ျတနေ.တာကြုံတွေ.ခံစားမှု

aungnng87August 3, 20111min1465

ပြီးခဲ့တဲ့ဇူလိုင်လတုံးကတူတော်မောင်တယောက်ရဲ့မဂ`်လာဆောင်ကိုသွားခဲ့တယ်။ သူတိုကစွန်ဂိုင်းဘလုပ်မှာနေကြတာ။ ကိုယ်လည်းမလေးရှားမှာသာ၆နှစ်လောက်ရှိသွားတာ။ ကွာလာလမ်ပူမှာဘဲအနေများတာကြေားရင်င့်ဝေးဝေးလံလံတွေမရောက်ဖြစ်ဘူး။ တနေ.တနေအိမ်နဲ့.အလုပ်၊ အလုပ်နဲ.အိမ်။ တခါတခါshoppingထွက်။ ဒါလောက်ဘဲရှိတယ်။ ဒါနဲ.ကြုံတောင့်ကြုံခဲ ဆိုပြီး စွီန်ဂိုင်းဘလုပ်ဖက်ကိုသွားဖြစ်ခဲ့တယ်။ ်ကွာလာလမ်ပူကနေဆိုရင်စွန်ဂိုင်းဘလုပ်ကိုဆိုင်ကယ်နဲ.သွားရင်နာရီဝက်လောက်သွားရင်ရောက်ပေမဲ့ယောက်ကျားလုပ်သူကလမ်းမှားနေတော့၄၅မိနစ်လောက်ကြာသွားတယ်။ သူတို.နေရာလေးကသာသာယာယာလေးပါဘဲ။ အိမ်တွေကလည်းတထပ်တိုက်ပြားပြားလေးတွေဆောက်ထားတာ။အိမ်ပုံစံတွေက ၂အိမ်ကိုတခြံ၊ ပြီးတော့မီးဖိုချောင်၂ခုကဆက်ရက်ပေါ့။အဲဒီအိမ်တွေရဲ့နောက်မှာတောတန်းလေးရှိတယ်။ အဲဒီအိမ်ရဲ့ခေါင်းရင်း

ဘက်မှာကြံပင်တွေစိုက်ထားတယ်။ စားချင်ရင်ခုတ်စားလို.တောင်ရတယ်။ ဒါပေမဲ့ဒါကသူတို.စိုက်ထားတာမဟုတ်ဘူး။ မျက်နှာချင်းဆိုင်ကတရုတ်တွေစိုက်ထားတာ။ ဗမာတွေကစားချင်ရင်ခိုးပြီးခုတ်စားကြတယ်။  အဲ…နောက်ဖက်ကတောတန်းထဲဝင်သွားရင်ဒူးရင်းပင်တွေစိုက်ထားတာတွေ့ရတယ်။ ဒူးရင်းသီးတွေကတော့အခင်းရှင်တွေရောင်းဖို.ဆွတ်ပြီးသွားပြီနဲ.တူတယ်။၄လုံး၊ ၅လုံး.လောက်ပဲ အပင်မှာကျန်နေတာတွေ.ရတယ်။ ကိုယ်.နဲ.ခင်ပွန်းဖြစ်သူနဲ.လည်း အနီးအနားတဝိုက်လျှောက်ကြည့်ပြီးပတ်

ဝန်းကျင်ရဲ.သာယာမှုကိုခံစားနေမိတယ်။ ကွာလာလမ်ပူမှာဆိုဒါမျိုးဘယ်ခံစားနိုင်ပါမလဲ။ ကိုယ့်အိမ်အနီးအနား

ပါတ်ဝန်းကျင်ကိုကြည့်လိုက်ရင်high way လမ်းရယ်၊ ရထားလမ်းရယ်။ဒါဘဲရှိတယ်။ အခုမ ှshopping mall တခုအသစ်ဖွင့်လို. နဲနဲ ကြည့်စရာလေးရှိတယ်။

အဲဒိလိုလေးသာယာမှုခံစားပြီးနဲနဲနေသူလာတာနဲ.အိမ်ထဲပြန်ဝင်လာပြီး အဲဒီအိမ်မှာနေတဲ့ကောင်မလေးတွေနဲ.စကားပြောနေတုန်း တခြားကောင်မလေးတယောက်က နင်တို.စကားဘဲပြောမနေနဲ.။ ဒီမှာဒန်ပေါက်ကထမင်းဘဲကျန်တော့တယ်။ ကြက်သားကုန်တော့မယ်။ဟင်းထပ်စီမံအုံးလို. သူတို.သမီးရဲ.တူမကိုလာပြောတယ်။ ကိုယ်လည်းအမှတ်တမဲ့ပါဘဲ။ နောက်စကားပြောရင်းနဲ.ညောင်းလာတာကြောင့် မတ်တပ်ထရပ်လိုက်ပြီးဘာရယ်မဟုတ်ပြတင်းပေါက်ဘက်ကိုမျက်စိကရောက်သွားတယ်။

အဲဒီမှာကြက်အရှင်တစ်ကောင်ကိုဗမာကောင်လေး၂ယောက်ကကိုင်ချုပ်ထားသိုမျိုးမြင်လိုက်ရတော့

ကိုယ်လည်းလန့်ပြီးအဲဒီကြက်ကိုဘာလုပ်မလို.လည်းဆိုပြီးေအော်လိုက်တယ်။ ဘယ်သူမှကိုယ်ကိုပြန်မဖြေကြဘူး။ ဒါ်နဲ.ကိုယ်လည်းမကြည့်ရဲတော့ အခန်းပြင်ထွက်လာတော့မှကောင်မလေးတယောက်ကပြောတယ်။ ဟင်းကုန်နေလို.ကြက်သတ်ပြီးချက်မလို.တဲ့။ ကိုယ်လည်းဒေါသတော်တော်ထွက်သွားတယ်။ ဟင်းကုန်နေတာများ ဆိုင်မှာသွားဝယ်ပြီးချက်လို.ရတာဘဲ။ ဘာလို.ကြက်အရှင်ကိုသတ်ရတာလဲဆိုတော့

ကူညီပေးတဲ့ကောင်မလေးတယောက်ကမူစလင်ဆိုတော့ သူ.အိမ်မှာလည်းကြက်အရှင်ရောင်းတယ်။မူစလင်လိုဟာလာလုပ်ပြီးချက်ချင်လို.တဲ့ပြောပြန်ရော။

ဒါပေမဲ့ဟာလာလုပ်တာဘယ်သူလဲဆိုတော့ဗမာယောက်ျားလေး၂ယောက်ဖြစ်နေပြန်ရော။ တကယ်ဆိုရင်မလေးရှားမှာကတရုတ်ဆိုင်ကလွဲရင်ဘယ်နေရာမှာဘဲဝယ်ဝယ်ဟာလာလုပ်ပြီးသားပါဘဲ။အဲဒါကိုအပိုလုပ်ပြီးသူ.ကြက်ရောင်းရချင်တာနဲ.ကြက်အရှင်ကိုသတ်ပြီးဟင်းချက်ရတယ်လို.။ တကယ်ဆိုရင်ဒါဟာဗမာ

မဂ`်လာဆောင်ပါ။ မနက်တုန်းကဘုန်းကြီးပင့်ပြီးပရိတ်တရားတွေတောင်နာခဲ့မါသေးတယ်။ အဲဒီမှာ၅ပါးသီလ

လည်းခံခဲ့ရပါသေးတယ်။သူတို.သားနဲ.သူတို.သမီးကတော့အဲဒီအဖြစ်အပျက်ကိုသိတောင်သိရဲ.လားမသိဘူး။

ကိုလည်းသူတို.စိတ်ညစ်မှာစိုးလို.မပြောတော့ပါဘူး။သူတို.သမီးတူမကိုတော့ပြောလိုက်တယ်။ညီမရေ…။ကိုယ်ကအလှူလုပ်နေတာ။ကိုယ့်ကြောင့်အသက်တချောင်းမဆုံးရှုံးကောင်းဘူး.။မလိုအပ်ဘဲနဲ.။ ကုသိုလ်တပဲ၊ ငရဲ

တပိသာဖြစ်သွားမယ်။ အမကတော့စိတ်ညစ်သွားပြီ။ဆက်မနေချင်တော့ဘူး။ ပြန်တော့မယ်ဆိုပြီးထပြန်ခဲ့တော့တယ်။

5 comments

  • PaukPhaw

    August 3, 2011 at 8:33 pm

    ကုလားနော်….ပါဠိစကားလဲ တတ်တယ်..
    ဂြိုလ်သား စကားလဲတတ်တယ်..ဘာလာလာ အကုန်ဖတ်တတ်ဒယ်..
    အဲတာကြောင့်နော်..
    အားမကြီးစာကို ကုလား ဝင်ဖတ်တွားဒယ်..
    အားမကြီး ဆိုလိုချင်တာကို ကုလား တဘောပေါက်ဒယ်..

    အားမကြီးစိတ်ဓာတ်..ကုလားလေးစားတယ်..
    တိုက်ပင်ကျင့်ပြီး အားမကြီး ဆက်ရေးပါ..
    ကုလားအားပေမယ်..

    အောင်လ သီချင်း ဆိုပြခဲ့မယ်..
    မှားဒါရှိရင် တောင်းပန်ပါဒယ်..

  • pan pan

    August 4, 2011 at 9:44 am

    ကိုယ့်အတွက်သတ်တာ သိတယ်မြင်တယ်ဆိုတော့ ဘယ်လိုစားရပါ့မလဲနော်

  • စုံ စုံ

    August 4, 2011 at 10:08 am

    ကြားဖူးတာတခုပေါ့(ဘယ်သူပြောခဲ့မှန်းသေချာမသိလို့ပါ)
    ဗမာတွေအလှုတွေလဲလုပ်တယ် မင်္ဂလာရှိတဲ့အခမ်းအနားတွေလဲလုပ်ကြတယ်
    အဲ့ဒါကိုဘာကြောင့်ဗမာအစားအစာမကျွေးဘဲနဲ့
    ဗမာအစားအစာမဟုတ်တဲ့ဒံပေါက်နဲ့ဘာလို့ဧည့်ခံကြသလဲတဲ့
    သူပြောတာတော့စဥ်းစားစရာဘဲ
    ရွာသားတွေကောဘယ်လိုမြင်လဲ

  • မြစပဲရိုး

    June 11, 2015 at 11:20 pm

    . ဒေါ်အောင် ရဲ့ ရွာအဝင် ခြေလှမ်းလေး အတွက် အမှတ်တရ တူးဖော်မှုပါ။
    သတိရသေးရင် အချိန်လေးမျှနိုင်ခဲ့ရင် ပြန်လာလည်ပါဦး။ :-))
    http://myanmargazette.net/215664

    တို့လဲ ဒန်ပေါက်ကြိုက်တာ တရုတ်စာထက်ကို ကြိုက်တယ်။
    ကိုယ့်ရှေ့သတ်ခံရတဲ့ အကောင် လေး ရဲ့ အသား ကိုတော့ စားရက် မယ်မထင်ဘူး။
    ဒါပေမဲ့ ငါး ပုဇွန် ဂဏန်း တွေ ကိုတော့ ဒီလို မတွေး မိတာ တော့ အမှန်ဘဲ။
    အခုမှ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတယ်။
    . နောက်တစ်ခါ ဆို ရှောင်ဖြစ်တော့မလား မသိ။ (မသိ တာကို မသိ) lol:-)))

    • Ma Ma

      June 12, 2015 at 10:17 am

      တောရွာတွေမှာဆိုရင် ဈေးမရှိဘူး။
      ရုတ်တရက်ဧည့်သည်ရောက်လာရင် အိမ်ရှင်က မွေးထားတဲ့ကြက်သတ်ပြီး ဟင်းချက်ကျွေးတာပဲ။

      အဲဒါတုန်းကတော့ တောကကြက်က ပိုချိုတယ်ဆိုပြီး စားခဲ့ကြတာ။

      ခုနောက်ပိုင်းမှအသိတိုးလာလို့ ကိုယ့်အတွက် သတ်ကျွေးတာမျိုးမဖြစ်အောင် တနည်းနည်းနဲ့ ကြိုတင်ကာကွယ်ထားရတယ်။

Leave a Reply