N+8/11 စိတ်ဝင်စားအောင် ဈေးနှုံးသတင်းဖော်ပြနည်း

natureAugust 4, 20111min621

မြန်မာပြည်မှာ မှာ ဈေးနှုံး တွေကို ဖော်ပြရင် အများအားဖြင့်တော့ ဒီနေ့ ဘယ်ဈေး မနေ့ကဘယ်ဈေး ဆိုပြီး လွယ်ဖော်ပြတတ်ကြပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင် မှာဆိုလည်းဒီအတိုင်းပါပဲ။ ဒီ ဖော်ပြနည်းကို တကယ် အရောင်းအဝယ် လုပ်တဲ့ လူတွေ စိတ်ဝင်စားမှုနည်းပါ:ကြတယ်လို့ထင်ပါတယ်။ စိတ်ဝင်စားစရာဈေးနှုံးဖော်ပြပုံလေးတခု တွေ့ဖူးလို့ တင်ပြချင်ပါတယ်။

အရောင်းအဝယ်လုပ်တဲ့သူတွေ စိတ်ဝင်စားအောင်တင်ပြတဲ့နည်းကတော့ ဈေးနှုန်းကို ဖတ်လိုက်တာနဲ့ အရောင်းအဝယ် အေးတယ်သွက်တယ်ဆိုတာ သိအောင် အကျိုးရှိအောင်  ဖော်ပြတာပါပဲ။အောက်ပါအချက်တွေ ပါဝင်ဖို့လိုပါမယ်။

1.opening price

2. closing price

3. high price

4.low price

6. last update price

7. seller name, commodity, amount, calling price

8. buyer name, commodity, amount, bid price

ဒီအချက်အလက်တွေကို ကြည့်ပြီး ဘယ်သူတွေ ဝယ်တယ်၊ ဘယ်သူတွေရောင်းတယ် ၊  နောက်ဆုံး ဘယ်ဈေးဖြစ်ထားတယ်။ အခုဘယ်ဈေးခေါ်တယ်ဆိုတာသိရင် ဈေးနှုံး ခန့်မှန်းရာမှာ စိတ်ဝင်စားစရာ အထောက်အကူဖြစ်ပါတယ်။ ရောင်းချင် ဝယ်ချင်တဲ့သူတွေကလည်း ဒီ မှာတင်ပြီး ရောင်းလို့ ရ  ရင်ကောင်းပါတယ်။ ရောင်းတဲ့သူတွေဟာလည်း ကိုယ်ရောင်းမဲ့ဈေးကို မသိစေချင်ရင် seller name,  commodity, amount ကိုပဲရေးပေါ့။  လိုချင်တဲ့သူတွေလာမေးကြပါလိမ့်မယ်။

ဒီ အချက်အလက်ကလေးတွေ ပါလာရင် ဖော်ပြတဲ့ ဈေးနှုန်း သတင်းကို ရောင်းသူ ဝယ်သူများ စိတ်ဝင်စားမည်ဟု ထင်မိပါသည်။

 

One comment

  • pan pan

    August 4, 2011 at 9:29 am

    ပစ္စည်းတစ်ခုနဲ့ပတ်သက်ပြီး ဈေးနှုန်းကို ဘက်ပေါင်းစုံကသိရတော့
    ရောင်းသူဝယ်သူများ ပိုမိုစိတ်ဝင်စားမှာပါ
    ဒီလိုသာဖော်ပြမယ်ဆိုရင် အသုံးလည်းတည့်ပါတယ်

Leave a Reply