ဟောက်စား ဆိုတာနေရာတကာရှိပါတယ် အကြောင်းအမျိုးမျိုးနဲ့ပေါ နမူနာပြောရရင် ဟောက်သင့်လို့ဟောက်တာ အဟောက်ခံသင့်လို့ခံ၇တာအဲလိုပါ ကျွန်တော်ပြောချင်တာကတော့ မန်းလေးမြို့ရဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင်က ၀န်ထမ်းတွေအကြောင်းပါ ဖြစ်ပုံကဒီလိုပါ ကျွန်တော်ဓါတ်ဆီကိုမထုတ်တာအတော်ကြာပါပြီ ညီတော်မောင်ဘဲအထုတ်များပါတယ် တရက်ကျွန်တော်သွားအထုတ်မှာအခုလိုသိခဲ့၇တာပါဘဲဆိုင်ကယ်ဓါတ်ဆီနော်…………ကိုယ့်ထက်အသက်ကြီးပြီး ကျောင်းဆရာကြီးကို သူတူသူ့သားလောက်ရှိတဲ့ စာအုပ်စစ်တဲ့ကောင်လေးကပြောတာပါ ဆရာကြီးက ငါ့တူရယ်ရှေ့မှာလဲဝင်ကုန်တာ ကုန်နေပါပြီ ဆီစာအုပ်လေးကို စစ်ပေးတော့လေကွာလို့ပြောမိတာလေးကို ပြောလိုက်တာက နားကိုမ၀င်ပါဘူး……ကွမ်းယာလေးတပစ်ပစ်နဲ့ ပေစောင်းစောင်းကြည့်ပြီးတော့ ခင်ဗျားနားမလည်ဘူးလား…..စာမတတ်ဘူးလား…..စောင့်နိုင်ရင်စောင့်မစောင့်နိုင်ပြန်လူတိုင်းအရေးကြီးတာဘဲ ခင်ဗျားတစ်ယောက်တည်းအလုပ်ရှိတယ်များမှတ်နေလား……… မသိဘူးလား……ခင်ဗျားလိုလူတွေကြောင့်ခက်တယ်တို့ဘာတို့ပေါ့ဗျာ……အဲဒါကိုဆရာကြီးကဒီလိုပြန်ပြောပါတယ် မင်းကွာ ကောင်းကောင်းပြောလဲ၇ပါတယ် ငါကျောင်းမမီမှာစိုးလို့ပါကွာလို့ပြောပါတယ် အဲဒီတော့မှီချင်၇င် စောစောလာခဲ့တဲ့ ဟုတ်တာတော့ဟုတ်ပါတယ်ကျွန်တော်တောင် 7 နာရီလောက်ကနေသွားတာ 8 နာရီ ခွဲပြီးမှ ၇တာပါဗျာ………ဆရာကြီးခမျာအသက်ကလဲကြီးလွယ်အိတ်ကြီးနဲ့စာအုပ်တွေနဲ့ဆိုတော့…သိပ်အမြန်လဲစီးရဲပုံမပေါက်ပါဘူး…..တုန်တုန်ချိချိနဲ့ဒေါသသံနဲ့ပြောလိုက်တယ် မင်းကွာ မိုက်ရိုင်းလိုက်တာ…..ပညာမတတ် လို့ မိုက်ရိုင်းနေတာလို့ မြန်မာလိုရော အင်္ဂလိပ်လိုပါပြောလိုက်တော့ မောင်မင်းကြီးသားကခင်ဗျားလောက်တော့သနားတယ်ဘာလေးညာလေးဆိုပြီးBAဘွဲ့တွေသွားစမ်းပါ…… မိုင်နာပါ….ဆိုပြီးတော့ဟီးလေးဟားလေးတိုက်ပါတယ်…………ဆရာကြီးခမျာရှက်လဲ၇ှက်ဒေါသလဲထွက်ပြီး တော့….ငေါင်နေပါတယ်……ကျွန်တော်အပါအ၀င်ဘယ်သူကမှဝင်မပြောဖြစ်ကြပါဘူး…… အားလုံးကြောင်သွားကြတယ်………မောင်မင်းကြီးသားကတော့အေးဆေးဘဲ…….. ဒီအချိန်မှာ ကောသလမင်းကြီးမက်တဲ့အိမ်မက်၁၆ချက်ထဲက ၁ချက်ကိုသွားသတိ၇မိတယ်…….ကျီးကန်းကိုရွှေဟသာင်္ ၀ိုင်းနေတဲ့ပုံမျိုးကိုမြင်ယောင်မိတယ်ဗျာ……. ကျွန်တော်ပြောချင်တာက လမ်ဘေးနေလမ်းဘေးစား ပေါက်လွတ်ပဲစား အောက်တန်းစားတွေက ပညာလဲတတ် ၀ါလဲကြီး……အသက်လဲကြီးတဲ့ သူကိုရိုသေ၇ကောင်းမှန်းမသိ မခန့်လေးစားပြောဆိုနေတာတွေကို ပညာတတ်အဆင့်အတန်းရှိတဲ့သူတွေ (အများစုပေါ့) ကိုနာမူနာ ပြခံလိုက်ရတာကို ရင်နာလွန်းလို့ ဒီပို့စ်ကိုေ၇းလိုက်၇တာပါဗျာ………..တကယ်တော့ အဲဒီလူဟာ အရင် ကအဲဒီဆိုင်နားမှာ ကွမ်းယာရောင်းတယ် နောက်ဆီကောက်တယ်….ဒီလိုနဲ့……စာေ၇းလို့ပြော၇မလား အဲ…..အဲလိုဖြစ်လာတဲ့သူပါ…

About kooo

has written 4 post in this Website..