ကျောင်းအပ်ရာသီ ငွေကြေးအပိုတောင်းခံမှုများ ထုတ်ပယ်၊ ရာထူးချ၊ နယ်ပြောင်းစနစ်များဖြင့် အရေးယူမည်

klnMay 8, 20101min312

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရာ၌ အစိုးရကတရားဝင်သတ်မှတ်ထားသည့် ကျောင်းအပ်ခနှုန်းထားထက်ပိုမို တောင်းခံခြင်းမပြုရန် တရားဝင်ညွှန်ကြားချက်တစ်ရပ်ကို မေလ ၃ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက် ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်ဝင်းက ပြောကြားသည်။ ၂၀၁၀-၂၀၁၁ခုနှစ်ပညာသင်နှစ်အတွက် အစိုးရအခြေခံပညာကျောင်းများအားလုံး လာမည့်ဇွန်လတွင်စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မကြာမီအခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံတော့မည်ဖြစ်သည့် အတွက် ထိုသို့ညွှန်ကြားချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနထံမှ စုံစမ်းသရှိရသည်။ အခြေခံပညာကျောင်းသားများ ကျောင်းအပ်ရာတွင် အစိုးရသတ်မှတ်ထားသည့် နှုန်းထားထက်ပိုမိုငွေကြေးတောင်းခံမှုများကို အရေးယူရာတွင် အပိုငွေကြေးတောင်းခံသည့် ငွေကြေးပမာဏကိုလိုက်ပြီး ထုတ်ပယ်၊ ရာထူးချ၊ နယ်ပြောင်းစနစ်များဖြင့် အရေးယူကြောင်း နေပြည်တော်ပညာရေးဝန်ကြီးဌာနဝန်ကြီးရုံးမှ ဒုတိယရုံးအဖွဲ့မှူးဦးမြတ်ထွန်းနှင့် ရန်ကုန်မြို့တော်ရှိ အမှတ်(၃)အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့ကပြောကြားသည်။ အပိုငွေကြေးတောင်းခံမှုများကို တိုင်ကြားလိုလျှင် ဦးအေးကြူ၊ ညွှန်ကြားရေးမှူးချုပ်၊ အမှတ်(၃)အခြေခံပညာဦးစီးဌာန၊ အမှတ်(၅၉)(ခ)အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းအမှတ်- ဝ၁-၂၁၁၀၀ရသို့လည်းကောင်း၊ ဦးကျော်ဝင်း၊ ညွှန်ကြားရေးမှူး၊ အမှတ်(၃) အခြေခံပညာဦးစီးဌာန၊ ဖုန်းအမှတ်- ဝ၁-၂၁၀၀၂၆သို့လည်းကောင်း၊ ရုံးအဖွဲ့မှူး၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်ဖုန်းအမှတ် – ဝ၆၇-၄၀၇၁၁၆သို့လည်းကောင်း၊ ဒုတိယရုံးအဖွဲ့မှူး၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ဖုန်းအမှတ်- ဝ၆၇-၄၀၇၁၁၆သို့လည်းကောင်း သက်ဆိုင်ရာအခြေခံပညာကျောင်းများ တည်ရှိရာ မြို့နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံးနှင့် တိုင်းပညာရေးမှူးရုံးများထံသို့ လည်းကောင်း လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်သည်ဟု ပညာရေးဝန်ကြီးဌာနထံမှစုံစမ်းသိရှိရသည်။

2 comments

  • kopauk mandalay

    May 9, 2010 at 9:25 am

    ကျော်ဟိန်းငယ်ငယ်နာမယ်ကြီးတုံးက သီချင်းလေးပုဒ်ရှိတယ်
    တကယ်ချစ်ရဲ.လား ချစ်တယ်တအားတဲ.။
    ကျနော်ကတော.သည်လိုပြင်ဆိုချင်ပါတယ်။
    တကယ်လုပ်မှာလား လုပ်ရင်ကောင်းတာပေါ။.
    တကယ်ပြောတဲ.အတိုင်းလုပ်မယ်ဆိုရင် ကျောင်းသားမိဘတွေဝမ်းသာမှာပေါ့။

  • htethtet

    June 15, 2010 at 6:36 am

    အစိုးရက အမိန့်ထုတ်ပြီး ပြီးပြီးရောနေနေတာကိုး
    ကျောင်းတွေရဲ့ လိုအပ်ချက် လှည့်မကြည်ဘူးလေ
    ဝန်ထမ်းတွေက ဥပဒေ ကြားထဲကနေ လှုပ်ခြားနေရတာ
    လိုအပ်တဲ့ ကျောင်းအမိုး၊ အကာ၊ အဆောက်အဦတို့
    ပရိဘောက၊ ဆရာမလုံလောက်တာနဲ့ စာရွက်စာတမ်းကအစ
    ကျောင်းကဘဲတာဝန်ယူနေရတာ-
    – လှည့်မကြည့်ကြဘူး- ဖြစ်လာရင် အရေးယူတာဘဲရှိတယ်

Leave a Reply