ပန်းဆိုးတန်း-ဒလ ကမ်းကူးခလဲ တက်ပြီ ………..

နွယ်ပင်August 4, 20111min15715

ပန်းဆိုးတန်း-ဒလ ကူးတို့ကူးခကိုယခင် ကျပ် ၁ဝ ကောက်ခံလျှက်ရှိရာမှ ယခု ဩဂုတ်လ တစ်ရက်မှ စတင်၍ ကျပ် ၅ဝ သို့ပြောင်းလဲ ကောက်ခံလျှက်ရှိပါတယ် ။
ယခင်က လပေးကတ်တွေရှိသော်လည်း ယခုနောက်ပိုင်းတွင် လပေးစီးကူးတို့ကတ်များကို အစိုးရဝန်ထမ်းနှင့် ကျောင်းသား ကျောင်းသူများမှလွဲပြီး မည်သူကိုမျှ
လုပ်မပေးတော့ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ ပြောကြားခဲ့ပါတယ် ။ ယခင်လပေးကတ်ဈေးနှုန်း (300) ကျော်မှ ယခုလပေးကတ်ဈေးနှုန်းကို (1500)
ပေးသွင်းရမည် ဖြစ်ကြောင်း သိရှိရပါတယ်။ ရန်ကုန် ပန်းဆိုးတန်း-ဒလ ခရီးစဉ်ကို နေ့စဉ် ခရီးသွားပြည်သူ သုံးသောင်းခွဲခန့် အတွက် ရေယာဉ် နှစ်စင်းဖြင့် အသွားအပြန် ၉၂ ခေါက် ပြေးဆွဲပေးနေကြောင်း သိရှိရပါတယ် ။

15 comments

  • kai

    August 4, 2011 at 4:24 pm

    တချိန်ချိန်တော့..ရန်ကုန်-ဒလ.. (ဆန်ဖရန်ဂိုးဒမ်းဂိတ် တံတားကြီးလို) တံတားတခုဖြစ်လာဖို့ မျှော်လင့်မိတယ်..။
    ဒလ ဖက်က..မြေဈေးတွေ..ခုန်တက်သွားမှာ… 🙂

    • PEACEMAKER

      August 5, 2011 at 7:52 am

      အဲလိုတွေးခဲ့ဘူးတယ်။ ဒါပေမဲ့ မြေသားက သိပ်မကျစ်တာရယ်၊ ရေက သိပ်ပြီးမကောင်းတာရယ်ကြောင့် စိတ်ဝင်စားမှုနည်းသွားတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကလည်း သိပ်မသန့်ဘူး။ ရာဇဝင်လူဆိုးတွေအများကြီးရှိတယ်လို့လည်း ကြားတယ်။

  • good

    August 4, 2011 at 5:28 pm

    kai က ဒလမှာ မြေ ကွက် ဝယ်ထားတယ်နဲ့ တူတယ်။ပြန်ရောင်းမလား ပွဲစား နဲ့ ဆက်ပေးမယ်။
    အဲဒီ မှာ တံတား ဖြစ် ဖို့ ဆိုရင် အလုံ ဆိပ်ကမ်းအထိ ရှိ နေတဲ့ aisia world နဲ့ တေဇ တို့ ရဲ့ ကုန်သေတ္တာ ဆိပ်ကမ်းတွေ ဖျက်ပေးမှ ရမယ်။
    မဖျက်ချင်ရင် တော့ ရေ အောက် ဥမင် သာ ဖောက်ပေတော့။

  • parlayar46

    August 4, 2011 at 8:16 pm

    အဲဒီတံတားအတွက်ကတော့ စဉ်းစားကြတာ အကြိမ်ကြိမ်ရှိပြီလို့ ဆိုပါတယ်။
    ရန်ကုန်မြစ်ကကျယ်လွန်းတာရယ် ပင်လယ်ကူး သင်္ဘောကြီးတွေ ဖြတ်နိုင်အောင် မြင့်ဘို့လိုတာရယ်ကြောင့် ရန်ကုန်ဘက်ကမ်းက ချဉ်းကပ်လမ်းကို ပေ ၃၀၀ဝ လောက် ၊ ချဉ်းကပ်လမ်းကိုဝင်ဘို့နှစ်ထပ်လမ်းကို ပေ ၁၂၀ဝ လောက် နေရာယူသွားဘို့ရှိပါတယ်။ ဖြစ်နို်င်တဲ့နေရာက လမ်းမတောာ် ဝါးတန်းလမ်းလောက်ဖြစ်ပြီး ချဉ်းကပ်လမ်းက မင်းရဲကျော်စွာလမ်းလောက်အထိ ငုံသွားနိုင်ပါတယ်။ ဒီလောက်ကြီးတာကြီး လုပ်ဖို့မတန်လို့ အခုတော့ လှိုင်သာယာဘက်က တွံတေးကိုဖြတ်တဲ့လမ်းပဲ လုပ်ထားပါတယ်….တဲ့။

  • nature

    August 4, 2011 at 8:48 pm

    ၁ဝ ဆိုတဲ့ဈေးကတော့ တက်သင့်ပါတယ်။ ပုဂ္ဂလိကသာ ဆို ဒီဈေးနဲ့ ပြုတ်တာကြာပြီ။

  • ဆူး

    August 4, 2011 at 11:10 pm

    ဒလ နဲ့ ပန်ဆိုးတန်း ကြားမှာ တံတား ထိုးဖို့ မဖြစ်နိုင်ဘူး ထင်တယ်။ ပင်လယ်ကူး သင်္ဘောတွေ အသွားအလာ ရှိတဲ့ အတွက် ဒလ ကို ကျော်ချပြီး တခြား မြိ့နဲ့သာ တံတားထိုးရင် အဆင်ပြေနိုင်လိမ့်မယ်။
    ပင်လယ်ကူး သင်္ဘောတွေ ဝင်ချင်တိုင်း ဝင် ထွက်ချင်တိုင်း ထွက် လုပ်လို့ ရတဲ့ နေရာလည်း မဟုတ်ပြန်ဘူး လို့ ကြားဖူးပါတယ် ရေတိမ်တဲ့ နေရာ တွေ ရှိတတ်လို့ အဲဒါတွေကို ရှောင်ဖို့နိုင်ဖို့ သီးသန့် ကပ္ပတိန် သာ မောင်းနှင်ခွင့်ပြုတယ် ကြားဖူးပါတယ်။
    ဒလ ကတော့ ရန်ကုန်နဲ့ နီးပေမဲ့ အရင်က ရေပြသနာ ရှိလို့ လူ မကြိုက်ကြဘူး။ အခုတော့ တွံတေးဘက်ကနေ ရေပိုက်လုံး အကြီးကြီးတွေ နဲ့ သယ်ယူပြီး သောက်သုံးရေ လုပ်နေတဲ့ အတွက် အဆင်ပြေနေလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒလ ဘက်က ယခင် ၅ နှစ် ၁ဝ နှစ်နဲ့ တောင် မတူအောင် တော်တော် ပြောင်းလဲ နေပါတယ်။ တွံတေးမြို့ မှာတော့ ငါးကန် သမားတွေ ရှိလို့ ယခင်က တဲအိမ်သမားတွေ ယခုတော့ တိုက်တွေနဲ့ တော်တော် လှပ နေတယ်လို့ ထင်မိတယ်။ ရန်ကုန်ကနေ တွံတေး အိုးရုံ တွေ ကြည့်ဖို့ တနေ့တာ ဘုရားဖူး လေ့လာရေး ခရီးစဉ်တွေရှိတယ်.. ရန်ကုန် ရောက်ရင် သွားလည်လို့ ရတယ်။ တိုးတွေ ရှိနေပြီ။

  • pan pan

    August 5, 2011 at 9:28 am

    ပန်းဆိုးတန်း-ဒလ ကူးခတင်မဟုတ်ပါဘူး
    ခနောင်တိုဘက်တို့ ရန်ကုန်မဟုတ်တဲ့ တခြားနယ်မြို့တွေမှာလည်း ဈေးတက်ကုန်ပါပြီ
    သတင်းစာထဲမှာပါပါတယ်
    မြို့နာမည်အတိအကျတော့ မမှတ်မိတော့လို့ပါ
    ဒလနဲ့ ရန်ကုန်ဘက်ခြမ်းက နီးနေပေမယ့် အခြေအနေတော်တော်ကွားခြားနေတယ်
    အမြင်နီးသော်လည်း ဝေးနေတယ်နော်
    တံတားထိုးရင်ထိုး၊ ဥမင်ဖောက်နိုင်ရင်ဖောက်၊ ဒီလိုဆို ကောင်းမယ် 😛

  • manawphyulay

    August 5, 2011 at 10:35 am

    ဈေးတွေကလည်း တက်ပဲ တက်နိုင်လွန်းတယ်။ မီးရထားတွေလည်း ဈေးနှုန်း ၁ဝ ကနေ ၅ဝ ထိတက်ဖို့ ဆိုင်းပြင်နေကြပါပြီ။ အများပြည်သူတွေအတွက် လုပ်အားခတော့ တိုးမတိုးမသိပေမယ့် ဈေးနှုန်းတွေကတော့ အစိုးရမှလက်လွှဲတာနဲ့ တန်းတက်မယ် ဆိုတာကြီးပဲ…. ရှေ့ကိုမတွေးဝံ့စရာတွေပါပဲ။

    • pan pan

      August 5, 2011 at 11:16 am

      ဈေးတက်တာထားပါတော့
      ဈေးတက်သလို ဝန်ဆောင်မှုလည်း တိုးတက်ဖို့လိုတယ်

  • etone

    August 5, 2011 at 4:37 pm

    သူများတွေ တော့ ဘယ်လိုသွားလဲမသိတော့..ကိုယ်ကတော့ ရေကြောက်လို့ … သဘောင်္ကို စီးကို မစီးရဲဘူး .. ။ ရေဆိုလျှင် ရေကူးကန်ထဲတောင် ဆင်းရမှာ ကြောက်တယ် ။ 🙁

  • nayminn

    August 5, 2011 at 4:52 pm

    မြို.ပါတ်ရထားလတ်မှတ်ခလည်း တက်တော့မယ် မကြာမီလာမည်…မျှော်။

    • susunosuki

      August 5, 2011 at 5:25 pm

      တစ်လကို ကျပ်သန်းပေါင်း ၁၂ဝ လောက်အရှုံးခံနေတဲ့ မြန်မာ့ မီးရထားကို ဘယ်လုပ်ငန်းရှင်ကမှ မယူချင်ကြဘူးထင်တယ်။ မြို့ပတ်မိုင် ၅ဝ ကျော်မှာ အမြတ်ရအောင် ဘယ်လောက်ဈေးတင်မလဲ။ ၁ဝ ကနေ ၅ဝ လား။ ၁၀ဝ လား။

  • Thanlwinoo

    August 5, 2011 at 9:04 pm

    ယခု အစိုးရပိုင်ဌာနတစ်ခုဖြစ်တဲ့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဟာ Irrawaddy Flotilla Company က ဆင်းသက်လာတယ်လို့ သိရပါတယ်…။
    ကျောင်းဖက်စာထဲက ဦးနာအောက်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဧရာဝတီကုမဏီပါ..။
    ၁၈၆၅ခုနှစ်မှာ စတင်တည်ထောင်ပြီး ၁၉၂ဝ နှစ်တွေမှာ အဖွံ့ဖြိုးဆုံးဖြစ်ခဲ့ပါတယ်..။
    ဖာဂူဆန်တို့လို စကော့လူမျိုးတွေက စီမံအုပ်ချုပ်ပါတယ်..။ (မြန်မာ့မီးရထားကိုလည်း စကော့တွေဘဲ စီမံခဲ့ပါတယ်…)
    အဲ့ဒီအချိန်က သင်္ဘောစင်းရေ ၆၀ဝ ကျော်ရှိပြီး ကမာ့အကြီးဆုံး မြစ်တွင်းသွား သင်္ဘောကုမဏီဖြစ်ပါတယ်..။
    http://en.wikipedia.org/wiki/Irrawaddy_Flotilla_Company
    အဲ့ဒီခေတ်က ရေးတဲ့စာတွေထဲမှာ (ရွှေဥဒေါင်း၊ ဂျာနယ်ကျော်မမလေး..) ဧရာဝတီသင်္ဘောတွေ အချိန်မှန်တာ၊ ရေပေါ်ဟိုတယ်တွေလို သန့်ရှင်းသပ်ရပ်တာ၊ ဝန်ဆောင်မှုကောင်းတာ ဖတ်ဖူးပါတယ်..။
    လွတ်လပ်ရေးရပြီး ၁၉၄၈ မှာ ပြည်သူပိုင်သိမ်းခဲ့ပြီးတဲ့နောက် တဖြည်းဖြည်း အရည်အသွေးကျ ဆင်းလာပါတယ်..။ အခုတော့ ကမာ့အဆင့်၊ အာရှအဆင့်…၊ အရှေ့တောင်အာရှအဆင့်… ဘယ်အဆင့်ဝင်သေးလဲ မသိ..?။

  • KoNyeinChan

    August 6, 2011 at 5:17 pm

    ကုန်ဈေးနှုန်းတွေ၊ အခတွေကတော့ နေရာတကာ နိုင်ငံတကာမှာ အမြဲတမ်းတက်နေမှာဘဲ (ကိုယ့်နိုင်ငံက ပိုဆိုးတယ် :D)
    ဒီ မလေးရှားမှာ ကြားဖူးတဲ့စကားတစ်ခွန်းရှိတယ်
    “Semua naik, hujan saja sentiasa turun”
    “အားလုံးတက်တယ်၊ မိုးရေ ဘဲ အမြဲတမ်း အောက်ဆင်းတယ်”
    ဗဟုသုတအဖြစ် ပြောပြတာပါ

Leave a Reply