“အစိမ်းနဲ့အဝါ ,အလင်းနဲ့အရိပ်,တောင်တန်းနဲတိမ် ဆိတ်ငြိမ်အေးချမ်း……………

နေသိပ်တော့လဲမပူ မိုးလေးခပ်အုံအုံရှိနေတဲ့တစ်ရက်မရောက်တာအတော်ကြာတဲ့အောင်ပင်လယ်ဘက်ကိုထွက်ခဲ့ပါတယ်။
35လမ်းအတိုင်းလာ ပြင်ဦးလွင်သွားတဲ့လမ်းအတိုင်းအောင်ပင်လယ်ကန်ဘောင်ပေါ်တက်၊
နည်းနည်းလေးသွားလိုက်တော့ရေတံခွန်တောင်ဂေါက်ကွင်းသွားတဲ့လမ်းအတိုင်းလိုက်လာခဲ့ပါတယ်။

လမ်းကလေးကိုချုးိကွေ့လိုက်တယ်ဆိုတာနဲ့ စိမ်းမြနဲ့နေတဲ့လယ်ကွင်းတွေကိုမြင်ရတာနဲ့တင်စိတ်ကကြည်လင်လို့လာပါတယ်။
မျက်စေ့တစ်ဆုံးအစိမ်းရောင်စပါးခင်းရဲ့အလွန်မှာတော့ တောင်တန်း ၊
တောင်တန်းရဲ့အထက်မှာတော့ ပြာလဲ့နေတဲ့မိုးကောင်းကင်အောင်မှဖြူလွနေတဲ့တိမ်ပန်းချီ၊
ဟိုးအဝေးမှာတော့မူံပြပြ ကြွက်နဖားတောင်၊
လယ်ကွင်းရဲ့အလယ်လောက်မှာတော့နေချင့်စဖွယ်တဲ့ကလေးတစ်လုံး။

ဘေးတစ်ဘက်တစ်ချက်မှာသစ်ပင်တွေကအုပ်ဆိုင်းလို့လမ်းမလေးကို မလုံ့တလုံနဲ့
အုပ်မိုးပေးထားတာက လဲကဗျာဆန်ဆန်။

လမ်းကလေးရဲ့တောင်ဘက်ခြမ်းကိုဖဲ့ဆင်းလိုက်ရင် အေးဆေး တိတ်ဆိပ်တဲ့လယ်ကွင်းကြားမှာနေချင်စဖွယ်အိမ်လေးကတစ်လုံး
အရှေ့ဘက်ကိုမျှော်ကြည့်တော့ စိမ်းညိုနေတဲ့ရှမ်းရိုးမနဲ့စိမ်းမြတဲ့ကောက်ပင်တွေကိုမြင်ရတာ အတော်လေးအေးချမ်းပါတယ်။
မြေလမ်းကလေးအတိုင်းဝင်သွားမယ်ဆိုရင်တော့သစ်ပင်အုပ်ကလေးတွေကြားမှာဆောက်ထားတဲ့အိမ်လေးတွေကို တွေ့ရမှာဖြစ်ပါတယ်။
အရှေ့ဘက်ခြမ်းမှာတော့လယ်ကွင်းတွေကြားက ရန်ကင်းတောင်………..
လယ်ကွင်းကြီးရဲ့အနားသတ်ကတော့ ရှမ်းရိုးမတောင်စဉ်တန်း
ဒီလမ်းလေးအတိုင်းဆက်သွားမယ်ဆိုရင်တော့ ဆည်တော်ကြီးကနေရေတွေလွှတ်ထားတဲ့ရေမြောင်းကြီးဆီကိုရောက်သွားမှာပါ။
တောင်ဘက်ဘေးမှာတော့စိမ်းစိုနေတဲ့လယ်ကွင်းနဲ့ရေနီမြောင်းကလေး…………….

မင်ရတဲ့နေရာတိုင်းက စိမ်းစိုလို့ အမြင်အေးစေတာလဲအမှန်ပါဘဲ။
မင်ရတဲ့နေရာတိုင်းက စိမ်းစိုလို့ အမြင်အေးစေတာလဲအမှန်ပါဘဲ။
မြောက်ဘက်ခြမ်းကတော့ အဝါနှောတဲ့လယ်တော အဝေးမှာရန်ကင်းတောင်နဲ့လွမ်းမောစရာမြင်ကွင်း
ကျယ်ပြန့်တယ် လွတ်လပ်တယ်
လေကောင်းလေသန့်ရတယ်
တိတ်ဆိတ်အေးချမ်းတယ်
စိမ်းစိုလှပတယ်။
မျက်စေ့အေးတယ်၊
ဒီတော့အားများအားရင်တစ်ခေါက်လောက်ဒီဘက်ကိုအလည်သွားကြည့်လိုက်နော်။

13 comments

  • ဓါတ်ပုံနဲ့စာတွဲတင်တာကို စာတိုလွန်းတယ်
    2ပိုဒ်လောက်ရအောင်အများအကျုးိအတွက်ရေးပါလို့
    စာတန်းတက်လာတာ ရီစရာကြီးနော်…………………..

    • kai

      August 5, 2011 at 3:10 pm

      အဲဒီစာက.. သတိပေးစာအနေနဲ့တင်ထားတာ.. ကောင်းကောင်းအလုပ်မလုပ်ဖူး..။
      အဲ..
      ကိုပေါက်အတွက်လည်းမဟုတ်ပါဘူး..။
      ==
      လယ်ကွယ်အလယ်က..သစ်ပင်အောက်ကအိမ်လေးမှာ.. တရေးလောက်အိပ်ကြည့်ချင်သား..။ 🙂

  • yaungchikha

    August 5, 2011 at 9:56 am

    ကျမ မန္တလေးမှာရှိနေတဲ့အချိန်ကဆို အုံးချောရွာက ကျမတို့ အဒေါ်တွေဆီသွားလည်ရင် အဲ့ဒီလမ်းကလေးကနေ မြောင်းဘောင်အတိုင်း သွားနေကျပေါ့၊ အခုတော့ မရောက်ဖြစ်တာကြာပေါ့၊ မန္တလေး အလွမ်းပြေတင်ပေးလို့ ကျေးဇူးတင်ပါတယ် ဦးပေါက်ရေ…………………

  • pan pan

    August 5, 2011 at 10:35 am

    သစ်ပင်တွေအုပ်နေတဲ့ လမ်းမလေးမှာ စက်ဘီးချင်လိုက်တာ
    နေပူလည်း ကြောက်စရာမလိုတော့ဘူး
    စာတွေဖတ်နေလို့မျက်စိညောင်းနေတာ။
    စိမ်းစိမ်းစိုစိုလယ်ကွင်းတွေကြည့်ပြီး မျက်စိအေးသွားပြီ
    လေးပေါက်ရေ…ကျေးဇူးနော် 🙂

  • စုံ စုံ

    August 5, 2011 at 2:07 pm

    သစ်ပင်တွေအုံ့ဆိုင်းနေတဲ့လမ်းလေးကိုသဘောကျတယ်
    အေးဆေးလမ်းလျှောက်ရင်းလေကောင်းလေသန့်ရှုလိုက်ရရင်တော့
    တော်တော်ကောင်းမယ်

  • Thanlwinoo

    August 5, 2011 at 3:03 pm

    ရှုမဆုံးတဲ့ စိမ်းလဲ့လယ်ကွင်းတွေ၊ သစ်ပင်အုပ်ဆိုင်းဆိုင်း လမ်းကလေးတွေ မြင်ရတာ
    မျက်စိလည်းအေး ရင်လည်းအေးပါတယ်..။
    ကိုပေါက်ကို ကျေးဇူးလည်းတင် အားလည်းကျပါတယ်..။
    စကားမစပ် ကိုပေါက် ဘယ်ကင်မရာအမျိုးအစား သုံးပါသလဲခင်ဗျား..?။

  • ကျနော်ကိုင်တဲ့ကင်မရာက အများသုံးနိုင်တဲ့ တစ်သိန်းကျော်ကျော်လောက်ဘဲပေးရတဲ့ကင်မရာတွေပါ။
    တစ်ခါတစ်လေ တော့ canon
    တစ်ခါတစ်လေတော့ sumsam အဆင်ပြေသလိုသုံးပါတယ်။

  • hmee

    August 5, 2011 at 6:46 pm

    လှလိုက်တဲ့ လမ်းလေး။ သစ်ပင်တွေကလည်း စိမ်းစိုလို့ တကယ့်ကို လွမ်းစရာပါ။ လေးပေါက်ရေ တောသူပီပီ စပါးခင်းကို ဖြတ်ပြီး တိုက်လာတဲ့ လေအနံလေးကိုပါ သတိရမိပါတယ်။

  • အဲဒီအနံ့ကလေးကို ကျနော်လဲကြိုက်ပါသဗျာ။
    တောမွေးမြို့မွေးတယ်ရယ်လို့လဲ မဟုတ်ပါဘူး။
    မြန်မာ့ရနံ့လို့ထင်ပါတယ်။

  • naywoonni

    August 5, 2011 at 8:56 pm

    ကတ္တရာလမ်း ပေါ်မှာ ဖာရာ အကွက်လေး ကိုပေါ်လွင်အောင်ရိုက်ပြထားတာကတော့ ကြိုက်သွားပြီ………

  • ပိုစ်အဟောင်းလေးပြန်ဖတ်မိတော့ မမှီကို သတိရသွားတယ်။
    ဘယ်ဆီကိုမင်းရောက်နေတယ်…………………………………………………………

  • မွန်မွန်

    June 19, 2012 at 10:17 am

    ကွန်ပျူတာကို ဖြတ်ပြီး လယ်သင်းနံ့လေးတွေကိုလည်း ခံစားသွားပါတယ်။ သစ်ရိပ်မိုးလမ်းလေးမှာလည်း စက်ဘီးစီးသွားပါတယ်… အိမ်လေးကို ဝင်လိုက်တော့ လယ်ကွင်းကိုဖြတ်တိုက်လာတဲ့လေအေးအေးလေးကို ရှူရှိက်ရင်း အိပ်ငိုက်လာလို့ ပြန်လာခဲ့ပါတယ်… 😛

  • Moe Z

    June 19, 2012 at 10:26 am

    လေးပေါက် သစ်ပင်တွေအုပ်ဆိုင်းနေတဲ့လမ်းကလေးက
    ရေတံခွန်တောင်ကိုသွားတဲ့လမ်းဟုတ်လားဟင်
    ရောက်ဖူးသလိုပဲ ..

Leave a Reply