My Sketch Lines

သူရႆဝါAugust 4, 20112min13711

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

“My Sketch Lines”
          ဘာရယ်မဟုတ်ပါဘူး။ ကျွန်တော့် လက်စွဲတော် စိန်လက်ပ်တော့ပ်ကြီးလည်း သူငယ်ချင်း တစ်ယောက် ငှားထားလို့ ဘာမှလုပ်စရာ မရှိတာနဲ့ ညဖက် ပျင်းပျင်းရှိလို့ စာရွက်အလွတ်နဲ့ ခဲတံယူပြီး စိတ်ထဲရှိရာ လျှောက်ခြစ် မိတာပဲ။ စပြီး စိတ်ကူး ရတာတော့ ကိုရီးယား ဇာတ်လမ်းတွဲထဲက မင်းသမီး Kim Ji Ho ခေါင်းကလေး စောင်းထားတဲ့ အချိန်မှာ သူ့ရဲ့ ဆံပင်ပုံစံကို အမှတ်မထင် သဘောကျလို့ တစ်ပုံလောက် အဲဒီ ဆံပင်ပုံစံ အတိုင်းလေး ပုံကြမ်းခြစ်ပြီး တော့မှ စိတ်ထဲ ပေါ်ရာတွေ ဆက်လုပ် မိတော့တာ။ ကိုယ်ကျင်လည် နေတဲ့ အသိုင်းအဝိုင်းမှာက ဒီပညာရပ်ကို အသေအချာ လေ့လာလိုက်စား ထားတဲ့ သူတွေပါတော့ ကိုယ်က စနစ်တကျလည်း သင်ထားတာ မဟုတ်ဘဲ စိတ်ကူးတည့်ရာ လျှောက်ခြစ် ထားတဲ့ ပုံတွေကို ပြရမှာ တော်တော် ဝန်လေးပါတယ်။ ဒါပေမယ့် ကိုယ့်ဖန်တီးမှု ကိုယ်လည်း အွန်လိုင်းပေါ် မတင်ဘဲ မနေနိုင်ဘူး။ အားနာပါးနာ ကြည့်ပေးကြပါဦးဗျာ။ 
သူရဿဝါ
ဩဂတ်စ် ၄ ရက် ၊ ၂၀၁၁ ခုနှစ်

 

11 comments

  • Shwe Ei

    August 4, 2011 at 1:31 pm

    imm, not so bad, I want to see the sketch of curly hair girl if you wish to draw.

  • etone

    August 4, 2011 at 3:23 pm

    အဲ … ပန်းချီလည်း ဆွဲတတ်တာပဲလား ။
    ဘယ်ကာတွန်းဆရာရဲ့ ဇာတ်လမ်းထဲက ကာတွန်းရုပ်နဲ့ တူနေမှန်းမသိဘူးနော် … ။ အောက်ဆုံးကပုံကိုပြောတာ… ဒီလိုလက်ရာမျိုး … တွေ့ဖူးလို့ … မဟုတ်မှလွဲရော… နာမည်တခုနဲ့ … ကာတွန်းပါ ဆွဲ တာများလား ဟင် ! 🙄

  • kai

    August 4, 2011 at 4:17 pm

    သပ်ယပ်သားပဲဗျ…။
    မြန်မာကျေးလက်တောသူ..ဂွက်ထော်ပုံတပုံလောက်ဆွဲပြဗျာ…။ ဆံထောက်ကလေးနဲ့… 🙂

    • နွယ်ပင်

      August 4, 2011 at 4:32 pm

      ကဲ သူရဿဝါရေ သူဂျီးကတောင်းဆိုနေပြီ
      သတင်းစာမှာ ယူသုံးဖို့ပါတဲ့ ပွိုင့် 10000 တိုးပေးပါမယ့်
      မြန်မြန်ဆွဲလိုက်တော့ မဟုတ်ရင် သဂျီးစိတ်ပြောင်း
      သွားလိုက်မယ်နော် 😀

        • meelay

          August 4, 2011 at 5:22 pm

          ဟယ် … ရွာထဲနေပြီး သဂျီးကိုတောင် မသိဘူးဆိုတော့ ပွိုင့်တွေတော့ အနုတ်ခံရတော့မှာပဲ ………. 😀
          ဒီရွာလေးကို တည်ဆောက်ထားပေးတဲ့ Kai ဆိုတဲ့ ဦးလေးကြီးကို ရွာသူ၊ ရွာသားတွေက ချစ်စနိုးလေးနဲ့ သဂျီးလို့ ခေါ်ကြတာပါ ……… 🙂

  • meelay

    August 4, 2011 at 4:30 pm

    ငယ်ငယ်က ပုံတွေရတာ တော်တော်ဝါသနာပါခဲ့တယ်… ကားတွန်းတွေကြည့်ပြီး ကာတွန်းထဲက ပုံတွေကို လိုက်တုပြီးဆွဲ… ပြီးရင် ရောင်စုံလေးတွေခြယ်… အခုတော့

  • MaMa

    August 4, 2011 at 8:17 pm

    Sketch Lines လေးက မိုက်တယ်။
    သဂျီးက မြန်မာကျေးလက်တောသူ..ဂွက်ထော်ပုံ တောင်းဆိုနေတော့ အရင်ခေတ်က တောသူပုံလား၊ ခုခေတ် တောသူပုံလားလို့ မေးရမယ်။
    ကြော်ငြာတစ်ခုထဲမှာလို ကျုပ်တို့ရွာမှာ မြင်းမစီးကြပါဘူး။ ဆိုင်ကယ်စီးကြတာပါ တဲ့။
    မောင်မောင်ဇာ ကာတွန်းတစ်ခုထဲမှာလဲ တောသူတစ်သိုက် ရေခပ်ဆင်းပုံ ဓာတ်ပုံရိုက်ဖို့ ပြောတော့ တောသူတွေက ခုခေတ်မှာ ရေခပ်မဆင်းတော့ဘူး။ အဝီစိတွင်းနဲ့၊ မော်တာမရှိတောင် တုံကင်နဲ့။

  • ဆူး

    August 4, 2011 at 10:53 pm

    ၄တန်းလောက်မှာ ပန်းချီ အချိန်မှာ ပန်းချီ ဆရာလာတော့ တယုတယ ဆွဲထားတဲ့ နတ်သမီး ပုံလေး ထုတ်ပြတယ် သမီးဆွဲတာ လှလား ဆိုတဲ့ ပုံစံနဲ့ပေါ့.. အမှန်တော့ အိမ်က လူကြီးတွေက ပုံလေးက လှလိုက်တာ ချီးမွမ်းကြလို့ ကျေနပ်နေတာ.. ပန်းချီ ဆရာက ကြည့်ပြီးတော့ ဖင်နေရာက သေးနေတယ်တဲ့.. အဲဒီ အရွယ်တုန်းကတော့ ဘယ်လို ကြည့်ကြည့် အဲဒီ နတ်သမီး ပုံလေးက လှတယ် ထင်တာပဲ.. ကျုံကျုံလေး တစောင်းထိုင်နေတော့ ခါးကနေ တင် အထိ ကောက်ဆင်းသွားမဲ့ အချိုးက အဝိုက်နည်းနေတာ.. အခု အရက်ကြော်ညာတွေ မြင်ပါများမှ ဆရာ ပြောတဲ့ ကောက်ကြောင်း အဝိုက် နည်းတာ သိတော့တယ်။ အဲဒီတုန်းက ကူးဆွဲတဲ့ ပုံနဲ့ သိပ်အချိုး မကွာလှဘူး။

    အခုတော့ ပန်းချီ မဆွဲတာ ၁ဝနှစ်နီးပါး ရှိတော့မယ် အရင်လို လက်ရည် သိပ်မရှိတော့ဘူး။
    အရင်ကဆို အမြဲတမ်း အိတ်ထဲမှာ ခဲတံ ပါတယ်.. ပျင်းရင် ပုံ ထုတ်ဆွဲတတ်တယ်။
    ငယ်ငယ်က အနုပညာ အလုပ်မှာ သိပ်စိတ်ပါသွားရင် စာထဲ စိတ်မပါမှာ စိုးလို့ သိပ်အားမပေးလို့.. ပန်းချီ ဆိုတာ စာကျက်တဲ့ အချိန် အလုအယက် ခိုးဆွဲခဲ့ရတာ.. အခုတော့ သိပ်စိတ်မရှည်တော့ဘူး။

  • KoNyeinChan

    August 6, 2011 at 6:03 pm

    meelay@.. ဒီကောင်မလေးတော့ ပွိုင့်အနှုတ်ခံရတော့မှာဘဲ.. ဘယ်ကလာ “Kai ဆိုတဲ့ ဦးလေးကြီး” လဲ..
    အသက်ငယ်ငယ်ကောင်မလေးတွေက “အကိုကြီး / ကိုကြီး” ခေါ်မှ သူက ကြိုက်တာဟ.. ပြန်ပြင်ခေါ်လိုက် ပြန်ပြင်လိုက်… 😀 😀 😀

Leave a Reply