What is Life? ဘဝဆိုတာ ဘာလဲ

manawphyulayAugust 3, 20111min1669

Life is short. ဘဝဟာ တိုတယ်တဲ့။ အသက်ရှည်နေတယ်ဆိုရင် ဘဝဟာ မတိုပါဘူး။
Life is Dream. ဘဝဟာ အိပ်မက်ပဲတဲ့။ အဲဒါလည်း ဖွဲ့နွဲ့ခံစားပြောတာပါ။ ဘဝဟာ အိပ်မက်မဟုတ်ဘူး။ အိပ်မက်က အကောင်အထည်မရှိဘူး။ ဘဝက အကောင်အထည်ရှိတယ်၊ လက်တွေ့ရှိတယ်။
Life is always full of struggle. ဘဝဟာ အစဉ်အမြဲ ရုန်းကန်နေရတယ်တဲ့။ အဲဒါကတော့ အမှန်ဆုံးပါပဲ။ မိခင်ဝမ်းထဲက ထွက်ကတည်းက ဘဝဟာ ရုန်းကန်နေရတာပဲ။ မွေးစကတည်းက ရုန်းကန်ရတာ သေတဲ့အထိဆိုလည်း မမှားပါဘူး။ ဘဝကို လှော်တက်ဆိုတဲ့အရာနဲ့သာ ထိန်းသိမ်းဖို့လိုတာပါ။ ကဲ မိတ်ဆွေကော ဘယ်လို မြင်လဲ….

9 comments

  • pan pan

    August 3, 2011 at 4:35 pm

    ဘုရားဟောတာကတော့ ဘဝရှိလာရင် ဒုက္ခဆိုတာရှိတာပဲတဲ့
    ဒါ့ကြောင့် ဒုက္ခသစ္စာတဲ့
    ဒုက္ခ=ဆင်းရဲကြောင်း
    သစ္စာ=အမှန်တရား
    ဆင်းရဲကြောင်းအမှန်=ဘဝ

  • Ma Sweet

    August 3, 2011 at 4:46 pm

    Life is like that. 🙂

  • alinsett

    August 3, 2011 at 6:49 pm

    ကိုယ် ကတော့…..ဘဝ ဆိုတာ ဘာလဲ..လို ့ မမေးတော့ဘူး။ ဘဝ တစ်ခု ကိုရခဲ ့ပြီ။ အဲဒီ ..ရထားတဲ ့ဘဝ မှာ ဘယ်လို ရှင်သန်နေထိုင်သွားမလဲ….။ နေထိုင်ခဲ ့ရတဲ ့ ဘဝ တစ်လျှောက် မှာ..ဘာတွေကို ဘယ်သူတွေ အတွက် ချန်ခဲ ့မလဲ…..။
    အဲဒီ လိုပဲ ကိုယ် ့ဘာသာ..မေးနေမိပြီ။
    အဲဒီလိုမေးမိတာလည်း ဆရာတော် ဥိးဇောတိက ရဲ ့ ဘဝဆိုတဲ ့ကျောင်း စာအုပ်ကလေးကို ဖတ်ပြီးချိန်ကမှ စပါတယ် ။ အဲဒီစာအုပ်ထဲ မှာက ဘဝ တစ်ခုကို ရတော့ မယ် ့သူ ( လူ ့ပြည် ကိုသွားရတော့မယ် ့သူ)ကို
    မှာနေတာ…။ အချက် 10ချက်နဲ ့..။ 1 က ခန္ဒာ တစ်ခုကိုရမယ်။ အဲဒီ ခန္ခာကို မင်း ကြိုက်ချင်မှ ကြိုက်မယ် ။ ကြိုက်ရင်လည်းကြိုက်မယ် ..ဒါပေမယ့် ဒီဘဝ အတွက်တော့ ဒီ ခန္ခာ ဟာ.. မင်း ခန္ခာ ပဲ…တဲ ့။အချက် နံပါတ် 10 က ဒီလို မှာလိုက်တာတွေကို ..မင်းမေ ့သွားလိမ့်မယ်. …တဲ ့။
    ကိုယ်တော့ အဲဒီစာအုပ်ကို ဖတ်ပြီး မှာ ဘဝ ကို ပို တန်ဖိုးထားတတ်သွားပါတယ် ။

  • thit min

    August 4, 2011 at 12:32 am

    I wanna say like that…….
    L I F E is catergorized into three parts. First is “L”. Second is ” IF”. The last is E.
    “L” stands for “living”. “IF” stands for “possibility or hope or expectation” and so on.”E” stands for “ending” or “the end”. So, LIFE is “Living goes through “IF” and generates “Ending”.
    Do you argue that you are living for “your “IF” ?

  • windtalker

    August 4, 2011 at 12:36 am

    ဘဝ ဘဝ ဘဝ ဒီလို အရွယ်
    ဒီလို အမြဲ
    အခု မင်းသိရဲ ့လား မကောင်းတဲ့ စိတ်ရဲ ့အတွေး ( အက်ဆစ် ) ။
    ဘကုန်းဘဝ
    ဘာလည်း ဘဝ
    အသေအချာ အလေးအနက် မသိချင်ပါ ( လေးဖြူ ) ။
    ဖြစ်ချင်တာလည်း မဖြစ်ကြရပါ ၊ ဘဝ သံသရာ ( ဘဘ ဒေါက်တာ ဦးသုခ )

  • MOEPWINTPHYU

    August 4, 2011 at 11:35 am

    ဘဝက ဘနဲဝ ပေါင်းထားတာပါ စကားလုံးအနေနဲ နှစ်လုံးထဲပါ
    ဒါပေမဲ ရှုပ်ထွေးမှုအပေါင်းနဲ ပြည်နက်နေတာဘဝပါ
    ဘဝကို အရိုရှင်းဆုံးဖြတ်သန်းချင်နေသော်လည် ရှုပ်ထွေးမူတွေနဲ
    ဖြတ်သန်းနေရတာပါ

  • yaungchikha

    August 4, 2011 at 1:31 pm

    မွေးတာကနေ သေတဲ့အထိ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပဲတဲ့………………………

  • zawthulay

    August 4, 2011 at 3:48 pm

    ကျွန်တော်ထင်တဲ့ဘဝဆိုတာကတော့ အမျိုးမျိုးပါဘဲ.. တစ်ခုက လူတစ်ယောက်ငယ်ငယ်လေးကတည်းက ရွှေလင်ပန်းနဲ့အချင်းဆေး.. သေတဲ့အထိ ကောင်းကောင်းမွန်မွန် မပင်ပန်းမဆင်းရဲ့တဲ့ဘဝကျတော့ ချောမွေ့တဲ့ဘဝ.. တစ်ချို့ကျတော့ မွေးကတည်းက ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ချို့တဲ့နေရတဲ့အထဲ သေတောလည်းကားတိုက်သေ.. မြွေကိုက်သေ အဲဒီဘဝကျတော့ ခရီးကြမ်းတဲ့ဘဝ .. ဘာပဲပြောပြော.. ဘဝဆိုတာ ကိုယ်ကိုယ်တိုင်ပြုမှုနေထိုင်တဲ့အခြေအနေပေါ်မှာပဲ ရှိတယ်လို့ထင်တာပါပဲဗျာ..

Leave a Reply