အပြစ် မမြင်ပါဘူး

မောင် ပေAugust 4, 20111min20614

ရန်ကနား သည် ဘယာကြော် ဟု ခေါ်သော ၊ကုလားပဲ ကို ကြိတ်ပြီး လက်ဆွဲမီးဖိုလေး နှင့် လမ်းတစ်ကာ လိုက်ကြော်ရောင်းသူ တစ်ယောက်ဖြစ်သည် ။

ရန်ကနား သည် အသက် ၃ဝ ကျော် ခန် ့ရှိ လူပျိုတစ်ဦး ဖြစ်ပြီး သူတို ့အမျိုးတွေ ကြားမှာတော့ တွန် ့တိုတတ်သူ ကပ်စေးနည်း သူ တစ်ဦးအဖြစ် ကျော်ကြားသည် ။ နေ ့လည်ခင်း အချိန်များတွင် စာသင်ကျောင်းပေါက် များ၌ လိုက်လံ ဈေးရောင်းသည် ။ ညနေခင်းနှင့် ညပိုင်းကိုတော့ စည်ဘီယာဆိုင် များ အရက်ဆိုင် များ အနီးတွင် လိုက်လံ ရောင်းချသည် ။ ရန်ကနား ၏ တစ်ရက် ဝင်ငွေ မှာ ၈၀၀ဝ ကျပ်ခန် ့အသားတင် ရှိသဖြင့် မဆိုးလှ ဟု ပြောနိုင်သည် ။ ရန်ကနား ၏ မိတ်ဆွေ ၊ ဆွေမျိုး များ က ရန်ကနား ကို အိမ်ထောင်ပြုစေချင်ကြသော်လည်း ၊ အတွက်အချက် ကြီးသူ ရန်ကနား က တော့ စိတ်မဝင်စား ။ ကိုယ့်ဘာသာကိုယ် ပဲလေး ဝယ်ကြိတ် ၊ အချဉ်ရည်လေး စပ်ပြီး ၊ လမ်းတကာ ဘယာကြော် လိုက်ရောင်းရသည့် တစ်ကိုယ်တော် ဘဝ ကိုသာ မက်မောနေခဲ့သည် ။

ယခု ရက်ပိုင်းအတွင်း မိုးရွာနေသဖြင့် ၊ ရန်ကနား အကြော် လည်ရောင်းရသည် မှာ အဆင်မပြေ ။ ဒီနေ ့လည်း မိုးမိ လာသဖြင့် ၊ ကြိတ်ထားသော ပဲ များ မကုန်သေးပဲ အိမ်သို ့စောစော ပြန်လာခဲ့သည် ။ ရန်ကနား တို ့ဘယာကြော်သည် များ စုနေသည့် ရပ်ကွက် မှာ ကျောင်းသားကျောင်းသူလေး များ ၏ ဖယ်ရီကားဂိတ် နှင့် နီးသည် ။ ရန်ကနား တစ်ယောက် ချမ်းချမ်း ဖြင့် (မိုးမိထားသောကြောင့်) အကြော်ခြင်း လေး လက်ကဆွဲ ပြီး ရပ်ကွက်ထဲ ဝင်မည် အလုပ် ၊ ရပ်ကွက် လုံခြုံရေး မီးကင်း ပေါ် မှ ကလေးငိုသံကြားလိုက်ရသည် ။ သို ့နှင့် ရန်ကနား တစ်ယောက် သွားစပ်စု ကြည့်တော့ မွေးခါစ ၁ လသား အရွယ် ကလေး လေး ကို အနှီးလေး ဖြင့် ပက်ထားကာ ၊ လုံခြုံရေး မီးကင်း တဲ ပေါ်တွင် တွေ ့လိုက်ရလေသည် ။

“ ဟောဗျာ ၊ ညကြီးမိုးချုပ် ကို ဘယ်ကလေးအမေ ကများ ကိုယ့်ကလေး ကိုယ် ဂရုမစိုက်ပဲ ၊ ကင်းတဲ ပေါ် လာပစ်ထားတာပါလိမ့် ၊ ကလေးလေး ကြည့်ရတာ ဖြူဖြူဖွေးဖွေး ၊ ဝဝတုတ်တုတ် နဲ ့ချစ်စရာလေးပါလား ……မှန်းစမ်း ယောက်ျားလေးလား ၊ မိန်းခလေး လား …… ။ ဪ….မိန်းခလေး ပါလား …။ အို….သမီးလေး တိတ်ပါတော့ကွယ်… ငါ နင့် ကို နင့်အမေဆီ လိုက်ပို ့ပေးပါမယ်….. ”

ရန်ကနား တစ်ယောက် ကလေး ကို ပွေ  ့ချီ ယူ ခဲ့ပြီး ၊ ရပ်ကွက်ရုံး သို ့လျှောက်လာခဲ့သည် ။ ရုံးရောက်တော့ ရုံးစာရေး ၂ ယောက် အရက်ဖြူ တစ်ပုလင်း နှင့် အလုပ်ရှုပ်နေသည် ကို တွေ ့ရသည် ။

“ ရန်ကနား…မင်းရောက်လာတာ အတော်ပဲ ၊ ဒီမှာ အမြည်း မရှိလို ့ရွာလည်နေတာ ဟ..၊ မင်းထဲ ပါတဲ့ အကြော်လက်ကျန်လေး တွေ ပေးခဲ့စမ်းပါ ၊ အောင်မယ်…..ကလေးတွေ ဘာတွေ နဲ ့ဘယ်က ကလေး ခိုးလာတာလဲ ”

“ ဟေး…နင်..ငါ့ကို အဲဒီလို မပြောနဲ ့နော် ၊ ရန်ကနား နော်…ဒီကလေး ကို ကင်းတဲ မှာ တွေ ့ခဲ့တယ် ၊ ကလေးအမေ နော်…မေ ့သွားသလား လို ့ ၊ ငါ က ဒီမှာ လာအကြောင်းကြားမလို ့နော် ”

စာရေး နှစ်ယောက် ပြူးတူး ပြဲတဲ ဖြစ်သွားကြပြီး ၊ ရပ်ကွက် လူကြီး ဦး မိုင်ခေါင် ( ဟိန္ဒူ နာမည် )  ကို ပြေးအကြောင်းကြားလိုက်ကြသည် ၊ ဦးမိုင်ခေါင် လည်း  ညဝတ် အင်းကျီ ၊  ညဝတ် ဘောင်းဘီ ကြီး ဖြင့် လိုက်လာပြီး ရန်ကနား ကို အကြောင်းစုံ မေးမြန်းသည် ။ ရန်ကနား က အဖြစ်မှန် အတိုင်း ပြောပြ လိုက်သဖြင့် ၊ သူတို ့၄ ယောက် ၊ ကလေး ကို ပိုက်ပြီး ရပ်ကွက် ထဲ ၊ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်မေးမြန်းကြသည် ။ ကလေး ပိုင်ရှင် က ပေါ်မလာ ၊ နောက်ဆုံး သူတို ့ရပ်ကွက် ထဲ က လက်သည်အဖွားကြီး ဒေါ်ညို  ့အိမ် ရောက်မှ သတင်းတစ်ခု ကို ကြားမိကြသည် ။ လွန်ခဲ့သော နှစ်လ ခန် ့က အဖြူအပြာ ဝတ် ကျောင်းသူအရွယ် မိန်းမပျိုလေး တစ်ယောက် ( ကိုယ်ဝန်ကြီးဖြင့် ) ၊ သူမ ထံ လာရောက် ဗိုက်ပြသွားခဲ့ဖူးကြောင်း ၊ ယခု ကလေး မှာ သူမ ၏ ကလေး ဖြစ်နိုင်ကြောင်း ၊ ယခုခေတ် ကျောင်းသား၊ကျောင်းသူ များမှာ မဆင်မခြင် နေထိုင်ကြပြီး ၊ ကိုယ်ဝန် ရှိခဲ့လျှင် သူမဆီ လာရောက် ပြီး ၊ ကိုယ်ဝန်ဖျက်ပေးရန် ပြောကြကြောင်း ၊ ဒေါ်ညို အနေ ဖြင့် ငရဲကြီးမှာ စိုးသဖြင့် မဖျက်ပေးဖူးခဲ့ကြောင်း ၊ ယခု ကလေး မှာမူ ၊ ပြီးခဲ့သော နှစ်လကျော် က သူမထံ လာရောက်ခဲ့ဖူးသော ကျောင်းသူလေး ၏ ကလေးဖြစ်နိုင်သည် ဟု ဒေါ်ညို  ့အနေဖြင့် ထင်မိကြောင်း ပြောပြသည် ။ ထိုအခါ ရပ်ကွက်လူကြီး ဦးမိုင်ခေါင် ၊ ရုံးစာရေး ၂ ယောက် နှင့် ရန်ကနား တို ့ မည်သို ့မည်ပုံ ဆက်လုပ်ရမည် မသိ ၊ အကြပ်ရိုက်ကုန် ကြလေသည် ။ ဦးမိုင်ခေါင် က ဆုံးဖြတ်လိုက်သည် မှာ ၊ ကလေးပိုင်ရှင် မပေါ်မချင်း ကလေးကို ရန်ကနား မွေးထားရန် ပြောသည် ။ ဘာမှ မသိရှာသူ ကလေးလေး က တော့ ရန်ကနား ရင်ခွင်ထဲ တွင် ၊ ရန်ကနား အစပိုင်း က လက်မခံ နိုင်ကြောင်း ငြင်းဆိုရန် ပြင်လိုက်သော်လည်း ၊ ကလေးလေး ၏ ဝူးခနဲ အော်သံလေး ကြားလိုက်ရတော့ ကလေး ကို ချစ်စိတ်များ ဝင်သွားသည် ။ ကလေးလေး က တစ်ကယ်ကို ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်လေး ဖြစ်သည် ။ နို  ့စို  ့ချိန် တန်နေပြီ ဖြစ်သော်လည်း တစ်ချက်ကယ်မျှ မအော် ၊ မငို ။

“ ရန်ကနား နော် ။ ဒီကလေး ကို မွေးရတာတော့ ဟုတ်ပါပြီ ၊ ငါ ဈေးရောင်းထွက်တဲ့အခါကြ ကလေး ကို ဘယ်လို လုပ်ရမှာလဲ ”

“ ဟဲ့…..အဲဒါလောက်တော့ ငါ ထိန်းပေးထားနိုင်ပါတယ် ၊ နင် ဈေးရောင်းထွက်တာ နေ ့လည် နဲ ့ည ၁၁ လောက် အထိ ပဲ မလား ၊ ငါ့ ဆီ ပို ့ထား  ခဲ့ ပေါ့အေ ၊ ဟုတ်ပြီလား ”

“ အင်း ၊ ကလေး နို ့တိုက်ဖို ့ကော ၊ ဘယ်လို လုပ်ကြမလဲ ၊ ကလေးကြည့်ရတာ ၁ လ ကျော်လောက် ပဲ ရှိဦးမှာ ၊ လူနို ့တိုက်မှ ဖြစ်မှာမလား.. ဒေါ်ညို ရဲ  ့ ”

“ အဲဒါလေး မပူနဲ ့၊ ဟို ဆိုက်ကားဆရာ ကိုထွေးမိန်းမ မအေး ကို ဟိုနေ ့က မှ ငါ မွေးပေးထားတာ ၊ သူ ့ဆီ ငါ သွားပြောလိုက်ရင် ရမှာပါ ၊ ကဲကဲ နင်သာ ၊ ဒီကလေး အတွက် အနှီး နဲ ့ နို ့မှုန် ့ဘူး တွေ ဝယ်လာခဲ့ ။ ဪ..ဒါနဲ ့…နင့်အိမ် မှာ ကလေး သိပ်ဖို ့ပုခက် ၊ ငါလိုက်လုပ်ပေးမယ် ၊လာ ”

သို ့ဖြင့် ရန်ကနား တစ်ယောက် မိန်းမ မယူရပဲ ၊ ကလေးအဖေ အဖြစ်သို ့အလိုလို ရောက်ရှိသွားခဲ့လေသည် ။ ညဈေးရောင်း ပြန်ခဲ့သည် နှင့် ဆိုက်ကားဆရာ ကိုထွေး၊မအေး တို ့အိမ် သို ့သွား ကာ ကလေးကို ခေါ်သည် ။ ကလေး ညမအိပ်ခင် အချိန် ကို နို ့ဘူး ဖျော်တိုက်သည် ။ ယခင် က ကပ်စေးနည်း တွန် ့တို တတ်သော ရန်ကနား တစ်ယောက် ၊ သည်ကလေး နှင့် ကြမှ နှမြောရ ကောင်းမှန်းမသိ ဖြစ်လာသည် ။  ရန်ကနား နှင့် လက်သည် ဒေါ်ညို တို ့  ပြုစု စောင့်ရှောက်မှုများ ကို တွေ ့သော အခါ ၊ ရပ်ကွက်လူကြီး ဦးမိုင်ခေါင် တို ့လည်း ကလေးမိဘ ရှာရန်မေ့လျှော့ နေတော့သည် ။ ကလေး မိဘ များ က လည်း သူ တို ့ကလေး ကို သူတို ့မေ့နေသည်လား မသိကြ ။

သို ့ဖြင့် သမီးလေး ၊ ရန်ကနား ဆီ ရောက်တာ တစ်လ ကြာ ချိန်တွင် ၊ ရပ်ကွက်ထဲက လူများကို ဖိတ်ပြီး သမီးလေး ကို နာမည် ကင်ပွန်းတပ်ပွဲလေး လုပ်သည် ။ သမီးလေး က ဖြူဖြူဖွေးဖွေး နှင့် ချစ်စရာ အယ်စတုံလေး ။ လူယဉ်သည် မှာလည်း ပြောစရာမရှိ ၊ သိပ်မငို ၊ တစ်ရပ်ကွက် လုံး က လည်း ဝိုင်းချစ်ကြသည် ။ သမီးလေး နာမည် ကို မည်သို ့ပေးရမည် ကို ဝိုင်း တိုင်ပင်လိုက်ကြသည် ။ ရန်ကနား က သူ ့မွေးစားသမီး ကို သူ ့လို ဟိန္ဒူ နာမည် ပေးချင်သည် ။နောက်ဆုံး သမီးလေး  ကို နို ့ချို တိုက်ကျွေးသော အငှားမိခင် မအေး ၏ ဆန္ဒ အတိုင်း “ ချစ်စု ” ဟု ဝိုင်းဝန်း သတ်မှတ်လိုက်ကြလေသည် ။

( ဆက်ပါဦးမည် ။ ကိုယ်တိုင် စဉ်းစား ၊ ကိုယ်တိုင် စိတ်ကူးယဉ် ပြီး ရေးထားသော ဇါတ်လမ်း ဖြစ်ကြောင်း ဝန်ခံပါသည် ။ )

14 comments

  • ရွှေအိမ်စည်

    August 4, 2011 at 1:54 pm

    ကိုယ်တွေ ့ဖြစ်ရပ်လားဗျာ….တကယ်ပါဘဲ
    ကောင်းတယ်….
    တခါတည်းပြီးအောင်မရေးဘူး…..
    …………………………

    ဟုတ်ပါပြီဗျာမပျက်မကွက်..ကျနော်ဆက်စောင့်ဖတ်မယ်..

    စိတ်ဝင်စားတယ်..ကျနော်ပင်ကိုယ်ကစပ်စုတတ်တယ်လေ

  • pan pan

    August 4, 2011 at 2:20 pm

    စောင့်မျှော်နေပါသည်
    ကလေးအသက်ကြီးတဲ့ထိ ဇာတ်လမ်းထဲပါဦးမလား
    ကလေးကြီးလာရင် ကလေးကဖြူဖြူဖွေးဖွေးနဲ့ သူ့မွေးစားအဖေနဲ့တော့ ဘယ်လိုလာမယ်မသိလို့
    စိတ်ဝင်စားတယ်

  • နွယ်ပင်

    August 4, 2011 at 2:40 pm

    လုပ်ပြီ ဖတ်ကောင်းပြီဆို မြန်မြန်ရေးပါဗျို့
    စောင့်ဖတ်နေပါတယ် …..

  • ogre

    August 4, 2011 at 2:51 pm

    ကိုယ့်ဆရာ..
    ဒီမှာတန်းတန်းကြီးဖြစ်နေပြီ ..ဝဋ်လည်ပြီ
    ဆက်လုပ်ပါအုံးမြန်မြန်…

  • PaukPhaw

    August 4, 2011 at 3:45 pm

    ကိုတော်ကာကြီး..
    မသိရင် တစ်ကယ့်အဖြစ်အပျက်ကြနေတာပဲ..ဗျ..
    ဘာတွေဆက်ဖြစ်မလဲ စောင့်ဖတ်ရသေးတာပါ့

  • alinsett

    August 4, 2011 at 6:23 pm

    အင်း …… စိတ်ဝင်စားစရာ ဇာတ်လမ်းပဲ ဇာတ်အိမ် ကို ကျယ် ကျယ် လေး လုပ်ပြီး ကိုယ် တို ့ကို
    မျှော်တော် မူတွေ ဖြစ်အောင် လုပ်တော ့မယ် ထင်တယ် ။ မြန့မြန်ရေးနော် ။ စောင် ့ဖတ်မယ် ။

  • khunmghlalay

    August 4, 2011 at 7:22 pm

    ုုkohla အင်း …တကယ်အဖြစ်ပျက်ဆိုရင် ဘယ်လောက်လေးစားစရာကောင်းမှာလဲမသိဘူး တကယ်အဖြစ်အပျက်ဆိုရင် ရန်ကနားကို နိုဘယ်ဆုပေးဖို့ကောင်းတယ် ။
    မိန်းမမရသေးဘဲနဲ့ ကလေးခုနှစ်ယောက်အဖေဖြစ်ခဲ့ရတဲ့ အသက်(၂၈)အရွယ်လူရွယ်လေးတစ်ယောက်
    တကယ်အဖြစ်ပျက်ရှိခဲ့တယ်ဆိုတာအားလုံးယုံလားမသိဘူး။
    ယုံမယ်လူရှိရင် ယုံတဲ့အကြောင်းပြန်ပြောပါ၊ အဲဒီလူရွယ်ဟာ ဘယ်နေရာမှာဘယ်လိုမျိုးကလေးအဖေဖြစ်
    ခဲ့တယ်ဆိုတာအားလုံးပြောပြမယ်။

    • intro

      August 5, 2011 at 11:18 am

      အံ့ဖွယ်သုတ… ပြောပြပါဗျို့.. စောင့်ဖတ်ပေးပါ့မယ်…

  • aungnng87

    August 5, 2011 at 11:52 am

    ပြောပြပါ။သိချင်နေပါတယ်။ ကိုယ်လဲ ကလေးတယောက်လောက်မွေးစားချင်ပါတယ်။

  • etone

    August 5, 2011 at 12:00 pm

    မောင်ပေတို့ ဇာတ်လမ်းပျိုးပုံကလည်း အလန်းပါလား ။ ဘီယာဆိုင်သွားထိုင်ပြီး .. ရှေ့က ကုလားကို မြင်လို့ ရတဲ့ အိုင်ဒီယာများလား (နောက်တာပါ .. ) ။
    ရသစာပေတွေကို အကုန်လုံးရေးပြီးမှ တနေ့တည်း ပို့စ်ခွဲတင်သင့်ပါတယ် လို့ အကြံပေးချင်ပါတယ် .. ။ လူတွေ စိတ်ဝင်စားမှူမြင့်မားနေတဲ့အချိန် … နောက်တပုဒ်ဖတ်ဖို့ အချိန်ပေးရတဲ့အခါ … စိတ်ဝင်စားမှူ အားနည်းသွားတတ်တယ် … အဟဲ 😛

  • hmee

    August 5, 2011 at 1:10 pm

    မှန်ပါ့ ဒေါ်အီးတုံးရယ်။ ကိုတော့ကာရေ နောက်ဆက်တွဲက သိပ်မကြာသင့်ဘူးနော်။ ဖတ်ရသူတွေ ဆန့်ငင် ဆန့်ငင် ဖြစ်နေရရင် စာရေးသူလည်း…….ဖြစ်မယ်နော်။ 😛

  • windtalker

    August 5, 2011 at 1:18 pm

    aungnng87 ရေ
    တစ်ကယ် ကို ကလေး တစ်ယောက် လောက် မွေးစားချင်နေတယ် ဆိုရင်
    မိဘမဲ့ ကလေးကျောင်းတွေ မှ အများကြီးပါ
    အဲဒီက ၊ကလေးတွေ လည်း သူတို ့ကို မွေးစားမယ့် အဖေ၊အမေများ ကို စောင့်မျှော်လျှက် ရှိနေပါတယ် ဆိုတာ
    ဒီကနေ သတင်းလေး ပေးလိုက်ပါရစေနော် ။

  • nayminn

    August 5, 2011 at 2:35 pm

    ခေါင်းစဉ်ကိုဖတ်လိုက်တော့ `ဝိုင်းစု´အကြောင်းလားလို့…..ဖတ်လိုက်တော့မှ `ချစ်စု´ ဖြစ်နေတယ်။

  • ZinWinAung

    August 5, 2011 at 2:56 pm

    ပြောပြပါဗျို့.. စောင့်ဖတ်ပေးပါ့မယ်…

Leave a Reply