မိုးကျ ဒီမိုကရေစီ (သို့မဟုတ်) အပေါ်က ချပေးတဲ့ ဒီမိုကရေစီ – မောင်ညွန့် (မင်းကျောင်းတိုက်)

kaiAugust 5, 20113min18112

အောက်ကစာတွေက.. ဒီမှာတင်ခဲ့တဲ့..” စောက်ချိုးတွေ ပြင်၊ ဒါပဲ…”

https://myanmargazette.net/58273/politics-news-issues

ရဲ့အဆက်..ဆက်တက်လာတဲ့ပြန်စာပါ..။
ရွာသားတွေဖတ်သင့်တယ်ထင်လို့… စာကလည်း.. တွေးခေါ်ဆွေးနွေးတာ.. သီးသန့်ဖြစ်နေတာမို့.. ပို့စ်ခွဲလိုက်တာပါပဲ..။
ဆိုင်ရာသူရဲ့ အာဘော်ဖြစ်ပါကြောင်း…

====================

ကိုရဲရင့်ငယ်နှင့် မိတ်ဆွေများခင်ဗျား၊

ကျနော် ၂၀၁ဝ ခုနှစ် ဩဂုတ်လက ရေးပြီး သိပ်မပျံ့နှံ့ခဲ့တဲ့ မြန်မာအသိုင်းအဝိုင်းမှာတောင် ဖတ်သူနည်းတဲ့ လစဉ်ထုတ် သတင်းစာ ဆောင်းပါးဟောင်းကို ြပန်တင်ပေးလိုက်ပါတယ်။ ဆက်တိုက်ဆိုသလို ဆောင်းပါးဟောင်း ငါးပုဒ်လောက် တင်ပေးဖိုု့ ရည်ရွယ်ပါတယ်။ ကျနော် ဒီ/ချုပ်နဲ့ ဒေါ်စု၊ ဦးဝင်းတင်တို့ကို ဝေဖန်တာ ခုမှ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ အလွန်လေးစားထိုက်သူတွေဖြစ်တာနဲ့ သူတို့လုပ်သမ ျှ အားလုံးထောက်ခံရမယ်၊ ကောင်းတယ်ဆိုတာမျိုးကတော့ ကျနော်ဟာ  စက်ရုပ်မဟုတ်သလို ကိုယ်တိုင်လဲ ထဲထဲဝင်ဝင် လေ့လာတဲ့သူဖြစ်တဲ့အတွက် မထောက်ခံနိုင်ပါဘူး။ တိုင်းပြည်မျက်နှာတစ်ခုတည်းကိုသာ ကြည့်ပြီး ဝေဖန်စရာရှိရင် ဘယ်သူ့မဆို ဝေဖန်ပါတယ်။ အောက်က ဆောင်းပါးကို ဖတ်ကြည့်ပြီး၊ အချက်အလက်နဲ့ တုန့်ပြန်ဖို့ တိုက်တွန်းလိုက်ကြောင်းပါ။
ကျန်းမာရွှင်လန်းကြပါစေ၊
မောင်ညွန့် (မင်းကျောင်းတိုက်)
===================================

မိုးကျ ဒီမိုကရေစီ (သို့မဟုတ်) အပေါ်က ချပေးတဲ့ ဒီမိုကရေစီ – မောင်ညွန့် (မင်းကျောင်းတိုက်)

စာတန်းတစ်စောင်ဖြစ်အောင် ရေးဖိုု့အတွက် အရင်းအမြစ်များ ရှိပေမဲ့ မရေးဖြစ်သေးတဲ့အတွက် တောင်းပန်ပါတယ်။ အခုု စစ်အစိုုးရကိုုကော အတိုုက်အခံများကိုုပါ သိစေချင်တဲ့ အဓိက အချက်လေးတွေကိုုပဲ ဇောင်းပေးပြီး တင်ပြပါမယ်။

အများရဲ့ဆန္ဒကိုု ကျနော် မသိမဟုုတ်ပါ၊ သိပါတယ်။ အများစုုက အထူးသဖြင့် ဒီ/ချုပ်နဲ့ သူ့အသိုုင်းအဝန်းကလူတွေက ရှေးမဆွကတည်းက ဖွဲ့စည်းအုုပ်ချုပ်ပုုံ အခြေခံဥပဒေကိုုရော၊ အခုုကျင်းပတော့မဲ့ ရွေးကောက်ပွဲကိုုကော သပိတ်မှောက် ဆန့်ကျင်ဖိုု့ တောက်လျောက် လှုံ့ဆော်နေတာ ကျနော်သိပါတယ်။ သိလျက်နဲ့ ဘာလိုု့ဆန့်ကျင်ပြီး ရေးရသလဲဆိုုရင်တော့၊ အများက ကျနော့်အပေါ် ဘယ်လိုုပဲ ထင်ထင်မြင်မြင် (ကျနော် ဂရုုမစိုုက်လိုု့မဟုုတ်ပါ၊ အခြား ရွေးစရာ လမ်းမရှိလိုု့ပါ) အမှန်တရား အရှိတရားကိုု အသိပေးချင်တဲ့အတွက် ရေးပါတယ်။

ကျနော်တိုု့ အခြေအနေက လက်တွေ့ဘဝကိုု မဖြတ်သန်းလိုု့ မရပါဘူး။ စိတ်ကူးယဉ်နေလိုု့ မရပါဘူး။ အင်အားတောင့်တင်းတဲ့ အာဏာရှင်မှန်သမ ျှ အတိုုက်အခံတွေ အလိုုကျတဲ့အတိုုင်း ပြောင်းလဲ ပေးသွားတယ်ဆိုုတာ တစ်နိုုင်ငံမှ မရှိသလိုု၊ သူတိုု့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ပြောင်းရင်း ဒီမိုုကရေစီနိုုင်ငံဖြစ်သွားတာသာ ရှိပါတယ်။ သူတိုု့နဲ့ သဘောမတူရင် အခုု ဒီ/ချုပ်ခံရသလိုု စည်းဝိုုင်းအပြင်ကိုု ရောက်သွားရုုံတင်မဟုုတ် နောက်ဆက်တွဲ ဖိနှိပ်မှုတွေ ခံရဖိုု့ ရှိပါတယ်။ ချီလီ ကွန်မျူနစ်ပါတီလိုုပေါ့။ 

နောက်တစ်ခုုပြောချင်တာက ကျနော်က ဖွဲ့စည်းအုုပ်ချုပ်ပုုံ အခြေခံဥပဒေကိုု (လက်မခံလိုု့မရတဲ့အတွက်) လက်ခံကြဖိုု့ လွန်ခဲ့တဲ့ ၂နှစ်ကျော် သုုံးနှစ်လောက်ကတည်းက ပြောခဲ့ပါတယ်။ အဲဒီကတည်းက ရွေးကောက်ပွဲ နိုုင်ဖိုု့ကိုုသာ ကြိုတင် လုုံးပမ်းသင့်တယ်လိုု့ ကျနော် ပြောခဲ့ပါတယ်။ ကျနော်ဟာ ၂၀၀၈ ခုုနှစ် ဧပြီလကနေ ၂၀၁ဝ မတ်လအထိ ဘွဲ့လွန်တက္ကသိုုလ်တစ်ခုုမှာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ပဋိပက္ခတားဆီးရေး ဘာသာရပ်နဲ့ မဟာဝိဇ္ဇာဘွဲ့ကိုု ယူခဲ့ပါတယ်။ အဲဒီ ၂နှစ်တာ ကာလအတွင်းမှာ နိုုင်ငံရေး သုုတေသနဆောင်းပါးတွေ အမြောက်အများ ဖတ်ခဲ့ စုုဆောင်းခဲ့ပါတယ်။ အထူးသဖြင့် ကျနော်တိုု့ နိုုင်ငံနဲ့ အတော်တူကြတဲ့ တောင်ကိုုးရီးယား၊ အင်ဒိုုနီးရှား၊ ချီလီ၊ ဘရာဇီးလ်၊ အာဂျင်တီးနား စတဲ့ လက်တင်အမေရိကနိုုင်ငံတွေ အာဏာရှင်စနစ်ကနေ ဒီမိုုကရေစီကိုု ဘယ်လိုုပြောင်းကြတယ်ဆိုုတာကိုု အလေးပေးပြီး လေ့လာခဲ့တယ်၊ ကျနော့် စာတန်းမှာလဲ ကိုုးကားခဲ့ပါတယ်။

 

တယ်ရီလင်း ကားလ် (၁၉၉၀)ရဲ့ သုုတေသနအရ စနစ်ပြောင်းတာတွေကိုု အတိုုခြုံးပြီး ပြောရရင် (၁) အာဏာရှင် ပြိုကွဲလိုု့ ပြောင်းတာ၊ ဥပမာ အာဂျင်တီးနား၊ ချက်ကိုုစလိုဗားကီးယား၊ အင်ဒိုုနီးရှား (၂) တော်လှန်ရေးနဲ့ ပြောင်းတာ (ကျူးဘား၊ နီကာရာဂွာ)။  (၃) အာဏာရှင်- အတိုုုုက်အခံ အင်အား ဘိန်မသာ လိမ်မသာဖြစ်လိုု့ ညှိနှိုင်း သဘောတူချက်နဲ့ပြောင်းတာ၊ (ဘရာဇီး၊ ပိုုလန်)။ (၄) အာဏာရှင်က အပေါ်ကနေ ချပေးတာ (ချီလီ၊ ဘူလ်ဂေးရီယား) စတဲ့ နည်းတွေ တွေ့ရပါတယ်။ အာဏာရှင်စနစ် ပြိုကွဲလိုု့ ပြောင်းတာတောင် စစ်တပ်ကိုု စပ်စပ် ထိလိုု့မရဘူးဆိုုတာ အာဂျင်တီးနားအပြောင်းအလဲက သက်သေပြခဲ့ပါတယ်။ ညှိနှိုင်းပြောင်းလဲတဲ့နည်းမှာလဲ အာဏာရှင်က အဓိက ပေါ်လစီ ချသူဖြစ်တယ်တဲ့။

 

ကျနော်တိုု့အခြေအနေက စစ်အာဏာရှင်က သိပ်အားကောင်းပြီး အတိုုက်အခံက သိပ်ချည့်နဲ့တဲ့အတွက် နောက်ဆုုံးတော့ အပေါ်ကချပေးတဲ့ ဒီမိုုကရေစီလမ်းကြောင်း အတိုုင်း ပြောင်းကြရမဲ့ အဆင့်ဖြစ်ပါတယ်။ အကယ်၍သာ ဒီ/ချုပ်က သပိတ်မမှောက်ပဲ အစောပိုုင်းကတည်းကသာ လိမ်မာပါးနပ်စွာ ကျားကွက်ကိုု ရွှေ့ခဲ့မယ်ဆိုုရင် ရွေးကောက်ပွဲမှာ အတိုုက်အခံက များများ အရွေးခံရပြီး အစိုုးရမဖြစ်တောင် ပါလီမန်ထဲမှာ အင်အားရှိတဲ့ အတိုုက်အခံဖြစ်ဖိုု့၊ သိုု့မဟုုတ် အများစုုဖြစ်ဖိုု့ အခွင့်အလန်းတွေ ရှိပါတယ်။ ဒါပေမဲ့၊ ဒီ/ချုပ်ရဲ့ တင်းမာမှု၊ အမြင်ကျဉ်းမြောင်းမှု စတာတွေကြောင့် ပြည်သူလူထုုအတွက် အများကြီး ဆုုံးရှုံးသွားခဲ့ပါတယ်။ အခုု ရှိနေတဲ့ အတိုုက်အခံအင်အားစုုဟာ မည်ကာမတ္တ အဆင့်ပဲ ရှိတဲ့အတွက် ဒီမိုုကရေစီစနစ်ကိုု ပြောင်းလဲတဲ့နေရာမှာ အချိန် ပိုုပြီးကြန့်ကြာစရာ ရှိတဲ့အပြင် အာဏာရှင်စနစ်ဆီ ပြန်လေ ျှာကျနိုုင်တဲ့ အနေအထားလဲ ရှိပါတယ်။

 

တိုုင်းပြည်တစ်ပြည်ရဲ့ နိုုင်ငံရေးယဉ်ကျေးမှုနဲ့ အစဉ်အလာ အရေးပါပုုံကိုု ရှေ့တန်းတင်ပြောတဲ့ ပညာရှင်တွေ အများအပြားရှိပါတယ် (Gyi 1983; Huntington 1991; Lipset 1993)။ မြန်မာလူမျိုးတွေရဲ့ နိုင်ငံရေးအပေါ် သဘောထားက မင်း (နိုင်ငံရေး)ဆိုတာ ရန်သူမျိုးငါးပါးထဲမှာ ပါတဲ့အတွက် ခပ်ကင်းကင်း နေချင်ကြတာ အခုကော တကယ်ပြောင်းခဲ့ပြီလား။ ပြီးတော့ သူရဲကောင်း ကိုးကွယ်တဲ့ စိတ်ဓာတ်ကော နည်းသွားပြီလား။ ထဲထဲဝင်ဝင် မစဉ်းစားပဲ ပေါ်ပင်လိုုက်တဲ့ အကျင့်၊ ကိုုယ်တိုုင် ဒီမိုုကရေစီကျင့်စဉ်ကိုု ကျင့်ကြသလား စတဲ့ အချက်တွေပေါ်မူတည်ပြီး အဖြေထွက်ပါလိမ့်မယ်။ အခုု ရွေးကောက်ပွဲက အစပြုတဲ့ ပြောင်းလဲရေး အောင်မြင်မလား၊ မအောင်မြင်ပဲ စစ်ဘက် အာဏာရှင်ကနေ အရပ်ဘက် အာဏာရှင်အဖြစ် ပြောင်းမလားဆိုုတာ စောင့်ကြည့်ရမဲ့ ပွဲပါ။ နောက်တစ်ချက်က အဲဒီ နိုုင်ငံရေးသမားတွေကိုု အသိပညာရှင်တွေက ဘယ်မ ျှ အထောက်အကူပြု ပံ့ပိုုးပေးကြသလဲဆိုုတဲ့ အပေါ်မှာလည်း အပြောင်းအလဲက မူတည်ပါလိမ့်မယ်။

 

တောင်ကိုုးရီးယားရဲ့ ၁၉၇၂ က ယူရှင်ကော၊ ပီနိုုချေးရဲ့ ၁၉၈ဝ က ဖွဲ့စည်းအုုပ်ချုပ်ပုုံကော ဘယ်သူမှ ပြင်ဆင်ခွင့်မရကြသလိုုပါပဲ၊ မြန်မာပြည်မှာလဲ ဘယ်သူမှ ပြင်ဆင်ခွင့် မရပါဘူး။ အကြောင်းကတော့ စစ်တပ်က သိပ်ကိုု အင်အားသာလွန်နေလိုု့ပါပဲ။ သူတိုု့ဆီမှာလဲ အတိုုက်အခံတွေဟာ ပထမတော့ အုုတ်အော်သောင်းနင်း ဆန့်ကျင်ခဲ့ကြတာပါပဲ၊ ဆန္ဒပြပွဲတွေ တခြိမ့်ခြိမ့်နဲ့ပေါ့။ ဒါပေမဲ့ ဒီလိုုနည်းတွေက ပန်းတိုုင်ကိုု မဆောင်ကျဉ်း ပေးနိုုင်တာကိုု သဘောပေါက် သုုံးသပ်မိကြတဲ့အခါကြတော့ နောက်ဆုုံးမှာ အာဏာရှင်တွေ စိတ်ကြိုက်ရေးထားတဲ့ဟာကိုုပဲ သဘောတူလိုုက်ကြရတယ် (Patras & Leiva, 1988)။ ယူရှင် ဖွဲ့စည်းပုုံအရ ပတ်ချုံဟီးက လွှတ်တော်အမတ်စုုစုုပေါင်းရဲ့ သုုံးပုုံတစ်ပုုံကိုု ခန့်ပါတယ်။ ဘရာဇီးဆိုုရင် အဲဒီလောက် ဝေပုုံကျနှုန်းကိုု နှစ်အနည်းငယ် နောက်ကျပြီးမှ ရကြပါတယ် (Dominguez, 2002)။ အင်ဒိုုနီးရှားမှာက ဆူဟာတိုုက အမတ် ၁၀ဝ ခန့်ပြီး၊ စစ်တပ်ပါတီက ၆၀% ကျော် အရွေးခံရအောင် လုုပ်ထားတယ်၊ ချီလီမှာကတော့ ပီနိုုချေးကိုု ရာသက်ပန် အမတ်အဖြစ် ပေးရတဲ့အပြင် သူ ကြိုက်တဲ့သူ ၉  ဦးကိုု ဆီးနိတ်အမတ်ခန့်ခွင့် ပေးရတယ်။ ပြီးတော့ ဖွဲ့စည်းအုုပ်ချုပ်ပုုံ ဥပဒေ ပြင်ဆင်ရေးမှာ စစ်တပ်က သဘောမတူတဲ့အချက်ကိုု မပြင်ဆင်ပါဘူးဆိုုတဲ့ နားလည်မှုကိုု ပေးခဲ့ရတယ် (O’Donnel & Schmitter, 1986)။

 

အဲ၊ ဆန္ဒပြသူတွေကြောင့် အောင်မြင်ခဲ့တဲ့ အပြောင်းအလဲဆိုုတာလဲ ထောက်ပြစရာဆိုုလိုု့၊  အီရန် ရှားဘုုရင်ကျဆုုံးခန်းနဲ့ ဖိလစ်ပိုုင်က မားကိုု့စ် ပြုတ်ကျခန်းလောက်ပဲ ညွှန်းစရာရှိပါတယ်။ ဒီနေရာမှာ အရေးကြီးတာ တစ်ခုုကိုု ပြောပြရဦးမယ်။ အဲဒါက ဘာလဲဆိုုတော့ တိုုင်းပြည်တစ်ခုုရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေး နောက်ခံ ဖြစ်တယ်။ အဲဒီကနေမှ တိုုင်းပြည်ရဲ့ နုိုင်ငံရေးယဉ်ကျေးမှုဆိုုတာ ပေါ်ထွန်းလာတယ်။ အဲဒီ  နိုုင်ငံရေးယဉ်ကျေးမှုက တိုုင်းပြည်ရဲ့ လက်ရှိနိုုင်ငံရေးအပေါ်မှာ ဩဇာသက်ရောက်တယ်ဆိုုတာပါပဲ (Gyi 1983; Lipset, 1993; Huntington, 1991)။

 

ကိုုးရီးယားအပြောင်းအလဲဟာလဲ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်မှု အတိုုင်းအတာ တစ်ခုုအထိ ရှိသော်လည်း ကျောင်းသားလှုပ်ရှားမှု၊ ပြည်သူအုုံကြွမှုကြောင့် မဟုုတ်သလိုု (Kim 2004)၊ ချီလီအပြောင်းအလဲဟာလဲ ထိုုနည်းလည်းကောင်းပဲ ဖြစ်ပါတယ်။ ဗိုုလ်ချုပ်ကြီးပီနိုုချေးနောက်မှာ သမတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ အိုုင်လ်ဝင်းက ၁၉၈ဝ လွန်နှစ်များမှာ ဘာပြောဘူးသလဲဆိုုတော့၊ လမ်းပေါ်မှာ မနိုုင်တောင်မှ ပီနိုုချေးပေးတဲ့ အခွင့်အလန်းတွေကိုု အသုုံးချပြီး ပြည်လုုံးကျွတ်ဆန္ဒ ခံယူပွဲမှာ (မဲရုုံတွေမှာ) အနိုုင်ကျဲရမယ်လိုု့ ထပ်ခါတလည်းလည်း ပြောခဲ့ဖူးတယ် (Uggla 2005)။

 

ကျနော်တိုု့ မြန်မာနိုုင်ငံသားအားလုုံးဟာ ဗုုဒ္ဓအဆုုံးအမကိုု တုုနှိုင်းမဲ့အနေနဲ့ တင်စားပြောဆိုုကြတယ်။ အခုု ကမ္ဘာသိ ပြောနေသူကတော့ စစ်အစိုုးရပဲ။ ဗုုဒ္ဓရဲ့ သင်ကြားချက်တွေထဲမှာ အတွေးက အပြောကိုု လွှမ်းတယ်၊ အပြောက အလုုပ်ကိုု စေစားတယ်၊ ဒါ့ကြောင့် အတွေးဟာ ကိုုယ်နှုတ်အမူအယာ သုုံးပါးထဲမှာ အရေးအကြီးဆုုံးဖြစ်တယ်လိုု့ ဟောထားတယ်။

 

အခုု တိုုင်းပြည်မှာဖြစ်နေတဲ့ စီးပွားရေးအကြပ်အတည်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု စတာတွေကိုု အာဏာရှင်အနေနဲ့ “အော် ငါ့ဘုုန်း ငါ့ကံနဲ့ ငါဖြစ်လာတာလိုု့ချည်း အထင်ရောက်မနေပဲ၊ အခုုလိုု ရခဲတဲ့ အကျိုးပေးကိုု ငါထိုုက်တန်အောင် ကျင့်ကြံမယ်၊ သာသနာပြုမင်း ပီသစေရမယ်၊ ငါ့တိုုင်းသူပြည်သားကိုု ငါ၏ ရင်ဝယ်သားကဲ့သိုု့ စောင့်ရှောက်မယ်လိုု့ သံန္နိဋ္ဌာန်ချပြီး ပီပီ ကျင့်သုုံးရဲတဲ့သူ ဖြစ်မယ်ဆိုုရင် အာဏာရှင်ကြီးက အသက်ထောက်လိုု့ အနားယူချင်တောင်မှပဲ ပြည်သူလူထုုက အနားမယူဖိုု့ သေတပန်သက်တဆုုံး စောင့်ရှောက်တော်မူပါလိုု့ အုုတ်အော်သောင်းလဲ တောင်းဆိုုမှာ သေချာတယ်လိုု့ ကျနော် ပြောရဲပါတယ်။

 

အလားတူပဲ၊ ပြည်သူတွေထဲက နိုုင်ငံရေးသမားဆိုုသူတွေကလဲ ပြည်သူ့အကျိုးကိုု ပါတီအကျိုးထက်၊ ကိုုယ့်အတ္တထက် ပိုုပြီးထားကြဖိုု့နဲ့ လက်တွေ့ဘဝကိုု ကိုုယ့်နိုုင်ငံရဲ့သမိုုင်း အခြားနိုုင်ငံများရဲ့သမိုုင်း စတာတွေနဲ့ ချိန်ထိုုးပြီး ကျင့်ကြံတတ်ဖိုု့ အရေးကြီးပါတယ်။ အပေါ်က ချပေးတဲ့ ဒီမိုုကရေစီဟာ ရွှေရည်စိမ်ဖြစ်ချင်ဖြစ်မယ်၊ တစ်မူး တစ်ပဲ ဒီမိုုကရေစီဖြစ်ချင်ဖြစ်မယ်၊ အဲဒါကိုု ကျပ်ပြည့်အောင် သယ်ဆောင် ဖြည့်တင်းသွားဖိုု့ဆိုုတာ နိုုင်ငံရေးသမားတွေရဲ့ တာဝန်နဲ့ ဝတ္တရားပဲဖြစ်တယ်။ အရိုုးများသလေး ချေးခါးသလေး လုုပ်နေရင် လုုပ်တဲ့သူတင် နာတာမဟုုတ်ဘူး၊ သူတိုု့ကိုု ကိုုယ်စားလှယ်အဖြစ် တင်ထားတဲ့သူတွေမှာ ပိုုပြီး နစ်နာတယ်ဆိုုတာလောက်တော့ သဘောပေါက်သင့်တယ်။ ပြီးတော့ ဒီ/ချုပ်မှာ တခြားသေချာတဲ့ ပြောင်းလဲနည်း ဘာများ ရှိပါသလဲဆိုုတာ မြန်မာက မသိသလိုု ကမ္ဘာကလဲ မသိပါဘူး။ ဒီမိုုကရေစီစစ်စစ်ကိုု ဒီလိုုပြောင်းမှရတယ်ဆိုုတာ သက်သက်ကတော့ ဒီခေတ်မှာ လူတိုုင်းလောက် ပြောတတ်ကြောင်းနဲ့ အလုုပ်ဖြစ်မဲ့ ပြောင်းလဲနည်းကိုုသာ စဉ်းစားစေလိုုကြောင်းပါ ခင်ဗျား။

 

ကျမ်းကိုုး အထောက်အထား

Dominguez, Jorge I. 2002. The Perfect Dictatorship? Comparing Authoritarian Rule in South Korea and in Argentina, Brazil, Chile, and Mexico. Paper prepared for delivery at the 2002 Annual Meeting of the American Political Science Association, August 29- September 1, 2002, Boston. Panel 11-25. Retrieved from http//www.wcfia_harvard.edu/site/default/files/60__ThePerfectDictatorship.pdf

Gyi, M. Maung. 1983. Burmese Political Values: The Socio-Political Roots of Authoritarianism. Praeger, Praeger Publishers

Huntington, S.P, 1991, Democracy’s Third Wave, University of Oklahoma Press

Hoffman. Retrieved from http://www.catalystforpeace.org/assets/downloads/Hoffman_32-2.pdf  on

Karl, T. Lynn. 1990. Dilemmas of Democritization in Latin America. Comparative    Politics, 23/1, pp. 1-21. Retrieved from http//www.jstor.org/stable/422302 on 25 September 2009

Kim, Yung Myung. 2004. Patterns of military rule and prospects for democracy in South Korea. Chapter 8. Published by ANU E Press. Retrieved from http//epress.anu.edu.au/mdap//ch08.pdf on June 19, 2009

Lipset, S. Martin. 1993. Waves of democracy often get reversed. News Service, Stanford University, retrieved from http://www.stanford.edu/dept/news/pr/93/930811Arc3170.html on 13 September 2010

O’Donnell, Guillermo & Schmitter, Philippe C. 1986. Transition from Authoritarian Rule: Tentative Conclusions about Uncertain Democracies. The Johns Hopkins University Press, Baltimore and London

Petras, James and Leiva Ignacio Fernando. 1988. “Chile: The Authoritarian Transition to Electoral Politics: A Critique,” Latin American Perspective. 15/3, pp. 97-114. Retrieved from http//www.jstor.org/stable/2633793 on 25 September 2009

12 comments

  • forever

    August 5, 2011 at 9:25 am

    အင်ပြည့်အားပြည့်နဲ့ တပွဲထိုး အောင်ပွဲရအောင် ဦးဆောင်ရတာက လွယ်ကောင်းလွယ်နိုင်ပါတယ်။ ဒါပေမယ့် ဖိနှှိိပ်အား ပြင်းလွန်းလှတဲ့ ရန်သူကို နှစ်ကာလရှည် ရင်ဆိုင်တိုက်ပွဲဝင်ရာမှာ နောက်လိုက်အဖွဲ့ဝင်နဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်ကို မပျက်စီးအောင် ထိန်းသိမ်းရတာဟာ အလွန်ခက်ခဲတဲ့ အရာ ဖြစ်ပါတယ်။ ဒီတာဝန်တွေကို ဒေါ်အောင် ဆန်းစုကြည် ပြောင်ပြောင်မြောက်မြောက် ထမ်းဆောင်နေပါတယ်။ မူပေါ်မှာ ကြံ့ကြံ့ခံရင်း ရပ်တည်နေတယ်။ လူထုအ ပေါ်မှာ ရိုးသားပွင့်လင်းစွာနဲ့ ရပ်တည်နေတယ်။
    လူထုရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရည်မှန်းအချက်အပေါ်မမှိတ်မသုံယုံကြည်မှုကိုအချက်များစွာက သက်သေပြနေ တယ်။ စစ်အုပ်စုဟာ တိုင်းပြည်အနှံ့မှာ ဖြန့်ကျက်ထားတဲ့ ထောက်လှန်းရေးယန္တယားတွေက တဆင့်ဒီအချက်ကိုသိနေ တယ်။ ဒါကြောင့်ဒေါ်စုရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်ကန့်သတ်ပြီး မျက်စိဒေါက်ထောက် စောင့်ကြည့်နေရတာဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင် ဒီပိန်ပါးပါး အမျိုးသမီးတယောက်ကို အရေးတယူပြုစရာ အကြောင်းမရှိပါဘူး။ သွားချင်ရာသွား၊ လုပ် ချင်ရာလုပ် လွှတ်ထားလိုက်ရုံပါပဲ။
    ( ရဲဘော်သံချောင်း )

    ဒီကနေ့အခြေအနေဟာ ဒီမိုကရေစီအင်အားစုတွေဘက်က အောင်ပွဲကို အရောက်မလှမ်းနိုင်သေးသလို အာဏာရှင်များ ဘက်လည်း ဒီမိုကရေစီအင်အားစုတွေကို အပြီးသတ် မချေမုန်းနိုင်သေးတဲ့ အခြေအနေ ဖြစ်တယ်။ အာဏာကိုဆုပ်ကိုင် ထားတဲ့ လက်တဆုပ်စာ အာဏာရှင်တွေ လူထုတိုက်ပွဲတွေကို အနှစ်(၂၀) ကြာတဲ့အထိ အပြီးသတ် မချေမုန်းနိုင်တာက လည်း တနည်းအားဖြင့် သူ့ရဲ့အရှုံးလို့ ဆိုရမှာပါ။ တိုင်းပြည်ရဲ့ အချုပ်အခြာ၊ အာဏာ၊ ဘဏ္ဍာစတဲ့ ယန္တယားလက်နက် တွေကို ကိုင်တွယ်အသုံးချပြီး နှိမ်နင်းတဲ့ ကြားက လူထုရဲ့ ဆန့်ကျင်အာခံမှုတွေကို အေးငြိမ်းသွားအောင် မလုပ်နိုင်တဲ့ အဖြစ်ပါ။ လက်နက်နဲ့ အုပ်ချုပ်သူတွေက လက်နက်မဲ့ အုပ်ချုပ်ခံတွေကို အနှစ်(၂၀)ကျော် အစွမ်းကုန်ဖိနှိပ်တဲ့အကြားက အာခံမှုတွေ ဆက်လက်ရှိနေသေးတာဟာ စစ်အုပ်စုရဲ့ အရှုံးလို့လည်း ပြောနိုင်ပါတယ်။
    (၁၉၉၅) ခုနှစ် နောက်ပိုင်းကစလို့ စစ်အုပ်စုရဲ့ ပြည်တွင်းအုပ်ချုပ်ရေး အာဏာစက်ဟာ သိသိသာသာ ကျဆင်းလာ တယ်။ နိုင်ငံတကာမှာကတော့ ဆိုစရာတောင် မရှိဘူး။ နောက်ဆုံး ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖျက်သိမ်းဖို့ နယ်ခြားစောင့်တပ်လုပ်ဖို့ ဆိုတာတောင် မလုပ်နိုင်၊ မလုပ်ရဲတဲ့ အခြေအနေဖြစ်တယ်။ ဒီလို စစ်အုပ်စုရဲ့ နိုင်ငံရေးအာဏာစက်တွေ ယုတ်လျော့ကျဆင်းလာတာဟာ ပြည်တွင်း လူထုတိုက်ပွဲတွေကို အာရုံစိုက် နေရလို့ ဖြစ်ပါတယ်။ လူထုရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေ၊ ဒီမိုကရေစီလိုလားတဲ့ ရပ်တည်ချက်တွေကြောင့် ဖြစ်ပါတယ်။ ဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည်၊ NLD၊ CRPP နဲ့ (၈၈) ကျောင်းသားခေါင်းဆောင်တို့ရဲ့ ဒီမိုကရေစီရေး မူအပေါ် မှာ ကြံ့ကြံ့ခံ ရပ်တည်ချက်တွေကြောင့် ဖြစ်တယ်။
    ( ရဲဘော်သံချောင်း )
    နေ.သစ်ထဲမှာရေးထားတဲ.ရဲဘော်သံချောင်းရဲ.ပိုစ်.ပါ
    ကျွန်တော.အမြင်ကတော.လွတ်တော်ထဲမှာ အတိုက်အခံအင်အားစုတွေဟာ
    ဟိုအော်ဒီပြောလုပ်ရင်းနဲ. ပေးတာယူကျွေးတာစားဘဝ နဲ. ရောင်.ရဲလိုက်ကြရတော.မှာပါ
    စစ်အစိုးရနဲ. ဒီချုပ်အပါဝင်အတိုက်အခံတွေကြားကနေ တတိယလှိုင်းဆိုပြီးပေါ်ပေါက်လာတဲ.
    နိင်ငံရေးသမားတွေကိုပြောချင်တာက ပြည်သူကလဲခင်ဗျားတို.ကိုစောင်.ကြည်နေကြောင်း

  • forever

    August 5, 2011 at 10:24 am

    အပေါ်ပိုစ်.မှရေးသားသူ အမှန်မှာရဲဘော်ကျော်သန်းဖြစ်ကြောင်း
    (ရဲဘော်သံချောင်း)ဟု မှားရေးမိခြင်းအားပြင်လိုက်ပါသည်

  • char too lan

    August 5, 2011 at 10:27 am

    “ပြည်သူတွေထဲက နိုုင်ငံရေးသမားဆိုုသူတွေကလဲ ပြည်သူ့အကျိုးကိုု ပါတီအကျိုးထက်၊ ကိုုယ့်အတ္တထက် ပိုုပြီးထားကြဖိုု့နဲ့ လက်တွေ့ဘဝကိုု ကိုုယ့်နိုုင်ငံရဲ့သမိုုင်း အခြားနိုုင်ငံများရဲ့သမိုုင်း စတာတွေနဲ့ ချိန်ထိုုးပြီး ကျင့်ကြံတတ်ဖိုု့ အရေးကြီးပါတယ်။ အပေါ်က ချပေးတဲ့ ဒီမိုုကရေစီဟာ ရွှေရည်စိမ်ဖြစ်ချင်ဖြစ်မယ်၊ တစ်မူး တစ်ပဲ ဒီမိုုကရေစီဖြစ်ချင်ဖြစ်မယ်၊ အဲဒါကိုု ကျပ်ပြည့်အောင် သယ်ဆောင် ဖြည့်တင်းသွားဖိုု့ဆိုုတာ နိုုင်ငံရေးသမားတွေရဲ့ တာဝန်နဲ့ ဝတ္တရားပဲဖြစ်တယ်။ အရိုုးများသလေး ချေးခါးသလေး လုုပ်နေရင် လုုပ်တဲ့သူတင် နာတာမဟုုတ်ဘူး၊ သူတိုု့ကိုု ကိုုယ်စားလှယ်အဖြစ် တင်ထားတဲ့သူတွေမှာ ပိုုပြီး နစ်နာတယ်ဆိုုတာလောက်တော့ သဘောပေါက်သင့်တယ်။”
    ပြောတာနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့ တော်တော်လိုသေးတယ် တစ်ခါက ဓာတ်ဆီဆိုင်ပိုစ့်တစ်ခုမှာ မန်းထားတာတွေခဲ့တယ် ဘယ်သူမန်းတာလဲတော့မသိတော့ဘူး “မူကကောင်းတယ် လူကမကောင်းဘူး မကောင်းတဲ့လူတွေက ပြည်သူတွေထဲကပဲဖြစ်နေတယ်” တဲ့ အဲ့ဒီစကားက ခုတလောဖြစ်ပျက်နေတဲ့ လုပ်ရပ်တွေနဲ့ ကိုက်နေတယ် စိတ်တော့မကောင်းဘူးဗျာ..
    🙁

  • char too lan

    August 5, 2011 at 10:28 am

    ပြောဖို့မေခဲ့လို့ 🙂
    ထပ်တင်ပေးတဲ့ သဂျီးမင်းကို ကျေးဇူးတင်ပါတယ်

  • yaungchikha

    August 5, 2011 at 10:42 am

    ပြည်သူတွေထဲက နိုုင်ငံရေးသမားဆိုုသူတွေကလဲ ပြည်သူ့အကျိုးကိုု ပါတီအကျိုးထက်၊ ကိုုယ့်အတ္တထက် ပိုုပြီးထားကြဖိုု့နဲ့ လက်တွေ့ဘဝကိုု ကိုုယ့်နိုုင်ငံရဲ့သမိုုင်း အခြားနိုုင်ငံများရဲ့သမိုုင်း စတာတွေနဲ့ ချိန်ထိုုးပြီး ကျင့်ကြံတတ်ဖိုု့ အရေးကြီးပါတယ် ဆိုတဲ့ အရေးအသားကို အရမ်းကြိုက်ပါတယ်၊ အတိုက်အခံပါတီတွေထဲမှာပဲ ကျွေးတာယူ၊ ပေးတာစားပြီး ပြည်သူတွေအကျိုးထက် မိမိတို့ အကျိုးကို ရှေ့ရူ့ပြီး လုပ်နေတဲ့သူတွေလည်း ရှိပါတယ်၊ ဒီပိုစ့်ကို ကျမအခုမှ ဖတ်ဘူးတာပါ၊ တင်ပေးတဲ့ သဂျီးမင်းကို ကျေးဇူးတင်ပါတယ်။

  • pan pan

    August 5, 2011 at 10:49 am

    ကိုရီးယားဇာတ်ကားတစ်ကားကြည့်ရတယ်
    ဇာတ်ဝင်ခန်းတစ်ခန်းမှာ သမ္မတကြီးက သူ့သမီးကိုစာသင်ပေးတဲ့ဆရာကိုပြောတာက
    အလုပ်ကို သာမန်လူတွေထက် ပိုလုပ်ရမယ်တဲ့ သူက ဒီနိုင်ငံမှာ လစာအများဆုံးယူထားတဲ့လူပါတဲ့
    City Hunter ဇာတ်ကားမှာ

  • good

    August 5, 2011 at 11:00 am

    တို့ တိုင်းပြည် မှာ အရည် အချင်း အမြှော်အမြင် နဲ့ ပြည်စုံ တဲ့ ခေါင်းဆောင်းကောင်ပဲ လို တာ၊ နောက် လိုက်ကောင်းတွေ အများကြီးပဲ။
    စစ်တပ်ကို ပဲ ကြည့်ပါ လား အဲ လောက် ေ-ာင့်ကျင့် မကောင်းတဲ့ စစ်တပ်ထဲ ကို ဆယ်တန်း အောင်တာ နဲ့ စစ်ဗိုလ် ၊ ဆေးဗိုလ် ဖြစ်ချင်လို့ ဆို ပြီး ငွေပေးပြီး တောင် ဝင် ကြတယ်။
    တကယ်ကို ပြည်သူ အကျိုး လိုလို လားလား နဲ့ တိုင်းပြည် တိုးတက် အောင် သာ လုပ် ခုလို အကျိုးလိုလားပြီး ငွေပေးဝင် တဲ့ သူ အပြင် ဝါသနာ ပါ သူ တွေ ပါ စစ်တပ် ထဲ အများကြီး နေ မှာ။

  • Thanlwinoo

    August 5, 2011 at 2:29 pm

    အပေါ်ကချပေးတာကို ယူရုံဆိုရင် ဗိုလ်ချုပ်အောင်ဆန်းတို့လည်း
    အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန်ဖို့ သက်စွန့်ဆံဖျား ဂျပန်သွား စစ်ပညာသင်စရာမလိုပါဘူး..။
    အဲဒီတုန်းကလည်း အင်္ဂလိပ်က ချပေးထားတဲ့ ဥပဒေနဲ့၊ လွှတ်တော်နဲ့၊ ရွေးကောက်ပွဲတွေ ကျင်းပပေးပါတယ်..။
    အင်္ဂလိပ်နဲ့ပေါင်း၊ ရွေးကောက်ပွဲဝင်၊ ရာထူးယူတဲ့သူတွေနဲ့ လုံးဝလွတ်လပ်ရေးကိုယူချင်တဲ့သူတွေ ကွဲကြသေးတာပါဘဲ..။
    ဂျပန်ကလည်း မြန်မာနိုင်ငံကို ၁၉၄၃ မှာ လွတ်လပ်ရေးပေးခဲ့တာပါဘဲ…။
    သူတို့ပေးတာ ယူရုံပါဘဲဆိုရင် ဖက်ဆစ်ဂျပန်ကို တော်လှန်စရာ ဘာလိုသေးလဲ…။
    ဟစ်တလာ၊ ပီနိုချေး၊ စပိန်အာဏာရှင် ဖရန်ကိုတို့ဟာ သမိုင်းကြောင်း ကောင်းတဲ့သူတွေမဟုတ်ပါဘူး…။ သူတို့လို တရားမဲ့သူတွေ အင်အားကြီးမားတာ အမှန်တရားမဟုတ်ပါဘူး…။
    လောလောဆယ်မှာဘဲ အာရပ်ကမာမှာ မတရားတဲ့စနစ်တွေကို ပြည်သူတွေခေါင်းငုံ့မခံဘဲ တော်လှန်နေကြပါပြီ…။ အပေါ်ကချပေးတာယူရုံဘဲဆိုရင် ဘာတော်လှန်စရာလိုလဲ..။
    ပေးတာယူ၊ ကျွေးတာစားတာ ခွေးတွေ၊ နွားတွေအဆင့်ပါ..။
    လူဆိုတာ အမှားအမှန်ကို ခွဲခြားတတ်တယ်..။ ကောင်းတာဆိုးတာကို ဆုံးဖြတ်နိုင်တယ်..။
    တရားမျှတမှုကို လိုလားတယ်..။
    ဗိုလ်ချုပ်အောင်ဆန်းတို့ အင်္ဂလိပ်ဆီက လွတ်လပ်ရေးယူတာ ပြည်သူတစ်ရပ်လုံးကို တခဲနက် စည်းလုံးညွှတ်အောင် ရိုးရိုးသားသားနဲ့ ကိုယ်ကျိုးစွန့်ကျိုးပမ်းခဲ့လို့ပါ..။
    ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး ညီညီညွှတ်ညွှတ်နဲ့ တစ်သံတည်းထွက်နိုင်တဲ့အချိန်ကျရင်..
    မကောင်းမွန် မမျှတတဲ့စနစ်က လွတ်မြောက်ပြီး ကောင်းမွန်မျှတတဲ့စနစ်ကို တည်ဆောက်နိုင်မှာပါ..။

    • susunosuki

      August 6, 2011 at 2:48 pm

      ပြည်သူအားလုံးစိတ်ထဲကလည်း Thanlwinoo တွေးသလိုတွေးမှာပါပဲ။ ခုထိကျွန်တော်တို့စိတ်တွေက သူရဲကောင်းတစ်ယောက် ကအများကြီးပြောင်းလဲနိုင်တယ်လို့ထင်နေတုန်းပဲ။

      ဒါပေမယ့် အချက်အလက်အရ ဆိုရင်တော့ စာရေးသူ (မင်းကျောင်း) ရေးတာက သဘာဝကျပါတယ်။ အင်းအားကြီးမားလွန်းတဲ့ အရှိန်တစ်ခုကို ရပ်တန့်ပစ်ဖို့ဆိုတာ စိတ်သာရှိပြီး မလွယ်ပါဘူး။ တဖြည်းဖြည်းချင်းပြောင်းပစ်ဖို့် စဉ်းစားသင့်တယ်။

      နည်းလမ်းမကျတာ၊ မတရားတာ မှန်းသိသိနဲ့ မျက်နှာချိုသွေးပြီးနေဖို့ အလွယ်တာ အမှန်ပါ။ ဒါပေမယ့် မချစ်သော်လည်း အောင့်ကာနမ်းပေါ့လေ။ ဖြစ်နိုင်တာကို စဉ်းစားရမယ်လေ။

  • char too lan

    August 5, 2011 at 3:38 pm

    ပြည်သူတွေကတော့ တစ်သံတည်းပဲ
    အလုံးစုံကန်းနေကြလို့သာ မကြားကြတာနေမှာ……

  • unclegyi1974

    August 5, 2011 at 10:12 pm

    အာဏာရှင်အတွေးနဲ့
    ဒီမိုကရေစီအတွေး
    လားလားမှမတူ
    အာဏာရှင်က
    အာဏာသည်သေနတ်ပြောင်းဝမှလာသည်တဲ့
    ဒီမိုကရေစီက
    လူထုထဲကလာသည်တဲ့
    ဘယ်သူတွေဘာပြောပြော
    နိုင်တဲ့သူအုပ်ချုပ်မင်းလုပ်မှာပဲ

  • km

    August 6, 2011 at 10:20 am

    Political leaders should have clear and precise aim and objectives . They can change the emotional mine-set of the myanmar people.

Leave a Reply