ဟောက်စား……

koooAugust 4, 20111min1278

ဟောက်စား ဆိုတာနေရာတကာရှိပါတယ် အကြောင်းအမျိုးမျိုးနဲ့ပေါ နမူနာပြောရရင် ဟောက်သင့်လို့ဟောက်တာ အဟောက်ခံသင့်လို့ခံရတာအဲလိုပါ ကျွန်တော်ပြောချင်တာကတော့ မန်းလေးမြို့ရဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင်က ဝန်ထမ်းတွေအကြောင်းပါ ဖြစ်ပုံကဒီလိုပါ ကျွန်တော်ဓါတ်ဆီကိုမထုတ်တာအတော်ကြာပါပြီ ညီတော်မောင်ဘဲအထုတ်များပါတယ် တရက်ကျွန်တော်သွားအထုတ်မှာအခုလိုသိခဲ့ရတာပါဘဲဆိုင်ကယ်ဓါတ်ဆီနော်…………ကိုယ့်ထက်အသက်ကြီးပြီး ကျောင်းဆရာကြီးကို သူတူသူ့သားလောက်ရှိတဲ့ စာအုပ်စစ်တဲ့ကောင်လေးကပြောတာပါ ဆရာကြီးက ငါ့တူရယ်ရှေ့မှာလဲဝင်ကုန်တာ ကုန်နေပါပြီ ဆီစာအုပ်လေးကို စစ်ပေးတော့လေကွာလို့ပြောမိတာလေးကို ပြောလိုက်တာက နားကိုမဝင်ပါဘူး……ကွမ်းယာလေးတပစ်ပစ်နဲ့ ပေစောင်းစောင်းကြည့်ပြီးတော့ ခင်ဗျားနားမလည်ဘူးလား…..စာမတတ်ဘူးလား…..စောင့်နိုင်ရင်စောင့်မစောင့်နိုင်ပြန်လူတိုင်းအရေးကြီးတာဘဲ ခင်ဗျားတစ်ယောက်တည်းအလုပ်ရှိတယ်များမှတ်နေလား……… မသိဘူးလား……ခင်ဗျားလိုလူတွေကြောင့်ခက်တယ်တို့ဘာတို့ပေါ့ဗျာ……အဲဒါကိုဆရာကြီးကဒီလိုပြန်ပြောပါတယ် မင်းကွာ ကောင်းကောင်းပြောလဲရပါတယ် ငါကျောင်းမမီမှာစိုးလို့ပါကွာလို့ပြောပါတယ် အဲဒီတော့မှီချင်ရင် စောစောလာခဲ့တဲ့ ဟုတ်တာတော့ဟုတ်ပါတယ်ကျွန်တော်တောင် 7 နာရီလောက်ကနေသွားတာ 8 နာရီ ခွဲပြီးမှ ရတာပါဗျာ………ဆရာကြီးခမျာအသက်ကလဲကြီးလွယ်အိတ်ကြီးနဲ့စာအုပ်တွေနဲ့ဆိုတော့…သိပ်အမြန်လဲစီးရဲပုံမပေါက်ပါဘူး…..တုန်တုန်ချိချိနဲ့ဒေါသသံနဲ့ပြောလိုက်တယ် မင်းကွာ မိုက်ရိုင်းလိုက်တာ…..ပညာမတတ် လို့ မိုက်ရိုင်းနေတာလို့ မြန်မာလိုရော အင်္ဂလိပ်လိုပါပြောလိုက်တော့ မောင်မင်းကြီးသားကခင်ဗျားလောက်တော့သနားတယ်ဘာလေးညာလေးဆိုပြီးBAဘွဲ့တွေသွားစမ်းပါ…… မိုင်နာပါ….ဆိုပြီးတော့ဟီးလေးဟားလေးတိုက်ပါတယ်…………ဆရာကြီးခမျာရှက်လဲရှက်ဒေါသလဲထွက်ပြီး တော့….ငေါင်နေပါတယ်……ကျွန်တော်အပါအဝင်ဘယ်သူကမှဝင်မပြောဖြစ်ကြပါဘူး…… အားလုံးကြောင်သွားကြတယ်………မောင်မင်းကြီးသားကတော့အေးဆေးဘဲ…….. ဒီအချိ်န်မှာ ကောသလမင်းကြီးမက်တဲ့အိမ်မက်၁၆ချက်ထဲက ၁ချက်ကိုသွားသတိရမိတယ်…….ကျီးကန်းကိုရွှေဟသာင်္ ဝိုင်းနေတဲ့ပုံမျိူးကိုမြင်ယောင်မိတယ်ဗျာ……. ကျွန်တော်ပြောချင်တာက လမ်ဘေးနေလမ်းဘေးစား ပေါက်လွတ်ပဲစား အောက်တန်းစားတွေက ပညာလဲတတ် ဝါလဲကြီး……အသက်လဲကြီးတဲ့ သူကိုရိုသေရကောင်းမှန်းမသိ မခန့်လေးစားပြောဆိုနေတာတွေကို ပညာတတ်အဆင့်အတန်းရှိတဲ့သူတွေ (အများစုပေါ့) ကိုနာမူနာ ပြခံလိုက်ရတာကို ရင်နာလွန်းလို့ ဒီပို့စ်ကို ရေးလိုက်ရတာပါဗျာ………..တကယ်တော့ အဲဒီလူဟာ အရင် ကအဲဒီဆိုင်နားမှာ ကွမ်းယာရောင်းတယ် နောက်ဆီကောက်တယ်….ဒီလိုနဲ့……စာရေးလို့ပြောရမလား အဲ…..အဲလိုဖြစ်လာတဲ့သူပါ…

8 comments

  • pan pan

    August 4, 2011 at 1:49 pm

    နေရာလေ…နေရာပေ့ါ
    သူ့နေရာမှာဆိုတော့ နေရာရှိတော့ ပြောပြီပေ့ါ
    ဟောက်လို့ရရင် ဟောက်
    ငေါက်လို့ရရင် ငေါက်
    ခေါက်လို့ရရင် ခေါက်
    ဒါကဒီမှာ အရိုးစွဲနေပြီ
    အဲ….ဖျောက်လို့ရရင် (စာရင်းတွေလည်း)ဖျောက်တတ်ကြပါတယ် 😀

  • AKKO

    August 4, 2011 at 2:53 pm

    အထူပါးနားမလည်တဲ့လူတွေနဲ့ … ပြိုင်မပြောတာ အကောင်းဆုံးပါပဲ ။

  • နွယ်ပင်

    August 4, 2011 at 3:08 pm

    ဒီလိုလူမျိုးက လူကြီးမှန်းလဲသိမှာမဟုတ်ဘူး
    သူရောက်တဲ့ နေရာမြှ အပေါ်ဖားအောက်ဖိလုပ်မယ့် လူစားမျိုး
    သူ့လိုလူမျိုးတွေဆို ဥပက္ခာတရားတာ လက်ကိုင်ထားတာ အကောင်းဆုံးပဲ …
    မဟုတ်ရင် စိတ်ပင်ပန်းတယ် …

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 4, 2011 at 3:22 pm

    ခင်ဗျားတို့အားလုံး
    ဒီ မန္တလေးဂေဇက်ထည်းမှာ သဂျီးအိပ်နေတဲ့အချိန်တွေဆို
    ကျုပ်ပြောတာကို နားထောင်ရမယ်
    ကြားကြသလား
    ဒါဘဲ

  • mzm

    August 4, 2011 at 5:07 pm

    ခေတ်အခြေနေကိုက ဒီလိုဇြစ်အောင်ဖန်တီးထားတာကိုး ဆီထုတ်ဖို့တောင်ခပ်လန့်လန့်

  • nature

    August 4, 2011 at 7:59 pm

    ကြားပါတယ်ခင်ည။ကိုအောင်ပုစကားနားထောင်ဖို့ အတွက် သူကြီး းဘယ်အချိန် အိပ်ပါသလဲခင်ဗျ။ သူကြီ းအိပ်တဲ့ အချိန် ကိုအောင်ပုရော မအိပ်ဘူးလားခင်ဗျ။ ၂ ယောက်စလုံးအိပ်နေရင်ကော ဘယ်သူ့စကား နားထောင်ရမလဲခင်ဗျ။ 🙂

  • MaMa

    August 4, 2011 at 8:36 pm

    ကမာ္ဘ့အရှေ့ခြမ်းရော အနောက်ခြမ်းပါ ဖတ်တဲ့ဆိုဒ် (နေမဝင်အင်ပါယာ) ကို ထောင်ထားတဲ့ သဂျီး ဘယ်အချိန် အိပ်ရမှန်းတောင် မသိလောက်အောင် အလုပ်များတာ မသိကြဘူး ထင်တယ်။

  • chityaaung

    August 4, 2011 at 8:45 pm

    ဒီလို အကောင်မျိုးတွေက နေရာတစ်ကာမှာပဲ..။ ဟိုကဗျာဆရာပြောခဲ့သလို ပြောရရင် မြန်မာပြည်မှာ ခွေးလေခွေးလွင့်တွေ ပြီးရင် အဲဒိလိုကောင်တွေ အပေါဆုံးပဲ……..။

Leave a Reply