက်ဆံဆက်ဆံ ကိုယ်ကတော့ ကိုယ်ပိုင် ဆက်ဆံရေး ဆိုတာကတော့ မလွယ်ပါဘူး.။

ကဲ…နားလည်ပြီလားသား..?.၊ သားလည်းသားရဲ ့စိတ်ဓါတ်လို ့ပြောလို ့ရတဲ ့ဆက်ဆံရေးမျိုးကိုဘဲ
သားတစ်သက်လုံး လူတွေ အပေါ်ဆက်ဆံစေခြင်တယ်..”။

ဖေဖေပြောတာဟုတ်ပါတယ်လေ.။

အမှန်တရားတွေရဲ့ ထုံးစံ အတိုင်းပါပဲ..ကောင်းမွန် သင့်တော်တယ် ဆိုတာတွေက လိုက်လုပ်ဖို့ ခက်နေပါလိမ့်မယ်.။

ချစ်သောသား

ရွှေအိမ်စည်

(ဘဝပေါင်းများစွာကျွန်တော် တော်စပ်ခဲ ့ရသောအဖေများသို ့ဂါရဝပြုရင်း၊)

ဤဆောင်းပါးကိုကြိုက်နှစ်သက်လျှင်စာရေးသူ အမည်ထိ ကူးပြီးဝေဌာနိုင်ပါသည်။

10 comments

  • parlayar46

    August 15, 2011 at 12:14 am

    ကောင်းလိုက်တဲ့စာလေး ….
    ဒီလိုပုံစံနှစ်မျိုးက နေရာတိုင်းမှာပဲရှိတယ်။
    နေရာတိုင်းဆိုမှ တကယ့်ကို နေရာတိုင်း ….

  • pooch

    August 15, 2011 at 12:18 am

    အောက်ဆုံးက ပုံလေးကို ကြိုက်တယ် ဆောင်းပါးလေးလည်းကောင်းတယ် ..ပြောလို့တော့ မရဘူး ဟိုအရင် ဘဝဘဝတွေတုန်းက ရွှေအိမ်စည်နဲ့ သားအဖတော်ချင်တော်နေမှာ ….:P

  • MaMa

    August 15, 2011 at 7:03 am

    ဒီလို အကြောင်းကြောင်းတွေကြောင့် မိကောင်းဖခင်သားသမီးဆိုတဲ့ စကားလုံး ပေါ်လာရတာနေမှာ။ မိဘကောင်းရဲ့ သင်ကြားပြသ ဆိုဆုံးမမှုအောက်မှာ နေခဲ့ရတဲ့ သားသမီးတွေဟာ (များသောအားဖြင့်) လူမိုက် လူရမ်းကားတွေ မဖြစ်နိုင်ဘူးပေ့ါ။

  • chitlay

    August 15, 2011 at 9:06 am

    တကယ့်ကိုကောင်းတဲ့ ဆောင်းပါးလေးပါပဲ … လူတိုင်းလူတိုင်း ကျောက်ရုပ်နဲ့တူသော လူမှုဆက်ဆံရေးမျိုးနဲ့ ဆက်ဆံကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။

  • Wai Yan Lay

    August 15, 2011 at 9:28 am

    Nice word, Thanks for your Massage , Shwe Ain Si.

  • Shwe Ei

    August 15, 2011 at 9:55 am

    သူငယ်ချင်းတယောက်ပြောဖူးတယ်။ မြေလိုမကျင့်နဲ့ ရေလိုကျင့်တဲ့။
    မြေကြီးရဲ့သဘောက သူ့အပေါ်ပြုတ်ကျလာသမျှကို ပြန်ကန်ထုတ်တတ်တဲ့သဘောရှိတယ်တဲ့။
    ရေကတော့ စုပ်ယူနစ်မြုပ်သွားစေတယ်ပေါ့လေ။ ပြီးတော့ ဆက်လက်စီးဆင်းနေတဲ့ သဘောရှိတယ်တဲ့။
    ရွှေအိမ်စည်ရဲ့ စိတ်ကြေးမုံနဲ့ သဘောချင်းဆင်မလားမသိ။

  • pan pan

    August 15, 2011 at 10:25 am

    ဖတ်လို့အရမ်းကောင်းပါတယ်
    အတွေးအမြင်လည်း ရသွားပါတယ်
    “သူ့ဖာသာ ဘယ်လိုပုံစံ ဖြစ်ဖြစ်ပေါ့.။
    ကိုယ်ကတော့ ကိုယ့်ပုံစံဆိုတာ ရှိနေရမှာပဲလေ” ဆိုတာလေး သဘောကျလွန်းလို့…..။ 🙂

  • nature

    August 15, 2011 at 8:06 pm

    ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့ဆိုတာလေးကို နှလုံးသွင်းထားပုံရပါတယ်။

  • khin chaw su

    August 15, 2011 at 9:28 pm

    Thank you very much for your massage.

  • windtalker

    August 16, 2011 at 12:16 am

    အင်း
    တော်ရုံသည်းခံ တတ်ပုံမျိုးနဲ ့တော့
    မလွယ်လောက်ဘူးထင်တယ်နော်
    ဘာပဲဖြစ်ဖြစ် သည်းခံခြင်းကတော့
    အကောင်းဆုံးပါပဲ
    စကားနည်း ရန်စဲ ဆိုကလား

Leave a Reply