ဆုံနိုင်ခွင့်

chit layAugust 4, 20111min846

မဆုံနိုင်တဲ့စည်းတွေခြားထားလဲ သတိရနေတုန်းပဲ မောင်

မဖြစ်နိုင်မှန်းသိပေမယ့်လဲ တမ်းတနေတုန်းပဲ မောင်

ညညမက်တဲ့ အိပ်မက်တွေထဲမှာ ထည့်မက်နေတုန်းပဲ မောင်

မောင် ကြိုက်တဲ့သီချင်းတွေ ခပ်တိုးတိုးညည်းနေတုန်းပဲ မောင်

မောင့်ကိုယ်သင်းနံ့လေးတွေကို မှတ်မိနေတုန်းပဲ မောင်

မောင့်ပုံရိပ်တွေကို မြင်ယောင်နေတုန်းပဲ မောင်

ကျွန်မကို ရူးအောင်ပြုစားခဲ့တဲ့ မောင် တစ်နယ်စီရပ်ခြားမှာ ပျော်နေရဲ့လား

ကျန်းမာရေးမှကောင်းရဲ့လားလို့ တွေးပူမိနေသေးတယ် မောင်

နောက်ဘဝမှာ ပြန်ဆုံခွင့်ဆိုတာ ရှိခဲ့ရင် ပေါင်းစည်းခြင်းတွေနဲ့ပဲ ဆုံဆည်းချင်သေးတယ် မောင်ရယ်

လွမ်းနေပေးပါလို့ မတောင်းဆိုချင်ပေမယ့် တိုက်ဆိုင်မှုရှိတိုင်း သတိရပေးပါ မောင်ရယ်

အလွမ်းတွေက ခါးသက်တယ်ဆိုပေမယ့် ချိုမြိန်တဲ့ သတိရစရာတွေကို မေ့မပစ်ပါနဲ့ မောင်ရယ် နော်

ပြန်ဆုံနိုင်ခွင့်ရှိခဲ့မယ်ဆိုရင် မောင် လို့ခေါ်ခွင့် ရချင်ပါသေးတယ်

ချစ်လားလို့ အကြိမ်တစ်ရာမက မေးခဲ့ပေမယ့် ချစ်တယ်လို့ တစ်ခွန်းဖြေဖို့ ဆွံ့အခဲ့တဲ့ ကျွန်မကို ကံကြမ္မာက ဒဏ်ခတ်ခဲ့တာ ထင်ပါရဲ့ မောင်ရယ်

အချစ်တွေကို ထုတ်ဖော်မပြောပြခဲ့တတ်တဲ့ ကျွန်မအတွက်တော့ အရာအားလုံးဟာ နှောင်းသွားပါပြီ မောင်ရယ်

နောက်ဘဝမှာများ ပြန်ဆုံနိုင်ခွင့် ရခဲ့ရင် မောင် ကြားချင်ခဲ့တဲ့ စကားတွေကို အရင်ဆုံး ပြောမိအောင် ကြိုးစားပါ့မယ် မောင်

မောင် ထာဝရ ပျော်ရွှင်နိုင်ပါစေ။

6 comments

  • alinsett

    August 4, 2011 at 6:10 pm

    အချိန်နှောင်းသွားတာသေချာလို ့လားကွယ်…။ မသေချာသေးပဲ နဲ ့တော့ ဒီလောက် ထိ တွေးမထားပါနဲ ့ဦးနော့ ။ ဒီစာလေးတွေက တကယ် ့ခံစားချက် အစစ်နဲ ့ ရေးထားတယ် ထင်တယ် ။ တမျိုးပဲ…။ စာရေးကောင်းသူ..တစ်ဦး လို ့ ပြောချင်ပါတယ် ။ ဆက်ရေးပါ။ အားပေးနေမယ် ။

  • thit min

    August 5, 2011 at 8:57 am

    What is the meaning of this post for “the public”? Let me know that your own feeling is how to contribute to “the readers of MG”.

    • etone

      August 5, 2011 at 10:07 am

      thit min ရေ… ခံစားချက်ဖွင့်ဟ ဟန်နဲ့ ရေးထားတဲ့ ကဗျာလေးပါ … ။ ဖတ်ရတဲ့လူကို လွမ်းမောဖွယ်ကောင်းတဲ့ ခံစားချက် ရသမျိုးပေးထားပါတယ်… တိုက်ဆိုင်တဲ့စာဖတ်သူတွေအတွက်ကတော့ … အတိတ်ကအဖြစ်ပျက်လေး ပြန်သတိရစေနိုင်တာမို့ … ဒီလိုချည်း သူများ နင်သွားအောင် ပြောတာတော့ မလုပ်သင့်ပါဘူး ။
      တကြောင်း နှစ်ကြောင်းနဲ ့ပို့စ်ဖြစ်နေတာထက်စာရင် … ဒီလိုပို့စ်က တော်သေးတယ်လို့ ထင်တယ် ။

  • snow white

    March 31, 2012 at 11:18 am

    ဟင့်ဟင့်ငိုချင်တယ် ဘာလို့တိုက်ဆိုင်တဲ့စာကိုဖတ်မိပါလိမ့်နော် ငိုလိုက်တော့မယ်

  • cum min

    June 24, 2012 at 1:57 pm

    မငိုပါနဲကွာ…..နာတယောက်လုံ.ရှိပါတယ်….နှပ်စက်ဖို့လေ….

  • ညလေး

    June 24, 2012 at 2:25 pm

    ငိုလည်းငိုချင်စရာ……
    အဟင့်ဟင့်……ဂွမ်းတဲ.နေ.မှဖတ်မိတယ်လို…..

Leave a Reply