လေဆိပ်ရဲ ့ဖုန်းအငှားဝန်ဆောင်မှု

moonpoemAugust 4, 20111min1077

ဆင်းကဒ် ကိုတစ်ရက်ငှားခ ၂ဒေါ်လာ၊ ဟန်းဆက်ကိုတစ်ရက်ငှားခ ၂ဒေါ်လာဈေးရှိပါတယ်။
ဖုန်းငွေဖြည့်ကဒ်ကတော့ ကိုယ့်ဟာကိုယ်ဝယ်ထည့် ရမှာပါ။ ရတနာပုံတယ်လီပို ့က
ငှားရမ်းပေးမှာ ဖြစ်ပြီး အာမခံကြေးအနေနဲ ့ဆင်းကဒ် အတွက်က ဒေါ်လာ၁၀၀.၊ ဟန်းဆက်အတွက်က
ဒေါ်လာ၁၀ဝ ပေးခဲ့ရမှာပါ။ ပြန်အပ်တဲ့နေ ့မှာတော့ ဒေါ်လာ၂၀ဝ လုံးကို ပြန်ပေးမှာဖြစ်ပြီး
ဆင်းကဒ် နဲ ့ဟန်းဆက် အသုံးပြုခတွေကို အဲဒီနေ ့မှာ အပြီး ရှင်းပေးရမှာဖြစ်ပါတယ်။
ဥပမာ ဆင်းကဒ်ရော ဟန်းဆက်ပါ ငှားခဲ့မယ်ဆိုရင် တစ်ရက်ကို ၄ဒေါ်လာကျမှာဖြစ်ပါတယ်။

7 comments

  • pan pan

    August 4, 2011 at 10:27 am

    လေဆိပ်မှာ သုံးဖို့ငှားတာလား
    တရက် ၄ဒေါ်လာ
    တဒေါ်လာ ၇၆၀~၈၀၀
    တရက်၃၀၀ဝကျော်
    တလ ၁၀၀,၀၀ဝ နီးပါး
    ဈေးကြီးတယ်နော်
    အရင်း ဆယ်သိန်းတောင်မပြည့်ဘဲ တလတစ်သိန်းလောက်ရမှာဆိုတော့
    အိမ်ငှားစားတဲ့လူတွေက အများကြီးရင်းရပြီး အဲလောက်တောင် လခမရဘူးပဲ
    သိန်းတရာတန်အိမ်ခန်း တလတစ်သိန်းငှားခမရဘူး

  • AKKO

    August 4, 2011 at 10:57 am

    ထင်တာကတော့… ပြည်တွင်းကို လာတဲ့ ပြည်ပက ဧည့်သည်တွေအတွက် ဒီမှာနေစဉ် အသုံးပြုလို့ရအောင် လုပ်ပေးတာလို့ ထင်ပါတယ် … ။
    ပြည်ပ ဧည့်သည်တွေအတွက် အလွန်အဆင်ပြေပါလိမ့်မယ် …တနေ့ ကျသင့်ငွေရော .. အိုဗာစီးပြောတဲ့ အဖိုးခရော ၊ လိုကယ်အဖိုးအခပါ အဆင်ပြေလိမ့်မယ် … ။ ဒါပေမဲ့ .. ဖုန်းထဲမှာ ပိုက်ဆံကျန်နေမယ်ဆိုလျှင်တော့ … မတန်ဘူးနော် ။ မပြန်ခင် ကုန်အောင် တော်ကီပွားမှပဲ တန်မှာ ။

  • moonpoem

    August 4, 2011 at 11:04 am

    လေဆိပ်ရောက်တုန်း မေးကြည့်တာကတော့ မြန်မာအတွက်ရော နိုင်ငံခြားသာ းအတွက်ပါလို ့ပြောပါတယ်။ဒါပေမယ့် နိုင်ငံခြားသားအဓိကဖြစ်ပါလိမ့်မယ်။ မြန်မာကတော့ အဲလောက်ဈေးကြီးရင်
    ပီစီအိုကပဲ ဆက်မှာပေါ့။ ဈေးကြီးပေးပြီး ဖုန်းဘယ်ကိုင်မလဲနော်။ မြန်မာခဏလာလည်တဲ့ အချိန်နိုင်ငံခြားသားအတွက်ကတော့ အဆင်ပြေမလားမသိဘူး။

  • aungnng87

    August 4, 2011 at 11:17 am

    မြန်မာပြည်လာရင် အားလုံးနီးပါး hand set တော့ ပါလာမှာပေါ့.။ SIM cardက တနေ. ၂ဒေါ်လာ ဆိူတော့ တန်တယ်လို.ပြောရမှာပေါ့။ ကိုတေဇတို.လည်း ၅၀၀ဝ ကျပ်တန်တို. ၃၀၀ဝ ကျပ်တန် ငွေဖြည့်ကဒ်တွေထပ်
    ထုတ်ရင်ပိုကောင်းမယ်။ လူထုပိုအဆင်ပြေမှာပေါ့။

  • ဆူး

    August 4, 2011 at 12:19 pm

    ရွှေမြန်မာ တို့ ဦးနှောက် တော်တော် ကောင်းပါလား။
    မဆိုးပါဘူး။ နိုင်ငံခြားသားတွေ အသုံးတော်တော် တည့်မယ်။

  • redbull

    August 4, 2011 at 1:21 pm

    သူတို့ပဲ လုပ်စားကြ…
    ငါတို့မှာ ဆန်အတွက် ခက်နေရတာ..
    အော်…ဝမ်းရေးက တယ်ခက်ပါလား..

  • etone

    August 4, 2011 at 1:39 pm

    ကဒ်အတွက် ဒေါ်လာ တစ်ရာ … ၊ ဟမ်းဆက်အတွက် ဒေါ်လာ တစ်ရာဆိုတော့ .. ပေါင်း နှစ်ရာထဲပေးရတာပေါ့ … ။ သဘောက ဖုန်းက ဒေါ်လာနှစ်ရာတောင် တန်ဖိုးမရှိဘူးလို့ … ဆိုလိုတာလား .. ။ အခုဈေးကွက်ထဲမှာ အနိမ့်ဆုံး ဖုန်းဈေးက ငါးသိန်းလေ… အခု ဒေါ်လာ နှစ်ရာပဲစပေါ်သဘောမျိုးထားတာ … ငါးသိန်းဖုန်းတွေ … ဒေါ်လာ နှစ်ရာအောက်တန်ဖိုးပဲ ရှိတယ်လို့ … သွယ်ဝိုက်ပြီးပြောနေတာများလား … ဒါမှ မဟုတ်စပယ်ရှယ ်ဆားဗစ်နဲ့များ … ချိတ်ထားလို့လား မပြောတတ်တော့ဘူး ။

Leave a Reply