ပင်စင်အသံကြားတာနဲ့.. ကျွန်တော့်အတွေ့အကြုံလေးတစ်ခုပြောပြချင်လို့ပါ.. ကျွန်တော်၁၀တန်းလောက်ပပေါ့ .. ကျွန်တော့်အမေက တာမွေမှာမူလတန်းပြဆရာမလေ .. အမေ့ရဲ့သူငယ်ချင်းဆရာမတစ်ယောက် သေသွားပါတယ်… အဲဒီမှာ ပြသ၁နာစတတ်တော့တာ ပါပဲ.. မြန်မာနိုင်ငံမှာက အသက်၆၀ပြည့်ရင် ပင်စင်ရတာလူတိုင်းသိပါတယ်.. နိုင်ငံတော်ရဲ့ အမိန့်ကိုနာခံတာပဲလား .. ဖြတ်စားချင်တဲ့ဥာဏ်တွေနဲ့ပဲလားတော့မသိဘူးဗျ.. အဲဒီသေသွားတဲ့ အမေ့ရဲ့သူငယ်ချင်းဆရာမက အသက်၆၀ ပြည့်ပီးသွားပီဗျာ ပင်စင် Graduty လာပေးတော့မယ့်အချိန်မှာသေသွားတာပဲ.. သူလည်းသေကော ပင်စင်လာပေးမယ့်သူတွေရောက်လာတယ် .. ခဏလေးပဲ အဲဒါကို သူတို့က ကျွန်တော်စောစောက ပြောသလို အမိန့်နာခံသလားတော့မမေးပါနဲ့ .. သူတို့မလာခင်သေသွားလို့ဆိုပြီးတော့ .. အဲဒီ Graduty ပိုက်ဆံ ၆သိန်းလောက်ကို မပေးပဲ ပြန်ယူသွားတော့တာပါပဲ..

အဲဒီတော့ကျွန်တော်ပြောချင်တာလေးက .. အဲဒီပိုက်ဆံ ၆သိန်းလောက်ကို ပေးခဲ့တော့ရော နိုင်ငံတော်ကနစ်နာသွားမို့လို့လားဗျာ .. နိုင်ငံတာဝန်ကိုထမ်းဆောင်ခဲ့တဲ့အထဲမှာ ဆရာမတွေလည်းပါတယ်ဆိုတာ သူတို့ကမေ့နေတာလား မေ့ချင်ယောင်ဆောင်တာလားတော့ မသိတော့ဘူးဗျာ .. အဲဒီအမေ့သူငယ်ချင်းဆရာမက ပိုက်ဆံအဆင်ပြေနေလို့တော်သေးတာပေါ့  .. အကယ်လို့ အဲဒီလို ဆင်းရဲပြီးချို့တဲ့ တဲ့ဆရာမဆိုဘယ်လိုလုပ်ပါတော့မလဲလို့ နော်.. အဲဒါကိုကျွန်တော်ရေးချင်ခဲ့တာကြာပါပီ.. အခုမှ နည်းနည်းအားတာနဲ့ ရေးလိုက်တာပါ.

အကယ်လို့အဲဒီနေရာမှာ သူတို့ တပ်ကလူတွေဆိုရင်ကော ပေးခဲ့မယ်လို့ ကျွန်တော်ထင်တယ်.. ကျွန်တော့်စိတ်ရင်းအမှန်ကတော့ ဆင်းရဲတဲ့သူတွေအပေါ်မှာ အဲဒီလို မဖြစ်စေချင်ပါဘူးဗျာ..

About zawthulay

has written 5 post in this Website..