ဆာဖာရီဥယျာဉ်ရဲ့ သဘာဝမြင်ကွင်း (နေပြည်တော်)

manawphyulayAugust 4, 20111min9414

နေပြည်တော်မြို့ကြီးရဲ့ အထင်ကရ ဥယျာဉ်ကြီးဆိုလည်း မမှားပါဘူး။ နာမည်ကိုက ဆာဖာရီဥယျာဉ်လို့ သုံးနှုန်းထားတာကိုတွေ့ရှိရပါတယ်။ နေရာတော့ အတော်ကိုကျယ်တာကို တွေ့ရှိရပြီး နေရာအတော်စုံစုံကို တစ်နေကုန်သွားမှာ အဆင်ပြေမှာဖြစ်ပါတယ်။ နေကတော့ ပူပေမယ့် တိရစ္ဆာန်လေးတွေကိုလည်း ဒီတိုင်းလွှတ်ထားတော့ တောထဲရောက်သွားသလို ခံစားမိပါတယ်။

ဒါကတော့ အဝင်ဝလေးပဲဖြစ်ပါတယ်။ နေရာက အတော်ကျယ်တော့ မနက်စောစောသွားရင်ပိုအဆင်ပြေပါတယ်ရှင်။

နေရာတော့ အတော်ကို ကျယ်ကျယ်ဝန်းဝန်းယူထားတာတွေရပါတယ်။ နေပြည်တော်တစ်ဝိုက်မှာ မြေနေရာတွေ အတော်ပေါနေပုံရပါတယ်။

 

14 comments

  • forever

    August 4, 2011 at 7:39 pm

    မြို.နာမည်..နေပြည်တော် ..ဈေး က အာယုသုခ
    လမ်း ကျတော. ရာဇဌာနီ… ဆေးခန်းကျ ဇီဝက .. လို.နာမည်ပေးပြီး
    ဘေးမဲ.တောကျတော. မှ ဆာဖါရီ ဥယျဉ်တဲ.လား…..ဟားဟားဟား…

  • zawthulay

    August 5, 2011 at 9:36 am

    ဆာဖာရီဥယျာဉ်ကအလကားပါဗျာ.. ဘာမှလည်းသိပ်မရှိပါဘူး.. တိရိစာ္ဆန်ရုံလောက်တောင် မစည်ဘူးဗျ သွားလိုက်ရတာလည်း အဝေးကြီးပဲ.. သွားချင်တာကတော့ ပင်ဂွင်းငှက်လေးတွေထားတဲ့အခန်းကကောင်း တယ်.. ဘာလို့ဆိုတော့ အဲကွန်းခန်းမို့လို့ (အဟိ အေးအေးဆေးဆေးပဲလေ)

    • pan pan

      August 5, 2011 at 9:53 am

      ပင်ဂွင်းတွေတော့ လူလုပ်အအေးခန်းနဲ့ လန်းနေလို့ ဝင်ရိုးစွန်းတောင် လွမ်းပါ့မလားမသိ
      အပြင်မှာထားတဲ့တိရိစာ္ဆန်တွေက နေပူပြောင်ပြောင်မှာ သနားပါတယ်
      ဒါလည်း သူ့သဘာဝကိုး
      အရိပ်ရသစ်ပင်လေးများရှိရင် ကောင်းမှာပဲ

  • Shwe Tike Soe

    August 5, 2011 at 9:54 am

    တော်တော်တော့ပူမှာပဲနော် .. သွားဖြစ်သေးမှာမဟုတ်ပါဘူး..
    သူများတွေတင်တဲ့ဓာတ်ပုံပဲကြည့်တော့မယ် … ကျေးဇူး

  • aungnng87

    August 5, 2011 at 12:38 pm

    ဓာတ်ပုံလေးတွေကြည့်ရလို.ကျေးဇူးတင်ပါတယ်။ ကိုယ်နေပြည်တော်ရောက်တုံးက တိရစ္ဆာန်ရုံထဲသွားချင်တာကို တက္ကစီသမားက သွားမနေပါနဲ.နေပူပါတယ်။ ဆိုလို.မရောက်ခဲ့ရဘူး။

  • chitpyae

    August 5, 2011 at 2:45 pm

    ကွင်းပြင်ကြီးမှာနော် တိရစာ္ဆန်လေးတွေသနားစရာ … ရန်ကုန်က zoo ကိုပဲ သဘောကျတယ် ။ အရိပ်အာဝါ သလည်း ကောင်းကောင်းရတယ် .. နီးနီးနားနားနဲ့ ။ နေပြည်တော်က ဟာကြီးကလည်း ပျင်းစရာနော် ။
    ဆာဖာရီ တဲ့ နာမည်ကလည်း စင်ကာပူ ကိုများ အတုခိုးပြီး ပေးထားတာလား မသိ 😛
    ဘာပဲ ဖြစ်ဖြစ် နေပြည်တော်က ဆာဖာရီကို အခုလို မသွားဘဲ တွေ့ရတဲ့အတွက် ကျေးဇူးပါ 🙂

  • chitsu

    September 16, 2011 at 2:44 pm

    ဆာဖာရီဥယျာသ်ကနေတော်တော်ပူမယ်
    အမျိုးသားဥယျာဉ်တောင်တစ်ပတ်လုံးကိုပတ်ဖို.တော်တော်ကြာတယ်(ကားနဲ.ဆိုရင်တော.တမျိုးပေါ.)
    နေကလည်းပူလိုက်တာမှပြောမနေနဲ.တော.
    ပင်ဂွင်းဝင်ကြည်.ဖို.လည်းပိုက်ဆံပေးရသေးတယ်
    ပင်ဂွင်းလေးတွေကသိပ်မလှဘူး
    နေပြည်တော်ကမြေလွတ်တွေပေါနေတော.လုပ်ချင်တာလုပ်လုို.ရတာပေါ.
    ရန်ကုန်မှာတော.ပြည်.နေတယ်လေ
    ရန်ကုန်တိရစ ္ဆာန်ရုံပဲကြိုက်တယ်
    နေပြည်တေည်ကဘုရားကတော.သပ္ပါယ်တယ်
    လမ်းနာမည်တွေကလည်းရာဇဝင်ဆန်ဆန်နဲ.တစ်နေရာနဲ.တစ်နေရာတော်တော်ဝေးတယ်

  • tarnawyakkha

    September 16, 2011 at 4:51 pm

    forever ပြောတာသဘောကျတယ်ဗျာ
    ဟား…ဟား.ငပေါတွေ

  • သရဲကြီး

    September 16, 2011 at 8:42 pm

    ဆာဖာရီ ဆိုတာ အင်တာ နေရှင်တယ်လေ.. ကမာ္ဘလှည့်တွေ မမြင်ဖူးတဲ့ လူတွေ လာကြည့်အောင် လုပ်ပေးတာ..

  • မီးမီး သော်

    September 16, 2011 at 10:30 pm

    အော် သူရဲကြီးဆို မှတော့ ရှင်းပြပေးတာကျေးဇူးပါ ဆာဖရီရေ။

  • kaung kin pyar

    January 24, 2012 at 6:05 pm

    နေပြည်တော်ကို အလုပ်ကြောင့် ရောက်နေတာ တစ်လလောက်ရှိပြီ။ လူက မရောက်သေးလို့ တင်ထားတဲ့ပုံတွေကိုပဲ ကြည့်လိုက်တော့မယ် (နေပူမမိတော့ဘူးပေါ့…:) )။ နောက်လဲ များများတင်ပေးနော်။

  • မမ မနောရဲ ့ပို ့စ်အောက်မှာ ဆာဖရီပုံလေးတွေကြည့်ရင်း အရင်နာမည်လေးပြန်တွေ ့လို ့စိတ်ထဲ
    လွမ်းမိတယ်ဗျာ။

  • zaw min

    January 24, 2012 at 10:28 pm

    အရင်လို နာမည်သုံးလုံးပဲထားပါလားဟင်…တစ်ခါတစ်ခါနာမည်ခေါ်ဖို့ ရေတစ်အိုးလောက်ကုန်နိုင်လို့ပါ။
    မနောရေ…သတ္တဝါလေးတွေသနားပါတယ်နော်…ပူပြင်းလှတဲ့ရာသီဥတုဒဏ်ကို အံတုနေရရှာတယ်။

Leave a Reply