ကျပ်၅သိန်းတန် CDMA 800 MHz ဖုန်းဆက်သွယ်မှု အခက်အခဲများကို Complane Center တွင် အကူအညီတောင်းခံနိုင်

klnMay 8, 20101min961

ရန်ကုန်မြို့တွင် သုံးစွဲနေသည့် ကျပ်၅သိန်းတန် CDMA 800 MHz WLL ဖုန်းများကို ဆက်သွယ်ခေါ်ဆိုမှုတွင် အခက်အခဲများ၊ ချို့ယွင်းချက်များရှိပါက မြန်မာ့ဆက်သွယ်ရေးမှ ကျပ် ၅သိန်းတန်းဖုန်းအတွက် ဝန်ဆောင်မှုပေးနေသည့် Complane Center သို့ ဆက်သွယ်အကူအညီတောင်းခံပါက ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ကျပ် ၅သိန်းတန်ဖုန်းများသည် ဟန်းဆက်တွင်ကတ်ထည့်သွင်း၍ မိုလ်ဘိုင်းဖုန်းအသွင်ဖြင့် ကိုင်ဆောင်နိုင်ခြင်းကြောင့် ကိုင်ဆောင်သူများသည် သတ်မှတ်မြို့နယ်ကိုကျော်လွန်၍ ကိုင်ဆောင်ရာတွင် အချို့ဖုန်းများသည် ဆက်သွယ်မှု အဆင်ပြေသော်လည်း အချို့ဖုန်းများသည် မြို့နယ်ကျော်ခြင်းကြောင့် ဆက်သွယ်မှု အဆင်မပြေခြင်း၊ အဆိုပါဖုန်းများသတ်မှတ်မြို့နယ်တွင်း ပြန်လည်ရောက်ရှိသည့် အခါ မြို့နယ်ကျော်နေခြင်းကြောင့် ခေါ်ဆို၍ မရကြောင်း၊ စက်မှ ပြန်လည်ဖြေကြားနေခြင်းကြောင့် ဆက်သွယ်မှုအဆင်မပြေခြင်းများ ရှိလာခြင်းကြောင့် အဆိုပါအဆက်အခဲများကိုပါ Complane Center သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရသည်။ “တစ်ခါတလေ သုံးစွဲသူရဲ့ချို့ယွင်းချက်ကြောင့် စနစ်ချို့ယွင်းသလို၊ စက်တွေရဲ့ချို့ယွင်းချက်ကြောင့် တစ်ခါတလေ ချို့ယွင်းမှုတွေရှိတတ်ပါတယ်။ ဖုန်းကိုသတ်မှတ်မြို့နယ်ကျော် သယ်သွားမိလို့ သတ်မှတ်မြို့နယ်ထဲ ပြန်ရောက်လို့ဆက်သွယ်လို့မရခဲ့ရင် Complane Center ကို ဖုန်းနံပါတ်၊ ပိုင်ရှင်နာမည်နဲ့စာရင်းပေးပြီးအကူအညီတောင်းရင် ဒီက ပညာရှင်တွေက ဖြေရှင်းပေးပါတယ်။ ဒါမှ မရသေးဘူးဆိုရင် ဖုန်းကိုရုံးကိုယူဆောင်လာပြီးဖြေရှင်းနိုင်ပါတယ်”ဟု Complane Center မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ Complane Center ၏ ဖုန်းနံပါတ်သည် ၇၃၀၀၀၀၀ဝဖြစ်ပြီး ကျပ်၅သိန်းတန် CDMA 800MHz WLL ဖုန်းများ၏ အခက်အခဲများကို ဖြေရှင်းရန် ဝန်ဆောင်မှုများပြုလုပ်နေရာ ကျပ် ၅သိန်းတန်ဖုန်းများနှင့် ပတ်သက်၍ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။