ပင်စင်မရဘဲသေသွားရတဲ့ဆရာမ (ဖြစ်ရပ်မှန်လေးပါ)

zawthulayAugust 4, 20111min1258

ပင်စင်အသံကြားတာနဲ့.. ကျွန်တော့်အတွေ့အကြုံလေးတစ်ခုပြောပြချင်လို့ပါ.. ကျွန်တော်၁ဝတန်းလောက်ပပေါ့ .. ကျွန်တော့်အမေက တာမွေမှာမူလတန်းပြဆရာမလေ .. အမေ့ရဲ့သူငယ်ချင်းဆရာမတစ်ယောက် သေသွားပါတယ်… အဲဒီမှာ ပြသ၁နာစတတ်တော့တာ ပါပဲ.. မြန်မာနိုင်ငံမှာက အသက်၆ဝပြည့်ရင် ပင်စင်ရတာလူတိုင်းသိပါတယ်.. နိုင်ငံတော်ရဲ့ အမိန့်ကိုနာခံတာပဲလား .. ဖြတ်စားချင်တဲ့ဉာဏ်တွေနဲ့ပဲလားတော့မသိဘူးဗျ.. အဲဒီသေသွားတဲ့ အမေ့ရဲ့သူငယ်ချင်းဆရာမက အသက်၆ဝ ပြည့်ပီးသွားပီဗျာ ပင်စင် Graduty လာပေးတော့မယ့်အချိန်မှာသေသွားတာပဲ.. သူလည်းသေကော ပင်စင်လာပေးမယ့်သူတွေရောက်လာတယ် .. ခဏလေးပဲ အဲဒါကို သူတို့က ကျွန်တော်စောစောက ပြောသလို အမိန့်နာခံသလားတော့မမေးပါနဲ့ .. သူတို့မလာခင်သေသွားလို့ဆိုပြီးတော့ .. အဲဒီ Graduty ပိုက်ဆံ ၆သိန်းလောက်ကို မပေးပဲ ပြန်ယူသွားတော့တာပါပဲ..

အဲဒီတော့ကျွန်တော်ပြောချင်တာလေးက .. အဲဒီပိုက်ဆံ ၆သိန်းလောက်ကို ပေးခဲ့တော့ရော နိုင်ငံတော်ကနစ်နာသွားမို့လို့လားဗျာ .. နိုင်ငံတာဝန်ကိုထမ်းဆောင်ခဲ့တဲ့အထဲမှာ ဆရာမတွေလည်းပါတယ်ဆိုတာ သူတို့ကမေ့နေတာလား မေ့ချင်ယောင်ဆောင်တာလားတော့ မသိတော့ဘူးဗျာ .. အဲဒီအမေ့သူငယ်ချင်းဆရာမက ပိုက်ဆံအဆင်ပြေနေလို့တော်သေးတာပေါ့  .. အကယ်လို့ အဲဒီလို ဆင်းရဲပြီးချို့တဲ့ တဲ့ဆရာမဆိုဘယ်လိုလုပ်ပါတော့မလဲလို့ နော်.. အဲဒါကိုကျွန်တော်ရေးချင်ခဲ့တာကြာပါပီ.. အခုမှ နည်းနည်းအားတာနဲ့ ရေးလိုက်တာပါ.

အကယ်လို့အဲဒီနေရာမှာ သူတို့ တပ်ကလူတွေဆိုရင်ကော ပေးခဲ့မယ်လို့ ကျွန်တော်ထင်တယ်.. ကျွန်တော့်စိတ်ရင်းအမှန်ကတော့ ဆင်းရဲတဲ့သူတွေအပေါ်မှာ အဲဒီလို မဖြစ်စေချင်ပါဘူးဗျာ..

8 comments

  • unclegyi1974

    August 4, 2011 at 10:00 pm

    မောင်ဇော်ပြောတာနားလည်သလိုပြောရရင်
    ဆရာမကအသက်၆ဝပြည့်ပြီးလို့ပင်စင်ရပြီ
    ပင်စင်ယူပြီးအိမ်မှာနေတုန်းသေသွားတာ
    အသက်ပြည့်ပြီးလို့ပင်စင်ခံစားခွင့်ရှိပါမယ်
    လုပ်ကိုင်တာတွေနှေးလို့ချက်ချင်းပင်စင်မပေးနိုင်လို့သေသွားတာပါ
    ပင်စင်ပေးပြီးနောက်နေ့သေသွားရင်ရောပြန်လာသိမ်းသွားမှာလား
    ပင်စင်စားသေသွားရင်တောင်ကျန်ရစ်သူတွေခံစားခွင့်ရှိသေးတယ်မဟုတ်လား
    ဘာဖြစ်လို့ပြန်ယူသွားလဲ
    မစုံစမ်းဖူးလား

  • zawthulay

    August 5, 2011 at 9:30 am

    အဲဒီတုန်းကထူပူနေတယ်ထင်ပါတယ်.. မစုံစမ်းကြဘူး.. နောက်မှသိရတာ လတိုင်းရနေတဲ့ပင်စင်ကတော့ရတယ်လေ.. အဲဒီနေ့ကရတဲ့ဟာက Graduty ပင်စင်ဆိုတော့ ကျွန်တော်ကြားတာက လက်ဗွေနှိပ်မလို့တဲ့ သေသွားလို့ နှိပ်လို့မရလို့ မပေးခဲ့တာလို့ပြောတာပဲ

  • pan pan

    August 5, 2011 at 10:11 am

    ဒီလိုကိစ္စလည်းရှိသေးတယ်နော်
    အဲဒီGraduty ပင်စင်လစာကို ပြန်ယူသွားတယ်ဆိုတော့ အစိုးရပိုုင်အနေနဲ့ပဲ ပြန်သိမ်းလိုက်တာလား
    ဘာလုပ်လိုက်လဲ
    သိချင်နေပါတယ်

  • intro

    August 5, 2011 at 11:08 am

    ပြန်သိမ်းလိုက်တာမှ ဟုတ်ရဲ့လား?

  • MOEPWINTPHYU

    August 5, 2011 at 11:16 am

    စိုးရိမ်မနေပါနဲ သူတိုနောက်ဘဝကျရင်အကြွေးလာဆပ်ကြလိမ့်မယ်
    ဆရာမပဲ စားထိုက်ပြီး ကျန်သူများမစားထိုက်လိုနေပါလိမ်မယ်

  • AKKO

    August 5, 2011 at 11:57 am

    ပေးဖို့ ယူလာတာ ပေးလိုက်ပေါ့ ပြီးတာပဲ ။
    ဒါကို ပြန်ယူသွားတယ်ဆိုတော့ … ထုတ်လာတဲ့နေရာကို ပြန်အပ်ဖို့ 1%လောက်တော့ သေချာတယ် နော့ 😛 😛 😛

  • Mee2

    August 5, 2011 at 2:08 pm

    တယ်လဲယုတ်မာကြပါရောလား။နှစ်ခြောက်ဆယ် တာဝန်ကျေပွန်သူ တယောက်ကိုလစ်လျူရှူသူများ အဝီစိ ရောက်ပါစေသား။သူ တို ့မှာ စာနာစိတ်အလျင်းမဲ့လွန် းနေကြပါပီရှင်

  • moethidasoe

    August 5, 2011 at 2:50 pm

    အဲဒါကို ကျန်ရစ်သူတွေက ပြန်လျှောက်ခွင့် ရှိပါတယ် .. ဆက်ခံခွင့် ရှိတဲ့လူ ဖြစ်ဖို့တော့ လိုတယ်

Leave a Reply