SKY NET ကို ကျေးဇူးတင်

black chawAugust 3, 20111min1327

အမှားအယွင်းရှိရင်ခွင့်လွှတ်ပေးကြပါခင်ဗျာ။

တစ်ချိန်က  ပြည်တွင်းအခပေးတီဗီချယ်နယ်လိုင်းတွေကိုကြည့်ချင်ရင် receiver တစ်ခုတည်းကို ကိုးသောင်းကျော်ပေးခဲ့ရပါတယ်။ အားကစားနဲ့ ရုပ်ရှင်၊ ကာတွန်းနဲ့  ရုပ်သံစီးရီး တွေကိုကြည့်ချင်ရင် တစ်လအတွက် ကျပ် တစ်သောင်းလေးထောင်တိတိ ပေးကြည့်ခဲ့ရပါတယ်။ ဒါတောင် သတင်းလိုင်းမပါဘူးနော်။ ဗဟုသုတရစေတဲ့ discovery လိုချယ်နယ်တွေမပါသေးဘူးနော်။ သက်တမ်းကုန်သွားလို့ တစ်ရက်လောက်များကျော်သွားခဲ့ရင် စက်ပြန်ဖွင့်ခဆိုပြီး ကျပ်ရှစ်ထောင်ပေးရသေးတယ်ဗျ။ နောက် ဥရောပချန်ပီယံလိဂ်ဘောလုံးပွဲတွေကြည့်ခွင့်ရနေတာကနေ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး မလွှင့်တော့ဘူးခင်ဗျ။ ဘယ်သူ့ကိုမှလည်း ကွန်ပလိန့် တက်ခွင့်မရ အင်မတန်မှ မျက်နှာငယ်ခဲ့ရသော အောက်ကျနောက်ကျ customer များဘဝပါခင်ဗျာ။

ဈေးကွက်ဆိုတာ အပြိုင်အဆိုင်ရှိမှတိုးတက်တာတဲ့၊ မနှစ်က sky net ရုပ်သံလိုင်းတွေပေါ်လာတော့ customer တွေရွေးချယ်ခွင့်ရလာခဲ့တယ်။ အခုဆို အရင်က တစ်သောင်းလေးထောင်ပေးကြည့်ခဲ့ရတဲ့ ချယ်နယ်တွေကို ကျပ်ငါးထောင်တောင်မပြည့်တဲ့ဈေးနဲ့ ကြည့်ခွင့်ရလာခဲ့တယ်။ sky net ဘာကောင်းတာလဲ ကျွန်တော် မသိပါ။ သိလည်း ရေးမည်မဟုတ်ပါ။ (ကြော်ငြာပေးသလိုဖြစ်မှာစိုးလို့ပါ)။ မြန်မာပြည်တွင်း အခပေးရုပ်သံလိုင်း ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုကိုဖြစ်စေပြီး ကြည့်ရှုသူများအတွက် ရွေးချယ်ခွင့် ရစေခဲ့တာတစ်ခုတည်းနဲ့ sky net ကို ကြိုဆိုလိုက်ရပါတယ်။ နောက်တောင်တော်တော်ကျနေပါပြီ။

7 comments

  • pan pan

    August 3, 2011 at 12:00 pm

    ကြော်ငြာတွေချည်းလာနေမယ်ဆိုရင်တော့ မကောင်းဘူး

  • pyinlepyaw

    August 3, 2011 at 12:53 pm

    စကိုင်းနက် ကတော့ နာမည်ကြီး ရေပန်းစားနေတာအမှန်ပါ..၊
    ကျုပ်တို့တော့ ဝယ်နိုင်ပါဘူး . နက် ဖိုးတောင် အနိုင်နိုင်..၊

  • Thanlwinoo

    August 3, 2011 at 1:41 pm

    Internet ကို အပြည်ပြည်ဆိုင်ရာတပ်ဆင်နှုန်းနဲ့ဆိုရင်…။
    ွှTV Line ကို Free to Air ဆိုရင် အတိုင်းထက်အလွန် ကျေးဇူးတင်ပါတယ်..။

  • windtalker

    August 3, 2011 at 7:11 pm

    ဘာပြောရမလဲ မသိပါ
    သူများတွေ ပြောသလို လဲ မပြောတတ်ပါ
    သို ့သော် ဝင် ဖတ်သွားပါကြောင်း

  • unclegyi1974

    August 3, 2011 at 10:29 pm

    ပြိုင်ပွဲထဲ MRTV4 လည်းဝင်လာပါပြီ

  • nature

    August 4, 2011 at 12:00 am

    ကောင်းပါတယ်။ တပ်ရင်ဘယ်လောက်ကုန်ကျမလဲ။ဘယ်ကိုဆက်သွယ်ရမလဲ။

  • ဆူး

    August 5, 2011 at 12:11 am

    အိမ်မှာတောင် ၉၉၀ဝ နဲ့ ဝယ်ထားတာ ၂နှစ်စာလောက် ရှိသေးတယ်။
    ၅၀၀ဝ တောင် မပြည့်တဲ့ ပိုက်ဆံ နဲ့ ကြည့်ရမယ် ဆိုတာ ကြိုဆိုပါတယ်။
    ရုပ်သံ လိုင်းတွေ စတင်တဲ့ အချိန်မှာ ရင်းနှီး မြုပ်နှံပြီးရင် နောက်ပိုင်း အရင်းကြေယုံမက အမြတ်အစွန်း မတရား ရတယ် ပြောတယ်။
    အဲဒီ 5 ဆိုတာကို စမ်းသပ် ထုတ်လွင့်ကာလ မှာ အဦးဆုံး အားပေးထားတာ.. ပထမ ကြေညာတုန်းက လုံးဝ ကြော်ညာ မပါဘူး ပိုက်ဆံ ယူတဲ့ အတွက် သီးသန့် ရုပ်ရှင်ပါတဲ့.. နောက်ပိုင်တော့ ကြေညာများ လက်ခံ နေပါသည်တဲ့.. ရန်ကုန်မှာတော့ အိမ်တော်တော် များများ 5 စက်ရှိကြတယ် ထင်တယ်။

Leave a Reply